သတင်းများ


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင် (၈၆)နှစ်မြောက်ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အားတက်ရောက်
ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ်၊ (၈၆) နှစ်မြောက်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အား ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊‌ မြောင်းမြမြို့၊ မြစိမ်း‌ရောင်တောင်တော်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာချုပ်တိုင်းမှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဖားစည်ကိုးချက်တီး၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီးနောက် ကရင်ရိုးရာယဉ်ကျေးမှုဒုံးအဖွဲ့က ဂုဏ်ပြုကပြဖျော်ဖြေခဲ့သည်။ ထို့နောက် ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်ကဖတ်ကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးသည် ဗမာတိုင်းရင်းသားများပြီးပါက ကရင်တိုင်းရင်းသားများ အများဆုံးနေထိုင်ပါကြောင်း၊ မြစိမ်းရောင်တောင်တော်ကြီး၌ ဘာသာ၊ သာသနာထွန်းကားမှု၊ နယ်မြေအေးချမ်းတည်ငြိမ်မှု၊ စိုက်ပျိုးမွေးမြူရေးဖြစ်ထွန်းအောင်မြင်မှု၊ ဒေသခံတိုင်းရင်းသားများ၏ ဖော်ရွေပျူမှုတို့အား အခြေခံ၍ မြောင်းမြမြို့၊ မြစိမ်းရောင်တောင်တော်၌ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အားပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းေဒသကြီးအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမျိုးသားရေးရည်မှန်းချက် နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးစံပြတိုင်းဒေသကြီးဖြစ်စေရေး ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများလည်း အောင်မြင်တိုးတက်စေရေးအားလုံး ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ” နှစ်သစ်နှုတ်ခွန်းဆက် စကားများပြောကြားပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက ဆက်လက်၍ နှုတ်ခွန်းဆက်စကားများ ပြောကြားသည်။ ဆက်လက်၍ ငုအိုင်ဆရာတော် ဘဒ္ဒန္တ သေဋိလနှင့် ကက်သလစ်သာသနာဘုန်းတော်ကြီး ဖာသာရ်ဝီးလ်ဖရက် မန်းမြင့်စိုးတို့က နှစ်သစ်နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ပြီး ဆုတောင်းမေတ္တာများ ပို့သခဲ့ပြီးနောက် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှပေးပို့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးကဖတ်ကြားခဲ့ကာ တိုင်းဒေသကြီးကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌက ကရင်နှစ်သစ်ကူးနေ့အကြောင်း သိကောင်းစရာများနှင့် ကျေးဇူးတင်စကားများ ပြောကြားခဲ့သည်။ ထို့နောက် ကရင်တိုင်းရင်းသားလူငယ်များက ကရင်နှစ်သစ်ကူးသီချင်း ဂုဏ်ပြုသီဆိုမှုကို ကြည့်ရှုအားပေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအတွက်ဂုဏ်ပြုငွေချီးမြှင့်ခဲ့ေကြာင်း သိရသည်။


Read More...
11-Jan-2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင် မြောင်းမြမြို့၊ မြစိမ်းရောင်တောင်တော်၌ ကရင်နှစ်သစ်ကူးနေ့တွင်ကျင်းပသည့်“ထူးချင်ဖူးစမ်း မြစိမ်းရောင်ပြခန်း”အား တက်ရောက်ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မြစိမ်းရောင်တောင်တော်၌ ကျင်းပသည့် “ထူးချင်ဖူးစမ်း မြစိမ်းရောင်ပြခန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အ‌ဆိုပါတောင်တော်၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံ ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူများတက်ရောက်ခဲ့ကြသည်။ ဦးစွာ ပြခန်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်သည် ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြခန်းအလှူရှင်များနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်သည် တာဝန်ရှိသူများနှင့်အတူ ကရင်ရိုးရာယဉ်ကျေးမှုပြခန်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(မြောင်းမြ)ပြခန်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနပြခန်း၊ ဝါးခယ်မ၊ အိမ်မဲ၊ မြောင်းမြမြို့နယ်ပြခန်း၊ မြောင်းမြခရိုင်ဆန်စက်လုပ်ငန်းရှင်များပြခန်း၊ မြစိမ်းရောင်တောင်တော်သို့ ဒေသခံများမှလာရောက်လှူဒါန်း စုဆောင်းထားသော ကြေးထည်ပစ္စည်းများနှင့် အသုံးအဆောင်များ၊ ငွေထည်ပစ္စည်းများနှင့် အသုံးအဆောင်များ၊ ဘုရားစေတီများ၊ ငွေဖလားနှင့် အသုံးအဆောင်ပစ္စည်းများ၊ ရှေးဟောင်းဘုရားများနှင့် ရှေးဟောင်းကျောက်များအား လှည့်လည်ကြည့်ရှုခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်သည် တာဝန်ရှိသူများနှင့်အတူ ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ်အဖြစ်ဖွင့်လှစ်သည့် မြစိမ်းရောင်သာသနာ့နယ်မြေ ကွန်ကရစ်လမ်းသစ်များနှင့် ဂဝံလမ်းသစ်ဖွင့်ပွဲအခမ်းအနားအား တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ပြီး ကွန်ကရစ်လမ်းသစ်များနှင့် ဂဝံလမ်းသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ယနေ့ဖွင့်လှစ်သည့်လမ်းသည်ကွန်ကရစ်လမ်း (၁မိုင်၊ ၄.၁၇)ဖာလုံ၊ ကတ္တရာလမ်းအတိုင်းအတာအားဖြင့် (၃.၅)ဖာလုံနှင့် ဂဝံလမ်း(၄.၀၁)ဖာလုံ၊ စုစုပေါင်းအတိုင်းအတာ (၂မိုင်၊ ၄.၂၂)ဖာလုံအား နှစ်နှစ်တာကာလအတွင်း အလှူရှင်အသီးသီးမှ ထည့်ဝင်လှူဒါန်းပြီး ကိုယ်ထူကိုယ်ထဖောက်လုပ်လှူဒါန်းခြင်းဖြစ်ကြောင်းသိရသည်။


Read More...
11-Jan-2024
၂၀၂၃-၂၀၂၄ခုနှစ် မိုးစပါး ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်းစံကွက်ရိတ်သိမ်းပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာအုပ်စုရှိ တောင်သူဒေါ်သိန်းသိန်း၏လယ်မြေ (၅.၁၄)ဧကတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန(မြောင်းမြ)နှင့် United Ayeyarwaddy Development Public Company Limited တို့ပူးပေါင်းဆောင်ရွက်သော ၂၀၂၃-၂၀၂၄ခုနှစ် မိုးစပါး ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်းစံကွက်ရိတ်သိမ်းပွဲ တက်ရောက်ခဲ့ကာ ရိတ်သိမ်းခြွေလှေ့စက်ကြီးများဖြင့် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်းစိုက်ပျိုးမှုအခြေအနေများ၊ သဘာဝမြေဩဇာသုံးစွဲမှုနှင့်မြေဆီမြေဩဇာအကျိုးပြုမှုအခြေအနေများနှင့် အထွက်နှုန်းတိုးတက်စေရေးဆောင်ရွက်နေမှု များအားဆွေးနွေးမေးမြန်းခဲ့ပြီး စပါးရိတ်သိမ်းပြီးပါက ဒုတိယသီးနှံများထပ်မံစိုက်ပျိုးစေရေး၊ ရိုးပျက်ကျန်များမရှိစေရေး၊ သီးထပ်စွမ်းအားမြှင့်တင်စေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့ပြီး တောင်သူများ၏တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာတွင် ၂၀၂၃-၂၀၂၄ခုနှစ် မိုးစပါး ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်းစပါးအား ဧက ၂၀၀ကျော် စိုက်ပျိုးထားရှိကြောင်းသိရသည်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူဦးကံဝင်းလယ်မြေ၁၀ဧကတွင် နွေစပါးစိုက်ပေိုးရန်အတွက် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်ဆောင်ရွက်နေမှုအားကြည့်ရှုအားပေးခဲ့ကာဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်ခြင်းဖြင့် ကုန်ကျစရိတ်သက်သာမှုနှင့် စိုက်ပျိုးရေတင်ယူအသုံးပြုနိုင်အခြေအနေများမေးမြန်းခဲ့ပြီး ဆိုလာစနစ်အားတောင်သူများကျယ်ကျယ်ပြန့်ပြန့်အသုံးပြုစေရေးမှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ သဲကုန်ကျေးရွာအုပ်စု၊ ရန်ကုန်-ပုသိမ်ကားလမ်း(မိုင်တိုင် ၇၇/၄မှ ၇၈/၅ အတွင်း) လက်ယာဘက်ခြမ်းမြောင်း တူးဖော်နေမှုများကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ မြောင်းတူးဖော်မှုအခြေအနေများ၊ စိုက်ဧကများအတွက်အကျိုးပြုနိုင်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများအမြန်ဆုံးပြီးစီးရေး၊ မြေစာများစနစ်တကျဆယ်ဖို့ထားရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။ အဆိုပါမြောင်းအားတူးဖော်ပြီးစီးပါက သဲကုန်၊ ကံကလေး၊ ရောင်ပစ်ကွင်း၊ ကျုံဖားရိုး၊ ပန်းတောရိုး၊ ဆိပ်ဖူးနီကျေးရွာအုပ်စုများရှိ ရေကျနောက်စိုက်မိုးစပါးစိုက်ဧကများ၊ နွေစပါးစိုက်ဧကများ ဧက၃၀၀၀ခန့်အတွက် အောင်ရေနှင့်စိုက်ပျိုးရေလုံလောက်စွာရရှိနိုင်မှာဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာ၊ တောင်သူဦးစိန်မောင်သန်း၏ လယ်မြေ ၂ဧကတွင် ဆင်းရွှေကြာ၂ နေကြာမျိုးစေ့ထုတ်စိုက်ခင်းနှင့် မြေပဲ ၂ဧက ဖြစ်ထွန်းအောင်မြင်နေမှုနှင့် ဆိုလာစနစ်ဖြင့်စိုက်ပျိုးရေသုံးစွဲနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး မျိုးနေကြာများစနစ်တကျရွေးချယ်စေရေးနှင့် မြေဩဇာအချိန်ကိုက်ကျွေးမွေးစေရေးနှင့်အောင်မြင်အောင်ဆောင်ရွက်စေရေရေးမှာကြားခဲ့ကြောင်းသိရသည်။


Read More...
10-Jan-2024
(၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကန်ကြီးထောင့်မြို့၊ ကိုယ့်အား ကိုယ်ကိုး မြို့မဈေးသစ်ဖွင့်ပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကန်ကြီးထောင့်မြို့၊ ကိုယ့်အားကိုယ်ကိုး မြို့မဈေးသစ်ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိက မြို့မဈေးသစ် တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးတို့နှင့် ဈေးကော်မတီဥက္ကဋ္ဌတို့က ကန်ကြီးထောင့်မြို့၊ မြို့မဈေးသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးထံသို့ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ခေတ္တညွှန်ကြားရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့က ကန်ကြီးထောင့်မြို့၊ မြို့မဈေးသစ်ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဖွင့်လှစ်ပြီးသော မြို့မဈေးသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဈေးသူဈေးသားများနှင့်တွေ့ဆုံ၍ ရောင်းဝယ်မှုအခြေအနေများ၊ သယ်ယူပို့ဆောင်မှုအခြေအနေများရင်းရင်းနှီးနှီးဆွေးနွေးမေးမြန်းခဲ့ကြောင်းသိရသည်။ အဆိုပါဈေးတွင် အထည်တန်းဈေးရုံNo-A (၉'x၈') ၆၀ခန်း၊ ဟင်းရွက်တန်းဈေးရုံNo-B (၆'x၇') ၂၈ခန်း၊ ကုန်ခြောက်တန်းဈေးရုံNo-C (၆'x၇)၃၂ခန်း၊ မုန်းဈေးတန်းဈေးရုံNo-D (၅'x၇') ၁၆ခန်း၊ သားငါးတန်းဈေးရုံNo-E (၅'x၄') ၂၅ခန်း၊ အထွေထွေရောင်းကုန်တန်းဈေးရုံNo-F (၁၀'x၇.၅’)၁၆ခန်း၊ စုစုပေါင်း (၁၇၇)ခန်းပါဝင်ကြောင်းသိရသည်။


Read More...
10-Jan-2024
ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး အသိပေးဆွေးနွေးခြင်း အခမ်းအနားတက်ရောက်
ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး အသိပေးဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး၊ ကြက်ခြေနီစသည့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးတွင် လူဦးရေ(၆၄)သိန်းကျော် နေထိုင်လျက်ရှိကာ လူဦးရေအများဆုံး တိုင်းဒေသကြီးတွင် တစ်ခုပါအဝင်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးသည် မြစ်၊ချောင်း၊အင်း၊အိုင်များ ပေါများပြီး နေရာအချို့တွင် သွားရေးလာရေးခက်ခဲသည့်နေရာများလည်းရှိသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများအဆင်ပြေစေရေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တစ်ဖက်မှလည်း လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်၍ ကျေးလက်ကျန်းမာရေးဌာနများနှင့် ကျန်းမာရေးဝန်ထမ်းများကို ဖြည့်ဆည်းပေးကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များကိုလည်း ထောက်ပံ့ ငွေများပေးအပ်လျက်ရှိရာကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များရရှိစေရေး သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့ပြင် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ပြီးကိုယ်ဝန်ဆောင်စောင့်ရှောက်မှု လုပ်ငန်းများ၊ မိခင်နှင့် ကလေးကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ ၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းများ အပြင် ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်း၊တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊ မကူးစက်နိုင်သော ရောဂါများကာကွယ်ခြင်း၊ ရောဂါရှာဖွေခြင်း ၊ ကုသခြင်းနှင့် ညွှန်းပို့ခြင်းလုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှုမြင့်မားစွာ ရရှိသည့်တိုင်းဒေသကြီး တစ်ခုဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ ဆောင်ရွက်ရာမှာ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ရေးသည်လည်း အင်မတန်အရေးကြီး၍ ကျန်းမာရေးဦးစီးဌာနမှ သင်တန်းများဖွင့်လှစ်၍ ကျန်းမာရေးဝန်ထမ်းများဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသော်လည်း လိုအပ်ချက်များရှိနေပါသေးကြောင်းနှင့် တိုင်းဒေသကြီး၏ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေးနိုင် ဆွေးနွေးအကြံပြုပေးကြရန်တိုက်တွန်း ပြောကြားလိုပါကြောင်း” အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စိတ်ကျန်းမာရေးနှင့် သွားနှင့်ခံတွင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ ကလေးငယ်များအတွက် အသက်အရွယ်အပိုင်းခြားအလိုက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး လုပ်ငန်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် သတိပြုလိုက်နာရမည့် အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။


Read More...
10-Jan-2024