သတင်းများ


ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး အလေးမအသင်းအား အောင်နိုင်ရေးအလံပေးအပ်
၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးအလေးမအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီးအလေးမပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်  အုပ်ချုပ် ၊ နည်းပြ ၊ အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက် ပေးပြီး  ဧရာဝတီတိုင်းဒေသကြီးအလေးမ အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးအတွက် အလေးမ အားကစားနည်းသည် အားထားရသည့် အားကစားတစ်ခု ဖြစ်ပြီး ပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့ပါကြောင်း၊ ယခင်နှစ်ထက် အောင်မြင်မှုများ ရရှိမည်ဟု မျှော်လင့်ပါကြောင်း၊ အားကစားသမားများအနေဖြင့် အားကစားတွင် ထူးချွန်သကဲ့သို့ ပညာရေး ဘက်တွင်လည်း မလစ်ဟင်းရအောင် ကြိုးစားဆောင်ရွက် ရမှာဖြစ်ပါကြောင်း၊ ထူးချွန်ထက်မြက် သည့် မျိုးဆက်သစ် အားကစားသမားများ ထပ်မံမွေးထုတ်ပေးနိုင်ရေးအတွက် လူငယ်နှင့် အားကစားကဏ္ဍ တိုးတက်လာစေရေးအတွက် ပညာရေးနှင့်အားကစားကို တွဲဖက်၍ဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ အောင်မြင်မှုရရှိသည့်အားကစားနည်း ဖြစ်သည့်အတွက် ကြိုးစားယှဉ်ပြိုင် သွားကြရန်မှာကြားလိုပါကြောင်း၊ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ကြစေ လိုကြောင်းနှင့် အောင်မြင်မှုများရရှိပါစေကြောင်း” အမှာစကားများ ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး အလေးမအသင်းမှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။


Read More...
07-Sep-2023
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်)ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်)ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့သည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) ကျင်းပရေး နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့်ပြိုင်ပွဲများကို ပြုလုပ်ပြီးစီးပြီဖြစ်၍ (တိုင်းဒေသကြီးအဆင့်) ကျင်းပရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဦးတည်ချက်(၄)ရပ်ဖြင့် အညီပြုလုပ်သွားရမှာဖြစ်ပါကြောင်း၊ (၂၃)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)ပြိုင်ပွဲတွင် တိုင်းဒေသကြီးအနေဖြင့် တတိယနေရာတွင် ရရှိခဲ့ပါကြောင်းနှင့် ယခင်နှစ်အားသာချက်များကို ဆက်လက်ထိန်းသိမ်း၍ အားနည်းချက်များကိုလည်း ပြုပြင်ဆောင်ရွက်သွားရန်လိုပါကြောင်း၊ ကော်မတီများအနေဖြင့်လည်း မိမိတို့တာဝန်ယူထားသည့် ကော်မတီများအလိုက် အသေးစိတ်တင်ပြဆွေးနွေးပေးကြစေလိုကြောင်း၊ ယခင်နှစ်(ဗဟိုအဆင့်)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သူများသည် တန်းတက်ပြိုင်ရမည်ဖြစ်ပါကြောင်း၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)ပြိုင်ပွဲတွင် ယခင်နှစ်ထက် အောင်မြင်မှုပိုမိုရရှိအောင် ကြိုးစားဆောင်ရွက်သွားရန်လိုပါကြောင်း”အမှာစကားများပြောကြားသည်။ ဆက်လက်၍ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူးက (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား တိုင်းဒေသကြီးတွင် ကျင်းပနိုင်ရေးနှင့် ဗဟိုအဆင့်တွင်ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ကော်မတီဖွဲ့စည်းထားရှိမှု၊ ဗဟိုအဆင့်သို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အောင်နိုင်ရေးကော်မတီဖွဲ့စည်းထားရှိမှု၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆုရရှိမှုအခြေအနေများ၊ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲတွင် ခရိုင်အလိုက်ပြိုင်ပွဲဝင်ရောက်နိုင်မည့်အခြေအနေများအားလည်းကောင်း၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး(၁)က ပြိုင်ပွဲအစီအစဉ်နှင့် လစ်လပ်လျက်ရှိသော ပြိုင်ပွဲဝင်အဆင့်များအားလည်းကောင်း ရှင်းလင်းတင်ပြကြသည်။   ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသည့် ကော်မတီများနှင့်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် ဗဟိုအဆင့်ပြိုင်ပွဲတွင်လည်း ယခင်နှစ်ထက် အောင်မြင်မှုများရရှိအောင် ကြိုးစားဆောင်ရွက်ပေးကြရန် ဖြည့်စွက်ပြောကြားခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


Read More...
06-Sep-2023
ပုသိမ်ပညာရေးဒီဂရီကောလိပ်နှင့် ပုသိမ်တက္ကသိုလ်တို့တွင် ပြုလုပ်သည့် လူငယ်သီတင်းပတ် ဖွင့်ပွဲ အခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်အားပေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်၌  လူငယ်သီတင်းပတ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက  အဆိုပါဒီဂရီကောလိပ်၏ ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ လူငယ်သီတင်းပတ်ဖွင့်ပွဲ မုခ်ဦးဆိုင်းဘုတ်ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူး ပြီး  Fitness Danceများဖြင့် ဖျော်ဖြေမှုများ၊ သင်တန်းသား၊ သင်တန်းသူများ၏ လူငယ် သီတင်းပတ် စွမ်းရည်ပြသမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် လူငယ်သီတင်းပတ်  လူငယ်စကားဝိုင်းဖွင့်ပွဲသို့ တက်ရောက်၍ "လူငယ်သီတင်းပတ် အခမ်းအနားများကို ပညာရေးဒီဂရီကောလိပ်များနှင့် တက္ကသိုလ်အသီးသီး တို့တွင် ပြုလုပ်လျက်ရှိပါကြောင်း၊ ပြသထားသည့် ပြခန်းများတွင် သင်တန်းသား၊ သင်တန်းသူများ၏ အသိပညာ၊ အတတ်ပညာများ၊ တီထွင်ဖန်တီးမှုများဖြင့် ဒေသနှင့် ကိုက်ညီသည့် ဒေသထွက်ကုန်လုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်သည့် ပြခန်းများ ပါဝင်သည်ကို တွေ့ရှိရပါကြောင်း၊ ပညာရေးဒီဂရီကောလိပ်များသည် ကလေးငယ်များအား သင်ယူမှု အခြေခံကောင်းများရရှိစေရေး သင်ကြားမှု၊ သင်ယူမှုများကို အခြေခံမှစ၍ စနစ်တကျ သင်ကြားပြသပေးနေသည်ကို တွေ့ရှိရပါကြောင်း၊ သင်တန်းများပြီးဆုံးပါက ဆရာ၊ ဆရာမများ အဖြစ်  မိမိတို့တာဝန်ကျရာဒေသများသို့ သွားရောက် တာဝန်ထမ်းဆောင်သည့်အခါ ဗလငါးတန် နှင့် ပြည့်စုံသည့် လူငယ်များဖြစ်လာမည့် ကျောင်းသား၊ ကျောင်းသူများကို သင်ကြားပေးရမှာ ဖြစ်ပါကြောင်းနှင့် ဆရာ၊ ဆရာမများ ကိုယ်တိုင်ကလည်း ဗလငါးတန်နှင့်ပြည့်စုံနေရန်  လေ့လာ သင်ယူလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေး ဦးတည်ချက်တွင် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်စေရေး၊ လူငယ်ကဏ္ဍကို မြှင့်တင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့်လည်း လူငယ်ကဏ္ဍအား မြှင့်တင်ဆောင်ရွက်လျက်ရှိရာ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများကလည်း မိမိတို့လေ့လာသင်ယူထားသည့် ပညာရပ်များဖြင့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရေး ပြုစုပျိုးထောင်ပေးနိုင်ကြပါစေကြောင်း" အားပေး အမှာစကားများ ပြောကြားသည်။ ဆက်လက်၍ ပုသိမ်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက လူငယ်စကားဝိုင်း ပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီးနောက် ဦးဆောင်သူအဖြစ် ပုသိမ် ပညာရေးဒီဂရီကောလိပ် သင်ပြနည်းဌာန၊ တွဲဖက်ပါမောက္ခ ဒေါ်သီသီအေးက ဆောင်ရွက်ခဲ့ပြီး ဒုတိယနှစ်ဝက် ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် မသောင်းစုမြတ်က "သင်ရိုးသစ် ပညာရေး"၊ မောင်ဝင်းသန်းမြင့်က "နိုင်ငံ့သားကောင်းတစ်ဦး၏အရေးပါမှု"၊ မောင်မြတ်ကိုက "လူငယ်နှင့်အားကစား"၊ မဖူးပွင့်လွင်က "မူးယစ်အန္တရာယ်နှင့်လူငယ်" အစရှိသည့် ခေါင်းစဉ်များ ဖြင့်  စကားဝိုင်းပြုလုပ်ခဲ့ပြီး တက်ရောက်လာကြသူများ၏  ဆွေးနွေးမေးမြန်းမှုများအပေါ် တွဲဖက်ပါမောက္ခနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှတ်တရလက်ဆောင် ပစ္စည်းများ၊ အားကစား ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး  ကျောင်းသား၊ ကျောင်းသူ များ၏ တေးသီချင်း များဖြင့် သီဆိုကပြ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်သည့် လူငယ်သီတင်းပတ်ပွဲတော်သို့ တက်ရောက်၍ ဘာသာရပ် ဌာနများအလိုက် နည်းပြ/ သရုပ်ပြ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ "တောင်ယာဝင်ချိန်"၊ "ထာဝရမြန်မာ" "ကရင်ဒုံးယိမ်း" သရုပ်ဖော်အကများ၊ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ကျောင်းသားကျောင်းသူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။


Read More...
06-Sep-2023
ဟင်္သာတတက္ကသိုလ်၌ပြုလုပ်သည့် လူငယ်သီတင်းပတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်အားပေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဟင်္သာတတက္ကသိုလ်၌ပြုလုပ်သည့် လူငယ်သီတင်းပတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ “ ပညာရေးဝန်ကြီးဌာနအောက်ရှိ ပညာေရးဒီဂရီကောလိပ်များနှင့် တက္ကသိုလ်အသီးသီးတွင် လူငယ်သီတင်းပတ်ပွဲတော်များ ပြုလုပ်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အဆိုပါအခမ်းအနားများသို့တက်ရောက်အားပေးလျက်ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်ရန် မိမိကိုယ်မိမိထိန်းကျောင်းရန်လိုပါကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်ရန်အတွက် ဆရာ၊ ဆရာမများအပါအဝင် မိဘများက ငယ်စဉ်ကပင် ဆုံးမသွန်သင်ခဲ့ပါကြောင်း၊ တက္ကသိုလ်ကြီး၌ ပညာဆည်းပူးနေသည့် လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်မည့်သူများ ဖြစ်ပါကြောင်းနှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်လာစေရေးအတွက် တစ်ဦးချင်း ကိုယ်စီကို၌ကလည်း ကြိုးစားဆောင်ရွက် သွားကြစေလိုကြောင်း”တိုက်တွန်းအမှာစကားများပြောကြားသည်။ ဆက်လက်၍ ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ်က အမှာစကားများ ဆက်လက်ပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြု‌ချီးမြှင့်ငွေများ ပေးအပ်ရာ ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ်က လက်ခံရယူခဲ့သည်။ ထို့နောက် ဟင်္သာတတက္ကသိုလ် မြန်မာစာဌာနမှ ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားများ ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများနှင့် စိုက်ပျိုးရေးဓါတုဗေဒဌာနမှပြသထားရှိသည့် ဒေသထွက်ကုန်များဖြင့် အလှကုန်ပစ္စည်းများပြသထားရှိမှုကို ကြည့်ရှုအားပေးခဲ့သည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟင်္သာတမြို့၊ တာကလေးရပ်ကွက် ပြည်လုံးချမ်းသာခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးရုံးမှ မြေပြင်လူဦးရေစာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စာရင်းရေးသွင်းမှုများမှားယွင်းမှုမရှိစေရေး အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း စာရင်းများပြည့်စုံမှန်ကန်စေရေး စနစ်တကျ ဆောင်ရွက်ပေးကြရန်မှာကြားခဲ့သည်။


Read More...
05-Sep-2023
မအူပင်တက္ကသိုလ်၌ပြုလုပ်သည့် လူငယ်သီတင်းပတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်အားပေး
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်တက္ကသိုလ်၊ မိုးလုံလေလုံအားကစားခန်းမ၌ လူငယ်သီတင်းပတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်လူငယ်သီတင်းပတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မအူပင်သက္ကသိုလ် အားကစားခန်းမတွင်ပြုလုပ်သည့် လူငယ်ပန်းတိုင်လှမ်းကိုင်နိုင်ဖို့ရာ ဟောပြောပွဲတက်ရောက်၍ “ လူငယ်သီတင်းပတ် ပွဲတော်များကို ပညာရေး ဒီဂရီကောလိပ်များနှင့်တက္ကသိုလ်အသီးသီးတွင် ပြုလုပ်လျက်ရှိပြီး ကျောင်းသားကျောင်းသူ လူငယ်များအတွက် ပျော်ပွဲရွှင်ပွဲများ၊ အားကစားပွဲများပြုလုပ်ပေးလျက်ရှိပါကြောင်း၊ ပညာရေးညီလာခံမှပေါ်ထွက်လာသည့်ရလဒ်များအရ တိုင်းဒေသကြီးအတွက်အကျိုးပြုနိုင်မည့် ဒေသသုတေသနစာတမ်းအလုပ်ရုံဆွေးနွေးပွဲကို ပုသိမ်တက္ကသိုလ်၌ တိုင်းဒေသကြီးအတွင်းရှိ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများနှင့် စုပေါင်း၍ တိုင်းဒေသကြီး၏ စီးပွားရေးအဓိကမောင်းနှင်အားဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းလိုအပ်ချက်များအပေါ် တက္ကသိုလ်များ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များမှ ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ ဆွေးနွေးပြုလုပ်ခဲ့ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်တွင် ဗလငါးတန်နှင့် ပြည့်စုံသည့်လူငယ်လူရွယ်များဖြစ်စေရေးရန် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေးအတွက်  လူငယ်များ၏ကိုယ်ရည်ကိုယ်သွေးတိုးတက်စေရေး လူငယ် စကားဝိုင်းများကို အခြေခံပညာ၊ ဒီဂရီကောလိပ်နှင့် တက္ကသိုလ်များတွင် ပြုလုပ်ပေးလျက် ရှိပါကြောင်း၊ မိမိတို့တိုင်းေဒသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်းလူငယ်များနှင့်ထိတွေ့၍ လူငယ်ကဏ္ဍမြှင့်တင်ပေးနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့်လည်း မိမိတို့၏ စာပေလေ့လာသင်ကြားမှုများကို အဆက်မပြက်လေ့လာသင်ယူကြပြီး ကိုယ်ရည်ကိုယ်သွေး တိုးတက်မြင့်မားအောင် ဆောင်ရွက်၍ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ် များဖြစ်လာစေရေး တည်ဆောက်ရမှာဖြစ်ပါကြောင်း၊ ယခုအခမ်းအနား ကျင်းပသည့် ခန်းမကြီးသည်ပင် ကာယဗလပြည့်စုံရေးအတွက် လေ့ကျင့်မြှင့်တင်ရေးအတွက် နေရာတစ်ခုဟု ပြောရမှာဖြစ်ပါကြောင်း၊ နိုင်ငံ‌တော်မှ မျှော်မှန်းထားသည့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်ပါစေကြောင်းနှင့် နောက်တစ်ခေတ်၏ နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်မည့် လူငယ်များဖြစ်ကြပါစေကြောင်း” အားပေးအမှာစကားများပြောကြားသည်။ ဆက်လက်၍ မအူပင်တက္ကသိုလ်ပါမောက္ခချုပ်က လူငယ်သီတင်းပတ်ပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကပြဖျော်ဖြေခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ကျောင်းသား၊ ဖျော်ဖြေရေးအဖွဲ့များနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကျုံတမာကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ မြေပြင်လူဦးရေ စာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်ပြားဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အုပ်ချုပ်ရေးအဖွဲ့များက မိမိတို့ရပ်ကွက်ကျေးရွာအလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ မပြုလုပ်ရေသးသူများအား စာရင်းကောက်ယူစုစည်းထားရှိ၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရေးဆောင်ရွက်ရန်နှင့် စာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်ကြရန်မှာကြားခဲ့သည်။


Read More...
05-Sep-2023