သတင်းများ


ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ ပုသိမ်မြို့၊ ခုတင်(၅၀၀)ဆံ့ ဆေးရုံကြီးတွင် Oxygen စက်တပ်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခြင်း
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၁၈)ရက်နေ့ ၊ (၁၆၄၅)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာ ဇော်မင်းထွန်း၊ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ဇင်၊ ဆေးရုံအုပ် ဒေါက်တာကောင်းမြတ်စိုးတို့နှင့်အတူ ပုသိမ်မြို့၊ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် အောက်စီဂျင်စက် တပ်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် အောက်စီဂျင်ထုတ်ပေးနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ပုသိမ်ပြည်သူ့ ဆေးရုံကြီးတွင် အောက်စီဂျင်လိုအပ်မှုများရှိနေသဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပံ့ပိုးကူညီပေးသည့် တစ်နေ့လျှင် အောက်စီဂျင် (၈၀၀)လီတာ ထွက်ရှိပြီး Covid-19 လူနာခန်း အတွက် ပိုက်လိုင်းမှတဆင့်အောက်စီဂျင်ပေးနိုင်သည့်စက်တစ်လုံးတပ်ဆင်ပြီးစီး၍ ကုသဆောင်ရွက် ပေးနေမှုအခြေအနေနှင့် တစ်နေ့လျှင် အောက်စီဂျင်(၂၄၀၀)လီတာထွက်ရှိမည့် စက်တစ်လုံးတပ်ဆင် ဆောင်ရွက်နေမှု အခြေအနေများအား တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းနှင့် တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
18-Jul-2021
Coronavirus Disease 2019 (COVID-19) ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ (၁၉/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၁၃)ရက်နေ့ ၊ (၀၉၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ Coronavirus Disease 2019 (COVID-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ (၁၉/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးCoronavirus Disease 2019 (COVID-19) ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတိုင်းဦးစီးမှူး၊ တိုင်းဒေသကြီးCoronavirus Disease 2019 (COVID-19) ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ တက်ရောက်ခဲ့ပြီး ခရိုင် Coronavirus Disease 2019 (COVID-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌများမှ Video Conferencing ဖြင့် တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီးCoronavirus Disease 2019 (COVID-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်မှ အဖွင့်အမှာစကားပြောကြား ရာတွင် တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များ၏ စစ်ဆေးရေးဂိတ်များ၌ လုံခြုံရေး/ကျန်းမာရေး လုပ်ငန်းများ စစ်ဆေးဆောင်ရွက်ရာတွင် အရေးပေါ်လူနာများပါဝင်လာပါက လိုအပ်သည့်အချိန်ထက် နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ ဖြတ်သန်းသွားလာခွင့်ရရှိစေရေး အလေးထားကြပ်မတ်ဆောင်ရွက် သွားရန်လိုကြောင်း၊ မြို့နယ်အလိုက်ဖွင့်လှစ်ထားရှိသော Quarantine Center များ၊ COVID-19 ရောဂါအတည်ပြုလူနာထားရှိသည့်နေရာများ၊ ကုသရေး Center များတွင် Volunteer များ ပါဝင် လာစေရေး စည်းရုံးဆောင်ရွက်သွားရန်လိုကြောင်း၊ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ထိရောက်သော လုပ်ငန်းစဉ်များဖြစ်စေရေး COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအစီအမံအား ခရိုင်/မြို့နယ်များအလိုက် ရေးဆွဲတင်ပြရန် လိုကြောင်း၊ မြို့နယ်များအလိုက် Mask Campaign များအား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် သွားရန်နှင့် COVID-19 ရောဂါ ကာကွယ်ရေးနည်းလမ်းများ သိရှိလိုက်နာစေရေး အသိပညာပေး ခြင်းလုပ်ငန်းအား အလေးထားဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်စွာလှိုင်မှ ဆွေးနွေး တင်ပြရာတွင် COVID-19 ရောဂါပူးပေါင်းစစ်ဆေးရေးဂိတ်များ၌ စနစ်တကျစစ်ဆေးဆောင်ရွက်ရန် လိုကြောင်း၊ COVID-19 ရောဂါ ကုသရေး Center များကို တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်ရန် ခရိုင်၊ မြို့နယ်များသို့ ညွှန်ကြားဆောင်ရွက်ပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာခရိုင်များအလိုက် COVID ကော်မတီရုံးခန်းများဖွင့်လှစ်ပြီး Call Center များ ဖွင့်လှစ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဗဟို ကော်မတီ၏ညွှန်ကြားချက်များအတိုင်း သက်ဆိုင်ရာမြို့နယ်များအလိုက် Mask Campaign များ၊ ပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ COVID-19 ရောဂါ ကာကွယ်ကုသရေးဆိုင်ရာပစ္စည်းများအား ကုသရေး Center များသို့ ဖြန့်ဝေ ပေးလျက်ရှိကြောင်း၊ သက်ဆိုင်ရာ နယ်မြေခံတပ်များတွင် COVID-19 ခွဲစိတ်လူနာများထားရှိရန် ပြင်ဆင်ဆောင်ရွက်ထားရှိပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် COVID-19 ရောဂါ ထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ပေးကြဖို့လိုကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းမှ COVID-19 ရောဂါ ကာကွယ်ကုသနေမှုအခြေအနေများ၊ ပညာပေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ကာကွယ်ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ် ချက်များအား ဆွေးနွေးတင်ပြခြင်း၊ ခရိုင် Coronavirus Disease 2019 (COVID-19) ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌများမှ သက်ဆိုင်ရာခရိုင်များအလိုက် ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများ၊ လိုအပ်ချက်များအား ဆွေးနွေးတင်ပြခြင်းနှင့် ကော်မတီဝင်များမှ ဆွေးနွေးတင်ပြခဲ့ကြရာ တိုင်းဒေသကြီးCoronavirus Disease 2019 (COVID-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌမှ သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည် များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
13-Jul-2021
တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ COVID-19 ရောဂါကာကွယ်ကုသရေး ဆိုင်ရာပစ္စည်းများ၊ အလှူငွေများပေးအပ်ခြင်းနှင့် COVID-19 ရောဂါကုသဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခြင်း
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၁၂)ရက်နေ့ ၊ (၀၉၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအတွင်း ရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာ ဇော်မင်းထွန်း၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၊ Ngwe Saung Business Center တွင် COVID-19 ရောဂါအတည်ပြုလူနာများအား ကုသပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် ကောင်စီဥက္ကဋ္ဌမှ COVID-19 ရောဂါကုသရေးစင်တာတွင် အသုံးပြုရန်အတွက် ရောဂါကာကွယ်ကုသရေးဆိုင်ရာပစ္စည်းများနှင့် အလှူငွေ(၁၂၆၀၀၀ဝိ/)ကျပ်အား ငွေဆောင်မြို့အုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား တွေ့ဆုံအားပေးခဲ့ပါသည်။ ထို့နောက် ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည်(၁၁၄၅)နာရီအချိန်တွင် ပုသိမ်မြို့နယ်၊ ချောင်းသာမြို့ အဝင်စစ်ဆေးဂိတ်သို့ရောက်ရှိပြီး ချောင်းသာမြို့သို့ဝင်ရောက်လာသည့်သူများအား COVID-19 ရောဂါ စစ်ဆေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ချောင်းသာမြို့၊ရွာမ(အခမဲ့) ပညာဒါနကျောင်းနှင့်တိုက်နယ်ဆေးရုံတွင် COVID-19 ရောဂါအတည်ပြုလူနာများကို ကုသပေးနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကောင်စီဥက္ကဋ္ဌမှ COVID-19 ရောဂါ ကာကွယ် ကုသရေးဆိုင်ရာပစ္စည်းများနှင့် အလှူငွေ (၈၄၀၀၀ဝိ/)ကျပ်အား ချောင်းသာမြို့အုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့နောက် ကောင်စီဥက္ကနှင့်အဖွဲ့သည် (၁၃၅၀)နာရီအချိန်တွင် ပုသိမ်တက္ကသိုလ်၊ နန္ဒဆောင်၌ COVID-19 ရောဂါအတည်ပြုလူနာများ ထားရှိကုသရန်အတွက် ပြင်ဆင် ဆောင်ရွက်ပြီးစီးမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကုသဆောင်အတွက် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
12-Jul-2021
COVID-19 ရောဂါကာကွယ်ကုသရေးဆိုင်ရာပစ္စည်းများနှင့် အလှူငွေများပေးအပ်ခြင်းနှင့် COVID-19 ရောဂါကုသဆောင်များအား လှည့်ကြည့်ရှုစစ်ဆေးခြင်း
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၁၀)ရက်နေ့ ၊ (၀၉၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအတွင်း ရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာ ဇော်မင်းထွန်း၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ ခုတင်(၅၀၀) အထွေထွေရောဂါကုဆေးရုံကြီး၊ ကင်ဆာကုသဆောင်တွင် COVID-19 ရောဂါအတည်ပြုလူနာများ ကုသပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက် ဆေးရုံးကြီး အစည်းအဝေးခန်းမတွင် ကောင်စီဥက္ကဋ္ဌအဖွဲ့ဝင်များမှ COVID-19 ရောဂါကာကုသရေးဆိုင်ရာပစ္စည်းများနှင့် အလှူငွေကျပ်(၄၅) သိန်းအား ဆေးရုံအုပ်ကြီးဒေါက်တာကျော်ဇင်နှင့် တာဝန်ရှိသူများထံသို့ ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပုသိမ်မြို့၊ တိုင်းရင်းဆေးရုံတွင် COVID-19 ရောဂါ အတည်ပြုလူနာများကို ကုသပေးနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ပုသိမ်တက္ကသိုလ်၊ နန္ဒဆောင်တွင် COVID-19 ရောဂါ အတည်ပြုလူနာများ ထားရှိ ကုသရန်အတွက် ပြင်ဆင်ဆောင်ရွက်ရန် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများအား အဆောင်သန့်ရှင်းရေး၊ လိုအပ်သောပစ္စည်းများအား ဖြည့်တင်းရေး ပူးပေါင်းကူညီဆောင်ရွက်ကြရန် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။


Read More...
10-Jul-2021
ဧရာဝတီတိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအစည်းအဝေး (၇/၂၀၂၁) ကျင်းပပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၈)ရက်နေ့ ၊ (၀၉၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ဧရာဝတီတိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအစည်းအဝေး (၇/၂၀၂၁) ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တိုင်းဒေသကြီး မြေ/စစ်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ကော်မတီဝင်များမှ ယခင်အစည်းအဝေး၌ တင်ပြခဲ့သော အမှုတွဲ(၁၀)တွဲအား အတည်ပြုဆုံးဖြတ်ပြီး ယခုအစည်းအဝေးတွင် အမှုတွဲ(၄)တွဲအား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
08-Jul-2021