သတင်းများ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော် မင်္ဂလာ ရဟန်းလောင်းနှင့်ရှင်သာမဏေလောင်းများပုသိမ်မြို့တွင်းသို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်၊ သာသနာ့ဗိမာန်တော်ကြီးတွင် ဆံချမင်္ဂလာအခမ်အနားနှင့် ပဗ္ဗဇ္ဇမင်္ဂလာအခမ်းအနား ကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော်မင်္ဂလာအခမ်းအနား ရဟန်းလောင်းနှင့် ရှင်သာမဏေလောင်းများ ပုသိမ်မြို့တွင်းသို့ လှည့်လည်ခြင်းကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီးတွင် စုရပ်ပြုလုပ်၍ လှည့်ခဲ့ကြသည်။
ရှေးဦးစွာ ရဟန်းလောင်း(၁၄၆ )ဦးနှင့် ရှင်သာမဏေလောင်း(၅၆)ဦး၊ စုစုပေါင်း (၂၀၂)ဦးတို့အား သာသနာ့ဗိမာန်တော်ကြီးမှတဆင့် မဟာဗန္ဓုလလမ်း တစ်လျှောက်သို့ မော်တော်ယာဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ရှင်လောင်းလှည့်လည်၍ ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် ဗောဓိညောင်ပင်တွင် ရဟန်းလောင်းများနှင့် ရှင်သာမဏေလောင်းများအား နတ်ပြခဲ့ပြီး စေတီတော်မြတ်ကြီး၏ အရှေ့ဘက်ရင်ပြင်တွင် စုပေါင်းဘုရားရှိခိုးပူဇော်ခဲ့ကြသည်။
ထိုမှတဆင့် ကုန်သည်လမ်း၊ ကမ်းနားလမ်း၊ မဟာဗန္ဓုလလမ်းမှတဆင့် ဝန်ကြီးများအိမ်ရာသို့ စည်ကား သိုက်မြိုက်စွာ ရှင်လောင်းလှည့်လည်ခဲ့ပြီး သာသနာ့ဗိမာန်တော်ကြီးသို့ ပြန်လည်ပို့ဆောင် ခဲ့ကြသည်။ ထို့သို့ ရှင်လောင်းလှည့်လည်မှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး သာသနာ့ဗိမာန်တော်ကြီးတွင် ရဟန်းလောင်း များနှင့် ရှင်သာမဏေလောင်းများအား နံနက်စာကျွေးမွေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဆံချပရိတ်တရားတော်နာ မင်္ဂလာအခမ်းအနားအား ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဧည့်ပရိသတ်များ၊ ရဟန်းလောင်း၊ ရှင်သာမဏေလောင်းများသည် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ဇောတိဿရ MA.Ph.D(India) အရှင်သူမြတ်ထံမှ ငါးပါးသီခံယူဆောက်တည်၍ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များအား နာယူကြည်ညိုကြခဲ့ကြသည်။
ဆက်လက်၍ ဆံချမင်္ဂလာအခမ်းအနားအားပြုလုပ်ရာ အလှူ့ဒါယကာ၊ အလှူ့ဒါယကာမများမှ ရဟန်းလောင်းများနှင့် ရှင်သာမဏေလောင်းများအား ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များက ဆံချမင်္ဂလာပြုလုပ်ပေးခြင်းအား ကြည်ညိုသဒ္ဒါပွားခဲ့ကြသည်။ ထို့နောက် ပဗ္ဗဇ္ဇမင်္ဂလာအခမ်းအနားအား ဆက်လက်ပြုလုပ်ရာ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ဇောတိဿရ MA.Ph.D (India)အရှင်သူမြတ်က ရဟန်းလောင်းများနှင့် ရှင်သာမဏေလောင်းများအား ရှင်သာမဏေအဖြစ်သို့ သွပ်သွင်းချီးမြှင့် ပေးခဲ့ပြီး အသီးသီးဘွဲ့များ ဆက်ကပ်ခဲ့ကြကာ မြောင်းမြကျောင်းပရိယတ္တိစာသင်တိုက်၊ တိုက်ကြီးကျောင်းပရိယတ္တိစာသင်တိုက်နှင့် ပုသိမ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သိမ်တက်မင်္ဂလာ ပြုလုပ်ခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် စုပေါင်းရဟန်းခံရှင်ပြု အလှူတော် မင်္ဂလာအခမ်းအနားတွင် ရဟန်း(၁၄၆)ပါး၊ ရှင်သာမဏေ (၅၆)ပါး၊ စုစုပေါင်း (၂၀၂)ပါးအား မြင့်မြတ်သော သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ခဲ့ပါသည်။
Read More...
09-Apr-2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားတက်ရောက်
Read More...
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားအား ယနေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးကြီးများ၊ ဌာနဆိုင်ရာများနှင့် ခရိုင်(၈)ခရိုင်မှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဒေသန္တရစီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောက်ရွက် နိုင်ရေးအတွက် တာဝန်ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ စီးပွားရေး (GDP) အခြေအနေကို လေ့လာကြည့်ပါက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ၂.၄ ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းထားရာ ၂.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ၁.၂ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားရာ ခန့်မှန်းခြေစာရင်းများအရ ၂.၆ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းရပါကြောင်း၊ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ယခင်နှစ်၏ အားနည်းချက်များအား သုံးသပ်ပြီး ရည်မှန်းချက်များအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသလိုအပ်ချက်များနှင့် ဒေသခံပြည်သူများ၏ တင်ပြချက် များအား အလေးထား၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး ဘဏ္ဍာနှစ်အလိုက်လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးသီးနှံများ သီးနှံစုံပန်းတိုင် အထွက်နှုန်းရောက်စေရေးနှင့်စိုက်ပျိုးရေးစံပြ တိုင်းဒေသကြီးဖြစ်စေရေးဆောင်ရွက်လျက် ရှိပါကြောင်း၊ စားသုံးဆီဖူလုံရေးအတွက် နေကြာ၊ မြေပဲ၊ နှမ်း အစရှိသည့် ဆီထွက်သီးနှံ များကိုလည်း ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် စိုက်ဧကပြည့်မီရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရိုးပြတ်ကျန် ဧကများလျော့နည်းစေရေး၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးကိစ္စရပ်များကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စိုက်ပျိုး၊ မွေးမြူရေး ထွက်ကုန်အခြေခံ ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာရန် ကြိုးပမ်းရမည်ဖြစ်ပါကြောင်း၊ ဒေသန္တရစီမံကိန်းပါ ရည်မှန်းချက်များ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မိမိတို့တာဝန်ယူ ထားသည့် ကဏ္ဍများအလိုက် စနစ်တကျကြပ်မတ်၍ အလေးထားဆောင်ရွက်ရန်လိုပါကြောင်း”အမှာစကားများပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများအား တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းတာဝန်များအားလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများအား သက်ဆိုင်ရာခရိုင်များ၏ ဒေသန္တရစီမံကိန်း တာဝန်များ အားလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။
Read More...
08-Apr-2024
ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကျင်းပ၊ ပုသိမ်မြို့ပေါ်ရှိ စာသင်ဝိုင်းများ လှည့်လည်ကြည့်ရှုအားပေး
Read More...
ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပူးပေါင်းကျင်းပသည့် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပညာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ နည်းပြ ဆရာဆရာမများ၊ စာသင်သားများ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားကို အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား၊ ကျောင်းသူများက လူတိုင်းအတွက် ပညာရေးကိုယ်စားပြု “ဝထကလသ” တေးသီချင်းဖြင့် သီဆိုဂုဏ်ပြုဖွင့်လှစ်ခဲ့ပြီးနောက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေး သင်ကြားပေးမည့် ဆရာ၊ ဆရာမများကို မွမ်းမံသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ယနေ့တွင် တိုင်းဒေသကြီး၏ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအား စတင်ခဲ့ပြီဖြစ်ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ငယ်စဉ်က မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားခဲ့ရသူများ၊ ကျောင်းမနေခဲ့ရသူများအား လူဦးရေနှင့် သန်းခေါင်စာရင်းအရ အသက်(၁၅)နှစ်နှင့်အထက် စာမတတ်သူ လူငယ်နှင့် သက်ကြီး ဦးရေများကို လျော့ချနိုင်စေရန်၊ ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်စေရန် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ယနေ့မှစ၍ မေလ(၁၉) ရက်နေ့အထိ စာသင်ဝိုင်း(၁၇၇၁)ဝိုင်းတွင် စာသင်သား (၂၅၀၁၆)ဦးအား ဆင့်ပွားသင်တန်း တက်ရောက်ခဲ့ကြသော အခြေခံပညာ ဆရာ၊ ဆရာမများ၊ တက္ကသိုလ်နှင့် ပညာရေးဒီဂရီ ကောလိပ်ရှိ ဆရာ၊ ဆရာမများ၊ စေတနာရှင်လုပ်အားပေးများက ရက်ပေါင်း (၄၀)ကြာ တစ်နေ့လျှင် (၃)နာရီနှုန်းဖြင့် နာရီပေါင်း (၁၂၀) သင်ကြားပို့ချသွားမည်ဖြစ်ပါကြောင်း၊ အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းအတွက် သက်ဆိုင်ရာ စာဖတ်ဝိုင်းအသီးသီးတွင် သင်ကြားပြသ ပေးမည့် တက္ကသိုလ်၊ ကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် စေတနာရှင်လုပ်အားပေးသူများအား ကျေးဇူးအထူးပင်တင်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် တက်ညီလက်ညီ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြစေလိုကြောင်း” တိုက်တွန်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က စာတတ်မြောက်ရေးနှင့် ကျောင်းပြင်ပပညာရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဧရာဝတီ တိုင်းဒေသကြီး အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှု မှတ်တမ်းဗီဒီယိုပြသမှုအား ကြည့်ရှု အားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုထောက်ပံ့ငွေများကိုပေးအပ်ရာ သင်တန်း နည်းပြကိုယ်စားလှယ်သုံးဦးက လက်ခံရယူခဲ့သည်။
ဆက်လက်၍ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ စာတတ်မြောက်ရေးဝိုင်းကူပေး” တေးသီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များ၊ စာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ကြားပေးမည့် စေတနာလုပ်အားပေး ဆရာ၊ ဆရာမများ၊ ကြီးကြပ်များ၊ စာသင်သားကိုယ်စားလှယ်များနှင့်အတူ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အခမ်းအနားသို့တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊ အမှတ်(၁၄)ရပ်ကွက်၊ အမှတ်(၂၅)အခြေခံပညာမူလတန်း(လွန်) ကျောင်း(ပန်းဆက်) စာသင်ဝိုင်းသို့ သွားရောက်၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် အရေး၊ အဖတ်နှင့် အတွက်အချက်များကို ဆရာ၊ ဆရာမများက တိုင်းရင်းသား ပြည်သူများအား သင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး လက်ဆောင်ပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးသည် အမှတ်(၅)အခြေခံပညာမူတန်းကျောင်း(ရွှေဝတ်မှုံ)စာသင်ဝိုင်းသို့လည်းကောင်း၊ ပုသိမ်ပညာရေး ဒီဂရီကောလိပ်၊ လေ့ကျင့်ရေးအလယ်တန်းကျောင်း စာသင်ဝိုင်းသို့လည်းကောင်း သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး လက်ဆောင်ပစ္စည်းများနှင့်၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
08-Apr-2024
ဧရာဝတီတိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်နှင့် Sport Collection Myanmar မှ ပူးပေါင်း ကျင်းပသော SCM U-15 Tournament Cup (ပုသိမ်မြို့) အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်နှင့် SCM Sport Collection Myanmar Company မှ ပူးပေါင်းကျင်းပသော SCM U-15 Tournament Cup (ပုသိမ်မြို့) အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်အခမ်းအနားကို (၆.၄.၂၀၂၄)ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်း၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများနှင့် အသင်းနည်းပြ၊ အုပ်ချုပ်သူများ၊ ဘောလုံးဝါသနာရှင်ပြည်သူများ တက်ရောက်ခဲ့သည်။ ဗိုလ်လုပွဲတွင် HINTADA(ဟင်္သာတ) FC ဘောလုံးအသင်းနှင့် NEW BLOOD FC ဘောလုံးအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ HINTADA FC ဘောလုံးအသင်းက NEW BLOOD ဘောလုံးအသင်းအား ငါးဂိုး-ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။
ဆက်လက်၍ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြုလုပ်ရာ SCM U-15 Tournament Cup တွင် ပါဝင်ကူညီဆောင်ရွက်ပေးသော ဒိုင်လူကြီးများအား ဧရာဝတီတိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ် နာယကက ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီးနောက် တတိယဆုရရှိသည့် Ranger FC အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကို SCM မန်နေဂျင်း ဒါရိုက်တာနှင့် ဧရာဝတီတိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင်တို့ကလည်းကောင်း၊ အတိုးတက်ဆုံး ကစားသမားဆုရရှိသည့် အားကစားသမားအား ဆုတံဆိပ်နှင့်ငွေသားဆုကို ဧရာဝတီတိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ(၁)ကလည်းကောင်း၊ အကောင်းဆုံး ဂိုးသမားဆုရရှိသည့် အားကစားသမားအား ဆုတံဆိပ်နှင့်ငွေသားဆုကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးကလည်းကောင်း၊ နောက်တန်းအကောင်းဆုံးဆု ရရှိသည့် အားကစားသမားအား ဆုတံဆိပ်နှင့်ငွေသားဆုကို တိုင်းရင်းသားရေးရာဝန်ကြီးကလည်းကောင်း၊ အလယ်တန်းအကောင်းဆုံးဆုနှင့် ရှေ့တန်းအကောင်းအကောင်းဆုံးဆုရရှိသည့် အားကစား သမားများကို လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ ပွဲစဉ်တစ်လျှောက်ဂိုးသွင်းအများဆုံးဆု ရရှိသည့် အားကစားသမားအား ဆုတံဆိပ်နှင့်ငွေသားဆုကို သယံဇာတရေးရာဝန်ကြီးက လည်းကောင်း၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးဂိုးသမားဆု ရရှိသည့် အားကစားသမားအား ဆုတံဆိပ်နှင့်ငွေသားဆုကို စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် NEW BLOOD FC အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကို လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ပထမဆုရရှိသည့် HINTADA FC ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ချီးမြှင့်ခဲ့ကာ စုပေါင်းမှတ်တမ်း ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။
Read More...
07-Apr-2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ပုသိမ်မြို့တွင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများ ကြည့်ရှုအားပေး၊ ပုသိမ်လေယာဉ်ကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာများတွင် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများအနေဖြင့် စုပေါင်းသန့်ရှင်းရေး အပတ်စဉ် စနေ့နေ့တိုင်း ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ပုသိမ်မြို့တွင်း၌ သန်းရှင်းရေးစုပေါင်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၁၆)အခြေခံပညာ မူလတန်းကျောင်းဝန်း၌ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်ပြည်သူများက စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရေးကိုလည်း အလေးထားလိုက်နာ ဆောင်ရွက်သွားရန်နှင့် မြို့သန့်ရှင်းသာယာ လှပစေရေး၊ ကျောင်းဥပဓိရုပ်များကောင်းမွန်ရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး အစဉ်တစိုက်ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခြေခံပညာအထက်တန်းကျောင်းခွဲ (လ-၃)တွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်ပြည်သူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်လေယာဉ်ကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းခွင်သို့ရောက်ရှိ၍ ပထမအဆင့် လေယာဉ်ပြေးလမ်း မြောက်ဘက်ခြမ်း (၂၀၀၀ x ၂၀၀)ပေ နိုင်လွန်ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း (၁၀၀%) ပြီးစီးမှု၊ ဒုတိယအဆင့် လေယာဉ်ပြေးလမ်း တောင်ဘက်ခြမ်း (၂၂၅၀ x ၂၀၀)ပေ နိုင်လွန်ကတ္တရာထပ်ပိုးလွှာ (၁၀၀%) ပြီးစီးမှု၊ လေယာဉ်ပြေးလမ်း (၂၅ဝ ပေ x ၂၀၀ ပေ) တိုးချဲ့ခြင်းလုပ်ငန်း အခြေခံအလွှာ ကွန်ကရစ်ခင်းခြင်း(၁၀၀%) ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများအား လိုက်လံရှင်းလင်း တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အရည်အသွေးများပြည့်မီစေရန်နှင့် သတ်မှတ်ကာလ အတွင်း လုပ်ငန်းများပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဘောလုံးအားကစားကွင်း မြက်ခင်းအား အော်တိုရေဖျန်းစနစ်ဖြင့် ရေဖြန်းနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြက်ခင်း ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် သန့်ရှင်းရေးလုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်ရန် မှာကြားခဲ့သည်။
Read More...
06-Apr-2024