သတင်းများ


ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် ရေကြည်၊ ငါးသိုင်းချောင်း၊ ဟင်္သာတ၊ ပန်းတနော် မြို့များသို့သွားရောက်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ(၅)ရက်နေ့ နံနက်(၈)နာရီအချိန်တွင် ရေကြည်မြို့၊ ရေကြည်ဦးရိပ်သာတွင် နွားရေတိုက်ကျေးရွာ ပေါ်ဆန်းမွှေးစပါးစိုက်တောင်သူ ဦးကျော်မင်းနှင့် ဦးကျော်မျိုးဝင်းတို့နှင့်တွေ့ဆုံ၍ ဒေသမျိုးစပါးအား နည်းပညာပေါင်းစပ်၍ သွင်းအားစုအပြည့်အဝထည့်သွင်းကာ စနစ်တကျစိုက်ပျိုးပါက မူလဧရာဝတီ ပေါ်ဆန်းအဖြစ် ဈေးကွက်ဝင်လာအောင်စိုက်ပျိုးထုတ်လုပ်သွားရန် ဆွေးနွေးမှာကြားခဲ့ပါတယ်။ ဆက်လက်ပြီး ရေကြည်မြို့ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ခွဲစိတ်ခန်းအသစ်တည်ဆောက်နေမှု၊ ဆေးသိုလှောင်ခန်း သိုလှောင်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုခဲ့ပြီးဆေးရုံအတွက် အောက်စီဂျင် 40 L အိုး(၁၀)လုံးနှင့်ဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ပါတယ်။ ပြီးနောက် အ.ထ.က(၂)မြို့မကျောင်းတွင် ကိုဗစ်ကာကွယ်ဆေးထိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ရေကြည်မြို့သီတာရုံကျောင်းတိုက် ဆရာတော်အား သွားရောက် ကြည်ညိုပူဇော်ခဲ့ပြီး ဆရာတော်အားလှူဖွယ်ပစ္စည်များနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ ဆက်လက်ပြီး အောက်စီဂျင်ပလန့်တည်ဆောက်မည့် မြို့မရပ်ကွက်သို့ သွားရောက်ခဲ့ပြီး လျှပ်စစ်မီး အပြည့်အဝရရှိရေးနှင့် အောက်စီဂျင်အမြန်ဆုံးထုတ်လုပ်နိုင်ရေး မှာကြားခဲ့ကာ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး ဒေါ်ကြည်ကြည်ထွန်း မိသားစုတို့မှ အလှူငွေကျပ်သိန်း(၂၀)တိတိကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။ ထို့နောက် ဆီဆုံကုန်းနည်းပညာပြန့်ပွားရေးစင်တာတွင် တောင်သူများနှင့် တွေ့ဆုံခဲ့ပြီးလိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပါတယ်။ ထို့နောက် ဗောဓိကုန်းတာသို့ရောက်ရှိပြီး ရေဘေးကာကွယ်ရေး အစီအမံများနှင့် တာတမံကြံ့ခိုင်ရေး ကိစ္စရပ်များအားတာဝန်ရှိသူများမှ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပါတယ်။ ဆက်လက်၍ ဟင်္သာတမြို့သို့ထွက်ခွာလာရာ ဦးအောင်မြတ်ကျော် ပိဋကတ်တိုက် ပြည်လုံးချမ်းသာ ဓမ္မာရုံနှင့် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပါတယ်။ ထို့နောက် ခရိုင်မီးသတ်စခန်းတွင်တည်ဆောက်နေသည့် အောက်စီဂျင် ပလန့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အောက်စီဂျင်အမြန်ဆုံးထုတ်လုပ်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ပါတယ်။ ဆက်လက်၍ ဟင်္သာတတက္ကသိုလ်အားကစားရုံတွင် ကိုဗစ်-၁၉ လူနာများ ထားရှိကုသနိုင်ရေး ကြိုတင်ပြင်ဆင်ထားမှု၊ ကွာရန်တင်းစင်တာတွင် လက်ခံကုသပြုစုနေမှုများကို ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပါတယ်။ ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမတွင် အောက်စီဂျင် 40 L အလုံး(၂၀) ပေးအပ်ခဲ့ပြီးဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ခဲ့ပါတယ်။ ဆက်လက်၍ လယ်တီကွင်း သံလမ်းရှိ ဦးစန်းလွင်၏ပုဂ္ဂလိကစီးပွားဖြစ် ဥစားကြက် မွေးမြူရေးခြံတွင် ဥစားကြက် (၄၀၀၀)မွေးမြူ၍ ဥ ထုတ်လုပ်နေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး မွေးမြူရေးကာကွယ်ဆေးများ ထောက်ပံ့ခဲ့ပါတယ်။ ဆက်လက်၍ ပန်းတနော်မြို့သို့ရောက်ရှိပြီး ဘိုးဘွားရိပ်သာဝန်းအတွင်း အောက်စီဂျင်ပလန့် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ပါတယ်။ ထို့နောက် ပန်းတနော်မြို့ပြည်သူ့ဆေးရုံတွင် အောက်စီဂျင်အိုး40L (၁၀)လုံးနှင့်ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ခဲ့ပြီး တာဝန်ရှိသူများမှ ဆေးကုသပေးနေမှုအပေါ်ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါတယ်။


Read More...
05-Aug-2021
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့အား တိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေး၊ ငါးလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဦးစီးဌာနတို့မှ ဌာနဆိုင်ရာလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ၊ (၄) ရက်နေ့ ၊ မွန်းလွဲ(၁)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့အား တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန နှင့်ဆည်မြောင်းဦးစီးဌာနတို့မှ ဌာနလုပ်ငန်း ဆိုင်ရာဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမိုးမိုးခိုင်မှ ဦးစီးဌာန၏မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များ၊ လုပ်ငန်းတာဝန်များနှင့် ဘဏ္ဍာရေးဆိုင်ရာများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲပါသည်။ ထို့နောက် တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးဝင်းမြင့်စောမှ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ခုနှစ် အောက်တိုဘာလမှ ဇူလိုင်လအထိ လုပ်ငန်းဆောင်ရွက်မှုများအကြောင်းကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ ပြီးနောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြာရေးမှူး ဦးစိန်မောင်မြင့်က တိုင်းဒေသကြီးအတွင်း မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်း၊ မျိုးကောင်းမျိုးသန့်ထုတ် လုပ်နိုင်မှုအခြေအနေ၊ ပိုးမွှားရောဂါကာကွယ်စောင့်ရှောက်နိုင်မှုအခြေအနေနှင့် ဓါတ်ခွဲခန်းများ ဆောင်ရွက်ထားရှိနိုင်မှု အခြေအနေစသည့် အကြောင်းအရာများကို Power Point ဖြင့် ရှင်းလင်း တင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဆည်မြောင်းဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးကြည်ဆွေက တိုင်းဒေသကြီးအတွင်း ရေဘေးကာကွယ်ရေးအတွက် တာများအားပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ရေလှောင်တမံများအန္တရာယ်တစ်စုံတစ်ရာမကျရောက်စေရန် ပြင်ဆင်ထားရှိမှု အခြေအနေအစရှိသည်တို့၏ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ လုပ်ငန်းပြီးစီးမှုအခြေအနေများအား Power Point ဖြင့်ရှင်းလင်း တင်ပြခဲ့ကြပါသည်။ အဆိုပါရှင်းလင်းတင်ပြမှုများအပေါ် ဧရာဝတီတိုင်းဒေသကြီးဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
04-Aug-2021
ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၂/၂၀၂၁) ကျင်းပပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ၊ (၄)ရက်နေ့ ၊ (၀၉၃၅)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ တိုင်းဒေသကြီး Coronavirus Disease 2019 ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၃၂/၂၀၂၁)ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ စစ်ဦးစီးဗိုလ်မှူးကြီး အောင်ဆန်းလွင်၊ တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းနှင့် ကော်မတီဝင်များ တက်ရောက် ခဲ့ကြပါသည်။ ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာ စကားပြောကြားရာတွင် အောက်စီဂျင် လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေး၊ ကူးစက်မှုများ လျော့နည်းစေရေး၊ ကာကွယ်ဆေးများအား သတ်မှတ်ချက်များအတိုင်းပြည့်မီအောင် ထိုးနှံပေးနိုင်ရေး ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က (၃၁/၂၀၂၁)အစည်းအဝေးမှတ်တမ်းအပေါ် ဆောင်ရွက်ထားရှိမှုနှင့် အောက်စီဂျင်လိုအပ်မှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ သံသယလူနာများ၊ အတည်ပြုလူနာ များအား ကုသပေးနေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းမှ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအခြေအနေများ၊ ရောဂါကာကွယ်ကုသရေးအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ ပါသည်။ ထို့နောက် ကော်မတီဝင်များမှ ရောဂါကာကွယ်ကုသရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက် များအား ရှင်းလင်းတင်ပြကြရာ ဧရာဝတီတိုင်းဒေသကြီးဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
04-Aug-2021
ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူရှင်များမှ အလှူငွေများနှင့် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနား ကျင်းပပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ၊ (၄)ရက်နေ့ ၊ (၀၉၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူရှင်များမှ အလှူငွေများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသရေးသုံး ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် အလှူရှင်များတက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် ဦးကိုကိုလေးမိသားစုမှ အလှူငွေကျပ် သိန်း(၅၀)၊ ဧရာဝတီသားဟေ့ ကုမ္ပဏီလီမိတက်မှ အလှူငွေကျပ် သိန်း(၅၀)နှင့် မင်းခန့်ဧရာ ကုမ္ပဏီလီမိတက်မှ ငွေကျပ်(၁၅)သိန်း တန်ဖိုးရှိ ကာကွယ်ကုသရေးသုံးပစ္စည်းများပေးအပ်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ခဲ့ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
04-Aug-2021
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်အား တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနတို့မှ ဌာနဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ၊ (၃) ရက်နေ့ ၊ မွန်းလွဲ(၁)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်အား လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေး ဦးစီးဌာနနှင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနတို့မှ ဌာနဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးမောင်မောင်သန်းမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်​ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်မှုအခြေအနေများ၊ ဧရာဝတီတိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်ကိုက နိုင်ငံပိုင်အခန်းကဏ္ဍ ဆောင်ရွက်ရမည့်လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြုပ်နှံမှုလျာထားချက်များ၊ တိုင်းဒေသကြီးရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြာရေးမှူး ဦးကျော်စိုးဝင်းက ဧရာဝတီတိုင်းဒေသကြီး၏ စုစုပေါင်းထုတ်လုပ်မှု ဝန်ဆောင်မှုတန်ဖိုး(GDP) တိုးတက်လာစေရန် စီမံကိန်းရည်မှန်းချက်များအား Power Point ဖြင့်ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
03-Aug-2021