သတင်းများ
ဧရာဝတီတိုင်းဒေသကြီး Coronavirus Disease 2019 ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၃၁/၂၀၂၁) ကျင်းပပြုလုပ်ခြင်း
Read More...
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ၊ (၃)ရက်နေ့ ၊ (၀၉၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ တိုင်းဒေသကြီး Coronavirus Disease 2019 ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၃၁/၂၀၂၁) ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ စစ်ဦးစီးဗိုလ်မှူးကြီး အောင်ဆန်းလွင်၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါတယ်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ယခင်နေ့ အစည်းအဝေးမှတ်တမ်းအပေါ် လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ကော်မတီ၏လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းက ကျန်းမာရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြဆွေးနွေး ခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော ကော်မတီဝင်များကလည်း ဆွေးနွေးတင်ပြကြရာ ဧရာဝတီတိုင်းဒေသကြီးဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။
Read More...
03-Aug-2021
ပုသိမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအားပေးကြည့်ရှု့ခြင်းနှင့် အောက်စီဂျင် ထုတ်လုပ်နေမှု ကြည့်ရှု့စစ်ဆေးခြင်း
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမနှင့် အ.ထ.က(၁)တို့တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုအား ကြည့်ရှု့အားပေးခြင်းကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂)ရက်နေ့ နံနက်(၁)နာရီခွဲအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ မြို့တော်ခန်းမသို့ရောက်ရှိပြီး ကာကွယ်ဆေးထိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက် ပုသိမ်မြို့ကုတင်(၅၀၀) အထွေထွေရောဂါကုဆေးရုံကြီး ရှိအောက်စီဂျင်ထုတ်လုပ်နေမှုနေရာသို့ရောက်ရှိခဲ့ပြီး အောက်စီဂျင် ထုတ်လုပ်ဖြန့်ဖြူးနေမှုကို ကြည်ရှု့စစ်ဆေးခဲ့ပါသည်။
ဆက်လက်ပြီး ပုသိမ်မြို့အ.ထ.က(၁)တွင် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနေမှုကို ကြည့်ရှု့ကာ အားပေးစကားများပြောကြားခဲ့ပါသည်။ ယနေ့ကာကွယ်ဆေးထိုးနှံမှုကို ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ ဈေးဝယ်စင်တာများမှဝန်ထမ်းများ၊ တက္ကသိုလ်နှင့်ပညာရေး ဌာနများမှဝန်ထမ်းများ၊ သံဃာတော်များ၊ သီလရှင်များလာရောက်ထိုးနှံခဲ့ကြကြောင်း သတင်းရရှိပါသည်။
Read More...
02-Aug-2021
တိုင်းဒေသကြီး ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
Read More...
၂၀၂၁ ခုနှစ်၊ သြဂုတ်လ၊ (၂)ရက်နေ့ ၊ (၀၉၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ တိုင်းဒေသကြီး ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတိုင်းဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းနှင့် ကော်မတီဝင်များမှ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကာကွယ်ကုသရေးဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
02-Aug-2021
ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုအားပေးခြင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
Read More...
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၃၁)ရက်နေ့ ၊ (၀၉၃၀)နာရီအချိန်တွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနတိုင်းဦးစီးမှူး၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ပုသိမ်မြို့ပေါ်ရှိ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးနေသည့် စေတနာ့ဝန်ထမ်း များနှင့် ဘဏ်ဝန်ထမ်းများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများကိုကြည့်ရှုအားပေးခဲ့ပါသည်။
ထို့နောက် (၁၀၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေး ခန်းမ(၁)တွင် တိုင်းဒေသကြီးကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဋ္ဌနှင့် တိုင်းမှူးတို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာနတိုင်းဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းနှင့် ကော်မတီဝင်များမှ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်ကုသရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ လိုအပ်ချက်များအား ရှင်းလင်းတင်ပြကြရာ ကောင်စီဥက္ကဋ္ဌနှင့်တိုင်းမှူးတို့မှ လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။
Read More...
31-Jul-2021
Oxygen Concentrator 10 L (၅၀)လုံးအား တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးရေးနှင့်ကုသရေး ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် တိုင်းဒေသကြီးကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
Read More...
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၂၉)ရက်နေ့ ၊ (၀၉၃၅)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီမှ ငွေကျပ် (၈၉၂၅၀၀၀ဝိ/-)တန်ဖိုးရှိ Oxygen Concentrator 10 L (၅၀)လုံးအား တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးရေးနှင့်ကုသရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနတိုင်းဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတိုင်းဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းမှ ကျေးဇူးတင်စကားနှင့် ဖြန့်ခွဲဆောင်ရွက်ထားရှိမည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ရာ ကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ ကော်မတီအတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတိုင်းဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းနှင့် ကော်မတီဝင်များမှ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ကုသရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြရာ ကောင်စီဥက္ကနှင့် တိုင်းမှူးတို့မှ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
29-Jul-2021