သတင်းများ
၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး လက်ဝှေ့အသင်းအား အောင်နိုင်ရေးအလံပေးအပ်
Read More...
၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးလက်ဝှေ့အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီးလက်ဝှေ့ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ် ၊ နည်းပြ ၊ အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး ဧရာဝတီတိုင်းဒေသကြီးလက်ဝှေ့အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများသို့ တိုင်းဒေသကြီးကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်သည့်အခါတိုင်း အားကစားအဖွဲ့များနှင့်တွေ့ဆုံ၍ အားကစားသမားများ၏ လေ့ကျင့် ပြင်ဆင်မှုအပိုင်းများ၊ အသင်းအုပ်ချုပ်သူ၊ နည်းပြ၊ နည်းစနစ်မှူးများ၏ တင်ပြဆွေးနွေးချက်များ အပေါ် လိုအပ်သည်များဖြည့်စွက်ဆွေးနွေးထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်သည့်အခါ မိမိတို့ တိုင်းဒေသကြီးသည် ပြည်နယ်တိုင်းအဆင့် လေး/ ငါး နေရာတွင်သာရှိနေပါ၍ ရောက်ရှိနေသည့်အဆင့်ထက် ကျော်လွန်အောင် ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ လက်ဝှေ့အားကစားသမားများ အနေဖြင့် ကျန်းမာကြံ့ခိုင်ပြီးသက်လုံကောင်းရန် နည်းစနစ်ကျကျဖြင့် ဉာဏ်ရည်ကိုအသုံးပြု ပြိုင်ပွဲဝင်ရန်လေ့ကျင့်ထားကြသဖြင့် အောင်မြင်မှုရရှိမည်ကိုယုံကြည်ပါကြောင်း၊ နိုင်ငံတကာ ပြိုင်ပွဲများတွင် အတွေ့အကြုံရှိသည့်နည်းပြများဖြင့်လေ့ကျင့်နေကြသည်ဖြစ်၍ တိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်အောင် ယှဉ်ပြိုင်အနိုင်ရရှိရန်” တိုက်တွန်းအမှာစကားများ ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးလက်ဝှေ့အသင်းမှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။
Read More...
29-Sep-2023
ပုသိမ်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကျင်းပ
Read More...
ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာအုပ်စု၊ ရွှေမြင်တင်ကျေးရွာ၊ ဇင်ပြွန်းကုန်းကျေးရွာအုပ်စု၊ မြင်းချောင်းကျေးရွာ၊ မရမ်းချောင်းကျေးရွာအုပ်စု၊ ဗျိုက်ကုန်းကျေးရွာ၊ ကမ်းနီဖျားကျေးရွာအုပ်စု၊ သူတော်ကုန်းကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများတက်ရောက်၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေများနှင့် ကြက်ဥများထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေမြင်တင်ကျေးရွာအုပ်စု၊ ရွှေမြင်တင်ကျေးရွာ၊ ကျွန်းခြားကျောင်းတိုက်၊ စိန္တိတာရာမကျောင်းဆောင်တွင်ပြုလုပ်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားတက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးဖွားလာသည့်ကလေးငယ်များအနေဖြင့်လည်း အာဟာရပြည့်ဝစွာရရှိနိုင်စေရေး နိုင်ငံတော်မှ ရန်ပုံငွေများခွဲဝေချထားပေးကာ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ရရှိသည့်ထောက်ပံ့ငွေ များကို အကျိုးရှိစွာသုံးစွဲရန်လိုပါကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် " ကလေးဘဝ ရှေ့ဆောင် ရက်တစ်ထောင်" ကာလအတွင်း ကလေးငယ်များအား စနစ်တကျပြုစု စောင့်ရှောက်ပေးနိုင်ပါက ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးသည့် ကလေးငယ်များ အဖြစ်ကြီးပြင်းလာကြမှာ ဖြစ်ပါကြောင်း၊ နိုင်ငံသားအသိအမှတ်ပြုကတ်မရှိ၍ ထောက်ပံ့ကြေး မရခဲ့သည့် ကိုယ်ဝန်ဆောင်များအနေဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှင့် ဆက်သွယ်ဆောင်ရွက်ပြီး စာရင်းပေးသွင်းနိုင်ရေးလုပ်ဆောင်ကြရန်၊ ရရှိသည့် ထောက်ပံ့ငွေ အား မိခင်ရောကလေးပါ အာဟာရ ပြည့်ဝစွာစားသုံးရာတွင် အကျိုးရှိစွာ သုံးစွဲကြစေ လိုကြောင်း”အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများက ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေများနှင့် ကြက်ဥများအား လက်ရောက်ပေးအပ်ခဲ့သည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးများ သည် ဇင်ပြွန်းကုန်းကျေးရွာအုပ်စု၊ မြင်းချောင်းကျေးရွာ၊ ရွှေဗောဓိဓမ္မာရုံတွင် ပြုလုပ်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ် များအား ထောက်ပံ့ငွေပေးအပ်ပွဲ တက်ရောက်၍ အမှာစကားများပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ဇနီးများက ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေများနှင့် ကြက်ဥများအား လက်ရောက်ပေးအပ်ခဲ့သည်။
ထို့နောက် မရမ်းချောင်းကျေးရွာအုပ်စု၊ ဗျိုက်ကုန်းကျေးရွာ၊ မင်္ဂလာသုခကျောင်းတိုက်ရှိ ပဓာနနာယကနှစ်ထပ်ကျောင်းဆောင်တွင်ပြုလုပ်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ပွဲ တက်ရောက်၍ အမှာစကားများပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ဇနီးများက ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ထောက်ပံ့ငွေများနှင့်ကြက်ဥများအားလက်ရောက် ပေးအပ်ခဲ့သည်။
ဆက်လက်၍ ကမ်းနီဖျားကျေးရွာအုပ်စု၊ သူတော်ကုန်းကျေးရွာ၊ စကောကရင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်ခန်းမဆောင်တွင်ပြုလုပ်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွား လာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ပွဲ တက်ရောက်၍ အမှာစကားများပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများက ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေများနှင့် ကြက်ဥများအား လက်ရောက်ပေးအပ်ခဲ့ကြသည်။
အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂) နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ခဲ့ရာ၌ ရွှေမြင်တင်ကျေးရွာ အုပ်စုတွင်အသက်(၂) အောက်ကလေးငယ် (၇၅)ဦး၊ ကိုယ်ဝန်ဆောင်မိခင် (၂၉)ဦး၊ ဇင်ပြွန်းကုန်းကျေးရွာအုပ်စုတွင် အသက်(၂)အောက်ကလေးငယ်(၁၀၃)ဦး၊ ကိုယ်ဝန်ဆောင်မိခင် (၅၉)ဦး၊ မရမ်းချောင်းကျေးရွာ အုပ်စုတွင် အသက်(၂) အောက်ကလေးငယ် (၃၂)ဦး၊ ကိုယ်ဝန်ဆောင်မိခင် (၂၀)ဦး၊ ကမ်းနီဖျားကျေးရွာအုပ်စုတွင် အသက်(၂) အောက်ကလေးငယ် (၃၈)ဦး၊ ကိုယ်ဝန်ဆောင် မိခင် (၃၀)ဦး တို့အားထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်းသိရသည်။
Read More...
28-Sep-2023
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်၊ မိုးစပါးရိတ်သိမ်းနေမှု ကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/၂၀၂၃)ကြိမ်မြောက် အစည်းအဝေး အား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အား လစဉ်ပြုလုပ်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြု ခွင့်ပြုပေးထားသည့် လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှုများ၊ လုပ်ငန်း တိုးတက်မှုများအား စိစစ်တင်ပြသွားရန်လိုပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ လုပ်ငန်းတိုးချဲ့ခြင်း၊ သက်တမ်းတိုးခြင်း ကိစ္စရပ်များအား ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ ဖြစ်ရန်လိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်း လာရောက်ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများအနေဖြင့် သတ်မှတ်ကာလအတွင်းလုပ်ငန်းများ ပြီးစီးအောင်ဆောင်ရွက်၍ တိုင်းဒေသကြီးနှင့် နိုင်ငံတော် အတွက် အကျိုးပြုရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ အချို့သောလုပ်ငန်းများသည် အကြောင်း ကြောင်းကြောင့် လုပ်ငန်းဆောင်ရွက် နိုင်မှုမရှိခြင်း၊ ကြန့်ကြာနေခြင်းများကို စိစစ်၍ပြန်လည် တင်ပြရန်လိုကြောင်း၊ ဆောင်ရွက်နိုင်ခြင်း မရှိသည့် လုပ်ငန်းများရှိပါကလည်း ပေးအပ်ထားသည့် အတည်ပြုမိန့်များကို ပြန်လည်ရုပ်သိမ်း ရမှာဖြစ်ပါကြောင်း၊ ယနေ့တင်ပြလာသည့် လုပ်ငန်း များနှင့်ပတ်သက်၍ အသေးစိတ်ဝိုင်းဝန်း ဆွေးနွေးပေးကြစေလိုကြောင်း”အမှာစကားပြောကြား ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူးက New Talent Industrial Co., Ltd. ၏ ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် CMPစနစ်ဖြင့် အဝတ် အထည်နှင့် ခြေအိတ်အမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် အညီ မတည်ငွေရင်းပမာဏ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စ၊ International Green Land Trading Co., Ltd. ၏ ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ဆန်စပါး ကြိတ်ခွဲထုတ်လုပ် တင်ပို့ရောင်းချခြင်းလုပ်ငန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းအမျိုးအစား ပြောင်းလဲပြင်ဆင်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စ၊ Myanmar Rice Trading Co., Ltd. ၏ ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်ခြင်း၊ ကြိတ်ခွဲရောင်းချခြင်းအထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံသူအမည်၊ နေရပ်လိပ်စာနှင့် မြန်မာ နိုင်ငံတွင်ဖွဲ့စည်းမည့်ကုမ္ပဏီအမည်တို့ကို ပြောင်းလဲပြင်ဆင်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စ၊ Trillion Pleasure Industrial Co., Ltd. ၏ ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့်CMP စနစ်ဖြင့် အဝတ်အထည်များချုပ်လုပ်ခြင်းလုပ်ငန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံမှုတည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စ၊ International Green Land Trading Co., Ltd. ၏ ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ဟိုတယ်နှင့် ကလေးကစားကွင်းလုပ်ငန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ပင်မအဖွဲ့ အစည်းအမည်နှင့် လိပ်စာပြောင်းလဲပြင်ဆင်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စတို့အား ဆွေးနွေး တင်ပြခဲ့ပါသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကော်မတီအဖွဲ့ဝင်များ၏ အထွေထွေဆွေးနွေး တင်ပြချက်များနှင့် ကုမ္ပဏီများ၏ လျှောက်ထားတင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး အစည်းအဝေးအား ရုတ်သိမ်းခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာသို့သွားရောက်၍ တောင်သူ ဦးတင်လှိုင်၏ ၃ သီးစိုက်လယ်မြေ (၈)ဧကတွင် GW-11 CS စပါးမျိုး မိုးစပါးရိတ်သိမ်းခြွေလှေ့နေမှုကိုကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ သီးထပ်သီးနံစိုက်ပျိုးမည့်အခြေအနေများ၊ တစ်ဧက ၁၀ တင်းတိုးတက်ထွက်ရှိစေရေး မျိုးကောင်းမျိုးသန့်များ ပြောင်းလဲသုံးစွဲမှု၊ စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးမှု၊ သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာ များအချိုးကျသုံးစွဲရေးတို့အတွက် ဆွေးနွေးပြောကြားခဲ့ပြီး မိုးစပါးရိတ်သိမ်းခြွေလှေ့နေမှုကိုကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ တောင်သူ ဦးတင်လှိုင်၏ GW 11 မျိုးစပါးအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြွေလှေ့ရာမှ တစ်ဧကလျှင် စပါးအခြောက် ၁၂၄ တင်း ထွက်ရှိခဲ့ကြောင်းသိရသည်။
Read More...
27-Sep-2023
ပုသိမ်မြို့၌ စိုက်ပျိုး မွေးမြူရေးထုတ်လုပ်မှုတိုးတက်မှုမြင့်မားရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ စိုက်ပျိုး မွေးမြူရေးထုတ်လုပ်မှု တိုးတက်မှုမြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ တက်ရောက် ခဲ့ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ စိုက်ပျိုး မွေးမြူရေးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့်ပတ်သက်၍ မြေပြင်ဆောင်ရွက်နေမှုအခြေအနေအများ၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပြီးခဲ့သည့်တောင်သူလယ်သမားနေ့အခမ်းအနားတွင် ဖော်ထုတ်ခဲ့သည့် ရလာဒ်များအရ တစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများအား သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးကြရန်၊ မိုးစပါး တစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအပြင် အဓိကသီးနှံအားလုံးပါဝင်ပြီး ပန်းတိုင်အထွက်နှုန်းရောက်ရှိစေရေး ဆောင်ရွက်ကြရန်လိုပါ ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနတိုင်း၊ ခရိုင်၊ မြို့နယ်များမှ တာဝန်ရှိသူများအနေဖြင့် စိုက်ဧကများမှန်ကန်ရေး၊ အထွက်နှုန်းမှန်ကန်ရေးများအတွက်လည်း ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ ၂၀၂၃ခုနှစ်၊ မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော် စိုက်ဧကများ ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးပြီး ရေကြီးကွင်း၊ ရေနက်ကွင်းများ၊ ရေကျနောက်စိုက်ကွင်းများအားလုံး စပါးများစိုက်ပျိုးပြီးပါက အောက်တိုဘာလကုန်တွင် မိုးစပါးထွန်တုံးပိတ် ဆောက်ရွက်နိုင်မှာ ဖြစ်ပါကြောင်း၊ အယ်နီညိုနှင့်ပတ်သက်၍ ရာသီဥတုဖောက်ပြန်မှုများ ရှိလာနိုင်သည့်အတွက် ရေကိုစနစ်တကျသုံးစွဲရေးကြပ်မတ်ရန်၊ မြေဩဇာလုံလောက်စွာရရှိရေး တွက်ချက်ဆောင်ရွက် ရန် လမ်းညွှန်ချက်များအား အလေးထားလိုက်နာဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ မွေးမြူရေး လုပ်ငန်းများအနေဖြင့်လည်း အလ်နီညိုနှင့်ပတ်သက်၍ တိရစ္ဆာန်များတွင် ကူးစက်ရောဂါနှင့် အခြားရောဂါများဖြစ်ပွားနိုင်ခြင်း၊ ငါးဖမ်းလုပ်ကွက်များပြောင်းလဲနိုင်ခြင်းများ ဖြစ်ပေါ်လာနိုင် သဖြင့် သား၊ ငါးမွေးမြူထုတ်လုပ်မှုများ ထိခိုက်မှုမရှိစေရေး ကြိုတင်ဆောင်ရွက်ထားရှိရန် လိုပါကြောင်း၊ စိုက်ပျိုးရေးနှင့် တိုက်ရိုက်ဆက်နွယ်လျက် ရှိသည့် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ တာဝန်ရှိသူများအားလုံးအနေဖြင့် မြေပြင်ပေါ်ဖြစ်ပေါ်နေသည့် အနေအထားများ၊ မိမိတို့၏သက်ဆိုင်ရာ ဝန်ကြီးဌာများမှ အယ်နီညိုနှင့်ပတ်သက်၍ ဆောင်ရွက်ရန်လမ်းညွှန်ချက် များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်သွားရန်လိုပါ ကြောင်း၊ အောင်ရေရရှိရေးအတွက် ချောင်းပိတ်မြောင်းပိတ် ဆောင်ရွက်ထားရှိမှုများသည် တောင်သူများအတွက် အမှန်တကယ်အကျိုးရှိသည့်လုပ်ငန်းများ ဖြစ်ရန်လိုပါကြောင်း၊ စပါးရိတ်သိမ်းရာတွင် လေလွင့်ဆုံးရှုံးမှုမရှိစေရန် ရိတ်သိမ်းခြွေလှေ့စက်မောင်း သင်တန်းများ ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းများမှ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်မှုနှင့် ရိတ်သိမ်းချိန်လေ့လွင့် ဆုံးမှုလျော့နည်းမှု အခြေအနေများကိုလည်းတင်ပြပေးစေလိုပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် သုတေသနလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ဈေးကွက် သုတေသန၊ ထုတ်လုပ်မှုသုတေသန လုပ်ငန်းများလည်း ဆောင်ရွက်ရန်လိုပြီး လုပ်ငန်းတိုးတက် မှုများကိုလည်း ပြန်လည်တင်ပြရမှာ ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍအား တာဝန်ယူထားသည့် တိုင်း၊ ခရိုင်၊ မြို့နယ်များမှ တာဝန်ရှိသူများအနေဖြင့် ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ မိုးစပါးတစ်ဧက(၁၀)တင်းနှုန်းပိုမိုတိုးတက် ထွက်ရှိရေး၊ မျိုးကောင်းမျိုးသန့်မျိုးစပါးများလွှမ်းခြုံနိုင်ရေး၊ ပိုက်ဆံလျှော်မျိုးစေ့ထုပ်လုပ်၍ အချိန်မီ စိုက်ပျိုးနိုင်ရေး စုဆောင်းထားရှိမှု၊ ဆီဖူလုံရေးအတွက် နေကြာအပါအဝင် ဆီထွက်သီးနှံများအောင်မြင်အောင် စိုက်ပျိုးမှုအခြေအနေများကို တင်ပြပေးစေလိုကြောင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးစံပြတိုင်းဖြစ်စေရေး အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက် ဆွေးနွေးပေးကြစေလိုကြောင်း”အမှာများစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအတွင်း အဓိကသီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး၊ တစ်ဧက(၁၀)တင်းတိုးမြှင့်ထွက်ရှိရေး၊ ပိုက်ဆံလျှော်တိုင်းလုံးကျွတ်စိုက်ပျိုးနိုင်ရေး၊ ဆီဖူလုံမှု ရရှိရေး၊ သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာထုတ်လုပ်မှုများနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှု အခြေအနေများအား စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးကလည်းကောင်း၊ တိုင်းဒေသကြီး အတွင်း စိုက်ပျိုးရေရရှိရေးနှင့်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် အကောင်အထည်ဖော်မှုများနှင့်စပ်လျဉ်း၍ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယ တိုင်းဦးစီးမှူးကလည်းကောင်း၊ ၂ဝ၂၃ ခုနှစ်၊ မိုးစပါး စိုက်ပျိုးရိတ်သိမ်းမှု အခြေအနေများ၊ ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးများထိခိုက်ပျက်စီးမှုများအပေါ် ပြန်လည် ကုစားနိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူး ကလည်းကောင်း၊ မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ထုတ်ချေးပေးမှုများ၊ စံပြမွေးမြူရေးဇုန်တည်ထောင်ရန် ကိစ္စများ၊ ပျားမွေးမြူရေး ကိစ္စများနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုအခြေအနေများအား မွေးမြူရေးနှင့်ကုသရေဦးစီးဌာန တိုင်းဦးစီးမှူးကလည်းကောင်း၊ ငါး၊ ပုဇွန်တိုးချဲ့မွေးမြူ ထုတ်လုပ်နေမှုနှင့်စပ်လျဉ်း၍ ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးကလည်းကောင်း၊ ၂၀၂၃ခုနှစ်၊ မိုးစပါးစိုက်ပျိုးရိတ်သိမ်းမှုနှင့် စပ်လျဉ်း၍ အလေအလွင့်နည်းပါးနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို စက်မှုလယ်ယာဦးစီးဌာန တိုင်းဦးမှူးတို့ကလည်းကောင်း ရှင်းလင်းဆွေးနွေး ခဲ့ပြီးနောက် အစည်းအဝေးသို့တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များ အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ ကွင်းကြီးကျေးရွာသို့သွားရောက်၍ တောင်သူ ဦးအေးလွင်၏ ဆင်းသုခအထွက်တိုး မျိုးစပါးပြောင်းလဲစိုက်ပျိုးထားသည့် လယ်မြေ ၆ ဧကတွင် ရိတ်သိမ်းခြွေလှေ့စက်ဖြင့် မိုးစပါးရိတ်သိမ်းခြွေလှေ့နေမှုကိုကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါး တစ်ဧက ၁၀ တင်း တိုးတက်ထွက်ရှိစေရေး မျိုးကောင်းမျိုးသန့်များ ပြောင်းလဲသုံးစွဲမှု၊ စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးမှု၊ သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာ များအချိုးကျသုံးစွဲ၍ အချိန်ကိုက်ထည့်သွင်းအသုံးပြုမှု နှင့် လာမည့်မိုးစပါးစိုက်ပျိုးရာသီတွင်မြေဆီလွှာပြုပြင်ခြင်းအတွက် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ)များ ရာနှုန်းပြည့်ထည့်သွင်းနိုင်ရေး ဆွေးနွေးပြောကြားခဲ့ပြီး စပါးရိတ်သိမ်းခြွေလှေ့နေမှုကိုကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ တောင်သူ ဦးအေးလွင်၏ ဆင်းသုခအထွက်တိုး မျိုးစပါးအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြွေလှေ့ရာတွင် တစ်ဧက လျှင် ၁၁၈.၉၆တင်း ထွက်ရှိခဲ့ကြောင်းသိရသည်။
Read More...
26-Sep-2023
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျသည့်ဘေးမှ လွတ်ကင်းနိုင်ရန်အတွက် ငါးဆယ်ကျွန်းကျေးရွာ အခြေခံပညာမူလတန်း(လွန်) ကျောင်းအား ဒေသခံတပ်ရင်း တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုပေါင်းဖျက်သိမ်းနေမှုနှင့်ကြိုတင်ပြောင်းရွှေ့နေမှုများအားကြည့်ရှုစစ်ဆေး
Read More...
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ စစ်ကုန်းကျေးရွာအုပ်စု၊ ငါးဆယ်ကျွန်းကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျခဲ့သဖြင့် ကမ်းနံဘေးရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်းအား ဒေသခံတပ်ရင်း တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုပေါင်းဖျက်သိမ်းနေမှုနှင့်ကြိုတင်ပြောင်းရွှေ့နေမှုများဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများနှင်အတူ စက်တင်ဘာလ ၂၃ရက်နေ့ နေ့လည်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များဆောင်ရွက်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးဆယ်ကျွန်းကျေးရွာအခြေခံပညာမူလတန်း(လွန်)ကျောင်းအား ဒေသခံတပ်ရင်း တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုပေါင်းဖျက်သိမ်းနေမှုနှင့်ကြိုတင်ပြောင်းရွှေ့နေမှုများအားကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးတို့မှ မြစ်ရေတိုက်စားမှုအခြေအနေများ၊ ကမ်းပြိုကာကွယ်ရေးဆောင်ရွက်နေမှုအခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အရေးပေါ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ရန်၊ စာသင်ကျောင်းဆောင်အားစနစ်တကျဖျက်သိမ်း၍ ပြန်လည်အသုံးပြုနိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးဆယ်ကျွန်းကျေးရွာ အခြေခံပညာမူလတန်း(လွန်) ကျောင်းရှိ ကျောင်းသားကျောင်းသူများအား ယာယီကျောင်းဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် ဇလွန်မြို့နယ်၊ အောက်စုကျေးရွာအုပ်စု၊ ငါးဆယ်ကျွန်းကျေးရွာရှိ ဝေပုလ္လကျောင်းသစ်သို့သွားရောက်ခဲ့ကာ ကျောင်းထိုင်ဆရာတော်အား ဖူးမြှော်ကြည်ညို၍ သာသနာေရးဆိုင်ရာများ၊ ကမ်းပြိုကာကွယ်ရေးဆောင်ရွက်ပေးနေမှုအခြေအနေများတင်ပြလျှောက်ထားခဲ့ပြီး လှူဖွယ်ပစ္စည်းနှင့်နဝကမ္မအလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် ငါးဆယ်ကျွန်းကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်း၊ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ ရပ်မိရပ်ဖများ၊ ကျောင်းကော်မတီများ ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံ၍ ကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရေးအခြေအ နေများဆွေးနွေးခဲ့ကြပြီး ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ ခရိုင်ပညာရေးမှူးတို့မှ ကျောင်းဆောင်သစ်ဆောက်လုပ်နိုင်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများအားရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ပြီး ကျောင်းဆောင်သစ်ဆောက်လုပ်နိုင်ရေး အမြန်ဆုံးဆောင်ရွက်ရန်၊ ကျောင်းသားကျောင်းသူများအား ပညာသင်ကြားချိန်များထိခိုက်မှုမရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့ကာ ကျောင်းသားကျောင်းသူများအတွက် ဗလာစာအုပ်နှင့်စာရေးကိရိယာများအားလည်းကောင်း၊ ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေများအားလည်းကောင်း၊ ယာယီကျောင်းဆောင်သစ်ဆောင်လုပ်နိုင်ရန်အတွက် သွပ်၊ သံ၊ ဘိလပ်မြေစသည့် ဆောင်လုပ်ရေးသုံးပစ္စည်းများအား ကျောင်းကော်မတီဝင်များလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
Read More...
24-Sep-2023