သတင်းများ


(၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကန်ကြီးထောင့်မြို့နယ် ကျန်စစ်သားကွန်ကရစ်လမ်းဖွင့်ပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဖွင့်လှစ်
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကန်ကြီးထောင့်မြို့နယ် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်သည့် ကျန်စစ်သားကွန်ကရစ်လမ်းဖွင့်ပွဲအား တက်ရောက်ခဲ့ရာ တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့ထံသို့ ကွန်ကရစ်လမ်းဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းအား ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကွန်ကရစ်လမ်းအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကာ ကျန်စစ်သားကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါကွန်ကရစ်လမ်းအား ကန်ကြီးထောင့်မြို့နယ် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည်(၂၅၀၀)ပေ၊ အကျယ်(၁၆)၊ ထု(၆)လက်မနှင့် ကွန်ကရစ်လမ်း၏ ခံနိုင်ဝန်သည် (၁၃)တန်ဖြစ်ကြောင်းသိရသည်။


Read More...
10-Feb-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ငရုတ်ကောင်းမြို့၊ သဲဖြူကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောက့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေး
အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ သဲဖြူကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သဲဖြူကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လာရောက်ဆေးကုသသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားများ ပြောကြားခဲ့ကာ အနောက်တောင်တိုင်းစစ်ဌာနချုပ်တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ မျက်စိကုသမှုပါရဂူ၊ ဓာတ်မှန်ပါရဂူ၊ သွားနှင့်ခံတွင်းကုသမှုပါရဂူ၊ အရိုးကုသမှုပါရဂူ၊ ECG၊ ခွဲစိပ်ကုသမှုပါရဂူ၊ အထွေထွေရောဂါကုသမှုပါရဂူများက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကို ဆက်လက်ကြည့်ရှု့အားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဲဖြူကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲရှိ တာဝန်ခံကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးနှင့် အတန်းစဉ်ကူးပြောင်းမှုများ မကျန်ရှိစေရေးမှာကြားခဲ့ပြီး တာဝန်ခံကျောင်းအုပ်၏ ကျောင်းလိုအပ်ချက် တင်ပြမှုများအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ​ထောက်ပံ့​ငွေများ​ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဲဖြူကျေးရွာ၊ ဝိဇိတာရုံကျောင်းတိုက်အတွင်း၌ နယ်​မြေလုံခြုံ​ရေး ရဲတပ်ဖွဲ့ဝင်များအား တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပြီး တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က ဆန်၊ ဆီ၊ ​ခေါက်ဆွဲ​ခြောက်ထုပ်များနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။


Read More...
10-Feb-2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၈)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားအားတက်ရောက်
၂၀၂၄ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား ကို ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်း၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများနှင့် အသင်းနည်းပြ၊ အုပ်ချုပ်သူများ၊ ဘောလုံးဝါသနာရှင်ပြည်သူများ တက်ရောက်ခဲ့သည်။ ဗိုလ်လုပွဲတွင်ပုသိမ်ခရိုင် ဘောလုံးအသင်းနှင့် မြောင်းမြခရိုင် ဘောလုံးအသင်းတို့က အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ မြောင်းမြခရိုင်အသင်းက ပုသိမ်ခရိုင်အသင်းအား ပင်နယ်တီ အဆုံးအဖြတ်ဖြင့်အနိုင်ရရှိခဲ့သည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုပြုလုပ်ရာ ဆုရရှိသည့် ခရိုင်အသင်းများမှ အားကစားသမားများက နေရာယူကြပြီးနောက် ဒုတိယဆုရရှိသည့် ပုသိမ်ခရိုင်အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကို လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးကလည်းကောင်း၊ ပထမဆုရရှိသည့် မြောင်းမြခရိုင်အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအား ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးကလည်းကောင်း၊ ဂိုးအကောင်းဆုံးဆု၊ နေရာအလိုက်အကောင်းဆုံး ကစားသမားဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကာ ပထမဆုရရှိသည့် မြောင်းမြခရိုင်အသင်းအား တံခွန်စိုက်ဆုဖလားကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပေးအပ်ချီးမြှင့်ခဲ့ပြီး ပထမဆုရရှိသည့် မြောင်းမြခရိုင်အသင်းနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရသည်။


Read More...
08-Feb-2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် လပွတ္တာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကျွဲမွေးမြူရေးသုတေသနနှင့် မျိုးထိန်း၊ မျိုးပွားခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူ များနှင့်အတူ ယနေ့နေ့လယ်ပိုင်းက လပွတ္တာမြို့နယ်၊ ရေဆိုင်ကျေးရွာအုပ်စု၊ စမ်းချောင်းကျေးရွာရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကျွဲမွေးမြူရေးသုတေသနနှင့် မျိုးထိန်း၊ မျိုးပွားခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် ကျွဲမွေးမြူရေးသုတေသနနှင့် မျိုးထိန်း၊ မျိုးပွားခြံ တာဝန်ခံက မွေးမြူရေးခြံလုပ်ငန်းများဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံတောင်သူများအား ကျွဲမျိုးထိန်းဆောင်ရွက်မှုများနှင့် ကျွဲမွေးမြူခြင်းဆိုင်ရာ နည်းပညာများဖြန့်ဖြူးပေးရန်၊ ဒေသကျွဲမျိုးကောင်းမျိုးသန့်များ ထိန်းသိမ်း ဖြန့်ဖြူးရန်၊ နို့နှင့်နို့ထွက်ပစ္စည်းများထုတ်လုပ်ဖြန့်ဖြူးနိုင်အောင်ဆောင်ရွက်ရန်၊ သုတေသန လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ရန်နှင့် အောင်မြင်အောင်ဆက်လက် ဆောင်ရွက်ရန်မှာကြားခဲ့သည်။


Read More...
08-Feb-2024
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းအခမ်းအနားအားတက်ရောက်၍ ကြည့်ရှုစမ်းသပ်မဲပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အရာထမ်း၊ အမှုထမ်းများနှင့်နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ (ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ) ဦးသန်းထွန်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီ(၈)ပါတီမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ တိုင်း/ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ အရာထမ်းများ၊ မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့ကျင်းပသည့် အခမ်းအနားသည် နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine - MEVM) ကို အသုံးပြုနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် စီစဉ်ဆောင်ရွက်နေမှုများနှင့် ဌာနဆိုင်ရာများ၊ မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် (MEVM) မဲပေးစက်များနှင့် စမ်းသပ်မဲပေးမှု သရုပ်ပြခြင်းများကို သိရှိလေ့လာနိုင်ရန် ဖြစ်ပါကြောင်း၊ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့နှင့် ပူးပေါင်းပြီး မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်လျှောက်ထားလာမှုများကို ဥပဒေနှင့်အညီ စိစစ်ခွင့်ပေးခြင်း၊ မဲလက်မှတ်အစားမြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine-MEVM) နှင့် မဲပေးနိုင်ရေးအတွက် ပြည်တွင်းရှိ ကျွမ်းကျင်ပညာရှင်များဖြင့်ပူးပေါင်း၍ တီထွင်ခဲ့ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတကာတွင် အသုံးပြုသည့် မဲပေးစက်များကို လေ့လာပြီး မြန်မာနိုင်ငံရှိ မဲဆန္ဒရှင်ပြည်သူလူထုတို့၏ အခြေအနေ၊ သဘောသဘာဝနှင့်အကိုက်ညီဆုံးဖြစ်သော ဒီဇိုင်းကို တီထွင်ထားခြင်း ဖြစ်ပါကြောင်း၊ ယခု မဲပေးစက်ကို ဥပဒေနှင့်အညီ အသုံးပြုမဲပေးနိုင်ရေး အတွက်ကိုလည်း လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ/နည်းဥပဒေများ၊ တိုင်း/ ခရိုင် /မြို့နယ်/ ရပ်၊ ကျေး ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်း လမ်းညွှန်များ၊ မဲရုံမှူးလုပ်ငန်း လမ်းညွှန် များမှာလည်း လိုအပ်သည့် ပြင်ဆင်ဖြည့်စွက်မှုများကိုပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေနဲ့ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ MEVM စက်အသုံးပြုခြင်းကြောင့် ပယ်မဲများ မရှိတော့သည့်အပြင်မဲလက်မှတ်ဖြင့် မဲပေးခဲ့စဉ်ကကဲ့သို့ မဲရေအတွက်သည့်အချိန်လည်း သက်သာမည်ဖြစ်ပါကြောင်း၊ မိမိတို့ ဧရာဝတီတိုင်းဒေသကြီး အတွင်းတွင်ရှိသည့် မြို့နယ်များမှ မဲဆန္ဒရှင်ပြည်သူများအား MEVM စက်ဖြင့် စမ်းသပ် သရုပ်ပြ မဲပေးသည့် လုပ်ငန်းများကို ယနေ့မှ စတင်ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အထိ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယနေ့စမ်းသပ်မဲပေးခြင်းနှင့်ပတ်သက်၍ အကြံပြု ပြောကြားပေးပါရန်နှင့် MEVM စက်ဖြင့် စမ်းသပ်သရုပ်ပြ မဲပေးသည့်လုပ်ငန်းများနှင့် ပတ်သက်၍ မိမိတို့သက်ဆိုင်ရာအဖွဲ့အစည်း မိမိတို့သားစုများထံ တစ်ဆင့်ပြန်လည်ဖြန့်ဝေရှင်လင်းပေးကြစေလိုကြောင်း” အမှာစကားများ ပြောကြားခဲ့သည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ (ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ)နှင့် ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ် မဲပေးစက် အသုံးပြုနည်းများအား ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော် များသည် မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခဲ့ကြသည်။ မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine-MEVM)ကိုအသုံးပြု၍ လက်တွေ့မဲပေးရာတွင် အမှားအယွင်း လုံးဝမရှိဘဲ (၁၀၀)ရာခိုင်နှုန်း တိကျစွာ ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး လူတစ်ဦးမဲပေးချိန်(၇)စက္ကန့်မှ (၁၀)စက္ကန့်ထိဖြစ်၍ (၁)နာရီလျှင် အနည်းဆုံး လူ(၂၀၀)ခန့်ကောင်းမွန်စွာ မဲပေးနိုင်မည်ဖြစ်ကာ မဲရုံတစ်ရုံလျှင် စက်တစ်လုံးဖြင့် လူ(၁၈၀၀)ခန့်မှ (၂၀၀၀)ခန့်အထိ သတ်မှတ်ဆန္ဒမဲပေးချိန် အတွင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်မှတာဝန်ရှိသူများ၏ ပြောကြားချက်များအရ သိရှိရပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ပုသိမ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ (ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ) ဦးသန်းထွန်းနှင့် ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ အသုံးပြုနည်းများအား ရှင်းလင်းပြောကြားပြီး ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ပုသိမ်မြို့နယ်မဲဆန္ဒရှင်ပြည်သူများမှ မြန်မာအီလက် ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာနေမှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့ပါသည်။


Read More...
07-Feb-2024