သတင်းများ
တိုင်းဒေသကြီးဝန်ကြီးချုပ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ (၇၇)နှစ်မြောက် ပြည်ထောင်နေ့အထိမ်း အမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညပိုင်းက ပြုလုပ်ခဲ့ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီစည်သူ ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ် စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆုရရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပြီး ဖျော်ဖြေရေး အဖွဲ့များက သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆုရရှိသူများအား ဆုများချီးမြှင့်ရာ တိုင်းအဆင့် အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံး တတိယဆု၊ အလယ်တန်းအဆင့် တတိယဆု၊ အခြေခံပညာအထက်တန်းဆင့် ကဗျာ တတိယဆု၊ အလယ်တန်းအဆင့် တတိယဆု ရရှိသူများကို ပုသိမ်လေတပ် စခန်းဌာနချုပ်မှူး၏ ဇနီးကလည်းကောင်း၊ တက္ကသိုလ်အဆင့် စာစီစာကုံး တတိယဆု၊ ကဗျာ တတိယဆု၊ ဌာနဆိုင်ရာပြခန်း တတိယဆု၊ MSME ပြခန်း တတိယဆု ရရှိသူများကို ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးကလည်းကောင်း၊ အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံး ဒုတိယဆု၊ အလယ်တန်းအဆင့် ဒုတိယဆု၊ အခြေခံပညာ အထက်တန်းအဆင့် ကဗျာ ဒုတိယဆု၊ အလယ်တန်းအဆင့် ဒုတိယဆု ရရှိသူများကို အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၏ ဇနီးကလည်းကောင်း၊ တက္ကသိုလ်အဆင့် စာစီစာကုံး ဒုတိယဆု၊ ကဗျာ ဒုတိယဆု၊ ဌာနဆိုင်ရာပြခန်း ဒုတိယဆု၊ MSME ပြခန်း ဒုတိယဆု ရရှိသူများကို အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးကလည်းကောင်း၊ အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံး ပထမဆု၊ အလယ်တန်းအဆင့် ပထမဆု၊ အထက်တန်းအဆင့် ကဗျာ ပထမဆု၊ အလယ်တန်းအဆင့် ပထမဆု ရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးက လည်းကောင်း၊ တက္ကသိုလ်အဆင့် စာစီစာကုံး ပထမဆု၊ ကဗျာ ပထမဆု၊ ဌာနဆိုင်ရာ ပြခန်း ပထမဆု၊ MSME ပြခန်းပထမဆု ရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်က လည်းကောင်း ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပညာအလင်္ကာတေးဂီတအဖွဲ့မှ ပြည်ထောင်စုနေ့ဂုဏ်ပြုတေးသီချင်းများဖြင့်လည်းကောင်း၊ ပုသိမ်ပညာရေးဒီဂရီ ကောလိပ် မြန်မာရိုးရာကျေးလက်အကအဖွဲ့၊ ကရင်ရိုးရာဒုံးယိမ်းအကအဖွဲ့၊ ချင်းရိုးရာအကအဖွဲ့၊ ရခိုင်ရိုးရာအကအဖွဲ့နှင့် တိုင်းဒေသကြီးကိုယ်စားပြု တူယှဉ်နွှဲပျော်ဂီတပွဲတော် winner ဆုရှင် များ၏ သီဆိုကပြဖျော်ဖြေမှုများကို ဆက်လက်ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုညစာ အတူတကွ သုံးဆောင် ခဲ့ကြကာ အဆိုရှင်များ၊ အကအဖွဲ့များနှင့် ပညာအလင်္ကာတေးဂီတအဖွဲ့တို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ် သီရိပျံချီစည်သူ ဦးတင်မောင်ဝင်းက ဂုဏ်ပြုပန်းစည်း ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်းသိရသည်။
Read More...
12-Feb-2024
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Read More...
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများသည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမ၌ ပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဌာနဆိုင်ရာပေါင်းစုံ(အမျိုးသမီး) ဖူဆယ် ဘောလုံးပြိုင်ပွဲနှင့် လွန်ဆွဲပွဲတွင် ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ပြုလုပ်ရာ အမျိုးသား (လူသစ်တန်း-တစ်ဦးချင်း)ကြက်တောင်ရိုက်ပြိုင်ပွဲ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများ၊ အမျိုးသမီး (လူသစ်တန်း-တစ်ဦးချင်း)ကြက်တောင်ရိုက်ပြိုင်ပွဲ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများ၊ အမျိုးသား (လူသစ်တန်း-နှစ်ယောက်တွဲ)ကြက်တောင်ရိုက်ပြိုင်ပွဲ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် အသင်းများ၊ အမျိုးသမီး(လူသစ်တန်း-နှစ်ယောက်တွဲ) ကြက်တောင်ရိုက်ပြိုင်ပွဲ ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသည့် အသင်းများ၊ အမျိုးသား(သာမန်တန်း-တစ်ဦးချင်း)ကြက်တောင်ရိုက်ပြိုင်ပွဲ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများ၊ အမျိုးသမီး(သာမန်တန်း-တစ်ဦးချင်း)ကြက်တောင်ရိုက်ပြိုင်ပွဲ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများနှင့် အမျိုးသား(သာမန်တန်း-နှစ်ယောက်တွဲ) ကြက်တောင်ရိုက် ပြိုင်ပွဲ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့်အသင်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများကလည်းကောင်း၊ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးအသင်းနှင့် ပထမဆု ရရှိသည့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနအသင်းတို့အား ငွေသားဆုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ အမျိုးသမီးဖူဆယ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် တိုင်းဒေသကြီးပညာရေးမှူးရုံးအသင်းနှင့် ပထမဆုရရှိသည့် တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးဦးစီးဌာနအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။
Read More...
12-Feb-2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနား နှင့် သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားအား ယနေ့နံနက်၅နာရီခွဲ အချိန်က ကျောက်တိုင်အားကစားကွင်း၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက နေရာယူပြီးနောက် အလံတင်တပ်စုမှ တပ်ကြပ်ကြီးဦးဆောင်၍ နိုင်ငံတော်အလံတင်ခြင်းနှင့် အလေးပြုခြင်းများဆောင်ရွက်ခဲ့ပြီး အလံတင်တပ်စုသည် စစ်ရေးပြကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားအား အဆိုပါကွင်း၌ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီစည်သူ ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက် ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီစည်သူ ဦးတင်မောင်ဝင်းနှင့် အခမ်းအနား သို့ တက်ရောက်လာသူများက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုခဲ့ကာ ဂုဏ်ပြုတပ်ဖွဲ့မှသစ္စာအဓိဌာန်ရွတ်ဆိုခဲ့ပြီးနောက် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂ဝ၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖတ်ကြားခဲ့ကြောင်းသိရသည်။
Read More...
12-Feb-2024
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSMEနှင့် ဌာနဆိုင်ရာပြခန်းများ ပြပွဲပြိုင်ပွဲများဖွင့်လှစ်
Read More...
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSMEနှင့် ဌာနဆိုင်ရာပြခန်းများ ပြပွဲပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို (၁၁.၂.၂၀၂၄)ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်း တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီး များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ပြခန်းတာဝန်ခံများတက်ရောက်ခဲ့ကြသည်။
ဦးစွာ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြခန်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဖွင့်ပွဲအကအဖွဲ့များအား ဆုငွေများ ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဌာနဆိုင်ရာပြခန်းများအား လှည့်လည်ကြည့်ရှု၍ သက်ဆိုင်ရာဌာနအလိုက် ခင်းကျင်းပြသထားရှိမှုများအား စိတ်ဝင်တစား မေးမြန်းဆွေးနွေးခဲ့ပြီး ပြခန်းတာဝန်ခံများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
ထို့နောက် ဌာနဆိုင်ရာပြခန်းများ၊ ပုသိမ်ခရိုင် မြို့နယ်ပြခန်းများ၊ ကျုံပျော်ခရိုင်မြို့နယ်ပြခန်းများ၊ ဟင်္သာတခရိုင်မြို့နယ်ပြခန်းများ၊ မြန်အောင်ခရိုင်မြို့နယ်ပြခန်းများ၊ မြောင်းမြခရိုင်မြို့နယ်ပြခန်းများ၊ မအူပင်ခရိုင်မြို့နယ်ပြခန်းများ၊ ဖျာပုံခရိုင်မြို့နယ်ပြခန်းများ၊ လပွတ္တာခရိုင်မြို့နယ်ပြခန်းများမှ ခင်းကျင်းပြသထားသည့် MSME ထွက်ကုန်ပြခန်းများနှင့် ဒေသအစားအစာဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်အလိုက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ဒေသ ထွက်ကုန်များပိုမိုထုတ်လုပ်စေရေး၊ စားသောက်ကုန်များကိုလည်း ပြည်တွင်းဈေးကွက် သာမက ပြည်ပစျေးကွက်များအထိ တင်ပို့ရောင်းချနိုင်စေရေး၊ ထုတ်ပိုးမှု ပိုမိုသေသပ်ကောင်းမွန်စေရေးနှင့် ထုတ်လုပ်မှုစနစ်များအဆင့်မြှင့်တင်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
(၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြခန်းများအား ယခုလ(၁၁)ရက်နေ့မှ(၁၄) ရက်နေ့အထိ (၄)ရက်တိုင်တိုင် ပြသသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာပြခန်းများ၊ ခရိုင်ရှစ်ခရိုင်မှ MSME ထွက်ကုန်ပြခန်းများနှင့် သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာစသည့် စိုက်ပျိုးရေးသွင်းအားစု ပြခန်းများ၊ ဒေသအစားအစာဆိုင်ခန်းများအပါအဝင် ပြခန်းစုစုပေါင်း (၁၀၀)ခန်း ပါဝင်ပြသသွားမည်ဖြစ်ကာ အများပြည်သူများ ဗဟုသုတရှာမှီးလေ့လာနိုင်စေရေး ဆောင်ရွက်ထားရှိ ကြောင်း သိရသည်။
Read More...
11-Feb-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြောင်းမြမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Read More...
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် မြောင်းမြမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သော လမ်းအရှည် (၄)ဖာလုံရှိ ပေသလပ်ကုန်း-ပြင်ရွာ ကွန်ကရစ်လမ်းဖွင့်ပွဲအားတက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့ပြီး ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် မြောင်းမြမြို့နယ် ၊ လပွတ်ကုလားကျေးရွာလျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနား၊ မြောင်းမြမြို့နယ်၊ ပြင်ရွာကျေးရွာနှင့် ဒရယ်ပေါက်ကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုတ်နှိပ်ဖွင့်လှစ် ပေးခဲ့ကာ ကမ္ဗည်းမော်ကွန်းအားအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများသည် ကျေးရွာအတွင်း မီတာတပ်ဆင်သုံးစွဲနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ယနေ့ဖွင့်လှစ်သည့် လပွတ်ကုလားကျေးရွာ လျှပ်စစ်မီးလင်းရေးသည် ဌာနရန်ပုံငွေဖြင့်လည်းကောင်း၊ ပြင်ရွာကျေးရွာသည် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့်လည်းကောင်း၊ ဒရယ်ပေါက်ကျေးရွာသည် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase 2 ဖြင့်လည်းကောင်း အသီးသီးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ လပွတ်ကုလားကျေးရွာတွင် တည်ထားကိုးကွယ်တော်မူသည့် ရှေးဟောင်းသမိုင်းဝင် ကျိုက်မောင်းစေတီတော်မြတ်ကြီးသို့ရောက်ရှိ၍ ပန်း၊ ဆီမီး၊ ရေချမ်း၊ အမွှေးနံ့သာများ ကပ်လှူပူဇော်၍ ဖူးမြော်ကြည်ညိုပြီး စေတီတော်မြတ်ကြီးဘက်စုံပြုပြင်မွမ်းမံနိုင်ရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းကာ စေတီတော်မြတ်ကြီးပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ ငှက်ပျောတောကျေးရွာရှိ တောင်သူ ဦးမန်းကိုကြီး၏ စူပါနှံေကာက် စပါးမျိုး၊ စိုက်ဧက (၁၀)ဧက၌ နွေစပါးဓာတ်မြေဩဇာစုပေါင်းကြဲပက်နေမှု၊ ဆိုလာစနစ်ဖြင့်နွေပါးရေတင်နေမှုများနှင့် မြောင်းမြမြို့နယ်၊ ငှက်ပျောတောကျေးရွာအုပ်စု၊ မြောင်းမြ-ပြင်ရွာကားလမ်းဘေး (ဝဲ/ယာ)မြောင်း အလျား (၄.၁၂၅)မိုင်၊ ထိပ်ဝအကျယ် ၂၀ ပေ၊ အောက်ခြေအကျယ် ၆ ပေ၊ ပျမ်းမျှအနက် ၇ ပေ၊ အကျိုးပြုဧက ၁၅၀ ရှိ မြောင်းတူးဖော်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ မြောင်းတူးဖော်ပြီးစီးမှုအခြေအနေများ၊ စိုက်ဧကများအတွက်အကျိုးပြုနိုင်မှုအခြေအနေများအား ရှင်းလင်း တင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
Read More...
10-Feb-2024