သတင်းများ


ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများ၊ Volunteers များအား ဂုဏ်ပြုထောက်ပံ့ခြင်းအခမ်းအနားနှင့် ပုသိမ်ပြည်သူ့ဆေးရုံကြီး(၉)ထပ် တိုးချဲ့ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခြင်း
၂၀၂၁ခုနှစ်၊ သြဂုတ်လ၊ (၂၁) ရက်နေ့၊ နံနက်(၀၉၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသထိန်းချုပ် ရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ်ခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ Volunteers များအား ဂုဏ်ပြုထောက်ပံ့ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် Volunteers များတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် အလှူရှင်များမှ တိုင်းဒေသကြီးကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ကုသရေး လုပ်ငန်းများအတွက် ငွေကျပ်(၇၇၆၅၅၀၀ဝိ/-)တန်ဖိုးရှိ အလှူငွေနှင့် ရောဂါကာကွယ်ကုသရေးသုံး ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှလက်ခံခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံများအတွက် ထောက်ပံ့ငွေကျပ် (၁၀၂၅)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ရာ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းက လက်ခံခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တိုင်းဒေသကြီးအတွင်းရှိ Quaran-tine Center ၊ ကုသရေးစင်တာ၊ ကုသရေးဆေးရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် စေတနာ့ဝန်ထမ်းများအတွက် စားစရိတ်နှင့် စက်သုံးဆီအတွက် ထောက်ပံ့ငွေကျပ် (၂၁၅၅)သိန်း အား ထောက်ပံ့ပေးအပ်ခဲ့ရာ စေတနာ့ဝန်ထမ်းများကိုယ်စား ဦးဝေယံမှ လက်ခံခဲ့ပါသည်။ ထို့နောက် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်မှ တိုင်းဒေသကြီးအတွင်းရှိ Quarantine Center ၊ ကုသရေးစင်တာ၊ ကုသရေးဆေးရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် စေတနာ့ဝန်ထမ်းများအတွက် ငွေကျပ်(၂၁၇၀)သိန်း တန်ဖိုးရှိ ကျန်းမာရေးအကာအကွယ်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ရာ စေတနာ့ဝန်ထမ်းများကိုယ်စား ဦးချစ်ကိုကိုဝင်းမှ လက်ခံခဲ့ပါသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးဝန်ထမ်းများနှင့် Quarantine Center ၊ ကုသရေးစင်တာ၊ ကုသရေးဆေးရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် စေတနာ့ ဝန်ထမ်းများကိုယ်စား တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်မင်းထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၅)မှ တာဝန်ယူတည်ဆောက်နေသည့် ပုသိမ်ပြည်သူ့ဆေးရုံကြီး(၉)ထပ် တိုးချဲ့ဆောင်ဆောက်လုပ်ခြင်းလုပ်ငန်းသို့ရောက်ရှိခဲ့ရာ ရှင်းလင်းဆောင်တွင် အဆောက်အဦ အထူးအဖွဲ့(၁၅)မှ လက်ထောက်ညွန်ကြားရေးမှူး ဦးသိန်းစိုးမှ စီမံကိန်းဆိုင်ရာအချက်အလက်များ၊ ဘဏ္ဍာရေးနှစ်အလိုက် ရရှိရန်ပုံငွေဖြင့် တည်ဆောက်နေမှုအခြေအနေများ၊ တည်ဆောက်ပြီးစီးမှု အခြေအနေများ၊ ဆက်ဆက်ဆောင်ရွက်မည့်အစီအစဉ်များနှင့် ၁၀၀% ပြီးစီးရန် လျာထား ရန်ပုံငွေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး အဆောက်အဦတည်ဆောက်ပြီးစီးမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
21-Aug-2021
ပုသိမ်မြို့တော်သန့်ရှင်းသာယာလှပစေရေး ခြုံနွယ်များရှင်းလင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးမြို့တော် ပုသိမ်မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ၊ (၂၀) ရက်နေ့ ၊ နံနက် (၈)နာရီခွဲအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်းတို့လိုက်ပါလျှက် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကကြီးကြပ်ကာ စက်အင်အား၊ လူအင်အားတို့ဖြင့် ခြုံနွယ်များရှင်းလင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။ ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၁၃) ရပ်ကွက်၊ အဝေးပြေးယာဉ်ရပ်နားစခန်းသို့ အဓိက ဝင်ထွက်သွားလာအသုံးပြုလျှက်ရှိသော အရှည် (၃၁၅၀)ပေရှိ မဉ္ဇူလမ်းမကြီးလမ်းဘေးဝဲယာရှိခြုံနွယ်များ ရှင်းလင်းဖယ်ရှား သိမ်းဆည်းနေမှုကို လိုက်လံကြည့်ရှု အားပေးခဲ့ပါသည်။ ထို့နောက် ပုသိမ်မြို့တွင်းရေစီးရေလာကောင်းမွန်စေရေးအတွက် မြို့၏အဓိက ရေထွက်ချောင်းတစ်ခုဖြစ်သော ငါးအောက်ချောင်း၊ အရှည် (၁၂၈၀)ပေရှိ ရေမြောင်းအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ ၊ Amphibious Excavator(1)စီးဖြင့် တူးဖော်ရှင်းလင်းခြင်း၊ ဗေဒါများ၊ အမှိုက်များ ဆယ်ယူရှင်းလင်း ဆောင်ရွက် နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။(၂၀.၈.၂၀၂၁) ရက်နေ့တွင် ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာ ရုံးများနှင့် ရပ်ကွက်နေအိမ်များတွင်လည်း သန့်ရှင်းရေးလုပ်ငန်းများ အသီးသီးဆောင်ရွက်ခဲ့ ကြကြောင်း သတင်းရရှိပါသည်။


Read More...
20-Aug-2021
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် သြဂုတ်လ (၁၈)ရက်နေ့ (၁၃၁၅)နာရီအချိန်တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မအူပင်မြို့သို့ရောက်ရှိ၍ မအူပင်မြို့ပေါ်ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက် မအူပင်ခရိုင်ပြည်သူ့ဆေးရုံသို့ရောက်ရှိ၍ Oxygen Concentrator (၂)လုံး၊ PPE ဝတ်စုံ (၁၀၀)၊ ဆေးရုံသုံးပစ္စည်းများနှင့် ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်(၅)သိန်း ထောက်ပံ့ ပေးအပ်ခဲ့ရာ ဆေးရုံအုပ် ဒေါက်တာကျော်စွာလွင်မှ လက်ခံရယူခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်မြို့၊ တပင်ရွှေထီးအောက်စီဂျင်စက်ရုံသို့ ရောက်ရှိ၍ အောက်စီဂျင်စက်ရုံဆောက်လုပ်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုခဲ့ပါသည်။ ထို့နောက် မအူပင်မြို့နယ်၊ တလုပ်လပ်အရှေ့ရွာမရှိ ဦးအားယူ၏ ဥစားကြက်မွေးမြူရေးခြံသို့ရောက်ရှိပြီး ဥစားကြက်အကောင်ရေ(၁၅၀၀၀)မွေးမြူထားရှိပြီး တစ်ရက်လျှင် (၁၂၀၀၀)ဥထွက်ရှိပြီးရောင်းဝယ် ဖြန့်ဖြူးနေမှုအခြေအနေများအား ကြည့်ရှုခဲ့ပြီး မွေးမြူရေးလုပ်ငန်းအတွက် ဆေးဝါးများထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ်၊ ကျွန်းဦးကျေးရွာအုပ်စုရှိ ဝါဝါဝင်းစိုက်ပျိုးမွေးမြူရေးကုမ္ပဏီသို့ ရောက်ရှိပြီး ကုမ္ပဏီရှင်းလင်းဆောင်တွင် စီမံကိန်းမန်နေဂျာ ဒေါ်စန်းစန်းမြင့်မှ လုပ်ငန်းဆောင်ရွက်နေမှုအခြအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ကုမ္ပဏီအတွင်းရှိ နို့ပေါင်းခန်း၊ ဒိန်ချဉ်အဆင့်ဆင့်ထုတ်လုပ်နေမှု၊ ငါးအအေးခန်း စက်ရုံ၊ စျေးကွက်သို့ ငါးတင်ပို့ဖြန့်ဖြူးနေမှု၊ နို့စားနွား နွားမွေးမြူရေးခြံနှင့် ငါးမွေးမြူရေးကန် များအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
18-Aug-2021
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ကန်ကြီးထောင့်မြို့နယ် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းနားသို့ တက်ရောက်ခဲ့ပြီး ဖျာပုံခရိုင် ပြည်သူ့​ဆေးရုံနှင့် ကျိုက်လတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ​ဆေးရုံသုံးပစ္စည်းများနှင့် ​​ထောက်ပံ့​​​ငွေများပေးအပ်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့်အဖွဲ့ဝင်များသည် ဩဂုတ်လ (၁၈)ရက်နေ့ နံနက်(၈:၀၀)နာရီအချိန်တွင် ကန််ကြီးထောင့်မြို့နယ် ၊ ကွင်းယားအရှေ့ သဘာဝရေလျှံကွင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပါတယ်။ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များမှ ပုသိမ်ငါးလုပ်ငန်းစခန်းမှ ငါးမြစ်ချင်း(၃)သိန်းနှင့် ငါးခုံးမကြီး (၂)သိန်းခွဲ၊ စုစုပေါင်းငါးကောင်ရေ(၅)သိန်းခွဲ ငါးမျိုးစိုက်ထည့်ခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဖျာပုံခရိုင် ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ပြီး ဝန်ကြီးချုပ်မှ Oxygen Concentrator (၂)လုံး၊ PPEဝတ်စုံ(၁၀၀)၊ ဆေးရုံသုံးပစ္စည်းများနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေ(၅)သိန်းကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ ​ဆေးရုံအုပ် Dr-ဇင်မာစိုးမှ လက်ခံရယူခဲ့ပြီး ဆေးရုံတွင် Oxygen ထုတ်လုပ်နေမှု၊ Oxygen စက်ရုံသစ်တည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်​ဆေးခဲ့ပါသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံမြို့ သံသရာခရီးသည်လူမှုကူညီရေးအသင်းတွင် စိတ်ထားဖြူစင်ပရဟိတအသင်း၊ ပဲ့တင်သံပရဟိတအသင်း၊ (၁၈)ရပ်ကွက် လူမှုကူညီရေးအသင်း ၊ ကျုံကူလူငယ်ပရဟိတအသင်းမှ တာဝန်ရှိသူများအား PPE ဝတ်စုံ(၁၂၀) ထောက်ပံ့ပေးအပ်ခဲ့ပြီး ​အောက်စီဂျင်ထုတ်လုပ်​နေမှုအား ကြည့်ရှုခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြိီးချုပ်နှင့်အဖွဲ့ဝင်များသည် ကျိုက်လတ်မြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ရာ Oxygen Concentrator (၂)လုံး PPEဝတ်စုံ(၁၀၀)၊ ဆေးရုံသုံးပစ္စည်းများနှင့် ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေ(၅)သိန်းကျပ်ပေးအပ်ခဲ့ရာ ​ဆေးရုံအုပ် ​ဒေါက်တာမင်းသိန်းမှ လက်ခံခဲ့ပြီး ဓမ္မိကာရုံရွှေကျင်တိုက်သစ်တွင် Oxygen စက်ရုံဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှု့ခဲ့ပါတယ်။ ထို့နောက် ကျိုက်လတ်မြို့နယ် ၊ လှည်းဆိပ်​ကျေးရွာအုပ်စုရှိ“ မြသီးနှံ” မျိုးစပါး ထုတ်လုပ်ဖြန့်ချီရေလုပ်ငန်းသို့ ရောက်ရှိခဲ့ပြီး၊ မျိုးစေ့သန့်စင်ခြင်း၊ ပျိုးဗန်းဖြင့်ပျိုးထောင်ခြင်း၊ စိုက်ပျိုးခြင်းအခြေအနေများအား ကြည့်ရှု့ခဲ့ပြီးနောက် တောင်သူ ဦးအေးသန်း၏ ပေါ်ဆန်းကြီးမျိုး စီးပွားဖြစ် မျိုးသန့် မျိုးပွားမျိုးစေ့ (RS-CS) စိုက်ခင်းသို့ ရောက်ရှိ၍ စိုက်ပျိုးဖြစ်ထွန်းနေမှုများအား တိုင်းစိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်မှ ရှင်းလင်းတင်ပြခဲ့ရာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်မှ စိုက်ပျိုးဖြစ်ထွန်း​နေမှုအ​ခြေအ​နေများအား စနစ်တကျ မှတ်တမ်းထားရှိရန် မှာကြားခဲ့ပါသည်။


Read More...
18-Aug-2021
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့အား တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ၊ (၁၇) ရက်နေ့ ၊ ညနေ(၄)နာရီခွဲအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့အား တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းကဌာနမှ ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများကိုလည်းကောင်း၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူးဦးဘုန်းလွင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ် အမှုဆောင်အရာရှိဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးတို့က တိုင်းဒေသကြီးမြို့တော်ပုသိမ်မြို့တွင် ဆောင်ရွက်လျှက်ရှိသော စည်ပင်သာယာရေးဆိုင်ရာကိစ္စများကိုလည်းကောင်း၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဝင်းမြင့်က ဌာန၏အဓိကဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများအစရှိသည်တို့ကို Power Point ဖြင့် အသီးသီးရှင်းလင်းတင်ပြခဲ့ကြပါသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(စီမံ/ဘဏ္ဍာ) ဦးသက်လေးဦးကလည်း ပညာရေးဆိုင်ရာ ဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တိုင်းရင်းသားရေးရာ ဝန်ကြီးဦးစောလင်းခယ်တို့က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက လိုအပ်သည်များကိုလမ်းညွှန်မှာကြားကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။


Read More...
17-Aug-2021