သတင်းများ

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ယနေ့ နံနက်ပိုင်းက ပန်းတနော်မြို့နယ်သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ဦးစွာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ပန်းတနော်မြို့နယ်၊ ဘုရားချောင်း ကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်ခဲ့ပြီး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဌေးမြင့်က ငါးသားပေါက်မွေးမြူရေးကန်မှ ငါးအသားတိုးမွေးမြူရေးကန်များသို့ ငါးပြောင်းရွှေ့ပန့်ဖြင့်ပြောင်းရွှေ့ မွေးမြူမှု အခြေအနေ ကြည့်ရှုစစ်ဆေးခဲ့ပြီး ငါးပြောင်းရွှေ့ပန့်ဖြင့် တစ်နာရီလျှင် ၃၀ ဂရမ်အရွယ်အစားရှိ ငါးအကောင်ရေ (၆) သိန်းခန့်ပြောင်းရွှေ့နိုင်ကြောင်းသိရသည်။
ထို့နောက် ခေတ်မီ နည်းစနစ်များဖြင့် (၅) ဧကတွင် ရေသွင်းရေထုတ်စနစ်ပါသည့် မြေသားကန်တည်ဆောက်ခြင်းနှင့် Best Aquaculture Practice (BAP) စနစ်နှင့်အညီ ရေလှောင်ကန် reservoir တည်ဆောက်ခြင်း၊ ရေထုတ်ပြွန်တည်ဆောက်ခြင်းများအား စက်ယန္တရားများနှင့်ဆောင်ရွက်နေမှုများအားလည်းကောင်းမှု၊ စပါးခွံသုံး Biomass Power Plant တိုးတက်တည်ဆောက်နေမှုနှင့် အပိုင်းလိုက်အမြန်ဆုံးစမ်းသပ်လည်ပတ်နိုင်ရေးဆောင်ရွက်နေမှု အပြင် ဘေးထွက်ပစ္စည်း biochar များကို မြေဩဇာအဖြစ် ထုတ်လုပ်နိုင်ရေးဆောင်ရွက်နေမှု၊ နိုင်ငံတကာစံညွှန်းများနှင့်အညီ ငါးအစာ Feed Factory တည်ဆောက်မှုလုပ်ငန်းစဉ်များ၊ Seafood Processing & ColdStorage Plant ဆောင်ရွက်လျက်ရှိမှုနှင့် စက်ပစ္စည်းကိရိယာများ တိုးတက်တပ်ဆင်ဆောင်ရွက်လျက်ရှိမှု၊ Tank Farm များတွင် ငါးတန်များအား (၈၀) ဂရမ် အရွယ်အစားမှ ရောင်းတန်းဝင်သည်အထိ(၈)လ ခန့်ဖြင့် တစ်ကန်လျှင် အကောင်ရေ (၈၀၀၀၀) အား စနစ်တကျမွေးမြူထားရှိမှုများအား လိုက်လံရှင်းလင်းပြောကြားခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုနှင့် စက်မှုလုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်ရာတွင် မိရိုးဖလာမွေးမြူရေး နည်းလမ်းများထက် စနစ်ကျနပြီးကောင်းမွန်သည့် ခေတ်မီမွေးမြူ ရေးနည်းလမ်းများကိုအောင်မြင်အောင်ဆောင်ရွက်ရန်လိုပါကြောင်းနှင့် ငါးတန်မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများကိုပြည်တွင်းသာမကပြည်ပဈေးကွက် များသို့တင်ပို့ ရောင်းချရန်စီမံဆောင်ရွက်နေမှုများအပေါ်သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
Read More...
17-Mar-2023

ပုသိမ်မြို့ ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတားတည်ဆောက်ခြင်းလုပ်ငန်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တိုင်းဒသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ပုသိမ်မြို့ ကမ်းနားလမ်း၊ မြေနုဆိပ်ခံတားနှင့် ဥမ္မာဒန္တီဆိပ်ခံတံတားအကြားကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတား(Jetty) စုစုပေါင်းအလျား (၅၃၀)ပေ တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများသတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ အရည်အသွေးပြည့်မီစေရေး၊ ရေရှည်ကြံ့ခိုင်မှုရှိစေရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ကာ လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
Read More...
16-Mar-2023

မြစ်ရေတိုက်စားမှုကြောင့်မြစ်ကမ်းပါးပြိုကျမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေးခဲ့ပြီး နေအိမ်များကြိုတင်ရွှေ့ပြောင်းခဲ့သည့် မိသားစုဝင်များနှင့် ဒေသခံပြည်သူများအားတွေ့ဆုံအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝကျေးရွာတွင် ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကမ်းခြေမှ အလျား ၂၀၀ပေ၊အနံ၂၅ပေခန့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး နေအိမ်များကြိုတင်ရွှေ့ပြောင်းခဲ့ရသည့် မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား တိုင်းဒေသကြီး ဝန်ကြီးချူပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းတွင် သွားရောက်တွေ့ဆုံအားပေးစကားများပြောကြားခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြစ်ကမ်းပါးပြိုကျမှုအား ရေယာဉ်ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရတနာသိပ္ပံကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြစ်ကမ်းပါးကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည့်အခြေအနေများအား လျှောက်ထားတင်ပြခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးက ဒေသခံပြည်သူများအတွက် မြစ်ကမ်းပါးထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးမည့်အခြေအနေများနှင့် ကျေးရွာနေပြည်သူများအတွက် ပညာရေး၊ကျန်းမာရေးနှင့် လျှပ်စစ်မီးရရှိရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေများအား ရင်းရင်းနှီးနှီးအားပေး ပြောကြားခဲ့ပြီး ကမ်းပြိုနေရာများအားကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ကုက္ကိုဝကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များဖြည့်ဆည်း ပေးနိုင်ရေး မှာကြားခဲ့သည်။ အဆိုပါ ကမ်းပြို မှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် အိမ်ခြေ (၁၁)လုံး၊ အိမ်ထောင်စု (၁၁)စု တို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးရန်ပုံငွေနှင့် ကာဘော်လိပ်ဆပ်ပြာတို့အား ဖေဖော်ဝါရီလ (၂၁)ရက်နေ့တွင် ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများက ကမ်းပြိုဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Read More...
16-Mar-2023

တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်အား ကျောင်းသား/ကျောင်းသူများအေးချမ်းစွာဖြေဆိုနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုနေကြသည့်ကျောင်းသား၊ကျောင်းသူများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ပုသိမ်ပြည်သူ့ဆေးရုံကြီး၌ ဆေးရုံတက်ရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့်ကျောင်းသူတစ်ဦးအား သွားရောက်တွေ့ဆုံအားပေးစကားများပြောကြားခဲ့သည်။
ယင်းနောက် ပုသိမ်ပြည်သူ့ဆေးရုံကြီး၌ အပတ်စဉ် ဗုဒ္ဓဟူးနေ့များတွင် အရိုး၊ အကြောအဆစ်နှင့်ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး၊ ခွဲစိတ်နှင့် မျက်စိပြင်ပလူနာများအား အထူးကုဆရာဝန်ကြီးများက ကြည့်ရှုစစ်ဆေးကုသပေးလျက်ရှိရာ လာရောက်၍ဆေးကုသမှုခံယူလျက်ရှိကြသည့် လူနာများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများပြောကြားခဲ့ပြီး ဆေးရုံအထောက်အကူပြုဆေးဆိုင်အားကြည့်ရှုစစ်ဆေးခဲ့ကာ လူနာများလိုအပ်မည့် ဆေးဝါးနှင့် ဆေးပစ္စည်းများပြည့်စုံအောင်ထားရှိဆောင်ရွက်ရန်နှင့် အမှိုက်များစနစ်တကျစွန့်ပစ်စေရေးအတွက် အမှိုက်ပုံးများစနစ်တကျထားရှိရန်နှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေးဆောင်ရွက်ရန် မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများသို့သွားရောက်ပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုနေကြသည့်ကျောင်းသား၊ကျောင်းသူများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ထို့အတူ အမှတ်(၄)စစ်မြေပြင်ဆေးတပ်ရင်းတွင် ဆေးရုံတက်ရောက်ကုသ၍ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် ကျောင်းသားတစ်ဦးအား တွေ့ဆုံအားပေးခဲ့ပြီးအမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၈) အခြေခံပညာအထက်တန်း ကျောင်းများသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ထို့သို့ စာစစ်ဌာနများအားလှည့်လည်ကြည့်ရှုအားပေးရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှကျောင်းသား၊ကျောင်းသူများစိတ်အေးချမ်းသာစွာစာမေးပွဲဖြေဆိုနိုင်ရေးကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝပေးနိုင်ရေး၊လုံခြုံရေးကိစ္စရပ် များအထူးဂရုပြုဆောင်ရွက်ရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာကျင်းပပြီးစီးနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်အား စာစစ်ဌာန (၂၀၇)ခုတွင် ဇီဝဗေဒဘာသာရပ်ဖြေဆိုသူ (၁၉၂၀)ဦးနှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုသူ (၁၈၁၂၈)ဦး ဝင်ရောက်ဖြေဆိုကြောင်းသိရသည်။
Read More...
15-Mar-2023

ကွန်ကရစ်လမ်းခင်းခြင်း၊ Colour Brick ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး
Read More...
ပုသိမ်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်လျက်ရှိသည့် ပုသိမ်တက္ကသိုလ်အဝင်မုခ်ဦးမှ ငါးအောက်ချောင်းအထိ အလျား(၆၁၀)ပေ၊ အကျယ် (၈)ပေအား ကွန်ကရစ်ခင်းခြင်း၊ Colour Brick ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်အား ကျောင်းသား/ကျောင်းသူများအေးချမ်းစွာဖြေဆိုနေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်တက္ကသိုလ်အဝင်မုခ်ဦးမှ ငါးအောက်ချောင်းအထိ အလျား(၆၁၀)ပေ၊အကျယ်( ၈)ပေ အားကွန်ကရစ်ခင်းခြင်း၊ Colour Brick ခင်းခြင်းနှင့် လက်ယန်းတပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စနစ်တကျနှင့်အချိန်မီပြီးစီးစေရေးနှင့် ပုသိမ်တက္ကသိုလ်မုဒ်ဦးရှေ့မှ အင်ကြင်းဆောင်ရှေ့အထိ အလျား ၁၇၀၀ပေ×အကျယ်၈ပေကွန်ကရစ်လူသွားလမ်းအား ရေရှည်ခိုင်ခံ့စေရေးနှင့် ပန်းအလှပင်များနှင့် မြက်ပင်များစိုက်ပျိုးနေမှုများ သန့်ရှင်းသပ်ရပ်စွာ စနစ်တကျစိုက်ပျိုးထားရှိရေးနှင့် စိမ်းလန်းသာယာမှုရှိစေရေးတို့အား မှာကြားခဲ့သည်။
Read More...
15-Mar-2023