သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအားတက်ရောက်၍ သစ်ပင်များစိုက်ပျိုး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်ဝန်းတွင် ကျင်းပခဲ့ရာ သစ်ပင်စိုက်ပျိုးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပုသိမ်တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်စိုက်ပျိုးခဲ့ကြသည်။


Read More...
05-Jun-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကိုကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရေးနှင့် စဉ်ဆက်မပြတ် အတန်းစဉ်ကူးပြောင်းပညာသင်ကြားနိုင်ရေးအတွက် ဇွန်လ ၅ ရက်နေ့မွန်းလွဲပိုင်းက ပုသိမ်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင်  ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။


Read More...
04-Jun-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်ခရိုင်နှင့် မြန်ေအာင်ခရိုင်များရှိအ‌ခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာပညာသင်ကြားနေမှုများကိုကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ကျောင်းနေအရွယ်ကလေးများအားလုံးရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်ရေးနှင့်စဥ်ဆက်မပြတ်အတန်းကူးပြောင်းပညာသင်ကြားနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ကျုံပျော်ခရိုင်နှင့်  မြန်​အောင်ခရိုင်များရှိအ‌ခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့သည်။


Read More...
03-Jun-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံပြီးစီးမှုများအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများအား ရှေးဦးပြုစုခြင်း(အခြေခံ)အဆင့်သင်တန်းအား သင်တန်းနည်းပြဆရာမှ သင်ကြားပေးနေမှုကို  ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းလာရောက်အပ်နှံမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ပုသိမ်မြို့၊ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ အတန်းအလိုက် ကျောင်းအပ်နှံမှုအခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းအဆောက်အဦ အတွင်းအပြင်သန့်ရှင်းရေး၊ ကျောင်းသုံးပရိဘောဂများသန့်ရှင်းရေး၊ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ကျောင်းစာကြည့်တိုက်တွင် သုတ၊ ရသ စာအုပ်စာစောင်များ ပြည့်စုံစေရေး နှင့် ကျောင်းဥပဓိရုပ်များကောင်းမွန်ရေးအတွက် နေ့စဉ်၊ အပတ်စဉ် သန့်ရှင်းရေး ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆောင်ရွက်ကြရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဂုန်မင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းနှင့် မာလာကွင်းကျေးရွာအခြေခံ ပညာအလယ်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ လာရောက် ကျောင်းအပ်နှံနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့သည်။  ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဒါးကအခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍  ကျောင်းအပ်နှံမှုအခြေအနေများနှင့် ကျောင်းစာကြည့်တိုက်အား ကြည့်ရှုစစ်ဆေးပြီး ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျောင်းစာကြည့်တိုက်တွင် သုတ၊ ရသ စာအုပ်စာစောင်များ ပြည့်စုံစွာထားရှိရေးမှာကြားပြီး ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာ စာအုပ်များ၊ စာရေးကိရိယာများနှင့် မူလတန်းကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်း (၇၁၁၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁၄၇)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၃၀)ကျောင်း၊ စုစုပေါင်း(၇၂၉၀)ကျောင်းတွင် ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ (၁၀)သိန်း(၆)သောင်းကျော် အပ်နှံပြီးဖြစ်ကြောင်းသတင်းရရှိပါသည်။


Read More...
02-Jun-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ဌာနဆိုင်ရာဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံပစ္စည်းများပေးအပ်ပွဲ အခမ်းအနားတက်ရောက်
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ  ဌာနဆိုင်ရာဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ တွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်၍ ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံပစ္စည်းများအား  ကျောင်းသား၊ ကျောင်းသူ များထံ ပေးအပ်ခဲ့သည်။ ဦးစွာ ပုသိမ်မြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ  ကျောင်းသား၊ ကျောင်းသူများက “ မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ သတ်မှတ်ကျောင်းအပ်နှံဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ် ကလေးများအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်မှ ပညာသင်ယူရာတွင် အခက်အခဲမရှိစေရေးအတွက် အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းသုံးပုံနှိပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် မူလတန်းကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးထား ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ဌာနဆိုင်ရာဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံပစ္စည်းများအား ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှု၊ အတန်းစဉ် ကူးပြောင်းမှုနှင့် အောင်ချက်မြင့်မားသော တိုင်းဒေသကြီးဖြစ်ပြီး ပညာတတ်လူ့စွမ်းအားအရင်း အမြစ်များစွာမွေးထုတ်ရာ တိုင်းဒေသကြီးလည်းဖြစ်ပါကြောင်း၊ အခြေခံပညာအလယ်တန်း အဆင့် Grade-6၊ Grade-7၊ Grade-8၊ Grade-9 တို့တွင်တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအားလုံး စဉ်ဆက်မပြတ်အတန်းစဉ်ကူးပြောင်း ပညာသင်ကြားနိုင်ရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်ရေး ဆရာ၊ မိဘ၊ အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း” အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က တက္ကသိုလ်အဆင့်ကျောင်းသား၊ ကျောင်းသူများနှင့် အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ တိုင်းဒေသကြီးတရားသူကြီးချုပ်က အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာ ဝန်ကြီးနှင့်ဇနီးတို့က အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့်ဇနီးတို့က မူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူ များအားလည်းကောင်း ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံပစ္စည်းများကို အသီးသီးပေးအပ်ခဲ့ပြီးနောက် ပုသိမ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ  ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်သီချင်း” ဖြင့်သီဆိုဖျော်ဖြေကာအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။  ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဌာနဆိုင်ရာ ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံ ပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ရာ အခြေခံပညာမူလတန်းအဆင့် (၁၂၂၉)ဦး၊ အလယ်တန်းအဆင့် (၆၇၉)ဦး၊ အထက်တန်းအဆင့်(၅၈၄)ဦး၊ တက္ကသိုလ်အဆင့်(၄၀၃)ဦး၊ စုစုပေါင်း (၂၈၉၅)ဦးအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Read More...
02-Jun-2024