သတင်းများ
တိုင်းဒေသကြီးဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားတက်ရောက်
Read More...
အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မသန်စွမ်းသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မသန်စွမ်းသူများ လူ့ဘောင်လောကအတွင်း အကျုံးဝင်ပါဝင်နိုင်ရေး၊ အခွင့်အရေးများအပြည့်အဝရရှိနိုင်စေရေး၊ ကာကွယ်စောင့်ရှောက် ခံပိုင်ခွင့်ရရှိရေး၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာမြှင့်တင်ရေးတို့အတွက် ရည်ရွယ်၍ ဒီဇင်ဘာလ(၃)ရက်နေ့ရောက်တိုင်း အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကုလသမဂ္ဂမှဦးဆောင်၍ ကမ္ဘာတစ်ဝှမ်းတွင်နှစ်စဉ်ကျင်းပလာခဲ့ခြင်း ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့်လည်း အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို (၁၉၉၄) ခုနှစ်မှစတင်၍ အစဉ်အလာမပျက်ကျင်းပခဲ့ရာ ယခုနှစ်တွင် အကြိမ်(၃၀)ပြည့်မြောက်ပြီဖြစ်ပါကြောင်း၊ ယခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ပေးသည့် ဦးတည်ဆောင်ပုဒ်မှာ “United in action to rescue and achieve the SDGs for, with and by persons with disabilities" ဖြစ်ပြီး မြန်မာဘာသာပြန်ဆိုထားသည့် ဆောင်ပုဒ်သည် “စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ မသန်စွမ်းသူများနှင့်အတူ ကူညီဆောင်ရွက်စို့” ပဲဖြစ်ပါကြောင်း၊ မသန်စွမ်းသူများအနေဖြင့် လူ့အဖွဲ့အစည်းအတွင်း ပါဝင်ဆောင်ရွက်ခွင့်နည်းပါးခြင်း၊ ခွဲခြားဆက်ဆံခံရခြင်းတို့ကို ကြုံတွေ့နေရဆဲပဲဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများကို သိရှိနားလည်စေရေး အသိပညာပေးဆောင်ရွက်သွားရန်နှင့် မသန်စွမ်းသူများအတွက်ဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှုများကို မသန်စွမ်းသူများ သိရှိစေရေးနှင့်လက်လှမ်းမီရယူ အသုံးပြုနိုင်ရေး အတွက်လည်း တာဝန်ရှိသူများမှ စီစဉ်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ အခြေအနေ အကြောင်းအရာအမျိုးမျိုးကြောင့် မသန်စွမ်းမှုတစ်မျိုး သို့မဟုတ် တစ်မျိုးထက် ပိုသည့် မသန်စွမ်းသူများကို ဘဝကိုအရှုံးမပေးဘဲ အများနည်းတူကဏ္ဍစုံတွင် ပါဝင်နိုင်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီပူးပေါင်းဆောင်ရွက်ကြရန်နှင့် မသန်သော်လည်းစွမ်းဆောင်နိုင်သူများဖြစ်ကြစေရန် ပိုမိုကောင်းမွန်သော၊ ရေရှည်ဖွံ့ဖြိုးတိုးတက် သော အနာဂတ်ဖန်တီးနိုင်စေဖို့ မသန်စွမ်းသူများကိုယ်တိုင်နှင့် လူ့အသိုင်းအဝန်းတစ်ခုလုံးက အလေးထားဂရုပြုဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း” တိုက်တွန်းပြောကြားအမှာစကား ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်မှပေးပို့သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ သဝဏ်လွှာ Video Clipအားကြည့်ရှုအားပေးခဲ့ပြီးနောက် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် မြန်မာနိုင်ငံတွင်ဆောင်ရွက်လျက်ရှိသည့် မသန်စွမ်းသူများအရေးနှင့်ပတ်သက်သည့် Video Clipပြသမှုများကို ဆက်လက်ကြည့်ရှုအားပေးခဲ့ပြီး ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များ သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ပြီး မသန်စွမ်းသူများအား ရင်းနှီးနွေးထွေး စွာနှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ကြောင်းသိရသည်။
Read More...
03-Dec-2023
ဒီဇင်ဘာလူထုအားကစားလ ပထမပတ်စုပေါင်းလမ်းလျှောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ပါဝင်ဆင်နွှဲ
Read More...
တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဒီဇင်ဘာလအား လူထုလှုပ်ရှား အားကစားလအဖြစ် သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်း စုပေါင်းလမ်းလျှောက်ပွဲကို ပြုလုပ်လျှက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌လည်း စုပေါင်း လမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းက ရွှေရုပ်တုအဝိုင်းရှေ့၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ် လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများပါဝင်ဆင်နွှဲခဲ့ကြသည်။
စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ လမ်းလျှောက်ပွဲအား ဖွင့်လှစ်ပေးပြီးနောက် ရွှေရုပ်တုအဝိုင်းရှေ့မှစတင်၍ မဟာဗန္ဓုလလမ်းမကြီး အတိုင်းတပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကိုးသိန်းအားကစားကွင်းတွင် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းများ၊ Physical Fitness dance များအား အတူတကွ စုပေါင်းဆောင်ရွက် ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဒီဇင်ဘာလ ပထမပတ် စုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်း(၁၅၀၀)ဦးခန့်က တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ကိုးသိန်းအားကစားဝင်းအတွင်းရှိ New Generation Gym အမျိုးသား၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်ရေးအားကစားရုံသို့ရောက်ရှိ၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဝယ်ယူထားရှိသည့် Gym ပစ္စည်းများနှင့် Gym ခန်းမပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး ကိုယ်ကာယလေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။
Read More...
02-Dec-2023
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သော မြန်အောင်ခရိုင်စုပေါင်းရုံး RCCသုံးထပ်အဆောက်အဦ ဆောက်လုပ်ရန် မြေနေရာပန္နက်တင်မင်္ဂလာအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
Read More...
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သော မြန်အောင်ခရိုင်စုပေါင်းရုံး R.C.C သုံးထပ်အဆောက်အဦ ဆောက်လုပ်လုပ်ရန် မြေနေရာပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစုပေါင်းရုံးဆောက်လုပ်မည့် မြေနေရာ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန္နက်တင်မင်္ဂလာပြုလုပ်ရန်နေရာယူပြီး မင်္ဂလာအချိန်တွင် ပန္နက်တိုင်များအား စိုက်ထူကာ အောင်သပြေ၊ အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးခဲ့ကြသည်။ ထို့နောက် ရှင်းလင်းဆောင်၌ ကုမ္ပဏီတာဝန်ရှိသူများက ခရိုင်စုပေါင်းရုံး သုံးထပ်အဆောက်အဦ ဆောက်လုပ်မည့်အခြေအနေ၊ ခြံစည်းရိုးကာရံခြင်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူးနေအိမ် RC နှစ်ထပ်ဆောက်လုပ်မည့် လုပ်ငန်းများအားတိုင်းဒေသကြီးဝန်ကြီးချုပ်ထံ အသီးသီးရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများပြီးစီးအောင်ဆောင်ရွက်ရန်၊ အရည်အသွေးပြည့်မီအောင်ဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စနစ်တကျကြပ်မတ်ဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ နှစ်ကျပ်ကျွန်းကျေးရွာသို့သွားရောက်၍ တောင်သူ ဦးမင်းတင်၏ super sun-41 နေကြာမျိုး (၇)ဧက၊ ပဲပုပ်(၂)ဧက၊ အစေ့ထုတ်ပြောင်း(၇)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကာ အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးကြရန်နှင့် မျိုးရွေးချယ်မှု၊ စိုက်နည်းစနစ်နှင့် နည်းပညာလိုအပ်ချက်များအား ပံ့ပိုးကူညီပေးရန် ဌာနဆိုင်ရာများအား မှာကြားခဲ့ပါသည်။
Read More...
01-Dec-2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော်(နေပြည်တော်)သို့ သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ကျောင်းသားအားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်
Read More...
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော် (နေပြည်တော်) သို့ သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ကျောင်းသားအားကစားအဖွဲ့ အား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါ ခန်းမတွင်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“အခြေခံပညာကျောင်းသား အားကစား ပွဲတော်တွင် တိုင်းဒေသကြီးအနေဖြင့် အားကစားနည်း(၇)မျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ပါကြောင်း၊ ယခင်နှစ်က ကျင်းပခဲ့သည့်အားကစားပွဲတော်၌ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် အမျိုးသား ဘောလုံးအားကစားနည်းတွင် တံခွန်စိုက်ဆုရရှိခဲ့ပြီး အခြားအားကစားနည်းများတွင်လည်း အောင်မြင်မှုများ ရရှိခဲ့ပါကြောင်း၊ တိုင်းဒေသကြီးတွင် အခြေခံပညာကျောင်းများစွာရှိပြီး ကျောင်းပေါင်းစုံမှ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား ပြိုင်ပွဲအဆင့်ဆင့်ပြုလုပ် ရွေးချယ် ခဲ့ခြင်းဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် အသင်းလိုက်စုဖွဲ့မှုအားကောင်းကောင်းဖြင့် အပေးအယူအချိတ်အဆက်မိမိ ဉာဏ်ရည်နှင့် ခွန်အားကိုအသုံးပြု၍ ကစားရမှာဖြစ်ပါကြောင်း၊ အားကစားတွင်သာမက ပညာရေးတွင်လည်းထူးချွန်ကြသူများ ဖြစ်စေရေးကြိုးစားကြရန် ကျောင်းသား၊ ကျောင်းသူ အားကစားသမားများအား တိုက်တွန်းပြောကြားလိုပါကြောင်း၊ ပြိုင်ပွဲဝင်ကစားသမားများအနေဖြင့် ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ကြရန်လိုကြောင်း၊ အုပ်ချုပ်သူနည်းပြများကလည်း စနစ်တကျလေ့ကျင့်သင်ကြားပြသပေးရန်မှာကြားလိုပါကြောင်း၊ ယခုနှစ်ကျောင်းသားအားကစားပွဲတော်တွင် တိုင်းဒေဿကြီးဂုဏ်ဆောင် တံခွန်စိုက်ဆုဖလား များ ရရှိအောင် ကြိုးပမ်းကြစေလိုကြောင်း”တိုက်တွန်းပြောကြားခဲ့ပါသည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ကျောင်းသားအားကစားအဖွဲ့ ခေါင်းဆောင်က အသင်းဖွဲ့စည်းထားရှိမှုနှင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး အားကစားနည်းအလိုက် ပြိုင်ပွဲဝင်အားကစားအဖွဲ့များနှင့် မိတ်ဆက်ပေးခဲ့ပါသည်။ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ကျောင်းသားအားကစားအဖွဲ့အား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ အားကစားသမားများအား ရင်းရင်းနှီနှီးတွေ့ဆုံအားပေး ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော်(နေပြည်တော်) တွင် တိုင်းဒေသကြီးအနေဖြင့် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ဘတ်စကတ်ဘောအားကစားနည်း(၇)မျိုးတွင် ကျောင်းသား၊ ကျောင်းသူ အားကစားသမား(၁၁၂)ဦးဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။
Read More...
30-Nov-2023
တိုင်းဒေသကြီး ဝန်ကြီးချုပ် ပုသိမ်ပညာရေးဒီဂရီကောလိပ်၌ပြုလုပ်သည့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT(၁၀/၂၀၂၃)နှင့် လေးနှစ်သင်(ပထမနှစ်)သင်တန်း သား/သင်တန်းသူများအား သစ်လွင်ကြိုဆိုပွဲသို့တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမ၌ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT(၁၀/၂၀၂၃)နှင့် လေးနှစ်သင် (ပထမနှစ်) ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပညာရေးကောလိပ်မှ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားအား သင်တန်းသား၊ သင်တန်းသူများက“ကြိုဆိုလက်ကမ်း ကံ့ကော်တန်း” သီချင်းဖြင့်ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီး အတွင်းရှိ ပညာရေးဒီဂရီကောလိပ် (၃)ခုတွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲများကို ပြုလုပ်လျက် ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ ပညာရေးကဏ္ဍမြင့်မားအောင်ဆောင်ရွက်ပေးမည့် ဆရာ၊ ဆရာများအား ပညာရေးဒီဂရီကောလိပ်ကျောင်းတော်ကြီးမှ ပညာသင် ကြားဆည်းပူးမှုများ ပြုလုပ်၍ လုပ်ငန်းခွင်သို့ဝင်ရောက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် လူငယ်များ၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ပေးလျက်ရှိရာ ဗလငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံ့သေားကောင်းများ ဖြစ်အောင် ဆရာ၊ ဆရာများမှ ပြုစုပျိုးထောင်ပေးရမှာဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည် တပည့်များ၏ လက်ဦးဆရာများဖြစ်သဖြင့် စံနမူနာပြ ဖြစ်ရန်လိုအပ်ကြောင်း၊ မိမိတို့သင်တန်း များပြီးဆုံး၍ တာဝန်ကျရာဒေသများသို့ သွားရောက်တာဝန်ထမ်းဆောင်သည့်အခါတွင်လည်း ဒေသ၌ရှိသည့် ပညာရေးကိုလိုလားသည့် ကျောင်းသားမိဘများ၊ ရပ်မိ၊ ရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုနေကြမှာဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းရည်သတ္တိပြည့်ဝအောင် သင်ကြားပေးရမှာဖြစ် ပါကြောင်း၊ ဆရာ၊ ဆရာမများသည် ခေတ်နှင့်အညီပြောင်းလဲလာသော ပညာရေးစနစ်ကို အစဉ် လေ့လာသင်ယူပြီး အမြဲကြိုးစားနေရမည့် ထာဝရကျောင်းသားကြီးများဖြစ်ပါကြောင်း၊ စနစ်သစ် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာ ဆွေးနွေးဟောပြောပွဲများအား တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးနှင့် အခြေခံပညာ အထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများပူးပေါင်း၍ ပုသိမ် တက္ကသိုလ်၊ ဟင်္သာတ တက္ကသိုလ်နှင့် မအူပင်တက္ကသိုလ်တို့တွင် ဇုန်ကြီး(၃)ဇုန်ခွဲ၍ ပြုလုပ်ခဲ့ ပါကြောင်း၊ တိုင်းဒေသကြီးတွင် အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးသင် ကျောင်းများအပါအဝင် ကျောင်းပေါင်း (၇၂၀၀)ကျော် ဖွင့်လှစ်ထားရှိပြီး ကျောင်းတက်ရောက်မှု (၁၁)သိန်းနှစ်သောင်းကျော်နှင့် ဆရာဆရာမအင်အားပေါင်း (၅)သောင်းကျော်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှု၊ အတန်းစဉ်ကူးပြောင်းမှုနှင့် အောင်ချက်မြင့်မားသော တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ရေခံမြေခံ ကောင်းမွန်ပြီး ပညာရေးကဏ္ဍတိုးတက်မြင့်မားကာ လူ့စွမ်းအားအရင်းအမြစ်များစွာ မွေးထုတ်ရာ တိုင်းဒေသကြီးလည်းဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ စာမတတ်သူများပပျောက်ရေး "ဝထကလသ" စီမံချက်ချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်းရှိ ဆရာ၊ ဆရာမများမှ ဝိုင်းဝန်းဆောင်ရွက်ပေးကြရမှာကြောင်း၊ ပညာရေးကဏ္ဍအတွက် အားထားရသည့် ဆရာ၊ ဆရာမများဖြစ်လာမည့် သင်တန်းသား၊ သင်တန်းသူများအတွက် များစွာဂုဏ်ယူ ပါကြောင်းနှင့် နိုင်ငံတော်အတွက် အားထားရသည့် လူတော်လူကောင်းများ မွေးထုတ်ပေး နိုင်သည့် ဆရာ၊ ဆရာမများဖြစ်ကြပါစေကြောင်း" ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအတွက် ထောက်ပံ့ငွေများကိုပေးအပ်ရာ ပုသိမ်ပညာရေးဒီဂရီ ကောလိပ်မှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။
ဆက်လက်၍ ပုသိမ်ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးက သင်တန်းများဖွင့်လှစ် ရခြင်းအကြောင်းများအား ရှင်းလင်းတင်ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ပုသိမ်ပညာရေးဒီဂရီကောလိပ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်း PPTT (၁၀/၂၀၂၃) သင်တန်းသား၊ သင်တန်းသူပေါင်း (၂၇၃)ဦးနှင့်၊ (၄)နှစ်သင်(ပထမနှစ်) သင်တန်းသား၊ သင်တန်းသူပေါင်း (၁၂၆)ဦး စုစုပေါင်း (၃၉၉)ဦးအား သစ်လွင်ကြိုဆိုခဲ့ကြောင်း သိရှိရပါသည်။
Read More...
30-Nov-2023