သတင်းများ
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချူပ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများလိုက်လံကြည့်ရှုစစ်ဆေး၊ ဧရာဝတီတိုင်းဒေသကြီးကလပ်ပေါင်းစုံ သက်တမ်းအလိုက် အမျိုးသား၊ အမျိုးသမီး ဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၊ နှစ်ယောက်တွဲပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများကို သွားရောက်ကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ်ဓမ္မာရုံဝန်းအတွင်း ဌာနဆိုင်ရာများ၊ တက္ကသိုလ်မှဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု၊ ရေစီးရေလားကောင်းမွန်စေရေးနှင့် အဆောက်အဦနှင့် မလွတ်ကင်းသည့် သစ်ပင်အကိုင်းအခက်များအား ခုတ်ထွင်ရှင်းလင်းနေမှုများကိုကြည့်ရှုစစ်ဆေးခဲ့သည်။
Read More...
15-Jun-2024
ပုသိမ်မြို့၌ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး ဆိုင်းဘုတ်စိုက်ထူ၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများလိုက်လံကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်း ကောက်ကြစို့ ဆောင်ပုဒ်နှင့်အညီ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး Bill board စိုက်ထူပွဲအခမ်းအနားကို ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ ကမ်းနားလမ်း၊ မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့သည်။
Read More...
15-Jun-2024
ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၃/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၃/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် (၁၄.၆.၂၀၂၄) နေ့ ညနေပိုင်းကပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
Read More...
15-Jun-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီး ကလပ်ပေါင်းစုံ သက်တမ်းအလိုက် အမျိုးသား/ အမျိုးသမီး ဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲအား ဖွင့်လှစ်၊ ပုသိမ်စက်မှုဇုန်တွင် လက်ဆွဲကောက်စိုက်စက်များနှင့် မျိုးစေ့ကိရိယာ(Drum Seeder)များ တပ်ဆပ်ထုတ်လုပ်နေမှုများကိုကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊ ကိုးသိန်း အားကစားခန်းမတွင်ပြုလုပ်သည့် ၂၀၂၄ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးကလပ်ပေါင်းစုံ သက်တမ်းအလိုက် အမျိုးသား၊ အမျိုးသမီး ဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ကြက်တောင်အားကစားသမားများ အချင်းချင်းချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်လာနိုင်စေရေး၊ ဧရာဝတီတိုင်းဒေသကြီး ကြက်တောင် အားကစား အဆင့်အတန်း မြင့်မားလာစေရေးတို့အတွက် သက်တမ်းအလိုက် ဖိတ်ခေါ်ကျင်းပပေးသည့်ပွဲဖြစ်ပါကြောင်း၊ ယခုကျင်းပပြုလုပ်သည့် ကြက်တောင်အားကစားနည်းသည် ကမ္ဘာ့အဆင့်အထိ ကျင်းပပေးသည့် အားကစားနည်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ Pathein Smart Goal Badminton Club နှင့် VS Myanmar Co.,Ltd တို့ ပူးပေါင်းပြီး တိုင်းဒေသကြီး၏ ကြက်တောင်အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် ကျင်းပပေးသည့်အဖွဲ့အားလုံး ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ယခုပြိုင်ပွဲတွင်ဧရာဝတီတိုင်း တစ်တိုင်းလုံးတွင်ရှိသည့် သက်တမ်းအလိုက် ကြက်တောင်အားကစားသမားအားလုံး လာရောက်ယှဉ်ပြိုင်သည်ကို သိရှိရသည့်အတွက်လည်း ဝမ်းမြောက်မိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်ပြီး လာမည့်အမျိုးသားအားကစား ပွဲတော်ကြီးတွင် ကြက်တောင်အားကစား အောင်မြင်မှုများရရှိနိုင်ပါစေကြောင်း” တိုက်တွန်းအမှာစကားများပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး ကလပ်ပေါင်းစုံ သက်တမ်းအလိုက် အမျိုးသား/ အမျိုးသမီး ဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။
Read More...
14-Jun-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရှားခဲကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရွှေဆုရတနာ နှစ်ထပ်ကျောင်းဆောင်သစ်အား တက်ရောက်ဖွင့်လှစ်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ရှားခဲကျေးရွာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရွှေဆုရတနာ အလျား(၇၀ပေ)အနံ(၃၀ပေ)နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းဆောင်သစ်ရှေ့တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
Read More...
14-Jun-2024