သတင်းများ


ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည်မြောင်းမြ မြို့နယ် နွေစပါးတစ်ဧကတင်း(၁၂၀) အထက်ထွက်ရှိရေး ဧက(၁၀၀) စံပြကွက်သို့သွားရောက်ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ မတ်လ ၂၀ရက်နေ့ နေ့လည်ပိုင်းတွင် မြောင်းမြမြို့နယ် မဒေါ့ပင်ကျေးရွာရှိ နွေစပါးတစ်ဧကတင်း(၁၂၀) အထက်ထွက်ရှိရေး ဧက (၁၀၀)စံပြကွက်သို့သွားရောက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့်ဆောင်ရွက်သည့်  (GW-11) မျိုးစပါး စိုက်ပျိုးဖြစ်ထွန်းအောင်မြင်မှုများကို ကြည့်ရှုအားပေးခဲ့သည်။  ထို့နောက် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍  နိုင်ငံတော်မှ သွင်းအားစုများထောက်ပံ့ပေးသည်နှင့်အညီ  အရည်အသွေးကောင်းမွန်စေရေး၊ အထွက်နှုန်းတိုးစေရေးနှင့်  ပိုးမွှားအန္တရာယ်ကျရောက်မရှိစေရေး၊ အထွက်တိုးစပါးမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးစေရေး၊ စံပြကွက်များပိုမိုတိုးချဲ့စိုက်ပျိုးနိုင်စေရေးမှာကြားခဲ့သည်။ 


Read More...
20-Mar-2023
စပါးခွံ​လောင်စာအသုံးပြု ဘွိုင်လာ Steam Turbine သုံး လျှပ်စစ်ဓါတ်အား​ ထုတ်လုပ်သုံးစွဲနေမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ကျိုက်လတ်မြို့နယ်၊ ဖျာပုံ-ကျိုက်လတ် ကာလမ်းဘေးရှိ Wilmar Myanmar Riceland Kyaiklat Limited ပေါင်းဆန်(ဆန်စက်) လုပ်ငန်းသို့သွားရောက်၍ စပါးခွံ​လောင်စာအသုံးပြု ဘွိုင်လာ  Steam Turbine သုံး လျှပ်စစ်ဓါတ်အား​ ထုတ်လုပ်သုံးစွဲနေမှုများအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီးဆန်စက်တာဝန်ခံမှ ယခုလ ၃ ရက်နေ့မှစတင်၍ လျှပ်စစ်ထုတ်လုပ်လျက်ရှိပြီး စပါးခွံလောင်စာ တန် ၅၀မှ၆၀ အသုံးပြု၍ လျှပ်စစ် 1 MW ထုတ်လုပ်သုံးစွဲနေမှုနှင့် စွမ်းအားပြည့်လည်ပတ်နိုင်ပါက 2.2 MW ထုတ်လုပ်နိုင်မည်ဖြစ်ပြီး စပါးခွံလောင်စာ တန်၁၀၀အသုံးပြုလည်ပတ်နိုင်မည့်အခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စက်စွမ်းအားပြည့်လည်ပတ်နိုင်စေရေး၊  ဘေးထွက်ပစ္စည်းများအား အကျိုးရှိစွာပြန်လည်အသုံးချစေရေးမှာကြားခဲ့ပါသည်။ Wilmar Myanmar Riceland Kyaiklat Limited ပေါင်းဆန်(ဆန်စက်)သည် စွမ်းအားပြည့်လည်ပတ်နိုင်ပါက တစ်နေ့လျှင်ကုန်ကြမ်းစပါး တန်(၅၀၀) ကြိတ်ခွဲနိုင်မည်ဖြစ်ပြီးလက်ရှိတွင် တန် (၂၄၀) ကြိတ်ခွဲလျက်ရှိကြောင်းသိရသည်။


Read More...
18-Mar-2023
ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(ဗဟို)မှ ဘဒ္ဒန္တဇဝနဝံသမထေရ်အား အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ဆပ်ကပ်ခြင်းနှင့် မင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်များအားဘွဲ့တံဆိပ်များ ဆက်ကပ်ပူဇော်ချီးမြှင့်ခြင်းမင်္ဂလာအခမ်းအနားကျင်းပ
ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(ဗဟို)မှ ဘဒ္ဒန္တဇဝနဝံသမထေရ်အား အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ဆပ်ကပ်ခြင်းနှင့် မင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်များအားဘွဲ့တံဆိပ်များ ဆက်ကပ်ပူဇော်ချီးမြှင့်ခြင်းမင်္ဂလာအခမ်းအနားအား ယနေ့မွန်းလွဲပိုင်းက ကျိုက်လတ်မြို့၊  ဇဝနဗုဒ္ဓတက္ကသိုလ် ပညာဝေပုလ္လပိဋကတ်တိုက်၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(ဗဟို)မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ပူဇော်ကြည်ညိုခဲ့ကြသည်။ ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရာကန်တော့၍ မဟာမင်္ဂလာအခမ်းအနားတော်ကို စတင်ဖွင့်လှစ်ပြီးနောက် ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက  နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊သာသနဓဇဓမ္မာစရိယ၊ဒီဃဘာဏက၊ ဒက္ခိဏာရာမ ပရိယတ္တိစာသင်တိုက်ပဓာနနာယက၊ ဇဝနဗုဒ္ဓတက္ကသိုလ်အဓိပတိ ဆရာတော်ကြီး ဘဒ္ဒန္တဇဝနဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(ဗဟို) ဘဏ္ဍာရေးမှူးကရှင်းလင်းလျှောက်ထားပြီးနောက် ဘွဲ့ခံဆရာတော်ကြီးအား ရတုပိုဒ်စုံဖြင့် ပူဇော်ခဲ့ကြသည်။ ထို့နောက် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း နှင့် ချီးမြှင့်ခြင်းဆက်လက် ပြု လုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းမှ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊သာသနဓဇဓမ္မာစရိယ၊ဒီဃဘာဏက၊ ဒက္ခိဏာရာမ ပရိယတ္တိစာသင်တိုက်ပဓာနနာယက၊ ဇဝနဗုဒ္ဓတက္ကသိုလ်၏ အဓိပတိဆရာတော်ကြီးအား အဂ္ဂမဟာ မင်္ဂလဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်အားလည်းကောင်း၊  အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးမှ ဇဝနဗုဒ္ဓတက္ကသိုလ်၏ဦးဆောင်ဆရာတော် ဦးအဂ္ဂဓမ္မအား မင်္ဂလဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်အားလည်းကောင်း၊  ဗုဒ္ဓဘာသာကလျာဏယုဝ(YMBA) အသင်းကြီး(ဗဟို) ဥက္ကဋ္ဌကြီး ဦးရဲထွန်းမှ ဇဝနဗုဒ္ဓတက္ကသိုလ်၏ ဦးဆောင်ဆရာတော် ဦးခေမာရံသီအား မင်္ဂလဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော်အားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ ဒက္ခိဏာရုံစာသင်တိုက်၏ အနုနာယကဆရာတော် ဦးကုသလအား မင်္ဂလဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော်အားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးမှ မင်္ဂလာကံကျောင်း၏ ပဓာနနာယကဆရာတော် ဦးဝိဇယအား မင်္ဂလဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်အားလည်းကောင်း အသီးသီးဆပ်ကပ်လှူဒါန်းခဲ့ကြပြီး အဓိပတိဆရာတော်ကြီးမှ  အဂ္ဂမဟာ ဥပကာရပါရဂူ ဘွဲ့တံဆိပ်တော်အား ဗုဒ္ဓဘာသာကလျာဏယုဝ (YMBA)အသင်းကြီး(ဗဟို) ဥက္ကဋ္ဌကြီး ဦးရဲထွန်း နှင့် ဇဝနဗုဒ္ဓအကယ်ဒမီအကျိုးတော်ဆောင်နာယကကြီး ဦးစိန်ကြည်တို့အား ချီးမြှင့်ခဲ့သည်။  ထို့နောက်  ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့မှ ဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ အဓိပတိဆရာတော်ကြီးမှ ဩဝါဒကထာချီးမြှင့်တော်မူပြီးနောက်  အကျိုးတော်ဆောင်တစ်ဦးက ဇဝနဗုဒ္ဓအကယ်ဒမီကျောင်းတော်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် စေတနာရှင်အလှူရှင်တို့မှ ဇဝနဗုဒ္ဓတက္ကသိုလ်နှင့် ဗုဒ္ဓဘာသာကလျာဏယုဝ (YMBA)အသင်းကြီး(ဗဟို)သို့ သာသနာပြုရန်နှင့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့ပြီး ဗုဒ္ဓသာသနံံ စိရံ တိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်းသိရသည်။


Read More...
18-Mar-2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ အိမ်မဲမြို့နယ်၊ မြောင်းမြမြို့နယ်များသို့ ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ဦးစွာ (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့်   အိမ်မဲမြို့၊ အထက်ပိုင်းရပ်ကွက်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အိမ်မဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဘဏ္ဍာရန်ပုံငွေဖြင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း (အရှည် ၃၀၀ပေ၊အကျယ်၂၅ပေနှင့် ထု၆လက်မ) ကွန်ကရစ်လမ်းသစ်  ဖွင့်ပွဲအား တက်ရောက်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အိမ်မဲမြို့နယ်ရှိ  အိမ်မဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် (အရှည် ၄.၃၅ဖာလုံ၊အကျယ်၁၂ပေနှင့် ထု ၇လက်မ)ရှိ မြောင်းမြ-အိမ်မဲကားလမ်းဘေးမှ ရွာသစ်-ပဒက်ကျေးရွာခြင်းဆက် ကွန်ကရစ်လမ်းသစ်အား ဆက်လက်ဖွင့်လှစ်ပေးသည်။ ယင်းနောက် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက လမ်းဖွင့်ပွဲအထိမ်းအမှတ် ပစ္စည်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ အိမ်မဲမြို့နယ်၊ ကျားနဖူးကျေးရွာရှိ နွေစပါးရာသီတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်ထားရှိသည့် စိုက်နည်းစနစ်စမ်းသပ်ကွက်၊ မျိုးယှဉ်ပြိုင်ကွက်၊ မျိုးစေ့ထုတ်စိုက်ခင်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး နှင့် တိုင်းဒေသကြီးလယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူး နှင့် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနတိုင်းဦးစီးမှူးတို့က အိမ်မဲမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးထွက်ရှိမှုအခြေအနေများ ရှင်းလင်းတင်ပြရာတိုင်းဒေသကြီးဝန်ကြီးချုပ်မှ တစ်ဧက တင်း၁၀၀ အထက် ထွက်ရှိနိုင်သည့် ဧကများပိုမိုတိုးတက်လာစေရေး၊ တစ်သီးစိုက်မှ နှစ်သီးစိုက်၊သုံးသီးစိုက်ဧကများအဖြစ်တိုးတက်စိုက်ပျိုးနိုင်ရေးမှာကြားခဲ့သည်။  ထို့နောက် မြောင်းမြမြို့နယ်၊ ကံကြီးကျေးရွာရှိ နေကြာသီးနှံစံပြကွက်ရိတ်သိမ်းနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ရိတ်သိမ်းချိန်လေလွင့်မှုမရှိစေရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပြီး တိုင်းဒေသကြီးလယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူး နှင့် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနတိုင်းဦးစီးမှူး တို့ကမြောင်းမြမြို့နယ်၏ ၂၀၂၂- ၂၀၂၃ခုနှစ် လယ်ယာကဏ္ဍသီးနှံစုံစိုက်ပျိုးထုတ်လုပ်နိုင်မှုအခြေအနေများအားရှင်းလင်းတင်ပြရာ အရည်အသွေးပြည့် သီးနှံများ တိုးချဲ့ထုတ်လုပ်နိုင်ရေးမှာကြားခဲ့ပြီးတောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။  ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်  (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မြောင်းမြမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် (အရှည်မှာ ၀/၇မိုင်၊အကျယ်၁၂နှင့် ထု၇လက်မ) ရှိ ကညင်ကုန်း -ကျွဲခြံဝ  ကွန်ကရစ်လမ်းသစ်ပွဲအား တက်ရောက်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြောင်းမြမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် (အရှည် ၀/၇မိုင်၊အကျယ်၁၂ပေနှင့် ထု ၇လက်မ)ရှိ ဇလပ်ကွင်း-ပိန္နဲကုန်း ကွန်ကရစ်လမ်းအား ဆက်လက်ဖွင့်လှစ်ပေးသည်။ယင်းနောက် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက လမ်းဖွင့်ပွဲအထိမ်းအမှတ် ပစ္စည်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်  (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မြောင်းမြမြို့၊ကံ့ကော်မြိုင်ရပ်ကွက်၊ကံ့ကော်မြိုင်(၆)လမ်း ကွန်ကရစ်လမ်းသစ်နှင့် မြရတနာရပ်ကွက်၊နဝရတ်လမ်း ကတ္တရာရေပိတ်လွှာခင်းလမ်းပိုင်းနှင့် နဝရတ်လမ်း (စက်မှုဇုန်အပိုင်း)ကွန်ကရစ်လမ်းအပိုင်း လမ်းသစ်ဖွင့်ပွဲများအား တက်ရောက်ဖွင့်လှစ်ပေးပြီးနောက် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌက လမ်းဖွင့်ပွဲအထိမ်းအမှတ်ပစ္စည်းအား ဝန်ကြီးချုပ်ထံပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါဖွင့်လှစ်သော လမ်းများမှ ကံ့ကော်မြိုင်လမ်းသည် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် မြောင်းမြမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဘဏ္ဍာရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေ တို့ဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး စုစုပေါင်းလမ်းအရှည် ၂၂၀၀ပေ၊အကျယ်၁၂ပေနှင့် ထု၆လက်မရှိပြီး နဝရတ်လမ်း (ကတ္တရာရေပိတ်လွှာခင်းလမ်းပိုင်း)မှာ ၄၆၀၀ပေ၊အကျယ်၁၄ပေနှင့် ထု၈လက်မရှိပြီး နဝရတ်လမ်း (စက်မှုဇုန်အပိုင်း)မှာ လမ်းအရှည် ၁၄၈၀ပေ၊ အကျယ် ၁၄ပေနှင့်ထု ၈လက်မရှိကြောင်းသိရသည်။ အဆိုပါလမ်းများဖွင့်လှစ်ပေးမှုကြောင့် ဒေသခံပြည်သူများ၏ ပညာရေး၊ကျန်းမာရေး၊ စီးပွားရေး အစရှိသည့် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်မှာဖြစ်ကြောင်းသိရှိရသည်။


Read More...
17-Mar-2023
ဆုတောင်းပြည့်ဘုရားစုကျေးရွာရှိ ဘုရားကုန်းကျောင်းတိုက်အတွင်း၌ တည်ထားကိုးကွယ်အပ်သော ရှေးဟောင်းစုတောင်းပြည့် စေတီတော်မြတ်ကြီး ရွှေထီးတော်အသစ်တင်လှူပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဆုတောင်းပြည့်ကျေးရွာအုပ်စု၊ ဆုတောင်းပြည့်ဘုရားစုကျေးရွာရှိ ဘုရားကုန်းကျောင်းတိုက်အတွင်း၌ တည်ထားကိုးကွယ်အပ်သော ရှေးဟောင်းစုတောင်းပြည့် စေတီတော်မြတ်ကြီး ရွှေထီးတော်အသစ်တင်လှူပွဲ မင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီး၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊အလှူရှင်ဒါယိကာ၊ဒါယိကာမများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ရွှေထီးတော်မြတ်ကြီး သီတင်းသုံးတော်မူရာ ဂန္ဓကုဋီ ကျောင်းတော်သာသို့ သံဃာတော်များအား ပင့်ဆောင်တော်မူ၍ ရွှေထီးတော်မြတ်ကြီးအား မဟာပဏာမ နမောတဿဂါထာတော်မြတ်ဖြင့် ပူဇော်၍ မေတ္တာသုတ် ပရိတ်တော်မြတ်များ ရွတ်ပွားပူဇော်ပြီး အမွှေးနံ့သာရည်များဖြင့် ပူဇော်ကာ  ဒါယကာ၊ ဒါယိကာမများက ဒေဝါဝင်း၊ ရာဇာဝင်းများခြံရံလျက် ရွှေထီးတော်မြတ်ကြီးကို ပင့်ဆောင်ကြ၍ ဆုတောင်းပြည့်စေတီတော်မြတ်ကြီးအား လင်္ကျာရစ် လှည့်လည်ပူဇော်ခဲ့သည်။ ထို့နောက်ရွှေထီးတော်မြတ်ကြီးကို ဆရာတော်ကြီးများအားဆက်ကပ်ကာ မေတ္တာခံယူကြပြီး  ဂန္ဓကုဋီကျောင်းတော်သာ၌ ရွှေထီးတော်မြတ်ကြီး ယာယီသီတင်းသုံးတော်မူရန် ပင့်ဆောင်ခဲ့ ကြသည်။ ထို့နောက် ရွှေထီးတော်မြတ်ကြီးတစ်ဆူစီကို မင်္ဂလာပန်းရထားဖြင့် တင်လှူပူဇော်ရာ ရွှေထီးတော်၏ ပထမဘုံအဆင့်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊တို့ကလည်းကောင်း၊ရွှေထီးတော်၏ ဒုတိယဘုံအဆင့်အား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လူမှုရေးရာဝန်ကြီး တို့ကလည်းကောင်း၊ရွှေထီးတော်၏ တတိယဘုံအဆင့်အား အလှူရှင်များကလည်းကောင်း၊ရွှေထီးတော်၏ စတုတ္ထဘုံအဆင့်အား အလှူရှင်များကလည်းကောင်း၊ရွှေထီးတော်၏ ပဉ္စမဘုံအဆင့်၊ ဆဌမဘုံအဆင့်၊ သတ္တမဘုံအဆင့် တို့အား စေတီတော်ဂေါပကအဖွဲ့နှင့် အလှူရှင်များ ကလည်းကောင်း၊ ရွှေထီးတော်၏ အဌမဘုံအဆင့်၊ နဝမဘုံအဆင့်တို့အား အလှူရှင်များကလည်းကောင်း၊ ရွှေထီးတော်၏ ချယားသီးတော်အား အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကလည်းကောင်း၊ရွှေထီးတော်၏ ငှက်မြတ်နားတော်အား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ကလည်းကောင်း၊ စိန်ဖူးတော်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အဖွဲ့ဝင်မန်းငြိမ်းမောင် ကလည်းကောင်း အသီးသီးတင်လှူပူဇော်ခဲ့ကြသည်။ ယင်းနောက်   ရွှေထီးတော်တင်လှူပူဇော်ပြီးသောအခါ၌ သံဃာတော် (၃၁) ပါး တို့က ဗုဒ္ဓါဘိသေက ဥဒါန မင်္ဂလာဂါထာတော်များဖြင့် ရွတ်ပွားပူဇော်ကြခဲ့ကြပြီး   ရွှေမိုး၊ ငွေမိုးများ ရွာသွန်းခဲ့ကြသည်။ ဆက်လက်၍ ရေစက်ချမင်္ဂလာ အခမ်းအနား ပြုလုပ်ရာ ဒါယိကာ၊ဒါယိကာမများက ဘုရားရှိခိုးကန်တော့၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ပညာသာမိ၊ ပခန်းကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များအား ဆက်လက်နာယူကြည်ညိုကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်မန်းငြိမ်းမောင်၊တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လှူဖွယ်ဝတ္တုအစုစုတို့အား ဆက်ကပ်လှူဒါန်းခဲ့ပြီးအနုမောဒနာတရား နာကြားခဲ့ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ၍  အခမ်းအနားအား “ဗုဒ္ဓသာသနံံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။


Read More...
17-Mar-2023