သတင်းများ
ဧရာဝတီတိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကျင်းပခြင်းနှင့် ကျောင်းအပ်နှံမှုအခြေအနေများအား ကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မေလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ဧရာရွှေဝါခန်းမ၌ ပြုလုပ်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးလက်ဝှေ့ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့ပြိုင်ပွဲအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားများ ပြောကြားပြီး တိုင်းဒေသကြီး လက်ဝှေ့အသင်းအား အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုဆုငွေ (၁၀)သိန်းအား ပေးအပ်ခဲ့သည်။
ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရှိအခြေခံပညာကျောင်းများတွင် KG တန်းမှ GRADE-11 အထိ သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင် ဆရာ၊ ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး၊ ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် ဗလာစာအုပ်များကို (အခမဲ့) ထုတ်ပေးလျက်ရှိပါသည်။
ထို့နောက်ဝန်ကြီးချုပ်သည် ပုသိမ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းအပ်နှံမှုလုပ်ငန်းစဉ်များအား မြန်ဆန်အဆင်ပြေစွာဆောင်ရွက်စေရေးနှင့် ကိုဗစ်၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်စေရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ၊ ဥပဓိရုပ်ကောင်းမွန်ရေးဆောင်ရွက်ထားရှိရန်မှာကြားခဲ့ပါသည်။
တိုင်းဒေသကြီးအတွင်းအခြေခံပညာကျောင်းများ၌ မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် ဇွန်လ ၂ ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်း အားလုံးဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Read More...
26-May-2022
မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ သဘာဝပတ်ဝန်းကျင်စိန်းလမ်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေးနှင့် သစ်တောသယံဇာတများရေရှည်တည်တံ့ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးတို့ကို ရည်ရွယ်၍ ပုသိမ်ပညာရေးဒီဂရီကောလိပ်ကျောင်းဝန်းအတွင်း၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မေလ ၂၆ ရက်နေ့ နံနက် ၈ နာရီအချိန်က ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “သက်ရှိများအသက်ရှင်နေထိုင်ရေးအတွက် သစ်တောသယံဇာတများသည် အထူးအရေးပါလှကြောင်း၊ လူနှင့်သက်ရှိသတ္တဝါများအတွက် လိုအပ်သော အောက်စီဂျင်ထုတ်လွှင့်ပေးခြင်းဖြင့် သက်ရှိလောကအတွက် အရေးကြီးဆုံးဝန်ဆောင်မှုကို အကျိုးဆောင်ပေးလျက်ရှိကြောင်း၊ ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသော အကြောင်းအရင်းများတွင် သစ်တောပြုန်းတီးမှုဟာ တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ သစ်တောပြုန်းတီးမှုကာကွယ်နိုင်ရေးအတွက် နှစ်စဉ်သစ်ပင်သစ်တောများ၊ ဒီရေတောများစိုက်ပျိုးပေးလျက်ရှိပါကြောင်းနှင့်စိုက်ပျိုးပြီးသစ်ပင်များအား ရှင်သန်အောင် ဆက်လက်ပြုစုထိန်းသိမ်းသွားရန်လိုအပ်ကြောင်း”ပြောကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးသစ်တောဦးစီးဌာနကမှ ညွှန်ကြားရေးမှူးဦးမြင့်စိန်က သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်တာဝန်ရှိသူများမှ သစ်ပင်များအား တာဝန်ရှိသူများထံလွှဲ ပြောင်းပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် အစိုးရအဖွဲဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျောင်းသူကျောင်းသားများက သတ်မှတ်ထားသောနေရာများတွင်နေရာယူ၍ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီအစရှိသည့် ပျိုးပင်အမျိုးအစား (၁၄)မျိုး၊ ပျိုးပင်ပေါင်း (၆၈၀)အားစုပေါင်းစိုက်ပျိုးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သစ်ပင်စုပေါင်းစိုက်ပျိုးမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။
Read More...
26-May-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ၆ ခရိုင် အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ တိုင်းဒေသကြီးအတွင်းရှိ ၆ ခရိုင်မှအသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မေလ ၂၅ ရက်နေ့ ညနေပိုင်းတွင် ကိုးသိန်းအားကစားကွင်း၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယနေ့ကျင်းပ ပြုလုပ်သော ဘောလုံးပြိုင်ပွဲမှ တိုင်းဒေသကြီးကိုယ်စားပြု ထူးချွန်ထက်မြက်သော ဘောလုံးသမားများ ပေါ်ထွက်လာစေရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများကလည်း အားကစားသမားကောင်းပီသစွာ ယှဉ်ပြိုင်ကစားကြရန် တိုက်တွန်းလိုကြောင်း၊ ယခုပြိုင်ပွဲမှတဆင့် မိမိတို့၏ခရိုင်၊ မိမိတို့၏ တိုင်းဒေသကြီး၏ ဂုဏ်ကို ဆောင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန်” တိုက်တွန်းမှာကြား၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ၆ ခရိုင် အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်၍ ၆ ခရိုင်မှပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်း၊ အားကစားသစ္စာအဓိဌာန် ၄ချက်အား ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့မှ ပြိုင်ပွဲပထမပွဲစဉ်ယှဉ်ပြိုင်ကစားကြသည့် ပုသိမ်ခရိုင်အသင်းနှင့် ဟင်္သာတခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ၆ ခရိုင် အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ၂၅.၅ ၂၀၂၂ရက်နေ့မှ ၄.၆.၂၀၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းသိရှိရပါသည်။
Read More...
25-May-2022
အခြေခံဗုဒ္ဓဘာသာနှင့် ယဉ်ကျေးလိမ္မာသင်တန်း ပုသိမ်မြို့၌ ဖွင့်လှစ်သင်ကြား
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ၂၀၂၂ ခုနှစ်၊ မေလ ၂၅ ရက်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် အခြခံဗုဒ္ဓဘာသာနှင့်ယဉ် ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ပွဲအခမ်းအနားကျင်းပသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်နှင့်မြို့နယ်များမှ ရဲတပ်ဖွဲ့မှူးများနှင့်ရဲမေများ၊ သင်တန်းသား/သူ ကလေးငယ်များတက်ရောက်ကြသည်။
အဆိုပါသင်တန်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ သင်တန်းအဖွင့် အမှာစကားပြောကြားရာတွင် လွန်ခဲ့သည့်နှစ်ပေါင်းများစွာက မြတ်ဗုဒ္ဓ၏လူမှုရေးရာကျင့်ဝတ်များဖြစ်သောနိုင်ငံ၏အုပ်ချုပ်ရေး၊စီးပွားရေး၊လူမှုရေး၊ကျန်းမာရေးတို့ပါဝင်သော ယဥ်ကျေးမှုဆိုင်ရာ လောကီ၊လောကုတ္တရာကျင့်စဥ်များ မြန်မာနိုင်ငံသို့ရောက်ရှိလာပြီးဖြစ်၍ မြန်မာ့ယဥ်ကျေးမှုနယ်ပယ်တွင် ပျံနှံ့စိမ့်ဝင်ကာမြန်မာနိုင်ငံသားများလက်ခံကျင့်သုံးခဲ့ကြပြီးဖြစ်ကြောင်း၊ သို့ဖြစ်ရာ ရှေးဘိုးဘွားဘီဘင်လက်ထက်ကတည်းက လက်ခံကျင့်သုံးခဲ့သော မြန်မာ့ယဥ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်သွားကြဘို့လိုအပ်ကြောင်း၊ လူငယ်လူရွယ်များကိုပြုစုပျိုးထောင်ရာမှာစာရိတ္တဗလသည် လွန်စွာမှအရေးကြီးကြောင်း၊ သို့ဖြစ်ရာ ယနေ့ဖွင့်လှစ်သင်ကြားမည့် ဗုဒ္ဓဝင်၊ ၃၈.ဖြာမဂ်လာ၊ပြည်သူ့နီတိ၊ ယဥ်ကျေးလိမ္မာစတဲ့သင်ခန်းစာများကို သင်တန်းသား/သူများအား ဂုဏ်ဆောင်နိုင်ရေးအတွက်အထပ်ထပ်လေ့လာမှတ်သားကြရမှာဖြစ်ကြောင်းပြောကြားသည်။
ဗုဒ္ဓဘာသာကလျှာဏယုဝအသင်း(YMBA)မှမဂ်လဓမ္မဇောတိကဓဇ ဆရာဦးဝေမြင့်ကယဥ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်များကိုအခမ်းအနား တက်ရောက်လာသူများအား ရှင်းလင်းပြောကြားကာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ကလေးငယ်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားခဲ့ကြောင်းသတင်းရရှိသည်။
Read More...
25-May-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် အိမ်မဲမြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မေလ ၂၄ ရက်နေ့ နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာ၊ နည်းပညာပြန့်ပွားရေးစင်တာတွင် ပိုက်ဆံလျှော်စိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့ကာ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်အောင်မြင်စေရေးအတွက် မျိုး၊ရေ၊ မြေ ၊ နည်း မှန်ကန်စွာစိုက်ပျိုးနိုင်ရေး၊ သာဘာဝမြေသြဇာနှင့်ဓာတ်မြေသြဇာများ အချိုးကျသုံးစွဲစေရေးမှာကြားခဲ့ပါသည်။ ထို့နောက် လူကောင်းကျွန်းကျေးရွာတွင် ၂၀၁၉-၂၀၂၀၊ ၂၀၂၀-၂၀၂၁၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ကျေးလက်လမ်းဦးစီးဌာနမှဆောင်ရွက်သည့် လူကောင်းကျွန်း၊ ဇရပ်ချောင်းတံတား (၂၄၀ပေ×၂၀ပေ) ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးကျေးလက်လမ်းဦးစီးမှူးမှ လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ရေရှည်တည့်တံ့မှုရှိစေရေး၊ အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးလမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ လူကောင်းကျွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ၊ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ပြီး လာမည့်ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူများ ရာနှုန်းပြည့်ကျောင်းတက်နိုင်ရေး၊ သွေးလွန်တုပ်ကွေးရောဂါစသည့် ရောဂါများ ကူးစက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိစေရေး၊ ကိုဗစ် ၁၉ ရာဂါကာကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်များအား စနစ်တကျလိုက်နာဆောင်ရွက်စေရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင်လျာထားဧကများပြည့်မီစေရေးနှင့် ဆီထွက်သီးနှံ(နေကြာ) တိုးချဲ့စိုက်ပျိုးနိုင်ရေးမှာကြားခဲ့ပြီး ဒေသခံများကိုယ်စားတောင်သူတစ်ဦးမှ လိုအပ်သည်များတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။ ဆက်လက်ပြီး အိမ်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်တန်ခန်းမတွင် မြို့နယ်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်းမြို့နယ်အချို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အနည်းငယ်တွေ့ရှိရသဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးစီမံချက်များနှင့်အညီ အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ဒေသခံပြည်သူများက ပူးပေါင်းဆောင််ရွက်ပေးကြရန်ပြောကြားခဲ့ပါတယ်။ အဲဒီနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုများအားရှင်းလင်းတင်ပြခဲ့ပြီး ဒေသခံပြည်သူတစ်ဦးမှ ဆွေးနွေးတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စာသင်ဆောင်များအတွင်းခြင်ဆေးမှုတ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေးခဲ့ကြောင်းသတင်းရရှိပါတယ်။
Read More...
24-May-2022