သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့ ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့်တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပြီး ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင်  ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်စေရေး တွန်းအားပေးဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အခြေခံပညာကျောင်းများဖွင့်လှစ်ခဲ့ရာတွင် ၁၀ သိန်း ၄ သောင်းကျော်အပ်နှံခဲ့ပြီး ၉သိန်း၉သောင်း၇ထောင်ကျော် တက်ရောက်ခဲ့ပါကြောင်း၊  ကျောင်းသားကျောင်းသူများ ကျောင်တက် မှန်ကန်စေရေး၊ အတန်းစဉ်ကူးပြောင်းရေး၊ ကျောင်းနေမြဲရေးနှင့် သင်ယူတတ်မြောက်မှုအရည်အသွေးမြင့်မားစေရေး ၊ အခြေခံပညာမှတစ်ဆင့် အသက်မွေးဝမ်းကြောင်းပညာ၊ အဆင့်မြင့်ပညာများကိုဆက်လက်သင်ယူနိုင်ရေးဆရာ၊ဆရာမများအနေဖြင့် ဝိုင်းဝန်းကြိုးစားပေးကြရမှာဖြစ်ပါကြောင်း၊ ထို့ပြင်  ကျောင်းသူကျောင်းသားများ၏ ဝါသနာအလိုက် အားကစားကို အခြေခံမှစ၍ စနစ်တကျလေ့ကျင့်သင်ကြားပေးရန်လိုပါကြောင်း၊ ပညာရေးမှူးများအနေဖြင့် မိမိခရိုင်၊မြို့နယ်များရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ ပညာရေးဆိုင်ရာလိုအပ်ချက်များအားဖြည့်ဆည်းဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်းနှင့် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များမှ ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြရန်ပြောကြားခဲ့ပြီး တိုင်းဒေသကြီးပညာရေးမှူးနှင့် ခရိုင်၊ မြို့နယ်ပညာရေးမှူးများမှ ကျောင်းအပ်နှံတက်ရောက်မှုများနှင့်ကျောင်းဖွင့်လှစ်သင်ကြားမှုများအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ပါသည်


Read More...
15-Jun-2022
ပြည်နယ်နှင့်တိုင်းဒေသကြီးသေနတ်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးသေနတ်ပစ်အသင်းအား အောင်နိုင်ရေးအလံပေးအပ်
ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်င်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု သေနတ်ပစ်အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ ဇွန်လ ၁၅ ရက် နံနက် ၉နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီးသေနတ်ပစ် အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်  အုပ်ချုပ်သူ ၊ နည်းပြ ၊ အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး သေနတ်ပစ် အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ပြည်နယ်နှင့်တိုင်းဒေသကြီး သေနတ်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု သေနတ်ပစ်အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ခြင်းနှင့် လိုအပ်သည့်ထောက်ပံ့မှုများ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊သေနတ်ပစ် အားကစားနည်းသည် နိုင်ငံတစ်နိုင်ငံတွင် အားထားရသည့် အားကစားနည်းတစ်ခု ဖြစ်ပါကြောင်း၊ သေနတ်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမား များအနေဖြင့် လေ့ကျင့်သားပြည့်ဝစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ နည်းပြများအနေဖြင့် မိမိအသင်း၏ အားသာချက်၊ အားနည်းချက်များကို သုံးသပ်ကာ ပြိုင်ပွဲတွင် အနိုင်ရရှိရေး စွမ်းဆောင်ရန်လိုကြောင်းနှင့် တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်သည့် အားကစားသမားများ ဖြစ်စေရန်”ပြောကြားပြီး တိုင်းဒေသကြီးကိုယ်စားပြု သေနတ်ပစ်အသင်းမှတာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုဆုငွေများအား ချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


Read More...
15-Jun-2022
တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ဒေးဒရဲမြို့နယ်၊ ရေတွင်းကုန်း - သံဒိတ်ကျေးရွာ SOLAR MINI GRID မီးလင်းရေးဖွင့်ပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဇွန်လ ၁၄ ရက်နေ့ နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ဒေးဒရဲမြို့နယ်၊ ရေတွင်းကုန်း-သံဒိတ်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP-Mini Grid)မှ (၆၀) ရာခိုင်နှုန်း၊  ဒေသခံပြည်သူထည့်ဝင်ငွေ (၂၀) ရာခိုင်နှုန်း၊ ရင်းနှီးမြုပ်နှံသည့်ကုမ္ပဏီမှ (၂၀)ရာခိုင်နှုန်းဖြင့်ဆောင်ရွက်သည့် SOLAR MINI GRID မီးလင်းရေးဖွင့်ပွဲအခမ်းအနား တက်ရောက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအတွင်းမြို့ပြနှင့်ကျေးလက်အကြားကွာဟမှုမရှိစေရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊  လျှပ်စစ်မီးရရှိရေးဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီးရရှိရေးသည်လွန်စွာအရေးကြီးပါကြောင်း၊ လျှပ်စစ်မီးရရှိပြီဖြစ်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများပိုမိုဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်းနှင့် ရရှိသည့်လျှပ်စစ်မီးကိုလည်းစနစ်တကျသုံးစွဲကြရန်ပြောကြားခဲ့ပါတယ်။ ထို့နောက် ကျေးရွာပြည်သူများကိုယ်စား ဒေသခံတစ်ဦးမှ ကျေးဇူးတင်စ ကားပြန်လည် ပြော ကြားခဲ့ပြီး တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူးမှမီးလင်းရေးဖွင့်ပွဲ အထိမ်းအမှတ် ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ ထို့နောက် Solar Mini Grid မီးလင်းရေးဖွင့်ပွဲအခမ်အနားအား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြကာ Solar Mini Grid လုပ်ငန်း ကမ္ဗည်းမော်ကွန်းကြေးပြားအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံသာရည်များပက်ဖြန်းပေးခဲ့ကာ  မီးလင်းရေး ဆောင်ရွက်ထားရှိမှုများနှင့် ကျေးရွာအတွင်းဆိုလာလျှပ်စစ်မီးသုံးစွဲမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့ပါသည်။ ဆက်လက်၍ သံဒိတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ရေတွင်းကုန်းကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်းများသို့သွားရောက်၍ ကျောင်းသားကျောင်းသူများအေးချမ်းပျော်ရွှင်စွာပညာသင်ကြားနေမှုများအားကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ဆရာမများနှင့်တွေ့ဆုံ၍ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ဆရာ၊ဆရာမများအတွက်  ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။


Read More...
14-Jun-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ဒေးဒရဲမြို့နယ်အတွင်း (GW-11) တစ်မိုးနှစ်သီးစိုက်ပုံစံ စံပြစိုက်ကွင်းများအား ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇွန်လ ၁၄ ရက်နေ့ နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ဒေးဒရဲမြို့နယ်၊ ဆင်ကူးကျေးရွာအုပ်စု၊ တောင်သူဦးဝင်းမြင့်အောင်၏ လယ်မြေ ၁၆၂ ဧကတွင် (GW-11) မျိုးစပါးတစ်မိုးနှစ်သီးစိုက်ပုံစံ ပထမသီး စိုက်ပျိုးဖြစ်ထွန်းနေမှုအား ကြည့်ရူအားပေးခဲ့ပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှူးမှ ဒေးဒရဲမြို့နယ်အတွင်း မိုးစပါး၊ နွေစပါးစိုက်ပျိုးမှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လျာထားစိုက်ဧကများပြည့်မီကျော်လွန်စေရေး၊ အထွက်နှုန်းတိုး မျိုးကောင်းမျိုးသန့်စပါးများအသုံးပြုစေရေးမှာကြားခဲ့ပါသည်။ ဒေးဒရဲမြို့နယ် ဆင်ကူးကျေးရွာ  တောင်သူကြီး ဦးဝင်းမြင့်အောင်၏ တစ်မိုးနှစ်သီးစိုက်သီးနှံပုံစံ ၁၆၂ ဧက တကွင်းတစပ်တည်းစိုက်ကွင်းတွင် (GW 11) စပါးကို ဧ ပြီလတွင်ကြဲခင်းစနစ်ဖြင့်စိုက်ပျိုးခဲ့ပြီး သြဂုတ်လတွင်ရိတ်သိမ်းမည်ဖြစ်၍ ပေါ်ဆန်းဘေး ကြားစပါးကို ဇူလိုင်လတွင်ကြိုတင်ပျိုးထောင်ထားရှိပြီး သြဂုတ်လကုန်တွင်မိုးစပါးဒုတိယသီးပြန်လည်စိုက်ပျိုးသွားမည်ဖြစ်ကာ ဒုတိယသီးရိတ်သိမ်းပြီး ဇန်နဝါရီလတွင် နွေစပါး (ရက် ၉၀ မျိုး)ထပ်မံစိုက်ပျိုးမည်ဖြစ်ပြီး တစ်နှစ်သုံးသီးစိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။


Read More...
14-Jun-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ဖျာပုံမြို့နယ်၊ ကျုံတာကျေးရွာနှင့် ကျုံကဒွန်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းဆောင်သစ်များအား တက်ရောက်ဖွင့်လှစ်ပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကျုံတာကျေးရွာအခြေခံပညာအထက်တန်းကျောင်း (၁၂၀ပေ×၃၀ပေ) RC တစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲတက်ရောက်၍ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အဆောက်အဦသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ အလားတူ ကျုံကဒွန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (၁၂၀ပေ×၃၀ပေ) RC တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲတက်ရောက်ခဲ့ပြီး အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ အဆောက်အဦသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါကျောင်းဆောင်သစ်ဖွင့်ပွဲများတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ကျောင်းသားကျောင်းသူများအေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေး၊  ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပစေရေး၊ သွေးလွန်တုပ်ကွေးရောဂါစသည့် ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိစေရေး၊ ကိုဗစ် ၁၉ ရာဂါကာကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်များအား စနစ်တကျလိုက်နာဆောင်ရွက်စေရေး မှာကြားခဲ့ပြီး လိုအပ်သည်များတင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။


Read More...
14-Jun-2022