သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ် ပန်းတနော်မြို့၊ အလယ်ပိုင်းရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဘေးလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတက်​ရောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မအူပင်ခရိုင်၊ ပန်းတနော်မြို့၊ အလယ်ပိုင်းရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဘေးလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့နှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီးတို့အား တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌတို့က ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရလက်ဆောင်အားပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ပန်းတနော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ပြီး အလျား ၇၄၄ပေ၊ အကျယ် ၁၀ပေနှင့် ထု၆လက်မရှိပြီး ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့အင်္ဂါရပ်နှင့်အညီ သာယာလှပစေရန်နှင့် ရပ်ကွက်နေပြည်သူများ သွားလာမှုလွယ်ကူစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပန်းတနော်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ပြီး ဆန်၊ ဆီနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့သည်။


Read More...
29-Dec-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ပင်စင်လာရောက်ထုတ်ယူကြသည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ဆန်၊ ဆီနှင့်ကြက်ဥများ ထောက်ပံ့ပေးအပ်၊ ကျန်းမာ​ရေး​စောင့်​ရှောက်​ပေး​နေမှုများကြည့်ရှုအား​ပေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက ဆန်၊ ဆီနှင့် ကြက်ဥများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပင်စင်လာရောက်ထုတ်ယူသည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး ဆန်၊ ဆီနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့​နောက် ပုသိမ်မြို့၊ မြန်မာ့စီးပွား​ရေးဘဏ်တာဝန်ရှိသူများက အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်​ပေး​နေမှုအ​ခြေအ​နေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က "ပင်စင်လာ​ရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများ လိုအပ်သည်များ ကူညီ​ဆောင်ရွက်​ပေးရန်၊ ကျန်းမာ​ရေး​စောင့်​ရှောက်မှုများ​ပေးနိုင်​ရန်အတွက် ​ဌာနဆိုင်ရာများ ပေါင်းစပ်​ဆောင်ရွက်​ပေးရန်၊ ဘဏ်သို့ပင်စင်လာ​ရောက်ထုတ်ယူနိုင်ခြင်းမရှိသည့် အငြိမ်းစားဝန်ထမ်းများကိုလည်း ကျန်းမာ​ရေး​စောင့်​ရှောက်မှုများ​ပေးနိုင်​ရေး​ဆောင်ရွက်​ပေးရန်၊ ၆ လ ၁ ကြိမ် ကျန်းမာ​​ရေးစစ်​ဆေးမှုများ ပြန်လည်​ဆောင်ရွက်​ပေးရန်" မှာကြားခဲ့ပါသည်။ ထို့​နောက် တာဝန်ရှိသူများက ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ပုသိမ်ပြည်သူ့​ဆေးရုံကြီးတွင် ကျန်းမာ​ရေး​စောင့်​ရှောက်မှုများ ​ပေးခဲ့ပြီး လိုအပ်​သော​ဆေးဝါးများ ​ထောက်ပံ့​ပေးခဲ့ပါသည်။ ထို့အတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများအား တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ပြီးနောက် ကျောင်းကုန်းမြို့နယ် ခုတင်(၁၀၀)​ဆေးရုံတွင် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား အထွေထွေရောဂါအထူးကု၊ ဓာတ်မှန်အထူးကု၊ အရိုးအကြောအဆစ် ခွဲစိတ်အထူးကု ဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေမှုများကို ကြည့်ရှု၍ အားပေးစကားများ​ပြောကြားခဲ့ကာ ဆန်၊ ဆီနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့သည်။


Read More...
29-Dec-2023
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မြောင်းမြမြို့၊ ကံ့ကော်မြိုင်အတွင်းပတ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မြောင်းမြမြို့၊ ကံ့ကော်မြိုင်အတွင်းပတ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့နှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးထံသို့ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူးနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌတို့က ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရလက်ဆောင်အား ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် မြောင်းမြမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်ခဲ့ပြီး အလျား ၁၃၁၅ပေ၊ အကျယ် ၁၂ပေနှင့် ထု၆လက်မရှိပြီး ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့အင်္ဂါရပ်နှင့်အညီ သာယာလှပစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဗမော်သုံးခွလျှပ်စစ်မြစ်ရေတင်လုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့​နောက် ရှင်းလင်း​​ဆောင်တွင် ခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်​ထောက်အင်ဂျင်နီယာက လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများ၊ အကျိုးပြုဧကများ၊ နှစ်အလိုက်ရေပေးနိုင်မှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့​နောက် ​ဒေသခံ​တောင်သူများနှင့် ဆက်လက်​တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တစ်ဧကအထွက်နှုန်းများ ပိုမိုတိုးတက်ထွက်ရှိရေးအတွက် အထွက်တိုးမျိုး​ကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးရန်၊ စိုက်နည်းစနစ်များ​ပြောင်းလဲစိုက်ပျိုးရန်၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း​ရောက်ရှိ​အောင် ကြိုးပမ်း​ဆောင်ရွက်ကြရန်နှင့် တစ်နှစ်သုံးသီးအထိ စိုက်ပျိုးနိုင်ရေးလမ်းညွှန်မှာကြားခဲ့ပြီး ​တောင်သူများ၏ စိုက်ပျိုး​ရေးဆ်ုင်ရာလိုအပ်ချက်များအား ဌာနဆိုင်ရာများနှင့် ​ပေါင်းစပ်​ဆောင်ရွက်​ပေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ မြစန္ဒာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့​ပေါ်ရပ်ကွက်များရှိ အိမ်​မွေးတိရိစ္ဆာန်​ခွေးများအား ခွေးရူးရောဂါ ကာကွယ်ဆေးများထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အိမ်​မွေးတိရိစ္ဆာန် ​ခွေး၊ ​ကြောင်များကို ​ခွေးရူး​ရောဂါ၏အန္တရာယ်မှကာကွယ်ရန်အတွက် ကာ​ကွယ်​ဆေးထိုးနှံခြင်းလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်​အသိပညာ​ပေး ဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်


Read More...
28-Oct-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများအား ဆန်၊ ဆီနှင့်ကြက်ဥများ ထောက်ပံ့ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက ဆန်၊ ဆီနှင့် ကြက်ဥများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြောင်းမြမြို့မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး ဆန်၊ ဆီနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြောင်းမြမြို့၊ သာသနာ့ဗိမာန်တော်ကြီး ပြန်လည်ပြုပြင်မွမ်းမံနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ သံဃာတော်များ၊ လူပုဂ္ဂိုလ်များ ဘာသာသာသနာရေးဆိုင်ရာကစာစရပ်များအား စိတ်အေးချမ်းသာစွာ ပြုလုပ်နိုင်စေရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ စနစ်တကျစီစဉ်ဆောင်ရွက်လုပ်ကိုင်စေရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။


Read More...
28-Dec-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကွန်ကရစ်လမ်းဖွင့်ပွဲများအား တက်ရောက်ဖွင့်လှစ်ပေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မြန်အောင်မြို့၊ အမှတ်(၄) ရပ်ကွက်၊ နဝဒေးလမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား တက်ရောက်ခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိတို့က တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့ ထံသို့ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရလက်ဆောင်အား ပေးအပ်ခဲ့ပါသည်။ ထို့​နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် မြန်အောင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်ခဲ့ပြီး အလျား ၇၄၀ပေ၊ အကျယ် ၁၂ပေနှင့် ထု၆လက်မရှိပြီး မြန်အောင်မြို့နယ်ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့အင်္ဂါရပ်နှင့်အညီ သာယာလှပစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ ကညင်ငူကျေးရွာအုပ်စုရှိ တောင်သူ ဦးညွန့်လှိုင် (ပါ)နှစ်ဉီး၏ စိုက်ဧက (၁၀)ဧကတွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ သဘာဝရေလျှံတွင်းဖြင့် စိုက်ပျိုးသော ဆင်းသုခစပါးမျိုး နွေစပါးစိုက်ခင်းအား ကြည့်ရှုအားပေးခဲ့ပြီး ​ဒေသခံ​တောင်သူများနှင့် ရင်းရင်းနှီးနှီး​တွေ့ဆုံခဲ့ကာ ​တောင်သူများ၏ စိုက်ပျိုး​​ရေးဆိုင်ရာလိုအပ်ချက်များအား သက်ဆိုင်ရာဌာနများနှင့် ​ပေါင်းစပ်​ဆောင်ရွက်​ပေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဝါဆိုမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်ဆရာတော် ဦးသုဇာတအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားတင်ပြခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းအုပ်စု၊ ကြံတောကျေးရွာသို့​ရောက်ရှိ၍ ကညင်​ရေ​လှောင်တမံ လက်ဝဲ​မြောင်းမှ ​ဆည်​ရေ​ရရှိ၍ တောင်သူ ဦးဖြိုးဝင်းလှိုင်၏ စိုက်ဧက (၆)ဧက၌ စက်မှုလယ်ယာစခန်း(ဆွယ်) အင်္ဂပူမြို့မှ မျိုးစေ့ချစက်ဖြင့် ပခန်း​ရွှေဝါစပါးမျိုး နွေစပါးမျိုးစေ့ချခြင်း သရုပ်ပြပွဲအား တက်ရောက်ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့​နောက် တာဝန်ရှိသူများက ကညင်​ရေ​​လှောင်တမံ စီမံကိန်းဆည်​ရေ​သောက်စနစ်၊ ၂၀၂၃-၂၀၂၄ ခုနှစ်ရိုးပြတ်ကျန်ဧရိယာများအ​ပေါ် ​ဖော်ထုတ်စိုက်ပျိုးပြီးစီးမှုများအားရှင်းလင်းတင်ပြရာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုး​ရေရရှိသဖြင့် သီးထပ်စွမ်းအားတိုးတက်​ရေးအတွက် တစ်နှစ်သုံးသီးစိုက်ပျိုးကြရန်၊ အထွက်​တိုး မျိုး​ကောင်းမျိုးသန့်များစိုက်ပျိုးကြရန် မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချူပ်သည် အင်္ဂပူမြို့နယ်၊ အမှတ်(၂)ရပ်ကွက် ရွှေတောင်တန်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား တာဝန်ရှိသူများနှင့် တက်ရောက်ဖွင့်လှစ်ပေးပြီးနောက် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိတို့က တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာ ဝန်ကြီးထံသို့ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်အား ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် အင်္ဂပူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံ‌ငွေဖြင့် ဆောင်ရွက်ခဲ့ပြီး အလျား ၇၅၀ပေ၊ အကျယ် ၁၂ပေနှင့် ထု၆လက်မရှိ ကြောင်းသိရသည်။


Read More...
27-Dec-2023