သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့နယ် ဂိုဏ်းပေါင်းစုံသံဃနာယကနှင့် ဝိနည်းဓိုရ်ဆင့်ပွား သင်တန်းတက်ရောက်လျက်ရှိသည့် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်း၊ ပုသိမ်မြို့ပေါ်ရှိ ဟိုတယ်နှင့် စားသောက်ဆိုင်များတွင် အခွန်ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ခြင်းရှိ/မရှိ၊ ကျသင့်အခွန်နှင့်မြေပြင်အခြေအနေတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သာသနာ့ဗိမာန်တွင် ပုသိမ်မြို့နယ်ဂိုဏ်းပေါင်းစုံ သံဃနာယကနှင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းတက်​ရောက်လျှက်ရှိသည့် သင်တန်းသား ဆရာတော်၊ သံဃာတော် အရှင်သူမြတ် (၁၇၀)ပါးအား  ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများက သင်တန်းသား ဆရာတော်သံဃာတော်အရှင်သူမြတ်များအား သွားရောက်ဖူးမြှော်ကြည်ညိုခဲ့ပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။


Read More...
04-Jul-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်
၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူး၏ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။ 


Read More...
03-Jul-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် လက်မှတ်ရစီးပွားရေးစာရင်းကိုင်ပညာသင်တန်းဖွင့်ပွဲနှင့် မိုးစပါးစိုက်ပျိုးရာသီကြဲခင်းများလျော့နည်းပပျောက်ရေး မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စိုက်ပျိုးခြင်း အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းတွင် ကျင်းပသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ် လက်မှတ်ရစီးပွားရေးစာရင်းကိုင်ပညာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။


Read More...
02-Jul-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးအခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ ညှိနှိုင်းအစည်းအဝေး ကို (၁.၇.၂၀၂၄)ရက်နေ့ ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ရာ ညှိနှိုင်အစည်းအဝေးသို့ တိုင်းဒေသကြီးအခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များ၊ အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဝင်များ တက်ရောက်ကြသည်။


Read More...
02-Jul-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ရှစ်ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားအားတက်ရောက်
၂၀၂၄ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ရှစ်ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်အခမ်းအနားကို (၃၀.၆.၂၀၂၄) ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများနှင့် အသင်းနည်းပြ၊ အုပ်ချုပ်သူများ၊ ဘောလုံးဝါသနာရှင်ပြည်သူများ တက်ရောက်ခဲ့သည်။


Read More...
01-Jul-2024