သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ကျွန်းကုန်းတံတားနှင့် ပမ္မဝတီတံတား(မြင်းကဆိပ်) တည်ဆောက်နေမှုအားကြည်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့်အတူ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၀)ရက်နေ့ နေလည်ပိုင်းတွင် လမ်းအမှတ်၁၀၊ ဘိုကလေး-မော်လမြိုင်ကျွန်း-ကျုံမငေး-ဝါးခယ်မ-မြောင်းမြလမ်းရှိ ကျွန်းကုန်းတံတားတည်ဆောက်ရေးလုပ်ငန်းသို့ ရောက်ရှိခဲ့ပြီး တိုင်းဒေသကြီးလမ်းဦးစီးဌာနမှူးမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အရည်အသွေးပြည့်မီရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေးလမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ကျွန်းကုန်းပင်မ တံတားလူသွားလမ်းလုပ်ငန်းလက်ရန်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ချည်းကပ်လမ်းလုပ်ငန်း ဆောင်ရွက်နေမှုအားကြည့်ရှုစစ်ဆေးခဲ့ပြီးတံတားတစ်စင်လုံး(၉၂)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်းသိရှိရပါတယ်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်အဖွဲ့သည် ပုသိမ်-ကံကုန်း-မြင်းကဆိပ်-မြောင်းမြလမ်းရှိ ပမ္မဝတီတံတား(မြင်းကဆိပ်)ဆောက်လုပ်ရေးခွင်သို့ရောက်ရှိ၍ ရှင်းလင်းဆောင်တွင် တိုင်းဒေသကြီးလမ်းဦးစီးဌာနမှူးမှ လုပ်ငန်းဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး မြောင်းမြဘက်ခြမ်း ရေလယ်တိုင် Bored Pile လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးမှုနှင့် ပုသိမ်ဘက်ခြမ်းရေလယ်တိုင် Bored Pile လုပ်ငန်းဆောင်ရွက်နေမှုအားကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ အဆိုပါတံတားအား ဆောက်လုပ်နေမှုမှာ၂-၁၀-၂၀၂၀ရက်နေ့တွင်စတင်ဆောက်လုပ်ရာယနေ့အထိ  ၃၁ ရာခိုင်နှုန်း​ ဆောက်ရွက်ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။


Read More...
10-Nov-2021
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ ပုသိမ်တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်နှင့်မအူပင် တက္ကသိုလ်တို့၏ နည်းပြ၊သရုပ်ပြနှင့် အခြေခံပညာဆရာ၊ဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့်အတူ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့ နံနက်ပိုင်းအချိန်က ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမ၌ကျင်းပသောနည်းပြ၊ သရုပ်ပြနှင့် အခြေခံပညာ ဆရာ၊ ဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲသို့ တက်ရောက်၍အမှာစကားပြောကြားခဲ့ပါတယ်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သင်တန်းတက်ရောက်မည့်ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ကြေး ငွေကျပ် (၄၅)သိန်းအား ဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်ခဲ့ရာ ဒုတိယကျောင်းအုပ်ကြီးဒေါ်သန်းသန်းနိုင်က လက်ခံရယူခဲ့ပါတယ်။ အဆိုပါ ပုသိမ်ပညာရေး ဒီဂရီကောလိပ်သို့နည်းပြ(၇)ဦး၊ အလယ်တန်းအဆင့်(၆၇)ဦး၊မူလတန်းအဆင့်(၁၈၅)ဦး၊စုစုပေါင်း (၂၅၉)ဦး တက်ရောက်ခဲ့ပါတယ်။  ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည့် နည်းပြ၊ သရုပ်ပြဆရာ၊ဆရာမများ သစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲသို့ တက်ရောက် အမှာစကားပြောကြားပြီး သင်တန်းတက်ရောက်သည့် နည်းပြ ၊ သရုပ်ပြ ဆရာ၊ဆရာမများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်(၂၀)သိန်းအား ထောက်ပံ့ပေးအပ်ရာ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းထွဋ် လက်ခံရယူခဲ့ပါတယ်။ ထို့နောက်ဘာသာရပ်အလိုက် သင်တန်းတက်ရောက်သည့် နည်းပြ၊ သရုပ်ပြ ဆရာ၊ဆရာမများနှင့် မိတ်ဆက်ပေးခဲ့သည်။ အဆိုပါသင်တန်းသို့ ဘာသာရပ်(၁၃)ခုမှ သင်တန်းသားဆရာ၊ဆရာမ (၁၁၇)ဦးတက်ရောက်ခဲ့ကြပါတယ်။ ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည်ဟင်္သာတတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင်လည်း နည်းပြ၊ သရုပ်ပြဆရာ၊ဆရာမများ သစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲသို့ တက်ရောက် အမှာစကားပြောကြားပြီး သင်တန်းတက်ရောက်သည့် နည်းပြ ၊ သရုပ်ပြ ဆရာ၊ဆရာမ သစ်လွင်(၁၀၄)ဦးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်(၂၀)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ရာ ဟင်္သာတတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီရွှေမှလက်ခံရယူခဲ့ပြီး ဆရာမတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင်လည်း နည်းပြ၊ သရုပ်ပြဆရာ၊ဆရာမများ သစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲသို့ တက်ရောက် အမှာစကားပြောကြားပြီး သင်တန်းတက်ရောက်သည့် နည်းပြ ၊ သရုပ်ပြ ဆရာ၊ဆရာမ သစ်လွင်များအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်(၂၀)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ရာ မအူပင် တက္ကသိုလ် မှသရုပ်ပြဆရာများမှလက်ခံရယူခဲ့ပြီး ဆရာမတစ်ဦးမှကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ပြီးနောက် ပါမောက္ခချုပ်နှင့်ပါမောက္ခ(ဌာနမှူးများ)အားတွေ့ဆုံခဲ့ပြီး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှသက်ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါတယ်။ အဆိုပါတက္ကသိုလ်များတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမှာစကား ပြောကြားရာမှာ-“ဆရာ၊ဆရာမအနေနှင့် ပညာလည်းသင် ၊ လူကိုလည်းပြင်ရန် ဆရာ၊ ဆရာမများ၏ စွမ်းဆောင်ရည်နှင့် အရည်အသွေး မြင့်မားရေး ကြိုးစားကြရန် ၊ ဆရာ/ဆရာမများသည်စေတနာ၊ဝါသနာ၊အနစ်နာ နာသုံးနာဖြင့် ကျောင်းသား၊ ကျောင်းသူများကို သင်ကြားပေးကြရန်၊ကျောင်းသား၊ ကျောင်းသူများ၏ အတူယူစရာ စံနမူနာပြများ ဖြစ်စေရေး ဆရာကျင့်ဝတ်နှင့်အညီ ပြုမူနေထိုင်ကြရန်၊ဆရာ၊ဆရာမများသည် စာဖတ်နာသူများ ဖြစ်စေရေးဆောင်ရွက်ကြရန်၊ပညာဖြင့် အလှဆင်ပြီး ဂရုဏာထား၍ သင်ကြားသွားကြရန်နှင့် နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်သည့် ဆရာ၊ဆရာမများ ၊ဝန်ထမ်းကောင်းများဖြစ်ရေး ကြိုးစားသွားကြရန်" စသည်ဖြင့် ပြောကြားခဲ့ပါတယ်။ အဆိုပါတက္ကသိုလ်အသီးသီးတွင်ဖွင့်လှစ်မည့်သင်တန်းများ၏သင်တန်းကာလမှာနိုဝင်ဘာ ၈ ရက်နေ့မှဒီဇင်ဘာ ၃ ရက်နေ့အထိ ၄ ပတ်ကြာမြင့်မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။


Read More...
08-Nov-2021
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပုသိမ်မြို့ကိုးသိန်းအားကစားရုံ ပြင်ဆင်တည်ဆောက်နေမှအခြေအနေများနှင့် အထက (၆)တွင် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးနေမှုများအား သွားရောက်ကြည်ရှု
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လူမှုရေးရာဝန်ကြီးလိုက်ပါ၍ စက်တင်ဘာလ(၂၀)ရက်နေ့ နံနက်(၈း၃၀)အချိန်တွင် ပုသိမ်မြို့ကိုးသိန်းအားကစားခန်းမ အကြီးစားပြင်ဆင်နေမှု ၇၅%ပြီးစီးမှုအခြေအနေများနှင့် ဘောလုံးကွင်းပွဲကြည့်စင်သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေးခဲ့​ပြီး တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးမိုးကျော်လွင်၊ တာဝန်ခံအင်ဂျင်နီယာတို့ကလုပ်ငန်းများအား ရှင်းလင်းတင်ပြရာဝန်ကြီးချုပ်က ၂၀၂၁ခုနှစ် အောက်တိုဘာလအကုန် တည်ဆောက်ရေးလုပ်ငန်းအပြီးဆောင်ရွက်ရန်နှင့် ကိုဗစ်အလွန် အားကစားပြိုင်ပွဲံများကျင်းပပြုလုပ်ရန်လမ်းညွှန်မှာကြားပါသည်။ အဆိုပါ ကိုးသိန်းအားကစားပြိုင်ပွဲရုံကို ဧရာဝတီတိုင်ဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၀-၂၀၂၁ဘဏ္ဏာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် DeltaDeveloperColtdမှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်ပြီး လက်ရှိမှာ လုပ်ငန်း၇၅%ပြီးစီးပြီလို့သိရပါတယ်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့ အထက-၆ရှိ ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးစုရပ်သို့သွားရောက်ပြီး ကိုဗစ်ကာကွယ်ဆေးလာရောက်ထိုးနှံသူများအားရင်းရင်းနှီးနှီးအားပေးကြည့်ရှုခဲ့ကြောင်းသိရှိရပါသည်။ ပုသိမ်​မြို့ အထက(၆)တွင် အမှတ်၁၄ရပ်ကွက်မှ စာရင်းပေးသွင်းထာသူ အသက်၅၅နှစ်နှင့်အထက် (၄၀၀)ဦးအား ထိုးနှံပေးသွားမှာဖြစ်တယ်လို့သိရပါသည်။


Read More...
20-Oct-2021
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ ဖျာပုံ၊ ဒေးဒရဲ၊ မအူပင်၊ ညောင်တုန်း၊ ဟင်္သာတ မြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်၊ (၀၉၅၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဖျာပုံခရိုင်၊ ရတနာသိဒ္ဓိသာသနာ့ဗိမာန်တော်တွင် ကျင်းပပြုလုပ်သည့် ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်များတွင် ဝါကပ်သီတင်းသုံးတော်မူကြသော ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအတွက် ဆွမ်းဆန်တော်(၂၁၇၄)အိတ်၊ ဆီ(၄၉၆၆)ပိဿာ၊ ပဲ(၇၂၄၄)ပိဿာ၊ ဆား(၆၆၂၂)ပိဿာတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များမှ စုပေါင်းလှူဒါန်းသည့် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး နိုင်ငံတော်သြဝါဒါ စရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ၊ ဘဒ္ဒန္တဝေပုလ္လ၊ ထန်းပင်ကျောင်း ဆရာတော်ထံမှ အနုမောဒနာတရားတော်များနာယူကြည်ညိုပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္တုပစ္စည်းများနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ များ ဆက်ကပ်လှူဒါန်းခဲ့ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေးဒရဲမြို့နယ်ပြည်သူ့ ဆေးရုံသို့ရောက်ရှိ၍  oxygen concentrator (၂)လုံး၊ ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးများနှင့် ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေ(၅)သိန်းကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ ဆေးရုံအုပ် ဒေါက်တာဇော်ဝင်းနိုင်မှ လက်ခံခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက် ပေးနေသည့် ဒေးဒရဲမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်၊  လူသားချင်းစာနာမှုအကူ အညီပေးရေး ပရဟိတအဖွဲ့များအား PPE ဝတ်စုံများထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်မြို့သို့ရောက်ရှိ၍ မအူပင်မြို့၊ ဓမ္မာရုံရွှေကျင်ကျောင်းတိုက်၊ ငွေရတုဓမ္မဗိမ္မာန်တော်ကြီးတွင် ကျင်းပပြုလုပ်သည့် မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များတွင် ဝါကပ်သီတင်း သုံးတော်မူကြသော ဆရာတော်၊ သံဃာတော်များနှင့် သီလရှင် စုစုပေါင်း (၈၅၈၂)ပါး အတွက် ဆွမ်းဆန်တော်(၁၃၆၄)အိတ်၊ ဆီ(၁၈၈၉)ပိဿာ၊ ပဲ(၃၅၇၅)ပိဿာ၊ ဆား(၈၉၃)ပိဿာတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အလှူရှင်များမှ စုပေါင်းလှူဒါန်းသည့် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် မအူပင်မြို့၊ ပရိယတ္တိမင်းကျောင်းတိုက်၊ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ဉာဏိန္ဒာဘိဝံသ(အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ၊ မဟာဂန္တ ဝါစကပဏ္ဍိတ)ထံမှ  အနုမောဒနာတရားတော်များ နာယူကြည်ညိုပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ များ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိ၍ ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးများနှင့် ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေ(၅)သိန်းကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ ဆေးရုံအုပ် ဒေါက်တာစိုးလှိုင်ဦးမှ လက်ခံရယူခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့သို့ရောက်ရှိ၍ ဟင်္သာတမြို့၊ မြစ်ကွေ့ပရိယတ္တိစာသင်တိုက်၊ မြင်းပျံအလယ်တိုက်ကျောင်းကြီးတွင် ကျင်းပပြုလုပ်သည့် ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊ မြန်အောင်၊ ကြံခင်း၊ လေးမျက်နှာ၊ အင်္ဂပူ မြို့နယ်များတွင် ဝါကပ်သီတင်းသုံးတော်မူကြသော ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအတွက် ဆွမ်းဆန်တော်(၁၄၁၇)အိတ်၊ ဆီ(၂၁၈၁)ပိဿာ၊ ပဲ(၃၉၅၅)ပိဿာ၊ ဆား(၉၂၇) ပိဿာတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အလှူရှင်များမှ စုပေါင်းလှူဒါန်းသည့် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဟင်္သာတမြို့၊ ဘိုးသိန်းတန် ပရိယတ္တိစာသင်တိုက်၊ ပဓာနနာယကဆရာတော်  အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိသုဒ္ဓ မဟာထေရ်မြတ်ထံမှ  ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်  ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ များ ဆက်ကပ် လှူဒါန်းကာ  ဟင်္သာတမြို့၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ရွှေကြက်ယက်ပရိယတ္တိစာသင်တိုက်၊ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တအာစာရထံမှ အနုမောဒနာတရားတော်များနာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပါသည်။


Read More...
11-Sep-2021
ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းရှိ မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည့် သက်ကြီးလူမှုအားမာန်(ISHGS)အဖွဲ့များအား ထောက်ပံ့ငွေပေးအပ်သည့် အခမ်းအနားကျင်းပခြင်း
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်၊နံနက်(၁၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နော်သဝါး၊ ခရိုင်၊မြို့နယ်အဆင့်တာဝန်ရှိသူများ လိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ လူမှုဝန်ထမ်းရုံး၊ မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည့် လူမှုအားမာန်(ISHGS)အဖွဲ့များအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်း အနားကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီကျင်းပပြုလုပ်ခဲ့ပါသည်။  အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ လူမှုအားမာန်အဖွဲ့များအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး ပုသိမ်မြို့နယ် လူမှုအားမာန်အဖွဲ့ဥက္ကဋ္ဌ ဦးစောဘောမူဒိုက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လူမှုအားမာန်အဖွဲ့များမှ ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားပါသည်။ ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရှိပုသိမ်မြို့နှင့် ရွှေသောင်ယံမြို့အစရှိသော လူမှုအသင်းအဖွဲ့ပေါင်း(၂၄)ဖွဲ့ကို တစ်ဖွဲ့လျှင် (၁၀)သိန်းနှုန်း ဖြင့်ထောက်ပံ့ငွေ (ကျပ်သိန်းနှစ်ရာ့လေးဆယ်ကျပ်တိတိ) အားထောက်ပံပေးအပ်ခဲ့ရာသက်ဆိုင်ရာ တာဝန်ရှိသူများကလက်ခံရယူခဲ့ကြပြီးဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ဧရာဝတီတိုင်းဒေသကြီးအတွင်း လူမှုအားမာန်အဖွဲ့ပေါင်း(၆၃)ဖွဲ့ရှိရာ ကျန်ရှိသည့်အဖွဲ့များကို ဆက်လက်ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်းသတင်းရရှိပါသည်။


Read More...
07-Sep-2021