သတင်းများ
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တေရသမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့်ဆီ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြုအသင်းအား လမ်းညွှန်ဩဝါဒစကားပြောကြားခြင်းနှင့် အောင်နိုင်ရေးအလံပေးအပ်
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် တေရသမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့်ဆီ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ ၁၆ ရက်နေ့ နံနက်ပိုင်း၌ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့သည်။
Read More...
16-Jul-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြစ်ရေဝင်ရောက်သည့် မြို့၊ ရွာများတွင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှုစစ်ဆေး၊ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများမှ ရေဘေးရှောင်ပြည်သူများအား စားနပ်ရိက္ခာများထောက်ပံ့ပေးအပ်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဟင်္သါတမြို့နယ် ဖောင်ဆိပ်ကျေးရွာအနီးရှိ ဖြတ်တာ(၁-ဂ)နှင့် ဖြတ်တာ(၁-င) တာဝိုင်းအတွင်း ရေသွင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ တစ်ဦးမှဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာရှိ ဖြတ်တာ (၁-ဂ) သည် ဧရာဝတီမြစ် ကမ်းပြိုကမ်းစားရာတွင်ပါဝင်သွားနိုင်သဖြင့် ၎င်း၏ နောက်ဘက်မှ ဖြတ်တာ(၁-င) ကို တည်ဆောက်ပြီးဖြစ်ကြောင်း၊ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်၄၄ပေ အထက်ကျော်လွန်ရောက်ရှိလာပြီဖြစ်သဖြင့် ဖြတ်တာ (၁-ဂ)၏ ရှေ့ဘက်တွင် ကမ်းပြိုမှုဖြစ်ပွား နေပြီး မြစ်ရေအရှိန်ဖြင့် တိုးဝင်ခြင်းမရှိစေရန် တာဝိုင်းအတွင်းသို့ ဆိုင်ဖွန်ပိုက် ၅ ခု ဖြင့် ရေကြိုတင်ဖြည့်သွင်းသွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် မှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
Read More...
15-Jul-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြစ်ရေဝင်ရောက်သည့် မြို့၊ ရွာ များတွင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှုစစ်ဆေး၊ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများမှ ရေဘေးရှောင်ပြည်သူများအား စာနပ်ရိက္ခာများထောက်ပံ့ပေးအပ်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင်ဧရာဝတီမြစ်နှင့် ငဝန်မြစ်ကမ်းဘေးရှိမြို့ရွာများတွင် မြစ်ရေတက်ရောက်မှုနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ ငဝန်တာတမံနေရာများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက ကြိုတင်ကာကွယ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအသင့်စုဖွဲ့ထားရှိမှု၊ တာတမံများအရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှုအဆင့်များအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မြစ်ရေကြီးမှုနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ကြရန်၊ ကမ်းပြိုကမ်းထိန်းလုပ်ငန်းများ ဂရုပြုဆောင်ရွက်ကြရန်မှာကြားခဲ့သည်။
Read More...
15-Jul-2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် မြောင်းမြမြို့နယ်တွင် စံပြကွက်စပါးရိတ်သိမ်းခြင်းနှင့်ကောက်စိုက်စက်ဖြင့်မိုးစပါးစိုက်ပျိုးထားမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု၊ ၂၀၂၄ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော မိုးစပါးစိုက်တောင်သူများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားတက်ရောက်
Read More...
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်တို့လိုက်ပါလျက် ဇူလိုင်လ ၁၄ ရက်နေ့နံနက်ပိုင်းက မြောင်းမြမြို့နယ် မွေတော်ရှမ်းစုကျေးရွာရှိ တောင်သူဦးတင်ဖေ၏ လယ်မြေဧက(၁၀၀)စံပြကွက်တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း၊ ကောက်စိုက်သမဖြင့်ကြိုးတန်း လက်စိုက်စိုက်ပျိုးခြင်း၊ တောင်သူဦးတင်ထွေး၏လယ်မြေတွင် တတိယသီးနှံ စပါးရိတ်သိမ်းမှုအခြေအနေများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
Read More...
14-Jul-2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် မအူပင်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု့အားပေး
Read More...
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်တို့လိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ညောင်တုန်း၊ ပန်းတနော်မြို့နယ်များ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ကြည့်ရှုအားပေးခဲ့သည်။
Read More...
13-Jul-2024