သတင်းများ


၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ရိုးရာခြင်းလုံး၊ တိုက်ကွမ်ဒိုနှင့်ဘောလီဘောအသင်းများ၏ သရုပ်ပြပွဲအား ကြည့်ရှုအားပေး
၂၀၂၂ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီးအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုရိုးရာခြင်းလုံး ၊ တိုက်ကွမ်ဒိုနှင့် ဘောလီဘောအသင်းများ၏ သရုပ်ပြပွဲအား ယနေ့နံနက် ၉ နာရီအချိန်က ပုသိမ်မြို့ ကိုးသိန်းအားကစားရုံ၌ ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၊ အစိုးရအဖွဲ့ဝင်များနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက ပြည်နယ်နှင့် တိုင်းဒေသကြီးအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ရိုးရာခြင်းလုံး ၊ တိုက်ကွမ်ဒိုနှင့် ဘောလီဘောအသင်းများမှ ပြိုင်ပွဲဝင်အားကစားသမားများနှင့် မိတ်ဆက်ပေးပြီး တိုင်းဒေသကြီးကိုယ်စားပြု မြန်မာ့ရိုးရာခြင်းလုံးခတ် အမျိုးသား ၊ အမျိုးသမီးအသင်းက သရုပ်ပြဝိုင်းဖွဲ့ခတ်ကစားခြင်း ၊ တိုက်ကွမ်ဒိုအသင်းမှ အမျိုးသား ၊ အမျိုးသမီး အတွဲလိုက်ပြိုင်ပွဲဝင်ပုံစံကကွက် ပြသခြင်း၊ အမျိုးသား အတိုက်စွမ်းရည် ပြသခြင်းများနှင့် အမျိုးသား ၊ အမျိုးသမီး ဘောလီဘောအသင်းများက သရုပ်ပြကစားမှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။ ၂၀၂၂ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီးအားကစားပြိုင်ပွဲများသို့ ဧရာဝတီတိုင်းဒေသကြီးမှ  မြန်မာ့ရိုးရာခြင်းလုံးအသင်းတွင် အမျိုးသား ၊ အမျိုးသမီး ၂၀ ဦး၊ တိုက်ကွမ်ဒို အသင်းတွင် အမျိုးသား ၊ အမျိုးသမီး ၂၃ ဦးနှင့် ဘော်လီဘောအသင်းတွင် အမျိုးသား ၊ အမျိုးသမီး ၃၀ ဦး စုစုပေါင်း ၇၃ ဦးနှင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရပါသည်။


Read More...
07-Jun-2022
သစ်စိမ်း​မြေသြဇာ (ပိုက်ဆံ​လျှော်) ထည့်သွင်းထွန်ယက်ခြင်းနှင့် နေကြာမျိုးစေ့ထုတ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ကြည်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယနေ့ ဇွန်လ ၆ ရက်နေ့တွင် ဇလွန်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာ​ တောင်သူဦးရွှေထူး၏ လယ်​မြေ(၁၀)ဧကတွင် ၂၀၂၂ မိုးစပါးစိုက်ပျိုးရန်အတွက် သစ်စိမ်း​မြေသြဇာ (ပိုက်ဆံ​လျှော်) ထည့်သွင်းထွန်ယက်ခြင်းကို ကြည်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များ ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီမြေသြဇာများ ပြန်လည်ကောင်းမွန်လာမှာဖြစ်ပါကြောင်း၊ စပါးအတွက်လိုအပ်သော အာဟာဓာတ်များ များစွာပါဝင်ပါကြောင်း၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များထည့်သွင်းစိုက်ပျိုးခြင်းဖြင့်မြေဆီလွှာများပြန်လည်ကောင်းမွန်လာပြီး ဓာတ်မြေသြဇာသုံးစွဲမှုများကိုလျှော့ချပေးနိုင်မှာဖြစ်ပါကြောင်းနှင့် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များစိုက်ပျိုးခြင်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက်  အင်္ဂပူမြို့နယ်၊ ဘုရားငုတ်တိုကျေးရွာ၊ တောင်သူ ဦးအောင်မြင့်စိန်၏ ယာမြေ ၂ ဧကတွင် ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ မိုးရာသီနေကြာမျိုးစေ့ထုတ်စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲတက်ရောက်ခဲ့ပြီး ဆင်းရွှကြာ(၂)နေကြာမျိုးများအား တောင်သူများမှ တန်းကြား၂ ပေ၊ ပင်ကြား ၉ လက်မဖြင့် စနစ်တကျစိုက်ပျိုးနေ မှုများအားကြည့်ရှုအားပေးခဲ့သည်။ ထို့အတူ မြန်အောင်မြို့နယ်၊ အင်ပင်အမှတ်(၃) ရပ်ကွက်၊ တောင်သူဦး မောင်ဆန်း၊ ဦးကြည်ဝင်း၊ ဦးမြင့်ကျော်တို့၏ ယာမြေ ၇ ဧကတွင် ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ မိုးရာသီနေကြာမျိုးစေ့ထုတ်စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲတက်ရောက်ခဲ့ပြီး ဆင်းရွှကြာ(၂)နေကြာမျိုးများအား တောင်သူများမှ တန်းကြား၂ ပေ၊ ပင်ကြား ၉ လက်မဖြင့် စနစ်တကျစိုက်ပျိုးနေ မှုများအားကြည့်ရှုအားပေးခဲ့သည်။ အဆိုပါစိုက်ပျိုးပွဲများတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ နေကြာမျိုးစေ့ထုတ်စိုက်ပျိုးခြင်းအား ဖြစ်ထွန်းအောင်ကြိုးပမ်းဆောင်ရွက်ကြလိုပါကြောင်း၊ ဆောင်းရာသီတွင်နေကြာ စိုက်ဧကများ ပြည့်ဝစေရေးဆောင်ရွက်ရမှာဖြစ်ကြောင်း၊ သွင်းအားစုများ၊ စိုက်ပျိုးစရိတ်ချေးငွေများ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် စားသုံးဆီဖူလုံစေရေးအတွက် နေကြာသီးနှံ  အောင်မြင်စွာစိုက်ပျိုးထုတ်လုပ်နိုင်ရေး တောင်သူများ၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီမှ ပူးပေါင်းဆောင်ရွက်ကြရန်ပြောကြားခဲ့သသည်။


Read More...
06-Jun-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အင်္ဂပူမြို့နယ်အတွင်းရှိ ကျောင်း​ဆောင်သစ်များအား တက်ရောက်ဖွင့်လှစ်ပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယနေ့ ဇွန်လ ၆ ရက်နေ့တွင် ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ခြောက်ရွာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (၁၂၀×၃၀) RC (၂) ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲတက်ရာက်၍ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့အတူ ကျားသေကျေးရွာ အခြေခံပညာမူလတန်းကျောင်း (၁၂၀ပေ×၃၀ပေ × PL ၆ပေ) RC (၁) ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲတက်ရာက်၍ အခမ်းအနားအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းဆောင်သစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသားကျောင်းသူများအေးချမ်းပျော်ရွှင်စွာပညာသင်ကြားနိုင်စေရေး၊ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာစေရေးနှင့် ကိုဗစ်၁၉ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များအားစနစ်တကျလိုက်နာဆောင်ရွက်စေရေးမှာကြားခဲ့သည်။


Read More...
06-Jun-2022
ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်း (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကျင်းပ
ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်း (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်သင်တန်းကျောင်းတွင်ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များနှင့် သင်တန်းသူသင်တန်းသားများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမှာစကားပြောကြားရာတွင် ကိုဗစ်၁၉ ရောဂါတွေ့ရှိမှုများ လျော့နည်းလာပြီဖြစ်၍ ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်း(၁/၂၀၂၂)ကို ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း မိုးရာသီကာလများတွင် မုန်တိုင်းဘေး၊ ရေဘေး၊ လေဘေးစသည့်ဘေးအန္တရာယ်များ ကြုံတွေ့ရလေ့ရှိသဖြင့် ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုပါကြောင်း၊ မတ်လအတွင်းဝင်ရောက်ခဲ့သည့် မုန်တိုင်းဒဏ်ခံရမှုနှင့်ပတ်သက်၍  မုန်တိုင်းမကျရောက်မီကြိုတင်ပြင်ဆင်ခြင်းအနေဖြင့် ကော်မတီများဖွဲ့စည်း၍  သက်ဆိုင်ရာဝန်ကြီးများအား တာဝန်များခွဲဝေသတ်မှတ်ပေးခဲ့ပါကြောင်း၊ ရပ်ကွက်၊ ကျေးရွာများအထိ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များနှင့် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးသတိပေးနှိုးဆော်ခြင်းများအား အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ခဲ့ပါကြောင်း၊ မုန်တိုင်းကျရောက်စဉ်နှင့် ကျရောက်ပြီးချိန်များတွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးလုပ်ငန်းများကိုလည်း နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် အဓိကကျပြီး အားလုံးပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်များကို အောင်မြင်စွာကျော်ဖြတ်နိုင်မှာဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ဖြစ်စဉ်များနှင့်ပတ်သက်၍ အားနည်းချက်၊ အားသာချက်များကို သုံးသပ်လေ့လာဖော်ထုတ်၍ ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရေး စီမံချက်များရေးဆွဲပြီး နောက်ဆုံးအခြေအနေနှင့် ကိုက်ညီသည့်စီမံချက်များဖြစ်စေရေး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးဝိုင်းဝန်းဆွေးနွေးဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးပြည်နယ်အသီးသီးမှ လာရောက်ကြသည့်သင်တန်းသူသင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချမှုများအား စနစ်တကျလေ့လာမှတ်သားကြပြီး မိမိတို့ဒေသ၊ဌာနဆိုင်ရာများတွင် အကျိုးရှိစွာ ပြန်လည်မျှဝေဆောင်ရွက်ပေးကြကာ သဘာဝဘေး အန္တရာယ်များအား ကူညီကာကွယ်ဆောင်ရွက်နိုင်ပါစေကြောင်းပြောကြားခဲ့ပါတယ်။ ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ သင်တန်းဖွင့်လှစ်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများ၊ သင်တန်းသူသင်တန်းသားများနှင့် မှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်း(၁/၂၀၂၂)ကို ဇွန်လ ၆ ရက်နေ့မှ၁၇ ရက်နေ့အထိ ၁၂ ရက်ကြာဖွင့်လှစ်သင်ကြားသွား မှာဖြစ်ပြီး သင်တန်းသားသင်တန်းသူ (၅၇)ဦးတက်ရောက်လျက်ရှိဝည်။


Read More...
06-Jun-2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ၂၀၂၂ခုနှစ် စိုက်ပျိုးရေးဒီပလိုမာ (ပထမနှစ်) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယနေ့ ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးသိပ္ပံ (မြောင်းမြ) မြကျွန်းရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၂ခုနှစ် စိုက်ပျိုးရေးဒီပလိုမာ (ပထမနှစ်) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတက်ရောက်ခဲ့သည်။ ရှေးဦးစွာ သင်တန်းသားသင်တန်းသူများမှ "အလှပန်းအစဉ်ဖြာဝေ" ကျောင်းသီချင်းဖြင့် စတင်သီဆိုဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် မောင်မယ်သစ်လွင် ယများအနေဖြင့် (၃)နှစ်တာ ပညာဆည်းပူးလေ့လာပြီးပါက စိုက်ပျိုးရေးဒီပလိုမာရရှိကြမည်ဖြစ်ပြီး အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်များဖြစ်လာကြမှာဖြစ်ကြောင်း၊ မောင်မယ်တို့တွေဟာ ခေတ်မီတဲ့ စိုက်ပျိုးရေးနည်းပညာများကို တောင်သူများဆီ အရောက်ဖြန့်ဝေပေးကြရမှာဖြစ်ပြီး တောင်သူများ၏လူမှုစီးပွားဘဝ မြင့်မားလာစေရေး မြှင့်တင်ဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်သည့်အတွက် မောင်မယ်တို့အနေဖြင့် စိုက်ပျိုးရေးနှင့်ပတ်သက်၍ အလွယ်တကူလက်တွေ့ကွင်းဆင်းဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊  ပညာသင်စဉ်ကာလတစ်လျှောက် ကျောင်းတော်ကြီးမှ ချမှတ်ထားသော စည်းကမ်းများကို တိကျစွာလေးစားလိုက်နာကြပြီး ပညာထူးချွန်၍ နိုင်ငံတော်အတွက် အားထားရသော စိုက်ပျိုးရေးပညာရှင်များဖြစ်လာစေရေး ကြိုးစားကြရန်မှာကြားခဲ့သည်။ ထို့နောက်  စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ဆရာမကြီးမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စိုက်ပျိုးရေးသိပ္ပံ မြောင်းမြနှင့် ၂၀၁၉-၂၀၂၂ ပညာသင်နှစ်၊ ၂၀၂၂ ခုနှစ် ဒုတိယနှစ်သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့သည်။ ထို့နောက် ကျောင်းသားကျောင်းသူများမှ ဖျော်ဖြေတင်ဆက်မှုများကိုကြည့်ရှုအားပေးခဲ့ပါသည်။ ၂၀၂၂ခုနှစ် စိုက်ပျိုးရေးဒီပလိုမာ (ပထမနှစ်)တွင် ကျောင်းသားကျောင်းသူ ၁၁၄ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိပါတယ်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ တောင်ဒီးကျေးရွာအုပ်စု၊ ဇလပ်ကွင်းကျေးရွာ ဦးခင်မောင်ဝင်း၏ အသားတိုး ကြက်မွေးမြူရေးခြံသို့ သွားရောက်ခဲ့ပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် တိုင်းဒေသကြီး ဦးစီးမှူးတို့မှ အသားတိုးကြက်မွေးမြူမှုအခြေအနေများ၊ သဘာဝကြက်ချေးနှင့် သစ်ဆွေးမြေသြဇာထုတ်လုပ်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စာရင်းဇယားအချက်အလက်များမှန်ကန်မှုရှိစေရေး၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးနှင့်စနစ်တကျမွေးမြူဆောင်ရွက်စေရေး မှာကြားခဲ့ပြီး ကြက်ခြံများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။


Read More...
05-Jun-2022