နောက်ဆုံးရသတင်းများ


၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်မေသန်းဦးသည် တိုင်းဒေသကြီးသစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ဟင်္သာတခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးတို့နှင့်အတူ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်ရှိ ကွင်းကောက်ပျိုးဥယျာဉ်သို့ သွားရောက်ကာ ပျိုးပင်များ ပျိုးထောင်ထားရှိမှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။


Read More...
15-Oct-2026

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင် သည် ၁၄-၁၀-၂၀၂၆ နေ့တွင် ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးရုံးအစည်းအဝေးခန်းမ၌ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ လေးမျက်နှာမြို့နယ်များမှ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ မိုးစပါးစိုက်ပျိုးပီးစီးမှု၊ နွေစပါးလျာထားစိုက်ဧက၊ ဆောင်းဆီထွက်သီးနှံများလျာထားစိုက်ဧကပြည့်မှီရေး၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိမည့်အခြေအနေများကိုဆွေးနွေးညှိနှိုင်းမှာကြားခဲ့ပီး ဟင်္သာတမြို့နယ် ခေါင်းဆေးကျွန်းကျေးရွာမှ ဆောင်းဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများနှင့်တွေ့ဆုံပြီး တောင်သူများ၏ တင်ပြချက်များအပေါ်ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့၍ ဒေသခံတောင်သူကြီးများ၏ ပဲပုပ်နှင့် ငရုပ်စိုက်ခင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ကူညီဆောင်ရွက်ပေးခဲ့ပါသည်။


Read More...
14-Oct-2026

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ ကာကွယ် ထိန်းသိမ်းမှုလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိရာ တမံအောက်ပိုင်း အိလျောကျမှုအား ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် တမံ အောက်ခြေ ဆင်ခြေလျော၏ အပြင်ဘက်မှ မြေသားတမံပုံစံ တမံအောက်ခြေထောက်ခြင်းအား မြေတူးစက် (၄) စီး၊ မြေထိုးစက် (၃) စီး၊ မြေသယ်ယာဉ် (၇) စီးတို့ဖြင့် ဆောင်ရွက်နေခြင်း၊ မြေသားတမံအား ပိုမိုအားဖြစ်စေရန်အတွက် မြေသားတမံပုံစံ၏ နောက်ဘက်တွင် ရေစစ် ကျောက်ရိုး (Rock Toe) ကို အလျား ၅၅၀ ပေ၊ အောက်ခြေပျမ်းမျှအကျယ် ၂၆ ပေ၊ ထိပ်ဝ အကျယ် ၆ ပေ၊ ပျမ်းမျှအမြင့် ၁၀ ပေ ထည့်သွင်းတည်ဆောက်ရန် စက်ယန္တရားများ၊ လူအင်အားများဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်နေခြင်း တမံရေအမြန်ဆုံးလျှော့ချနိုင်ရေးအတွက် တမံရေထုတ်ပြွန်မှ ရေလျှော့ချ နေသကဲ့သို့ အရေးပေါ်ရေပိုလွှဲအား မြေတူးစက် (၁)စီး၊ မြေထိုးစက် (၁)စီး၊ ကျောက်ဖောက်စက် (၁)စီးတို့ဖြင့် နှိမ့်ချ၍ရေလျှော့ချဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်တို့က ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ မမြရေလှောင်တမံ တမံအိလျောမှုအား ကာကွယ်ထိန်းသိမ်းမှုလုပ်ငန်း များတွင် ပါဝင်ကူညီကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို ဒံပေါက်၊ ရေဓာတ်အားဖြည့်အချိုရည်များနှင့် သောက်ရေသန့်များ ပေးဝေခဲ့သည်။


Read More...
14-Oct-2026