နောက်ဆုံးရသတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် သီတင်းကျွတ် ပျော်ပွဲရွှင်ပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ သီတင်းကျွတ်ပွဲတော် ပျော်ပွဲရွှင်ပွဲကို ယခုလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ၃ ရက် တိုင်တိုင်ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းတာဝန်များကိုလည်း ကော်မတီများအလိုက် ချမှတ်ပေးထားပြီးဖြစ်ပါကြောင်းနှင့် လိုအပ်သည်များကိုလည်း ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကော်မတီများအနေဖြင့်လည်း မိမိတို့ကော်မတီများအလိုက် ဆောင်ရွက်မည့်လုပ်ငန်းများကို အသေးစိတ် တင်ပြဆွေးနွေးပေးကြရန်” ပြောကြားသည်။


Read More...
20-Oct-2026

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၆)အစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ ရင်းနှီးမြှုပ်နှံမှု ကော်မတီဝင် ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။


Read More...
20-Oct-2026

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်သည့် ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်း လုပ်ငန်းစတင်ဆောင်ရွက်ခြင်းအခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများ၊ နှီးနွယ်ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့ အစည်းများက မိဘပြည်သူများထံ ဆေးထိုးစုရပ်နှင့်အချိန်ဇယားများ မှန်ကန်စွာရောက်ရှိရေး၊ သတင်းစကားများ အသိပေးနိုင်ရေးနှင့် ဆေးထိုးရန်ကျန်ရှိသော ကလေးများအားရှာဖွေ၍ ထိုးနှံပေးနိုင်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက် ပေးကြရန်လိုပါကြောင်း၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ယခုဆောင်ရွက်မည့် ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်း လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ကြပါစေကြောင်း ” ပြောကြားခဲ့သည်။


Read More...
19-Oct-2026