ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ မြို့များတွင် အုပ်စု (၄) အုပ်စု ခွဲ၍ (၂) နာရီ ဓာတ်အားရ (၆) နာရီ ဓာတ်အားပြတ်အစီအစဉ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်ပါကြောင်း

မိဘပြည်သူများသို့အသိပေးပန်ကြားချက်

၂၀၂၆ အောက်တိုဘာ ၄

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် ဝန်အားမလုံလောက်ခြင်းများကြောင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မဂ္ဂါဝပ်ခွဲတမ်းများခွဲ၍ဝန်အားမျှခြင်းဖြင့် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါသည်။ ယခုအချိန်တွင် မုတ်သုန်ထွက်ခွာ၍ မိုးရာသီ ကုန်ဆုံးသွားပြီဖြစ်၍ ရေအားလျှပ်စစ်စက်ရုံများ အယ်နီညို အကျိုးသက်ရောက်မှုရှိနိုင်ပါသဖြင့် ဆည်ရေဝင်ရောက်မှုနှင့်အညီ စတင်ထိန်းညှိမောင်းနှင်လျက်ရှိခြင်း၊ LNG စက်ရုံများ ထိန်းညှိမောင်းနှင်လျက်ရှိခြင်း၊ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု မတည်ငြိမ်ခြင်း၊ ရာသီဥတုအပူချိန် ပြောင်းလဲမှုနှင့်အတူ ဖီဒါများ၏ ပုံမှန်လျာထားသုံးစွဲဝန်အား ပမာဏသည် ပမာဏပြောင်းလဲလျက်ရှိခြင်း စသည်တို့ကြောင့် ဓာတ်အားစနစ် Frequency တည်ငြိမ်မှုရှိစေရန် ထိန်းညှိမောင်းနှင်ရခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု(မဂ္ဂါဝပ်) လျော့နည်းသွားမည်ဖြစ်ပါ၍ တိုင်းဒေသကြီး/ပြည်နယ်များတွင် ယခင်ရရှိသည့် မဂ္ဂါဝပ်ခွဲတမ်းအောက် လျော့နည်းရရှိမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ မြို့များတွင် လျော့ချသုံးစွဲရမည့် ဝန်အားများအတိုင်း Plan Load Shed ဖြင့် ဓာတ်အားဖြန့်ဖြူးပေးရမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ မြို့များတွင် အုပ်စု (၄) အုပ်စု ခွဲ၍ (၂) နာရီ ဓာတ်အားရ (၆) နာရီ ဓာတ်အားပြတ်အစီအစဉ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးမည် ဖြစ်ပါကြောင်း မိဘပြည်သူများ သိရှိနိုင်ပါရန်တင်ပြအပ်ပါသည်။

04-Oct-2026