သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ဒေးဒရဲ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင် သည် ၁၈.၁ဝ.၂ဝ၂၆ နေ့ နေ့လယ်ပိုင်းတွင် ဖျာပုံမြို့နယ် ဆည်မြောင်းဧည့်ရိပ်သာ၌ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ဒေးဒရဲ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များနှင့်တွေ့ဆုံ၍ ဇင်းဘောင်ကျွန်းပတ်တာဆောင်ရွက်နိုင်မှုအခြေအနေများကြောင့်နွေစပါးစိုက်ဧကများတိုးတက်လာမည့်အခြေအနေများ၊၂၀၂၆ -၂၀၂၇ နွေစပါးလျာထားဧက ပြည့်မှီရေး၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိစေရေး၊ အရည်အသွေး ကောင်းမွန်စွာထွက်ရှိနိုင်ရေးစသည့်အခြေအနေများအားဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။


Read More...
18-Oct-2026
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦး မအူပင်မြို့သန့်ရှင်းသာယာလှပရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေး ကွင်းဆင်းစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးသည် တိုင်းဒေသကြီး လွှတ်‌တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင်နှင့် ခရိုင်၊ မြို့နယ်သက်ဆိုင်ရာဌာနအကြီးအကဲများလိုက်ပါ၍ မအူပင်မြို့ သန့်ရှင်းသာယာ လှပစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ မအူပင်တက္ကသိုလ်ဝန်းအတွင်းအပြင် သန့်ရှင်း သာယာလှပစေရေးနှင့် စိုက်ပျိူထုတ်လုပ်မှုတိုးတက်မြင့်မားစေရေး ယနေ့နံနက် ၈ နာရီက ကွင်းဆင်းစစ်ဆေးသည်။


Read More...
18-Oct-2026
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦး သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းလွှဲပိုင်းက ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာအုပ်စုရှိ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေးစင်တာ၌ ဆီထွက်သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်သည်။


Read More...
18-Oct-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် နိုင်ငံတကာပြိုင်ပွဲများနှင့် ၂၀၂၆ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများအား ဂုဏ်ပြုဆုများချီးမြှင့်
နိုင်ငံတကာပြိုင်ပွဲများနှင့် တိုင်းဒေသကြီး/ပြည်နယ်အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ဆုများချီးမြှင့်ခဲ့သည်။


Read More...
18-Oct-2026
ရေဘေးသင့်ဒေသပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်းနှစ်ထောင့် နှစ်ဆယ့်ခုနှစ်သိန်းခုနှစ်သောင်းသုံးရာခြောက်ဆယ်ရှစ်ကျပ်ခန့် တန်ဖိုးရှိသော ပစ္စည်းများနှင့် လှူဒါန်းငွေကျပ် သိန်းသုံးရာတိတိအား ပေးအပ်လှူဒါန်း
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်သည့် International First Grade ကုမ္ပဏီလီမိတက်မှ ရေဘေးသင့်ဒေသပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်းနှစ်ထောင့် နှစ်ဆယ့်ခုနှစ်သိန်းခုနှစ်သောင်းသုံးရာခြောက်ဆယ်ရှစ်ကျပ်ခန့် တန်ဖိုးရှိသော ပစ္စည်းများနှင့် လှူဒါန်းငွေကျပ် သိန်းသုံးရာတိတိအား ပေးအပ်လှူဒါန်းရာ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး၊ လူမှုရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးခဲ့ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


Read More...
18-Oct-2026