အသိပေးကြေညာချက်

၁။ ရောဝတီတိုင်းဒေသကြီး အနောက်ဘက်ကမ်းခြေဒေသများဖြစ်သည့် ရွှေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင်၊ ဂေါ်ရင်ဂျီ၊ ဟိုင်းကြီး အပါအဝင် ရောဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် တည်ရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကိုဥပဒေနှင့်အညီ လျှောက်ထားရယူခြင်းမရှိဘဲ မိမိတို့၏သဘောဖြင့် နယ်နိမိတ်သတ်မှတ်၍ ခြံခတ်ခြင်း၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း၊ တစ်ဆင့်ပြန်လည်ရောင်းချခြင်းတို့ကို ဆောင်ရွက်ပါက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေအရ ကျူးလွန်ဆောင်ရွက်ခြင်းဖြစ်ပါသည်။

၂။ ထိုသို့ကျူးလွန်ဆောင်ရွက်သူများအား မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၃)ပါ သတ်မှတ်ကာလအတွင်းလျှောက်ထားခြင်းမရှိဘဲ မြေလွတ်၊ မြေလပ်နှင့်ဖြေရိုင်းများအပေါ်တွင် ရယူလုပ်ကိုင်အသုံးပြုလျှင်သော်လည်းကောင်း၊ ယင်းသို့ လျှောက်ထားသည့်အခါ ဗတိုတော်မတီ သို့မဟုတ် သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီက ခွင့်ပြုရန်မသင့်သည့်အတွက် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းပေါ်မှ ထွက်ခွာဖယ်ရှားစေရန် ညွှန်ကြားသည့်အမိန့်ကို မလိုက်နာဘဲ ဆက်လက်ရယူအသုံးပြုလျှင်သော်လည်းကောင်း ဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ပါသည်။

၃။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများပေါ်တွင် ခွင့်ပြုမိန့်မရှိဘဲ ဝင်ရောက် ကျူးကျော်နေထိုင်ခြင်း၊ ဝင်ရောက်ကျူးကျော်လုပ်ကိုင်ခြင်း၊ ဗဟိုကော်မတီနှင့် တိုင်းဒေသကြီးစီမံခန့်ခွဲရေးကော်မတီတို့၏ ခွင့်ပြုမိန့်မရရှိဘဲ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို အသုံးပြုသူမည်သူမဆို မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ၂၇ နှင့် ပုဒ်မ၂၇-က ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

~~~~~~~~~~~~~~~~~~

၂၇။ မည်သူမဆို အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက် မပိုသော ထောင် ဒဏ်ဖြစ်စေ၊ ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

(က) ဤဥပဒေနှင့်အညီ ခွင့်ပြုမိန့်မရှိဘဲ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများပေါ်တွင် ဝင်ရောက် ကျူးကျော် နေထိုင်ခြင်းသို့မဟုတ် ဝင်ရောက်ကျူးကျော် နေထိုင်စေခြင်း၊ ဝင်ရောက်ကျူးကျော်လုပ်ကိုင်ခြင်း သို့မဟုတ် ဝင်ရောက် ကျူးကျော်လုပ်ကိုင်စေခြင်း၊

(ခ) ဤဥပဒေအရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူ သို့မဟုတ်ယင်း၏ ကိုယ်စားလှယ်၏သဘောတူ ခွင့်ပြုချက်မရရှိဘဲ အဆိုပါမြေလွတ်၊ မြေလပ် နှင့်မြေရိုင်းများပေါ်တွင်ဝင်ရောက်ကျူးကျော်လုပ်ကိုင်ခြင်း။

၂၇-က။ ဗဟိုကော်မတီ၏ ခွင့်ပြုမိန့်မရရှိဘဲ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အသုံးပြုသူ မည်သူမဆို ပုဒ်မ ၂၊ ပုဒ်မခွဲ (ခ)၊ပုဒ်မခွဲငယ် (၃)ပါ ပြဌာန်းချက်ကို ဖေါက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်ငါးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးကိုဖြစ်စေ ချမှတ်ရမည်။

မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ

ရောဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့

 

06-Oct-2026