သတင်းများ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်အောင်နိုင်ရေးအကြိုညှိနှိုင်းအစည်းအဝေးတက်ရောက်
Read More...
၂၀၂၄ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်နိုင်ရေးအကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆုရအားကစား သမားများတက်ရောက်ခဲ့ကြသည်။
Read More...
29-Aug-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်)ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Read More...
(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယခုလ ၂၇ ရက်နေ့ ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေး နာယက တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။
Read More...
28-Aug-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ခုနှစ်၊ မိုးစပါးရေကြီးနစ်မြုပ်တောင်သူများအား မျိုးစပါးဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးခဲ့သည့် လယ်များအတွက် မျိုးစပါးနှင့် မြေသြဇာများကို နည်းလမ်းအသွယ်သွယ်ဖြင့် အချိန်မီကုစားနိုင်ရေးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်းကျေးရွာအုပ်စု၌ ပြုလုပ်သည့် ၂၀၂၄-၂၀၂၅ခုနှစ်၊ မိုးစပါးရေကြီးနစ်မြုပ်တောင်သူများအား မျိုးစပါးနှင့် ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ မျိုးစပါးနှင့် ဓာတ်မြေဩဇာများထောက်ပံ့ပေးအပ်ခဲ့သည်။
Read More...
27-Aug-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် စိုက်ပျိုးလုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းလုပ်ငန်းညှိုနှိုင်းအစည်းအဝေးတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်း လုပ်ငန်းညှိုနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းကပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးစိုက်ပျိုးလုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဝင် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
Read More...
26-Aug-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း စက်ပါလက်ဆွဲကောက်စိုက်စက်၊ စက်မပါလက်ဆွဲကောက်စိုက်စက်နှင့် လက်ထိုးလက်ဆွဲကောက်စိုက်စက်များဖြင့်စိုက်ပျိုးနေမှုများကိုကြည့်ရှုအားပေး
Read More...
စက်မှုလယ်ယာဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)နှင့် ပုသိမ်စက်မှုဇုန်တို့ ပူးပေါင်းထုတ်လုပ်သည့် (စက်ပါ) ခြောက်တန်းသွားလက်ဆွဲကောက်စိုက်စက်၊ (စက်မပါ) ခြောက်တန်းသွားလက်ဆွဲကောက်စိုက်စက်နှင့် လေးတန်းသွားလက်ထိုးလက်ဆွဲကောက်စိုက်စက်များ ဖြင့် ပုသိမ်မြို့နယ်၊ တွန်ပလွန်ကျေးရွာအုပ်စုရှိ တောင်သူဦးဝင်းမြင့်လှိုင်၏ လယ်ဧကတွင်စမ်းသပ်စိုက်ပျိုးနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယခုလ (၂၅)ရက်နေ့ ညနေပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
Read More...
26-Aug-2024