သတင်းများ
တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သော မိုးစပါးစိုက်တောင်သူများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားတက်ရောက်၊ Myanmar National League 2024-2025 အမှတ်ပေးဘောလုံးပြိုင်ပွဲ ဧရာဝတီယူနိုက်တက်အက်ဖ်စီနှင့် ရတနာပုံအက်ဖ်စီတို့၏ ယှဉ်ပြိုင်ကစားနေမှုများကိုကြည့်ရှုအားပေး
Read More...
၂၀၂၄ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရတ်ပုံငွေဖြင့်ဆောင်ရွက်သော မိုးစပါးစိုက်တောင်သူများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ဇူလိုင်လ ၇ ရက်နေ့ မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်တန်ခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တောင်သူများတက်ရောက်ခဲ့ကြသည်။
Read More...
07-Jul-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ခရိုင်၊ မြို့နယ်ကျောင်းများနှင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအားဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်
Read More...
၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ခရိုင်၊ မြို့နယ်ကျောင်းများနှင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအားဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၆ ရက်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Read More...
06-Jul-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင်းစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဌာနဆိုင်ရာများနှင့် ပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများနှင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၆ ရက်နေ့နံနက်ပိုင်းက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ်ဝန်းအတွင်းရှိ နန္ဒဆောင်နှင့်တေဇဆောင်တို့တွင် ဌာနဆိုင်ရာများနှင့်ပြည်သူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းများကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရေးကိုလည်း အလေးထားလိုက်နာ ဆောင်ရွက်သွားရန်မှာကြားခဲ့သည်။
Read More...
06-Jul-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒုတိယအကြိမ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်သည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့သည်။
ဦးစွာ အခမ်းအနားကို ကျုံပျော်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက“ထိန်းသိမ်းစို့လေစာပေအမွေ” သီချင်းဖြင့်သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးတွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဒုတိအကြိမ် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည့်ပွဲတော်လည်း ဖြစ်ပါကြောင်း၊ ယုခုပြုလုပ်သည့်ပွဲတော်တွင် ကျောင်းသား၊ ကျောင်းသူများပျော်ရွှင်စွာပါဝင်ဆင်နွှဲနေသည့်အတွက် ဝမ်းသာဂုဏ်ယူရပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ရှင်သန်ခိုင်မာနေသည့် စာကြည့်တိုက် (၃၂၃)တိုက်ရှိပါကြောင်းနှင့် ယခုထက်ရှင်သန်ခိုင်မာအောင်ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများစာပေလေ့လာဖတ်ရှုနိုင်ရန် စာကြည့်တိုက်များပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ စာအုပ်စာပေများသည်လည်း စုံလင်စွာထားရှိပေးရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကိုယ်ပိုင်ကျောင်းများအပါအဝင် စုစုပေါင်းကျောင်းပေါင်း(၇၂၉၀)ရှိပြီး ယခုနှစ်ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ (၁၁)သိန်း လေးသောင်းကျော် အပ်နှံတက်ရောက်လျက်ရှိပြီး မျှော်မှန်းအင်အားထက် ပိုမိုတက်ရောက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးတွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် စာသင်ဝိုင်း(၁၇၇၁)ဝိုင်းတွင် စာသင်သား (၂၅၀၁၆)ဦးအား နာရီပေါင်း (၁၂၀)ကြာ အရေး၊ အဖတ်၊ အတွက်များကို သင်ကြားပို့ချပေးခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိစာကြည့်တိုက်များ လည်ပတ်နိုင်ရေးအတွက် မိမိတို့အားလုံး ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်းနှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်အောင်လည်း ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း” တိုက်တွန်းအမှာစကားများပြောကြားပြီး ကျုံပျော်ခရိုင်အတွင်းရှိ စာကြည့်တိုက် (၉)တိုက်အတွက် ငွေကျပ်(၂၇)သိန်းနှင့် စာအုပ်စာစောင် (၂၂၂၃)အုပ်ကို လှူဒါန်းပေးအပ်ရာ ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လက်ခံရယူခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ သူလေးများ၏ တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးက ကပြဖျော်ဖြေခဲ့သော အကအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ ခရိုင်ပညာရေးမှူးကလက်ခံရယူခဲ့ ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံများပြခန်း၊ စာအုပ်စာစောင်များပြခန်းများတွင် ကျောင်းသား၊ ကျောင်းသူလေးများ စိတ်ပါဝင်စားပျော်ရွှင်စွာဖတ်ရှုလေ့လာနေမှုများ၊ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စကားပုံဆက်/ အရုပ်ဆက်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာအုပ်စာပေအရောင်းဆိုင်များတွင် ဌာနဆိုင်ရာများ၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများစိတ်ပါဝင်စားဖြင့် စာအုပ်စာပေများ ဝယ်ယူလေ့လာဖတ်ရှုနေမှုများ၊ ခါးကွင်းလှည့်ပြိုင်ပွဲနှင့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်စာစီစာကုံးပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူလေးများ စိတ်ပါဝင်စားပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ဘင်ခရာအဖွဲ့နှင့် ဖျော်ဖြေရေးအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို (၅.၇.၂၀၂၄) ရက်နေ့မှ (၆.၇.၂၀၂၄) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြပွဲ၊ ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဂုန်မင်းကျေးရွာရှိ တောင်သူဒေါ်အေးသိန်း၏ စိုက်ဧက(၃)ဧကတွင် ဆွာနာစပါးမျိုးအား မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် မိုးစပါးစိုက်ပျိုးနေများကို ကြည့်ရှုအားပေးခဲ့ပါသည်။
Read More...
05-Jul-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရေဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားတက်ရောက်
Read More...
ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ဇူလိုင်လ ၅ ရက်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကန်သုံးဆင့် Royal Lake ရေပြင်တွင်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
Read More...
05-Jul-2024