သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြစက်မှုဇုန်တွင် ဆန်စက်လုပ်ငန်းနှင့် လယ်ယာသုံးစက်မှုလုပ်ငန်းများကြည့်ရှု၊ စပါးမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ စက်မှုဇုန်ရှိ ပွင့်သစ်ကျော်ဆန်စက်သို့ သွားရောက်၍ ဆန်ကြိတ်ခွဲထုတ်လုပ်မှု၊ ဈေးကွက်သို့တင်ပို့ရောင်းချမှု အခြေအနေများကို ကြည့်ရှုမေးမြန်းခဲ့ပြီး ဆန်စက်တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စပါးခွံလောင်စာသုံး Gasifier ဖြင့်ဆန်စက်လည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က Gasifier မှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများမှ ပတ်ဝန်းကျင်အား ထိခိုက်ညစ်ညမ်းမှုမရှိစေရန်နှင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ လည်ပတ်မောင်းနှင်ရန် မှာကြားခဲ့သည်။


Read More...
24-Apr-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပညာရေးဘွဲ့ (B.Ed) စာပေးစာယူ (၃/၂၃) ဒုတိယနှစ်သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းနှင့် နွေရာသီအားကစားသင်တန်းများကြည့်ရှု့အားပေး
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမ၌ ပညာရေးဘွဲ့ (B.Ed) စာပေးစာယူ (၃/၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သင်တန်းသား၊ သင်တန်းသူဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။


Read More...
24-Apr-2024
ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင် အသက်(၂၅)နှစ် အောက် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားများကျင်းပ
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစား ခန်းမတွင် ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီး


Read More...
23-Apr-2024
ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် နွေရာသီကင်းထောက်လူငယ် သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့်နွေရာသီကင်းထောက်လူငယ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ရတနာတန်ဆောင်ခမ်းမတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ကင်းထောက်လူငယ်များ တက်ရောက်ခဲ့ကြသည်။


Read More...
23-Apr-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ခုနှစ်၊လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုတွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး ၂၀၂၄ ခုနှစ်၊ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုတွေ့ဆုံပွဲကို ယနေ့ ညနေပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝန် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် လူရည်ချွန်မောင်မယ်များတက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “လူရည်ချွန်စခန်းအသီးသီးသို့ သွားရောက်ကြမည့် မိမိတို့တိုင်းဒေသကြီးမှ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူ ၆၄ ဦးနှင့်ကြီးကြပ်သူဆရာ၊ ဆရာမ(၄)ဦးတို့အား ဂုဏ်ပြုတွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ လူရည်ချွန်မောင်မယ်များသည် ဘက်စုံထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများဖြစ်သောကြောင့် မျိုးဆက်သစ် ညီငယ်ညီမငယ်များ၏စံနမူနာပြဖြစ်ရန် လူရည်ချွန်မောင်မယ်များအဖြစ် ရွေးချယ်ခြင်းဖြစ်ပါကြောင်း၊ ယခုနှစ်တွင် တိုင်း​ဒေသကြီးအတွင်း ငွေဆောင်လူရည်ချွန်စခန်းနှင့် ချောင်းသာလူရည်ချွန်စခန်းနှစ်ခု ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အနယ်နယ်အရပ်ရပ်ရှိ လူရည်ချွန်များစခန်းများသို့ရောက်ရှိကြသည့်အခါ မိမိတို့တိုင်းဒေသကြီး၏ ဒေသဆိုင်ရာအချက်အလက်များအားသိရှိပြီး ​ဒေသန္တရဗဟုသုတများအား နှီးနှောဖလှယ်ဆွေးနွေးကြ‌စေလိုကြောင်း၊ လူရည်ချွန် ကျောင်းသား၊ကျောင်းသူများအ​နေဖြင့် အနာဂတ်ခေါင်းဆောင်များအဖြစ် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်ကြရမည်ဖြစ်ပြီး ဘက်​ပေါင်းစုံမှထူးချွန်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူရည်ချွန်မောင်မယ်များဖြစ်စေရေး ကြိုးပမ်းကြ​စေလို​ကြောင်း” ဂုဏ်ပြုနှုတ်ခွန်းဆက်စကားများ ပြောကြားပြီး လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ်ဆရာ၊ ဆရာမများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများအားပေးအပ်ရာ လူရည်ချွန်မောင်မယ်များကိုယ်စား လူရည်ချွန်မောင်မယ်နှစ်ဦးက လက်ခံရယူခဲ့သည်။ ထို့နောက် ပုသိမ်မြို့အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း Grade-11မှ နှစ်ထပ်ကွမ်းလူရည်ချွန် မအိအိတုံက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်အား မြန်အောင်ခရိုင်ပညာရေးမှူးက Grade-9၊ Grade-10၊ Grade-11၊ Grade-12တို့မှ လူရည်ချွန်မောင်မယ်များနှင့် တစ်ဦးချင်းမိတ်ဆက်ပေးသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် Grade-9၊ Grade-10နှင့် Grade-11၊ Grade-12တို့မှ လူရည်ချွန်မောင်မယ်များ၊ ကြီးကြပ်ဆရာ၊ ဆရာမများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး လူရည်ချွန်မောင်မယ်များအား စားသောက်ဖွယ်ရာများနှင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသိရသည်။


Read More...
22-Apr-2024