သတင်းများ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် မအူပင်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု့အားပေး
Read More...
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်တို့လိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ညောင်တုန်း၊ ပန်းတနော်မြို့နယ်များ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ကြည့်ရှုအားပေးခဲ့သည်။
Read More...
13-Jul-2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Read More...
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နေ့လယ်ပိုင်းက မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ဘဝိုင်းကျေးရွာအုပ်စု၊ ဥတိုကျေးရွာရှိ ထူးထက်ဟန်ကုမ္ပဏီလီမစ်တက် အသားတိုးဝက်မွေးမြူရေးလုပ်ငန်းသို့ရောက်ရှိပြီး ထူးထက်ဟန်ကုမ္ပဏီလီမစ်တက် အတွင်းရေးမှူး ဦးဟိန်ထက်အောင်က လယ်ယာ၊ သား၊ ငါးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အသားတိုးဝက်မွေးမြူရေးလုပ်ငန်းအဆင့်ဆင့်ကို အလုံပိတ်လေးအေးပေးစနစ်ဖြင့် မွေးမြူထားရှိမှုများအား (Power Point) ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ သိရှိလိုသည်များမေးမြန်း၍ လိုအပ်သည်များကို မှာကြားခဲ့ပါသည်။
Read More...
12-Jul-2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ပန်းတနော်မြို့နယ်၊ ဆုတောင်းပြည့်ကျေးရွာတွင် ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်၊ မျိုးစေ့ချ ကိရိယာဖြင့် စပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကြည့်ရှုအားပေး၊ ကျုံတိုင်းကြီးကျေးရွာ ငါးေမွးမြူေရးကန် ကြည့်ရှုစစ်ဆေး၊ ဓနုဖြူမြို့နယ်၊ ယင်းကဒစ်ကျေးရွာရှိ အုန်းချိုမွှေးစိုက်ပျိုးရေးခြံ ကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဆုတောင်းပြည့်ကျေးရွာရှိ တောင်သူဦးကျော်ငြိမ်းအေး၏ မိုးစပါးစိုက်ခင်း (၅)ဧကတွင် ဆင်းသုခစပါးမျိုးအား စက်မှုလယ်ယာဦးစီးဌာန၊အမှတ်(၅၇) စက်မှုလယ်ယာစခန်း(ပန်းတနော်)မှ ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာများဖြင့် စပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါတောင်သူ၏ လယ်မြေတွင် ပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
Read More...
12-Jul-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာ ရေဘေးကာကွယ်ရေးဆောင်ရွက်ထားရှိမှုများကြည့်ရှုစစ်ဆေး၊ ရေဘေးကာကွယ်ရေးသရုပ်ပြပွဲနှင့်ဇာတ်တိုက်လေ့ကျင့်ခြင်းအား ကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ (၁၁.၇.၂၀၂၄)ရက်နေ့ ညနေပိုင်းက ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာသို့သွားရောက်၍ ဖောင်ဆိပ်ကျေးရွာ ရေဘေးကာကွယ်ရေးဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဟင်္သာတခရိုင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေဘေးကာကွယ်ရေးသရုပ်ပြပွဲနှင့်ဇာတ်တိုက်လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။
Read More...
12-Jul-2024
ဧရာဝတီတိုင်းဒေသကြီး အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄) ကျင်းပ၊ တိုင်းဒေသကြီးကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေး ကျင်းပ၊ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်နိုင်ရေးစီမံချက်တင်ပြခြင်းအစည်းအဝေးကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၄)ကို (၈.၇.၂၀၂၄) ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးအခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
Read More...
09-Jul-2024