သတင်းများ
ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့တွင် အပတ်စဥ်စနေနေ့တိုင်းစုပေါင်းသန့်ရှင်းရေးများဆောင်ရွက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော်ပုသိမ်မြို့အား မြို့အင်္ဂါရပ်နှင့်အညီ သန်ရှင်းသာယာလှပရေးစေရေးအတွက် အပတ်စဥ်စနေနေ့တိုင်းတွင် ဘုရား၊ စေတီ၊ ပုထိုးများ၊ သာသနိကအဆောကိအဦများ၊ ဘုန်းတော်ကြီးကျောင်းများ၊ အခြေခံပညာကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များတွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်ပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခြင်းများကို ပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိစာသင်တိုက်ဝန်းနှင့် ရွှေစည်းခုံဘုရားအတွင်းစုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြသည်။
Read More...
20-Jul-2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ဝါတွင်းကာလဥပုသ်သီလဆောက်တည်ခြင်း သင်္ကန်း၊ ဆွမ်းဆန်တော်နှင့် ဆီ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Read More...
သာသနာတော်နှစ် ၂၅၆၈ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ၀ါတွင်းကာလအတွင်းအပတ်စဥ် ဥပုသ်နေ့တိုင်း သာသနာ့ဗိမာန် တော်ကြီးတွင်ကျောင်းတိုက်အသီးသီးမှဆရာတော်သံဃာတော်များကိုအလှည့်ကျပင့်ဖိတ်ကာဥပုသ်သီလ နှင့်ပရိတ်ဒေသနာတော်များရွတ်ဖတ်ပေးခြင်းတို့ကိုနှစ်စဥ်အစဥ်အလာမပျက်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်၍ ဥပုသ်သီလခံယူဆောက်တည်ခဲ့ကြပြီးသင်္ကန်း၊ ဆွမ်းဆန်တော်၊ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
Read More...
20-Jul-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဧရာဝတီမြစ်နှင့် ငဝန်မြစ်တလျောက် မြစ်ရေဝင်ရောက်သည့်မြို့များအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် ယာယီရေဘေးရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများသည် ဇူလိုင်လ ၁၉ ရက်နေ့နံနက်ပိုင်းတွင် မြစ်ကမ်းဘေးရှိမြို့များ၌ မြစ်ရေတက်ရောက်မှုနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Read More...
19-Jul-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တေရသမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့် ဆီဆက်ကပ်လှူဒါန်းပွဲအခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ပုသိမ်မြို့ပေါ်ရှိ ကျောင်းတိုက်(၂၀၀)နှင့် သီလရှင်စာသင်တိုက်တို့အား တေရသမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့် ဆီ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားအား ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ် စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
Read More...
18-Jul-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အရိယာဗိမ္မာန်တော်ကြီးတွင် ဝါဆိုသင်္ကန်းနှင့် လျှပ်စစ်မီးလှူဒါန်းပူဇော်ခြင်းအခမ်းအနားတက်ရောက်
Read More...
၁၃၈၆ခုနှစ်၊ ဝါဆိုလဆန်း(၁၃)ရက် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ သဲအင်းဂူဝိပသနာ တရားပြရိပ်သာကျောင်းတိုက် အရိယာဗိမ္မာန်တော်ကြီးတွင် ကျင်းပပြုလုပ်သော ဝါဆိုသင်္ကန်း နှင့် လျှပ်စစ်မီးလှူဒါန်းခြင်း အခမ်းအနားအား ဇူလိုင်လ ၁၈ ရက်နေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ အလှူရှင်မိသားစုများ တက်ရောက်ခဲ့ကြသည်။
Read More...
18-Jul-2024