သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ် ရွှေမုဌောမဟာစေတီတော်မြတ်ကြီးနှင့် အရံစေတီတော်များ ဆင်းတုတော်များ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေး ပထမအကြိမ် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားတက်ရောက်
ပုသိမ်မြို့ကျက်သရေဆောင် သမိုင်းဝင် ရွှေမုဌောမဟာစေတီတော်မြတ်ကြီးနှင့် အရံစေတီတော်များ၊ ဆင်းတုတော်များ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေး ပထမအကြိမ် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက စေတီတော်မြတ်ကြီး၏ ရင်ပြင်​တော်ရှိဦးမောင်ကြီးအာရုံခံတန်ဆောင်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။ ဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဧည့်ပရိသတ်များကငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာကိစ္စများအား တင်ပြလျှောက်ထားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆရာတော်သံဃာတော် အရှင်သူမြတ်မျာအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ အလှူရှင်များက အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူအသီးသီးက လက်ခံခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားအား "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။


Read More...
13-Jan-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင်း၌ ဌာနဆိုင်ရာများနှင့်ပြည်သူများစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ဌာနဆိုင်ရာများနှင့်ပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ စက်တော်ရာဘိုးဘွားရိပ်သာ အတွင်း၌ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်ပြည်သူများက အပတ်စဉ်စနေနေ့တိုင်း စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်း သပ်ရပ်မှုရှိစေရေး ကိုလည်း အလေးထားလိုက်နာ ဆောင်ရွက်သွားရန်နှင့် မြို့သန့်ရှင်းသာယာလှပစေရေး အစဉ် တစိုက်ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်ဦး ရပ်ကွက်ရှိ လေးကျွန်းရန်အောင်ဖောင်တော်ဦးစေတီတော်မြတ်ကြီး ပရဝဏ်အတွင်း၌ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့ပေါ်ရပ်ကွက်များတွင် သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်အမှတ်(၁) ကြိုးတံတားအဆင်း ငွေဆောင်၊ ချောင်းသာလမ်းခွဲကြက်လျှာစွန်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြို့ဝင်မြို့ထွက်များတွင် ပန်းအလှပင်များ စနစ်တကျစိုက်ပျိုး ထားရှိရေး၊ မြက်ခင်းများစိမ်းလန်းစိုပြေရေးနှင့် လမ်းဘေးဝဲယာသန့်ရှင်း လှပရေးအတွက် အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားခဲ့ပါသည်။


Read More...
13-Jan-2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင် (၈၆)နှစ်မြောက်ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အားတက်ရောက်
ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ်၊ (၈၆) နှစ်မြောက်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အား ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊‌ မြောင်းမြမြို့၊ မြစိမ်း‌ရောင်တောင်တော်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာချုပ်တိုင်းမှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဖားစည်ကိုးချက်တီး၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီးနောက် ကရင်ရိုးရာယဉ်ကျေးမှုဒုံးအဖွဲ့က ဂုဏ်ပြုကပြဖျော်ဖြေခဲ့သည်။ ထို့နောက် ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်ကဖတ်ကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးသည် ဗမာတိုင်းရင်းသားများပြီးပါက ကရင်တိုင်းရင်းသားများ အများဆုံးနေထိုင်ပါကြောင်း၊ မြစိမ်းရောင်တောင်တော်ကြီး၌ ဘာသာ၊ သာသနာထွန်းကားမှု၊ နယ်မြေအေးချမ်းတည်ငြိမ်မှု၊ စိုက်ပျိုးမွေးမြူရေးဖြစ်ထွန်းအောင်မြင်မှု၊ ဒေသခံတိုင်းရင်းသားများ၏ ဖော်ရွေပျူမှုတို့အား အခြေခံ၍ မြောင်းမြမြို့၊ မြစိမ်းရောင်တောင်တော်၌ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အားပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းေဒသကြီးအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမျိုးသားရေးရည်မှန်းချက် နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးစံပြတိုင်းဒေသကြီးဖြစ်စေရေး ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများလည်း အောင်မြင်တိုးတက်စေရေးအားလုံး ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ” နှစ်သစ်နှုတ်ခွန်းဆက် စကားများပြောကြားပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက ဆက်လက်၍ နှုတ်ခွန်းဆက်စကားများ ပြောကြားသည်။ ဆက်လက်၍ ငုအိုင်ဆရာတော် ဘဒ္ဒန္တ သေဋိလနှင့် ကက်သလစ်သာသနာဘုန်းတော်ကြီး ဖာသာရ်ဝီးလ်ဖရက် မန်းမြင့်စိုးတို့က နှစ်သစ်နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ပြီး ဆုတောင်းမေတ္တာများ ပို့သခဲ့ပြီးနောက် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှပေးပို့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးကဖတ်ကြားခဲ့ကာ တိုင်းဒေသကြီးကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌက ကရင်နှစ်သစ်ကူးနေ့အကြောင်း သိကောင်းစရာများနှင့် ကျေးဇူးတင်စကားများ ပြောကြားခဲ့သည်။ ထို့နောက် ကရင်တိုင်းရင်းသားလူငယ်များက ကရင်နှစ်သစ်ကူးသီချင်း ဂုဏ်ပြုသီဆိုမှုကို ကြည့်ရှုအားပေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအတွက်ဂုဏ်ပြုငွေချီးမြှင့်ခဲ့ေကြာင်း သိရသည်။


Read More...
11-Jan-2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင် မြောင်းမြမြို့၊ မြစိမ်းရောင်တောင်တော်၌ ကရင်နှစ်သစ်ကူးနေ့တွင်ကျင်းပသည့်“ထူးချင်ဖူးစမ်း မြစိမ်းရောင်ပြခန်း”အား တက်ရောက်ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မြစိမ်းရောင်တောင်တော်၌ ကျင်းပသည့် “ထူးချင်ဖူးစမ်း မြစိမ်းရောင်ပြခန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အ‌ဆိုပါတောင်တော်၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံ ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူများတက်ရောက်ခဲ့ကြသည်။ ဦးစွာ ပြခန်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်သည် ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြခန်းအလှူရှင်များနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်သည် တာဝန်ရှိသူများနှင့်အတူ ကရင်ရိုးရာယဉ်ကျေးမှုပြခန်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(မြောင်းမြ)ပြခန်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနပြခန်း၊ ဝါးခယ်မ၊ အိမ်မဲ၊ မြောင်းမြမြို့နယ်ပြခန်း၊ မြောင်းမြခရိုင်ဆန်စက်လုပ်ငန်းရှင်များပြခန်း၊ မြစိမ်းရောင်တောင်တော်သို့ ဒေသခံများမှလာရောက်လှူဒါန်း စုဆောင်းထားသော ကြေးထည်ပစ္စည်းများနှင့် အသုံးအဆောင်များ၊ ငွေထည်ပစ္စည်းများနှင့် အသုံးအဆောင်များ၊ ဘုရားစေတီများ၊ ငွေဖလားနှင့် အသုံးအဆောင်ပစ္စည်းများ၊ ရှေးဟောင်းဘုရားများနှင့် ရှေးဟောင်းကျောက်များအား လှည့်လည်ကြည့်ရှုခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်သည် တာဝန်ရှိသူများနှင့်အတူ ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ်အဖြစ်ဖွင့်လှစ်သည့် မြစိမ်းရောင်သာသနာ့နယ်မြေ ကွန်ကရစ်လမ်းသစ်များနှင့် ဂဝံလမ်းသစ်ဖွင့်ပွဲအခမ်းအနားအား တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ပြီး ကွန်ကရစ်လမ်းသစ်များနှင့် ဂဝံလမ်းသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ယနေ့ဖွင့်လှစ်သည့်လမ်းသည်ကွန်ကရစ်လမ်း (၁မိုင်၊ ၄.၁၇)ဖာလုံ၊ ကတ္တရာလမ်းအတိုင်းအတာအားဖြင့် (၃.၅)ဖာလုံနှင့် ဂဝံလမ်း(၄.၀၁)ဖာလုံ၊ စုစုပေါင်းအတိုင်းအတာ (၂မိုင်၊ ၄.၂၂)ဖာလုံအား နှစ်နှစ်တာကာလအတွင်း အလှူရှင်အသီးသီးမှ ထည့်ဝင်လှူဒါန်းပြီး ကိုယ်ထူကိုယ်ထဖောက်လုပ်လှူဒါန်းခြင်းဖြစ်ကြောင်းသိရသည်။


Read More...
11-Jan-2024
၂၀၂၃-၂၀၂၄ခုနှစ် မိုးစပါး ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်းစံကွက်ရိတ်သိမ်းပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာအုပ်စုရှိ တောင်သူဒေါ်သိန်းသိန်း၏လယ်မြေ (၅.၁၄)ဧကတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန(မြောင်းမြ)နှင့် United Ayeyarwaddy Development Public Company Limited တို့ပူးပေါင်းဆောင်ရွက်သော ၂၀၂၃-၂၀၂၄ခုနှစ် မိုးစပါး ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်းစံကွက်ရိတ်သိမ်းပွဲ တက်ရောက်ခဲ့ကာ ရိတ်သိမ်းခြွေလှေ့စက်ကြီးများဖြင့် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်းစိုက်ပျိုးမှုအခြေအနေများ၊ သဘာဝမြေဩဇာသုံးစွဲမှုနှင့်မြေဆီမြေဩဇာအကျိုးပြုမှုအခြေအနေများနှင့် အထွက်နှုန်းတိုးတက်စေရေးဆောင်ရွက်နေမှု များအားဆွေးနွေးမေးမြန်းခဲ့ပြီး စပါးရိတ်သိမ်းပြီးပါက ဒုတိယသီးနှံများထပ်မံစိုက်ပျိုးစေရေး၊ ရိုးပျက်ကျန်များမရှိစေရေး၊ သီးထပ်စွမ်းအားမြှင့်တင်စေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့ပြီး တောင်သူများ၏တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာတွင် ၂၀၂၃-၂၀၂၄ခုနှစ် မိုးစပါး ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်းစပါးအား ဧက ၂၀၀ကျော် စိုက်ပျိုးထားရှိကြောင်းသိရသည်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူဦးကံဝင်းလယ်မြေ၁၀ဧကတွင် နွေစပါးစိုက်ပေိုးရန်အတွက် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်ဆောင်ရွက်နေမှုအားကြည့်ရှုအားပေးခဲ့ကာဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်ခြင်းဖြင့် ကုန်ကျစရိတ်သက်သာမှုနှင့် စိုက်ပျိုးရေတင်ယူအသုံးပြုနိုင်အခြေအနေများမေးမြန်းခဲ့ပြီး ဆိုလာစနစ်အားတောင်သူများကျယ်ကျယ်ပြန့်ပြန့်အသုံးပြုစေရေးမှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ သဲကုန်ကျေးရွာအုပ်စု၊ ရန်ကုန်-ပုသိမ်ကားလမ်း(မိုင်တိုင် ၇၇/၄မှ ၇၈/၅ အတွင်း) လက်ယာဘက်ခြမ်းမြောင်း တူးဖော်နေမှုများကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ မြောင်းတူးဖော်မှုအခြေအနေများ၊ စိုက်ဧကများအတွက်အကျိုးပြုနိုင်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများအမြန်ဆုံးပြီးစီးရေး၊ မြေစာများစနစ်တကျဆယ်ဖို့ထားရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။ အဆိုပါမြောင်းအားတူးဖော်ပြီးစီးပါက သဲကုန်၊ ကံကလေး၊ ရောင်ပစ်ကွင်း၊ ကျုံဖားရိုး၊ ပန်းတောရိုး၊ ဆိပ်ဖူးနီကျေးရွာအုပ်စုများရှိ ရေကျနောက်စိုက်မိုးစပါးစိုက်ဧကများ၊ နွေစပါးစိုက်ဧကများ ဧက၃၀၀၀ခန့်အတွက် အောင်ရေနှင့်စိုက်ပျိုးရေလုံလောက်စွာရရှိနိုင်မှာဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာ၊ တောင်သူဦးစိန်မောင်သန်း၏ လယ်မြေ ၂ဧကတွင် ဆင်းရွှေကြာ၂ နေကြာမျိုးစေ့ထုတ်စိုက်ခင်းနှင့် မြေပဲ ၂ဧက ဖြစ်ထွန်းအောင်မြင်နေမှုနှင့် ဆိုလာစနစ်ဖြင့်စိုက်ပျိုးရေသုံးစွဲနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး မျိုးနေကြာများစနစ်တကျရွေးချယ်စေရေးနှင့် မြေဩဇာအချိန်ကိုက်ကျွေးမွေးစေရေးနှင့်အောင်မြင်အောင်ဆောင်ရွက်စေရေရေးမှာကြားခဲ့ကြောင်းသိရသည်။


Read More...
10-Jan-2024