သတင်းများ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်းဝင်း စိုက်ပျိုးရေလုံလောက်စွာရရှိရေး ကျုံပျော်ခရိုင်နှင့် ဟင်္သာတခရိုင်များသို့ကွင်းဆင်း၍ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့ နံနက်ပိုင်းတွင် ကျုံပျော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ခရိုင်အတွင်း မြို့နယ်များရှိ စိုက်ပျိုးဧကများတွင် စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ခရိုင်အတွင်းရှိ မြို့နယ်များတွင် တစ်နှစ်ပတ်လုံး ဆီထွက်သီးနှံစိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးသီးနှံဧကများတွင် စိုက်ပျိုးရေလုံလောက်စွာရရှိရေး အချိန်မီဆောင်ရွက်သွားကြရန်၊ မြစ်ရေတင်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်" မှာကြားရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ အချိန်မီစိုက်ပျိုးပြီးစီးရေး ဆောင်ရွက် လျက်ရှိကြောင်းနှင့် ရေရရှိရေး ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
Read More...
16-Dec-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့်လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောသွင်းအားစုများပေးအပ်ပွဲ အခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မရဲ့အုန်းပင်စုကျေးရွာရှိ စက်မှုလယ်ယာစံပြ စနစ်ကျလယ်ယာမြေဧက(၁၀၀) တွင် ဒုတိယသီးနှံ ကွင်းပိတ်စိုက်ပျိုးပွဲတက်ရောက်ခဲ့ပြီး နွေစပါး နယူးဧရာ(၁)စပ်မျိုးစပါး ပျိုးထောင်၍ ကောက်စိုက်သမများနှင့်စနစ်တကျစိုက်ပျိုးခြင်း၊ လက်စွဲ ကောက်စိုက်စက်၊ ကောက်စိုက်စက်ဖြင့် စနစ်တကျစိုက်ပျိုးခြင်း၊ ( Seeder) စနစ်ဖြင့် စနစ်တကျစိုက်ပျိုးခြင်းများကိုကြည့်ရှုအားပေးခဲ့ပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ကောင်းမွန်ရန် စပါးခွံမြေဆွေးနှင့် ဓါတ်မြေဩဇာအချိုးကျ ရောစပ်၍ စုပေါင်း မြေဩဇာကြဲပတ် နေမှုများနှင့် ဆိုလာစနစ်ဖြင့်စိုက်ပျိုးရေတင်သွင်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
Read More...
14-Dec-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် စာကြည့်တိုက်အဆောက်အဦးသစ်ဖွင့်ပွဲတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်း၌ လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် တန့်ငူကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာတွင် ကျင်းပသည့် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ လှူဒါန်းသည့် ကျပ်သိန်း (၁၅၀)ဖြင့် ဆောက်လုပ်သည့် ”အောင်ချမ်းသာ” ကျေးရွာစာကြည့်တိုက် အဆောက်အဦးသစ်ဖွင့်ပွဲအခမ်းအနားတက်ရောက်ခဲ့သည်။
Read More...
14-Dec-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒီဇင်ဘာလူထုအားကစားလ ဒုတိယပတ်စုပေါင်းလမ်းလျှောက်ပွဲတွင် ပြည်သူများနှင့်အတူပါဝင်ဆင်နွှဲ
Read More...
တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာလအား လူထုလှုပ်ရှား အားကစားလအဖြစ် သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်း စုပေါင်းလမ်းလျှောက်ပွဲကို ပြုလုပ်လျှက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌လည်း စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းက ရွှေရုပ်တုအဝိုင်းရှေ့၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများပါဝင်ဆင်နွှဲခဲ့ကြသည်။
Read More...
14-Dec-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Read More...
၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ လွတ်လပ်ရေးနေ့ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
Read More...
13-Dec-2024