သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဒိုးပင်ဆိပ်ကျေးရွာတွင်  (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ဒိုးပင်ဆိပ်(ပုသိမ်-ရန်ကုန်)လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကွန်ကရစ်လမ်းသစ်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။


Read More...
19-Dec-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄)တက်ရောက်
တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) ကို ယခုလ (၁၇) ရက်နေ့ညနေပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီဝင် ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။


Read More...
19-Dec-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(မြောင်းမြ) မောင်မယ်သစ်လွင်ကြိုဆိုပွဲတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(မြောင်းမြ) မြကျွန်းရွှေဝါခန်းမ၌ ပြုလုပ်သည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက “ အလှပန်းအစဉ်ဖြာဝေ”တေးသီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်အား ပထမနှစ်ကျောင်းသား၊ ကျောင်းသူများနှင့် မိတ်ဆက်တင်ပြခဲ့သည်။


Read More...
17-Dec-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့နယ်၊ မဒေါ့ပင်ကျေးရွာ၊ ပညာပျိုးပင်စာကြည့်တိုက်ဖွင့်ပွဲတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မဒေါ့ပင်စံပြကျေးရွာတွင်  မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှလှူဒါန်းသည့် သိန်း(၁၅၀)၊ အလှူရှင်မှလှူဒါန်းငွေ(၄၂)သိန်း၊ စုစုပေါင်း ကျပ် (၁၉၂) သိန်း ဖြင့် ဆောက်လုပ်သည့် “ပညာပျိုးပင်” စာကြည့်တိုက်အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည်  တာဝန်ရှိသူများနှင့်အတူ စာကြည့်တိုက်အဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး အမှတ်တရမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။ 


Read More...
17-Dec-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ခရစ်ယာန်ဂိုဏ်းပေါင်းစုံမိဿဟာရအဖွဲ့ ဝတ်ပြုကိုးကွယ်ခြင်းအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံမိဿဟာရအဖွဲ့ သခင်ယေရှု ခရစ်တော်ဘုရား၏ မွေးနေ့တော်အကြို ဝတ်ပြုကိုးကွယ်ခြင်းကို ယနေ့နံနက်ပိုင်းက မြန်မာနှစ်ခြင်း ခရစ်ယာန်အသင်းတော်တွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများတက်ရောက်ခဲ့ကြသည်။


Read More...
17-Dec-2024