သတင်းများ

ပုသိမ်မြို့၏ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးတွင် (၉၇) ကြိမ်မြောက် မြတ်စွာဘုရားအမှူးပြုသော ရဟန္တာမထေရ်အပါး(၅၀၀)တို့အား (၅၀၁)ဆူစတုမဓူ ဆေးဆွမ်းတော်ကပ်လှူပူဇော်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော် မြတ်ကြီးတွင် မြတ်စွာဘုရားအမှူးပြုသောရဟန္တာမထေရ်အပါး (၅၀၀)တို့အား (၅၀၁)ဆူ စတုမဓူ ဆေးဆွမ်းတော်ကပ်လှူပူဇော်ပွဲရေစက်ချ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးအာရုံခံတန်ဆောင်းတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည်ဦးမောင်ကြီးအာရုံခံတန်ဆောင်းရှိ ဗုဓ္ဒဆင်းတုတော်မြတ်အား ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ခဲ့သည်။
ထို့နောက် ပင့်သံဃာဆရာတော်အရှင်သူမြတ်များက ဇေတဝန်စံကျောင်းတော်ရှေ့ ရင်ပြင်တော်ရာဟုထောင့်မဏ္ဍပ်တွင် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ခဲ့ကြပြီးနောက် ဆရာတော်သံဃာတော် အရှင်သူမြတ်မျာအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အရုဏ်ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ရေစက်ချမင်္ဂလာအခမ်းအနားကို ဦးမောင်ကြီးအာရုံခံတန်ဆောင်းတွင်ပြုလုပ်ရာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ၍ ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်အရှင်သူမြတ်များရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များအား ဆက်လက်နာယူ ကြည်ညိုကြခဲ့ပြီးနောက် ဆရာတော်သံဃာတော် အရှင်သူမြတ်မျာအား စတုမဓူဆေးတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆက်ကပ်လှူဒါန်း ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တသောဘိတမဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားအား "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
Read More...
25-Jan-2024

တိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောက်ရွက်ပေးခဲ့
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောက်ရွက်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ရေတာကြီးကျေးရွာအုပ်စု၊ ထိပ်အုပ်ကျေးရွာရှိ တောင်သူ ဦးကျော်ကျော်လွင်၏ စိုက်ဧက (၅ ) ဧကတွင် GW -11စပါးမျိုးအား Seeder စနစ်ဖြင့် စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ကရိုးပြက်ကျန်ဧကများနည်းပါးစေရေး ပိုမိုတိုးချဲ့စိုက်ပျိုးရန်မှာကြားခဲ့သည်။
ထို့နောက် ရေတာကြီး-လက်ပန်ချောင် အမှတ်(၈)မြောင်းတူးဖော်ပြီးစီးမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး လုပ်ငန်းများဆောင်ရွက်ပြီးစီးပြီဖြစ် စိုက်ပျိုးရေလုံလောက်စွာရရှိပြီဖြစ်ကာ သီးထပ် စွမ်းအားများပိုမိုတိုးတက်စိုက်ပျိုးကြရန်၊ စိုက်ပျိုးရေများအားအကျိုးရှိစွာသုံးစွဲကြရန် မှာကြား ခဲ့သည်။ အဆိုပါ မြောင်းတူးဖော်ပေးခြင်းဖြင့် ရေတာကြီးကျေးရွာအုပ်စု၊ လက်ပန်ချောင်ကျေးရွာ အုပ်စု တို့ရှိ စိုက်ဧက ၂၃၀၀အား ရေလုံလောက်စွာ ရရှိမည်ဖြစ်ပြီး နွေစပါးများ ဆက်လက်စိုက်ပျိုးနိုင်မည် ဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ တောင်သူဦးကျော်ကျော်လွင်၏ လယ်မြေ (၅)ဧက၌ သီးထပ်ရင် ရေကျနောက်စိုက် စပါးရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ရေကျနောက်စိုက် မိုးစပါးစိုက်ပျိုးမှု၊ သွင်းအားစုများစနစ်တကျ ထည့်သွင်းဆောင်ရွက်မှု၊ အထွက်တိုး မျိုးစပါးများနှင့် စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးမှု အထွက်နှုန်းတိုးတက်စေရေး ဆောင်ရွက်နေမှုများအား ဆွေးနွေးမေးမြန်းခဲ့ပြီး စပါးရိတ်သိမ်း ပြီးပါက ဒုတိယသီးနှံများ ထပ်မံစိုက်ပျိုးစေရေး၊ သီးထပ်စွမ်းအားမြှင့်တင်စေရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့ပြီး တောင်သူများ၏တင်ပြချက်များ အပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောက်ရွက်ပေးခဲ့သည်။ အဆိုပါ လယ်မြေ(၅) ဧက၌ သီးထပ်ရင် ရေကျနောက်စိုက်စပါးစံကွက် ရိတ်သိမ်း ရာတွင် တစ်ဧကလျှင် ပျမ်းမျှ (၁၁၀)တင်းကျော် ထွက်ရှိခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်၊ ကျီးအိုင်ကျေးရွာအုပ်စုရှိ တောင်သူဦးဝင်းသန်း၏ ပီလောပီနံ ( R-72) (၈)လစိုက်ပျိုးထားရှိသည့် စိုက်ဧက(၁)ဧကနှင့် တောင်သူဉီးကျော်မြတ်သူ၏ ပီလောပီနံ (ကိုင်းရှုပ်မျိုး) (၈)လစိုက်ပျိုး ထားရှိသည့်စိုက်ဧက(၂)ဧကတို့၌ပြုလုပ်သည့် ပီလောပီနံတူးဖော်ရိတ်သိမ်းပွဲသို့ တက်ရောက် ကြည့်ရှုအားပေးခဲ့ရာ တာဝန်ရှိသူများမှ ပီလောပီနံမျိုးများအလိုက် အထွက်နှုန်းများ၊ ကော်မှုန့်ကြိတ်ခွဲရရှိမှု၊ သက်တမ်းရှည်ကြာစွာ စိုက်ပျိုးထားနိုင်မှုနှင့် ဈေးကွက်ရရှိမှုအခြေအနေ များ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က အထွက်တိုးမျိုးကောင်းများနှင့် ဈေးကွက်ဝင်မျိုးများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ကုန်ချောများထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်နှင့် တောင်သူများကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။
ထို့နောက် တောင်သူဦးဌေးအောင်၏ စိုက်ဧက(၁၀)ကတွင်စိုက်ပျိုးထားသည့် ဆင်းရွှေကြာ-၂ နေကြာအောင်မြင်ဖြစ်ထွန်းနေမှုများကို ဆက်လက်ကြည့်ရှုအားပေးခဲ့ပြီး မြေဩဇာနှင့်ရေပေးခြင်းလုပ်ငန်းများဆောင်ရွက်ရန်၊ ပိုးမွှားကျရောက်မှုမရှိစေရေးဆောင်ရွက် ရန်နှင့်အောင်မြင်အောင်ဆောင်ရွက်စေရေးမှာကြားခဲ့ပြီး ဒေသခံများ၏တင်ပြချက်များအပေါ် သက်ဆိုင်ရာ ဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ သဲကုန်ကျေးရွာ အုပ်စု၊ ရန်ကုန်-ပုသိမ်ကားလမ်း(မိုင်တိုင် ၇၇/၄မှ ၇၈/၅ အတွင်း) လက်ယာဘက်ခြမ်းမြောင်းနှင့် သဲကုန်- ညောင်ခြေထောက် မြောင်းတူးဖော်ပြီးစီး၍ တောင်သူများမှ ဆိုလာစနစ်ဖြင့်စိုက်ပျိုးရေတင် ဆောင်ရွက်နေမှုများကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ မြောင်းတူးဖော်ပြီးစီး၍ နွေစပါးစိုက်ဧကများအတွက်အကျိုးပြုမှု အခြေအနေ များရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးရေလုံလောင်စွာရရှိပြီဖြစ် သီးထပ်စွမ်းအားများတိုးမြှင့်စိုက်ပျိုးကြရန်နှင့် စိုက်ပျိုးရေကိုအကျိုးရှိစွာအသုံးပြုကြရန် မှာကြား ခဲ့သည်။ အဆိုပါမြောင်းများအားတူးဖော်ပြီးစီး၍ သဲကုန်၊ ကံကလေး၊ ရောင်ပစ်ကွင်း၊ ကျုံဖားရိုး၊ ပန်းတောရိုး၊ ဆိပ်ဖူးနီကျေးရွာအုပ်စုများရှိ နွေစပါး စိုက်ဧက ၇၀၀၀ ခန့် အတွက် အောင်ရေနှင့်စိုက်ပျိုးရေ လုံလောက်စွာရရှိနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်-ပုသိမ်လမ်း မိုင်(၈၈/၃.၅) မှ (၈၉/၂.၅)မိုင်အထိ (၇ ဖာလုံ) အား လမ်းလွှာဒီဇိုင်းအရ မူလလမ်းတာဘောင်နှင့် လမ်းလွှာအား တူးထုတ်ဖယ်ရှား၍ သတ်မှတ် လမ်းတာဘောင်အကျယ်နှင့် Slope များရရှိစေရန် Geometric Design အတိုင်း မြေသားလုပ်ငန်း ဆောင်ရွက်ခြင်း၊ လမ်းတာဘောင်အတွင်း Geogid Reinforcement (Geosynthetics material)အသုံးပြု၍ လမ်းအောက်ခံမြေသားဝန်ထမ်းနိုင်မှု ပိုမိုမြင့်မားစေရန် ဆောင်ရွက်ခြင်း၊ Improved Subgrade အလွှာတည်ဆောက်ခြင်း၊ (၃ဝပေ)(၉.၁၄)မီတာအကျယ် ကွန်ကရစ် လမ်းတည်ဆောက်ခြင်းနှင့် အမာခံလမ်းပုခုံး တည်ဆောက်ခြင်းလုပ်ငန်းများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး လမ်းဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ လုပ်ငန်းဆောင်ရွက်ပြီးမှု ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ ရှင်းလင်း တင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လုပ်ငန်းဆောင်ရွက်မှုများ အရည်အသွေး ကောင်းမွန်ပြီး သတ်မှတ်ကာလအတွင်းပြီးစီးစေရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများ အား မှာကြားခဲ့ပါသည်။
Read More...
24-Jan-2024

ဧရာဝတီတိုင်းဒေသကြီးအတွင်း အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ပညာရှင်များ၊ သက်ဆိုင်ရာဌာနများနှင့် စကားဝိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် တိုင်းဒေသကြီးအတွင်း အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး ပညာရှင်များ၊ သက်ဆိုင်ရာဌာနများနှင့် စကားဝိုင်းဆွေးနွေးပွဲ ဇန်နဝါရီ ၂၃ ရက်နေ့ နေ့လည်ပိုင်းကပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီများမှတာဝန်ရှိသူများ၊ ဝယ်ယူကြိတ်ခွဲသူများတောင်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်၀န်ကြီးချုပ်ခရီးစဉ်အတွင်း ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် တိုင်းအဆင့် ဌာနဆိုင်ရာ များ မြို့မိမြို့ဖများနှင့် တွေ့ဆုံအမှာစကား ပြောကြားရာတွင် ဧရာဝတီတိုင်းဒေသကြီး သည် အခြေခံကောင်းများကို ပိုင်ဆိုင်ထားရှိပြီးဖြစ်သဖြင့် အတွေ့အကြုံရှိပြီးဒေသအတွက် အကျိုးပြုနိုင်မည့် အစုအဖွဲ့များစုဖွဲ့၍ ဒေသ၏အခြေခံကောင်းများကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားရန်၊ ပုသိမ်လေဆိပ်နှင့်လမ်းပန်းဆက်သွယ်ရေးများ အဆင့်မြှင့်တင်ဆောင်ရွက် ပေးလျက်ရှိရာမြို့ရွာများစနစ်ကျနမှုရှိစေရေး၊ သန့်ရှင်းသာယာလှပရေးကို ဆောင်ရွက်ကြရန်၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုများရောင်းဝယ်ဆောင်ရွက်ရာတွင် ရေကြောင်းခရီးသွားလာရေး၊ ရေကြောင်းကုန်စည် ကူးသန်းရောင်းဝယ်ရေးပိုမိုဖွံ့ဖိုးတိုးတက်စေရေးစီမံဆောင်ရွက်လျက်ရှိပြီး ရထားပို့ဆောင်ရေးခရီးစဉ်များကိုလည်း အကျိုးရှိရှိအသုံးချရန်၊ စိုက်ပျိုးရေးထုတ်ကုန်များအား ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေးကြိုးပမ်းဆောင်ရွက်ကြရန်၊ သမားရိုးကျစိုက်ပျိုးခြင်း နည်းလမ်းများအသုံးပြုနေ၍မရဘဲ ခေတ်မီစိုက်ပျိုးနည်းစနစ်များအသုံးပြု၍ ဧကကွက်များ အကောင်ထည်ဖော်ဆောင်ရွက်၍ စက်မှုလယ်ယာစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ငါးမွေးမြူရေးလုပ်ငန်းများကိုအောင်မြင် အောင်ဆောင်ရွက်နိုင်မည့် အရင်းအမြစ်များပိုင်ဆိုင်ထားရှိပြီး ကြက်၊ ဝက်၊ဘဲ၊ ဆိတ်၊ ကျွဲ၊ နွားစသည့်မွေးမြူရေး လုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်ကြရန်၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ပြည်ပသွင်းကုန်အစားထိုး လုပ်ငန်းများ၊ ပြည်တွင်းဈေးကွက် လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မည့်လုပ်ငန်းများအား အောင်မြင်အောင် ဆောင်ရွက်ရန်၊ သစ်၊ ဝါး၊ ကြိမ် အခြေခံသည့် စက်မှုထုတ်ကုန်များအား ကုန်ချောထုတ်လုပ်နိုင်ရေးနှင့် သဘာဝမှရရှိသည့် ပစ္စည်းများစဉ်ဆက်မပြက်ရရှိရေး ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြရန်၊ အရိပ်ရလေကာပင်များ၊ သစ်ပင်သစ်တောများ၊ ဒီရေတောများအား ကမ်းစပ်တစ်လျှောက်နှင့် ဒေသတွင်းဖြစ်နိုင်သမျှ အရေအတွက်များများ စိုက်ပျိုးထားရှိရန် ဆွေးနွေးတိုက်တွန်းပြောကြားခဲ့ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့်တိုင်းဒေသကြီးဖြစ်သော်လည်း သီးနှံများပန်းတိုင် အထွက်နှုန်း ရရှိရန်လိုနေပါသေးကြောင်း၊ ပြီးခဲ့သည့်တောင်သူလယ်သမားနေ့တွင် ဖော်ထုတ်ခဲ့သည့်ရလဒ်များ အရ မိုးစပါးတစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ယခုနှစ်နွေစပါးသည် ပန်းတိုင်အထွက်နှုန်းရောက်ရှိမည့်နှစ်ဖြစ်၍ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ တောင်သူများ အလေးထားဆောင်ရွက်ကြရန် လိုပါကြောင်း၊ စားသုံးဆီဖူလုံရေး အတွက် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးလျက်ရှိရာ နေကြာလျာထားဧကများ ပြည့်မီအောင် စိုက်ပျိုးစေရေးနှင့် ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အတွင်း အစေ့ထုတ်ပြောင်း၊ ကော်ဖီနှင့် ရာဘာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန်လည်း လိုပါကြောင်းနှင့် မိမိတို့တိုင်းဒေသကြီး၏ အဓိကသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိစေရေး ပညာရှင်များ၊ ဌာနဆိုင်ရာများနှင့် စကားဝိုင်းဆွေးနွေးပွဲ တက်ရောက် လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အကြုံပြုဆွေးနွေးပေးကြရန် ” အမှာစကား ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချမှုဌာနစိတ်တာဝန်ခံမှ မြေအသုံးချရေးဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ မျိုးစေ့ဌာနစိတ်တာဝန်ခံမှ မျိုးကောင်း မျိုးသန့်အသုံးပြုခြင်းဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ သီးနှံပိုးမွှား ကာကွယ်ရေးဌာနစိတ် တာဝန်ရှိသူမှ သီးနှံပိုးမွှားကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း အသီးသီး နွေးဆွေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးအတွင်း အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးစကားဝိုင်းဆွေးနွေးပွဲ ဆက်လက်ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး၊ တိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာနမြောင်းမြ ခရိုင်ဦးစီးမှူး၊ ပုသိမ်တက္ကသိုလ်စီးပွားရေးပညာဌာန ကထိက၊ ဝယ်ယူကြိတ်ခွဲကိုယ်စားလှယ်တစ်ဦး၊ တောင်သူကိုယ်စားလှယ်တစ်ဦးတို့မှ ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။
Read More...
23-Jan-2024

တိုင်းဒေသကြီးဝန်ကြီးချုပ် ပင်စင်လာရောက်ထုတ်ယူကြသည့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များရောင်းချနေမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များရောင်းချနေမှုများနှင့် ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပင်စင်လာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး ပင်စင်ထုတ်ယူရာတွင်မြန်ဆန်စွာဆောင်ရွက်ပေးနိုင်ရေးနှင့် အဆင်ပြေစွာဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအားမှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်း ပင်စင်စားများကို ဆန်၊ ဆီ၊ ကြက်ဥ စသည့် အခြေခံစားကသာက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ပင်စင်စားများ လွယ်ကူစွာဝယ်ယူနိုင်စေရေး၊ သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးနိုင်ရေး သက်ဆိုင်ရာဌာနများပေါင်းစပ်ဆောင်ရွက်ရန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်ပြည်သူ့ဆေးရုံကြီး၌ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပြည့်အဝဆောင်ရွက်ပေူနိုင် စေရေးမှာကြားခဲ့ပြီး ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသူများအားရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဂုံမင်းကျေးရွာအုပ်စုရှိတောင်သူဦးဝေလင်းအောင်၏ စိုက်ဧက(၇)တွင်ဧက ပြုလုပ်သည့် ရေကျနောက်စိုက်သီးထပ်ရင်စပါးရိတ်သိမ်းခြွေလှေ့နေမှုနှင့် တောင်သူဦးတင်ဝင်း၏ စိုက်ဧက(၁၀)ဧကတွင်နွေစပါးစိုက်ပျိုးနိုင် ေရးအတွက် စိုက်ပျိိုးရေတင် ထွန်ယက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ စပါးရိတ်သိမ်းပြီးပါက ဒုတိယသီးနှံများထပ်မံစိုက်ပျိုးစေရေး၊ ရိုးပျက်ကျန်များမရှိစေရေး၊ သီးထပ်စွမ်းအားမြှင့်တင်စေရေး၊ သွင်းအားစုများစနစ်တကျထည့်သွင်းဆောင်ရွက်စေရေး၊ အထွက်တိုးမျိုးစပါးများနှင့်စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးစေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့ပြီး တောင်သူများ၏တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ တောင်သူဦးတင်ဝင်း၏ လယ်မြေ (၇)ဧကအား စံကွက်ရိတ်သိမ်းခဲ့ရာတွင် တစ်ဧကလျှင် ပျမ်းမျှ အထွက်နှုန်း (၁၂၀)တင်း ကျော် ထွက်ရှိခဲ့ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ တူးချောင်းကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာနမှဆောင်ရွက်သည့် ဆီထွက်သီးနှံ(နေကြာ)၊ ဆင်းရွှေကြာ-၂၊ (၁၀)ဧကစံပြစိုက်ခင်းနှင့် ပိုက်ဆံလျှော်မျိုးစေ့ထုတ်(၂၀)ဧက စံပြစိုက်ခင်းတို့အားကြည့်ရှုစစ်ဆေးခဲ့ပြီး နေကြာစိုက်ခင်းအား ပေါင်းလိုက်ခြင်းလုပ်ငန်းများမြေဩဇာကျွေးခြင်း၊ ရေလောင်းခြင်းများစနစ်တကျဆောင်ရွက်ရန်နှင့် ပိုက်ဆံလျှော်ရိတ်သိမ်းချိန်တွင်လေလွင့်မှုမရှိစေရေးစနစ်တကျဆောင်ရွက်ရန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်မြို့နယ်၊ ဝါးတောကျေးရွာရှိ တောင်သူဦးဝင်းခိုင်၏ လယ်မြေတွင် အုပ်ချုပ်ရေးနှင့် စိုက်ပျိုးရေး ဦးဆောင်စိုက်ပျိုးသော Supersun 41 နေကြာ၁၀ ဧက စံပြကွက်အားကြည့်ရှုအားပေးခဲ့ပြီး ပိုးမွှားများကျရောက်မှုမရှိစေရေးဂရုစိုက်ဆောင်ရွက်ရန်နှင့် အောင်မြင်ဖြစ်ထွန်းစေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူ ဦး မောင်ကျော်၏ လယ်မြေ ၁၀ဧကတွင် နွေစပါး ( GW 11) မြေဩဇာကြဲပတ်နေမှုကိုကြည့်ရှအားပေးခဲ့ပြီး သဘာဝမြေဩဇာနှင့်ဓါတ်မြေဩဇာ အချိုးကျသုံးစွဲစေရေး၊ သွင်းအားစုများအချိန်ကိုက်အသုံးပြုစေရေးနှင့် တစ်ဧက အထွက်တိုးစေရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။
Read More...
22-Jan-2024

ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက ပုသိမ်မြို့ရှိဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကြည့်ရှုအားပေး
Read More...
ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)၊ ရန်ကုန်ကလေးဆေးရုံကြီးတို့မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ အထူးကုဆရာဝန်ကြီးများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ပုသိမ်မြို့၊ ခုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် ယခုလ၂၀ရက်နေ့မှ ၂၁ရက်နေ့အထိ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆေးလာရောက်ကုသသည့် လူနာများနှင့် ရင်းရင်းနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကာ နံနက်စာ စားသောက်ဖွယ်ရာများ ထောက်ပံ့လှူဒါန်းခဲ့သည်။ ထို့နောက် ကျန်းမာရေးဝန်ထမ်းများက လူနာများစာရင်းရေးသွင်းနေမှုများ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုများ၊ အထူးကုဆရာဝန်ကြီးများဖြစ်ကြသည့် ပါမောက္ခဒေါက်တာနွယ်နွယ်၊ ပါမောက္ခ/ဌာနမှူး(နှလုံးဆေးကု)၊ ဒေါက်တာစိန်ခိုင်၊ ကထိက(နှလုံးဆေးကု)၊ ပါမောက္ခဒေါက်တာမိုးဝင့်အောင်၊ ပါမောက္ခ/ဌာနမှူး(ဆီးချိုနှင့်ဟော်မုန်း)၊ ဒေါက်တာခင်နွယ်ဦး၊ အထူးကုဆရာဝန်ကြီး(ကလေးကင်ဆာ)၊ ဒေါက်တာအေးမြမင်းအေး၊ အထူးကုဆရာဝန်ကြီး(ကလေးဦးနှောက်နှင့်အာရုံကြော)၊ ပါမောက္ခဒေါက်တာဝင်းဝင်းဆွေ၊ ပါမောက္ခ/ဌာနမှူး(အသည်းဆေးကု)၊ ဒေါက်တာလင်းထက်ဦး၊ အထူးကုဆရာဝန်(အစာအိမ်နှင့်အူလမ်းကြောင်း)၊ ဒေါက်တာနေမျိုးဦး၊ တွဲဖက်ပါမောက္ခ(ဆေးပညာ)၊ ဒေါက်တာရဲသူဟန်၊ အထူးကုဆရာဝန်(ရင်ခေါင်းဆေးကု)၊ ဒေါက်တာထက်ထက်လင်း၊ တွဲဖက်ပါမောက္ခ(ဦးနှောက်နှင့်အာရုံကြောဆေးကု)၊ ဒေါက်တာမြတ်မွန်ဇင်သိန်း၊ အထူးကုဆရာဝန်(ဦးနှောက်နှင့်အာရုံကြောခွဲစိတ်)တို့က ဆေးကုသမှုပေးနေမှုများအား တိုင်းဒေသကြီးကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာကျော်ဇင်တို့မှလိုက်လံရှင်း လင်းပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အထူးကုဆရာဝန်ကြီးများအား ဒေသထွက်အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
အထူးကုဆေးကုသရေးအဖွဲ့အနေဖြင့် ယခုလ၂၀ရက်နေ့မှ ၂၁ရက်နေ့အထိ နှလုံးရောဂါဆိုင်ရာလူနာ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာလူနာ၊ ဦးနှောက်နှင့်အာရုံကြောဆေးကုသမှုဆိုင်ရာလူနာ၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာလူနာ၊ အထွေထွေရောဂါဆေးပညာလူနာ၊ ရင်ခေါင်းဆေးကာသမှုဆိုင်ရာလူနာ၊ ဆီးချိုနှင့်ဟော်မုန်းဆိုင်ရာလူနာ၊ အသည်းဆေးကုသမှုဆိုင်ရာလူနာ၊ က လေးကင်ဆာ၊ ကလေးဦးနှောက်နှင့်အာရုံကြော၊ ကလေးရောဂါ၊ အရိုးအကြော၊ အရေပြား၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ သားဖွားမီးယပ်၊ ခွဲစိတ် လူနာစုစုပေါင်း ၁၁၁၉ဦးအား ကြည့်ရှုကုသပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ စာဖြူစုကျေးရွာအုပ်စုရှိ စိုက်ပျိုးရေးဦးစီးဌာန၏ Super sun-41 ဆီးထွက်သီးနှံနေကြာ(၁၀)ဧကစံပြကွက်အားလည်းကောင်း၊ တောင်သူဦး စောဌေးအောင်၏လယ်ဧက( ၄ ) ဧကတွင် (GW11)နွေစပါးဓာတ်မြေဩဇာကြဲပက်နေမှုများနှင့် တောင်သူဒေါ်နှင့်ယုဆွေ၏ လယ်မြေ (၄)ဧကတွင် သီးထပ်ရင် နွေစပါး ပျိုးေထာင်၍ စနစ်တကျစိုက်ပျိုး နေမှုများအားလည်းကောင်းကြည့်ရှုအားပေးခဲ့ပြီး သွင်းအားစုများစနစ်တကျထည့်သွင်းဆောင်ရွက်စေရေး၊ အထွက်တိုးမျိုးစပါးများနှင့်စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုး၍ အထွက်နှုန်းတိုးတက် အောင်ဆောင်ရွက်စေရေး၊ သီးထပ်စွမ်းအားမြှင့်တင်စေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့ပြီး တောင်သူများ၏တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကန်ကြီးထောင့်မြို့နယ် ၊ဝါးဒူးကျေးရွာ တွင် မတ်လ၂ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တောင်သူလယ်သမားနေ့အခမ်းအနားတွင် ပြသရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ကြိုတင်ပြင်ဆောင်ရွက်ထားသည့် သီးပင်စားပင်များ၊ သစ်ပင် ပန်းမန်များနှင့် အခမ်းအနားပြုလုပ်မည့်နေရာတို့အားကြည့်ရှုစစ်ဆေးခဲ့ရာ တောင်သူလယ်သမားနေ့အတွက် ကြိုတင်ပြင်ဆောင်ရွက်နေမှုအခြေအနေများအား တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ ကြောင်ပန်းကုန်းကျေးရွာ၊ တောင်သူဦး ဇော်ဇော်မျိုး ၏ လယ်မြေ ၅ ဧကတွင်ပြုလုပ်သည့် ရက် ၉၀ မျိုးစပါး၊ နွေစပါး မျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချခြင်း အခမ်းအနားတက်ရောက်အားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ နွေစပါး တစ်ဧက ၁၀ တင်းပိုမိုတိုးတက်ထွက်ရှိစေရေး၊ ကောက်စိုက်စက်၊ အစေ့ချကိရိယာဖြင့် မျိုးစေ့ချခြင်းများအား တောင်သူများကျန်ကျယ်ပြန့်ပြန့်သိရှိဆောင်ရွက်စေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေး ဆောင်ရွက်ရန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သစ်တောဦးစီးဌာန၊ မြို့မပျိုးဥယျာဉ်(ပုသိမ်)သို့သွားရောက်၍ သစ်တောဦးစီးဌာနမှ ကံ့ေကာ်၊ ခရေ၊ ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ ယမနေ၊ စိန်ပန်းကြီး၊ ပိတောက်၊ ရေတမာ၊ တမလန်း၊ သင်းဝင် ယင်းမာ၊ တောင်သရက်၊ ကုက္ကိုလ်၊ ငုရွှေ၊ ပုန်းညက်၊ ကညင်၊ ပျိုးပင်များပျိုးထောင်ထားရှိမှု အခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပျိုးပင်များအားလုံးရှင်သန် စိုက်ပျိုးနိုင်စေရေးပျိုးထောင်ပြုစုထားရှိရန်မှာကြားခဲ့သည်။ သစ်တောဦးစီးဌာန၊ မြို့မပျိုးဥယျာဉ်(ပုသိမ်)တွင် ၂၀၂၂၊ ၂၀၂၃ ခုနှစ် အထူးပျိုးပင် သုံးသောင်းကျော်နှင့် ၂၀၂၄ မိုးရာသီ ပျိုးပင် သုံးသောင်းကျော် စိုက်ပျိုးထားရှိကြောင်းသိရသည်။
ထို့အတူ ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ကန်သာယာပျိုးဥယျာဉ်သို့ သွားရောက်၍ ပျိုးပင်များပျိုးထောင်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ပုသိမ်မြို့၊ ကန်သုံးဆင့်တွင် ပြည်သူများကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပြုလုပ်နိုင်ရန်နှင့် အပန်းဖြေနိုင်ရန်အတွက် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်နေသည့် ကန်သုံးဆင့်ပန်းခြံ စိမ်းလန်းစိုပြေစေရေးအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် အများပြည်သူများစိတ်အေးချမ်းစွာအနားယူနိုင်စေရေး၊ မြတ်ခင်းများစနစ်တကျစိုက်ပျိုးစေရေး၊ လျှောက်လမ်းများတွင် colour brick များစနစ်တကျခင်းကျင်းစေရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့ကြောင်းသိရသည်။
Read More...
22-Jan-2024