သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာ၀တီတိုင်းဒေသကြီးအတွင်း လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ကုန်ပစ္စည်းများ၊ ပြည်ပပို့ကုန်(၂)ဆ တိုးမြှင့်တင်ပို့နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲတက်ရောက်
ဧရာ၀တီတိုင်းဒေသကြီးအတွင်း လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ကုန် ပစ္စည်းများ၊ ပြည်ပပို့ကုန် (၂)ဆ တိုးမြှင့်တင်ပို့နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ တွေ့ဆုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။


Read More...
10-Dec-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍ ကုမ္ပဏီ၏လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့ညနေပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍  ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။


Read More...
09-Dec-2024
ဧရာဝတီတိုင်း​ဒေသကြီးဝန်ကြီးချုပ် မြောင်းမြပညာရေးဒီဂရီကောလိပ်နှင့် ဘိုကလေးပညာရေးဒီဂရီကောလိပ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားများသို့တက်​ရောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမတွင်ပြုလုပ်သည့် ပထမနှစ် သင်တန်းသား၊ သင်တန်းသူများ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားသို့တက်ရောက်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူများက အခမ်းအနားကို “ ပွင့်ဖူးဝေဆာ ကျောင်းတော်သာ” တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်အား သင်တန်းသား၊ သင်တန်းသူများက မြို့နယ်အလိုက် မိတ်ဆက်တင်ပြခဲ့သည်။


Read More...
09-Dec-2024
ဧရာဝတီတိုင်း​ဒေသကြီးဝန်ကြီးချုပ် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းဖွင့်လှစ်‌သောGrade11နှင့် Grade12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအမှတ်စဉ်(၂)ဖွင့်ပွဲအခမ်းအနားတက်​ရောက်
ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် Grade11နှင့် Grade12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအမှတ်စဉ်(၂)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြောင်းမြမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြသည်။


Read More...
09-Dec-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားတက်ရောက်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ကျုံပျော်-မှန်ကုန်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကွန်ကရစ် လမ်းသစ်တွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။


Read More...
06-Dec-2024