သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လုပ်ငန်းရှင်များနှင့်ပုသိမ်မြို့၌တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြသည်။ တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်သွင်းအားစုများ ထောက်ပံ့ခြင်း၊ ကုန်ဈေးနှုန်းကျဆင်းစေရေးနှင့်ပတ်သက်၍ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ ခြင်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် မြေသယံဇာတ၊ ရေသယံဇာတများနှင့် လူ့စွမ်းအားအရင်းအမြစ်များ ပေါကြွယ်ဝသည့် စိုက်ပျိုးမွေးမြူရေးတိုင်းဒေသကြီးဖြစ်ပြီး စပါး၊ ပဲ၊ နှမ်း၊ပြောင်း၊ ဟင်းသီးဟင်းရွက်စသည့် သီးနှံစုံ စိုက်ပျိုးထားရှိကာ စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံ(နေကြာ) တိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်း၊ စပါးအပါအဝင်သီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြီးခဲ့သည့်နွေစပါးစိုက်ရာသီတွင် နွေစပါးနှင့်ပဲတီစိမ်း အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(၈၆)ဘီလီယံဖြင့် သွင်းအားစုများထောက်ပံ့ပေးနိုင်ခဲ့သဖြင့် အထွက်နှုန်းတိုးတက်လာခဲ့ပါကြောင်း၊ စပါးခွံများအား သဘာဝမြေဩဇာနှင့် လောင်စာတောင့်အဖြစ် တိုးချဲ့ထုတ်လုပ်သဖြင့် မြေဩဇာလိုအပ်မှုနှင့် သစ်တောပြုန်းတီးမှုကိုလည်း လျှော့ချပေးနိုင်ခဲ့ပါကြောင်း၊ ဆန်စက်လုပ်ငန်းရှင်များ၊ တိရစ္ဆာန်အစာထုတ်လုပ်သူများ၊ မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့်လည်း တိရစ္ဆာန်အစာများ ဈေးနှုန်းသက်သာစွာထုတ်လုပ်ဖြန့်ဖြူးသုံးစွဲနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ကုန်စည်သယ်ယူပို့ဆောင်ရာတွင် သင်္ဘော၊ မီးရထားများဖြင့် ပို့ဆောင်ပါက ကုန်ကျစရိတ်သက်သာသဖြင့် တိုးမြှင့်ဆောင်ရွက်ရန်လိုပါကြောင်း၊ MSMEလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်တွင်း၊ ပြည်ပပို့ကုန်များကို ပိုမိုထုတ်လုပ်နိုင်အောင်ဆောင်ရွက်ရန်လည်းလိုအပ်ပါကြောင်း၊ ငှက်ပျောပျော့ဖတ်၊ ငှက်ပျောလျော်၊ ငှက်ပျောချည် ထုတ်လုပ်၍ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်လျက်ရှိပါကြောင်း၊ အုန်းမှ လူသုံးကုန်နှင့် တန်ဖိုးမြင့်ပစ္စည်းများထုတ်လုပ်နိုင်ေရးဆက်လက်ဆောင်ရွက်ရန်နှင့် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး နိုင်ရန်ရေး” အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လုပ်ငန်းကဏ္ဍအလိုက် တင်ပြပြီး နောက် မျိုးစေ့ထုတ်ကုမ္ပဏီများ၊ မွေးမြူရေးလုပ်ငန်းရှင်များ၊ ရေထွက်ပစ္စည်းလုပ်ငန်းရှင်များ၊ ပီလောပီနံ၊ ရာဘာ၊ ကော်ဖီစိုက်ပျိုးသူများ၊ အဓိကသီးနှံ(၁၀)မျိုးစိုက်တောင်သူများနှင့် မြေဩဇာနှင့် တိရစ္ဆာန်အစာထုတ်လုပ်သူများကလည်းကောင်း၊ စီးပွားရေးရာဝန်ကြီးကလုပ်ငန်း ကဏ္ဍအလိုက် တင်ပြပြီးနောက်  ပြည်ပပို့ကုန် ကုမ္ပဏီများ၊ ဆန် ပြည်တွင်း၊ ပြည်ပပို့ ကုမ္ပဏီများ၊ ARCCI မှတ်ပုံတင်ကုမ္ပဏီများစာရင်းအား ARCCဥက္ကဋ္ဌကလည်းကောင်း၊ သယံဇာတရေးရာ ဝန်ကြီးကလုပ်ငန်းကဏ္ဍအလိုက်တင်ပြပြီးနောက် ဆားလုပ်ငန်းကလည်းကောင်း၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးက လုပ်ငန်းကဏ္ဍအလိုက်တင်ပြပြီးနောက် ငှက်ပျော ပျော့ဖတ်လုပ်ငန်းရှင်က ငှက်ပျောနှင့် ပတ်သက်၍ ငှက်ပျောပျော့ဖတ်၊ ငှက်ပျောချည်မျှင်များ ထုတ်လုပ်၍ လူသုံးကုန်ပစ္စည်းများနှင့် ငှက်ပျောဖတ်စက္ကူများထုတ်လုပ်မှု အားလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာ သည့် လုပ်ငန်းရှင်များ၏ အထွေထွေဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စပါးအပါအဝင်စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ သွင်းအားစုများဈေးနှုန်း သက်သာစွာသုံးစွဲနိုင်ရေး သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာများများပိုမိုထုတ်လုပ်သုံးစွဲနိုင်စေရေး၊ မွေးမြူရေးလုပ်ငန်းများ စနစ်တကျမွေးမြူနိုင်စေရေး၊ စားရေရိက္ခာဖူလုံစေရေးအတွက် စွမ်းအားပြည့်စိုက်ပျိုးမွေးမြူနိုင်စေရေး၊ ကုန်ဈေးနှုန်းကျဆင်းစေရေးကြိုးစားဆောင်ရွက်ကြရန် နှင့်လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေးခဲ့ပြီး တင်ပြချက်များအပေါ်သက်ဆိုင်ရာ တာဝန် ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


Read More...
28-Jun-2023
ဧရာဝတီတိုင်းဒေသကြီးယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
င့် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာဆောင်များ ဖြန့်ဝေခြင်း၊ စစ်ဆေးခြင်း၊ အရေးယူခြင်းများဆောင်ရွက်လျက်ရှိရာ လိုအပ်မှုများရှိနေသေးပါ ကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ကျေးလက်နေလူဦးရေများသောကြောင့် ဆိုင်ကယ် အများဆုံး အသုံးပြုလျက်ရှိရာ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းရေးအတွက် ဆိုင်ကယ်စီးဦးထုတ်များကိုစနစ်တကျမေးသိုင်းကြိုးတပ်ဆင်အသုံးပြုစေခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာစေခြင်း၊ သုံးယောက်စီးနင်းမောင်းနှင်မှု မရှိစေရေးနှင့် အရက်သေစာ သောက်စား၍မောင်းနှင်မရှိစေရေးတို့ကို စတင်ထွက်ခွာသည်နှင့် ကျေးရွာများအလိုက် စနစ်တကျစစ်ဆေးကြပ်မတ် ဆောင်ရွက်ရန်လိုပါကြောင်း၊ ယာဉ်မတော်တဆမှုများနှင့် ပတ်သက်၍ ဖြစ်စဉ်ဖြစ်ပွားမှုများကိုသေချာစွာစစ်ဆေးဖော်ထုတ်ပြီး အလားတူဖြစ်စဉ်များ ထပ်မံ ဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်ရန်လိုပါကြောင်း၊ ယာဉ်မတော်တဆမှုများလျော့နည်းပပျောက်စေရေးဆောင်ရွက်ရမည့် နည်းလမ်းများအတိုင်း တိတိကျကျလိုက်နာဆောက်ရွက်ရန်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ယာဉ်စည်းကမ်းလမ်းစည်း ကမ်းထိန်းသိမ်းရေးအဖွဲ့များ၊  အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်၍ ယာဉ်တိုက်မှုဖြစ်စဉ်များ ၅၀ ရာခိုင်နှုန်းလျော့ကျရေးအတွက် များများအသိပညာပေး၊ စစ်ဆေးအရေးယူသွားရန်လိုပါကြောင်း” အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အတွင်းရေးမှူးနှင့် တွဲဘက်အတွင်းရေးမှူးတို့က ၂၀၂၃ခုနှစ်၊ဇန်နဝါရီလမှ မေလအထိ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရ၊ သေဆုံးမှု အခြေအနေများ၊ တိုင်းဒေသကြီးအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုအခြေအနေများ၊ အသိပညာ ပေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြသည်။ ယင်းနောက် ကော်မတီအဖွဲ့ဝင်များနှင့်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက အထွေထွေ တင်ပြဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


Read More...
27-Jun-2023
ပုသိမ်မြို့၌ မွေးမြူရေးလုပ်ငန်းသုံး တိရစ္ဆာန်အစာများ ကြိတ်ခွဲပြုပြင်ထုတ်လုပ်သည့် စက်ပစ္စည်းများ မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားကျင်းပ
မွေးမြူရေးလုပ်ငန်းသုံး တိရစ္ဆာန်အစာများ ကြိတ်ခွဲပြုပြင်ထုတ်လုပ်သည့် စက်ပစ္စည်းများ မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားအား ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ် ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် စိုက်ပျိုး မွေးမြူရေးတောင်သူများ တက်ရောက်ခဲ့ကြသည်။ မွေးမြူရေးလုပ်ငန်းသုံး တိရစ္ဆာန်အစာများ ကြိတ်ခွဲပြုပြင်ထုတ်လုပ်သည့် စက်ပစ္စည်းများ မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က မွေးမြူရေးလုပ်ငန်းသုံး တိရစ္ဆာန်အစာများ ကြိတ်ခွဲပြုပြင်ထုတ်လုပ်သည့်စက်ပစ္စည်းများကို တိုင်းဒေသကြီးရှိ စိုက်ပျိုး မွေးမြူရေးတောင်သူများ လေ့လာအသုံးပြုနိုင်စေရေးအတွက် ပြသပေးခြင်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးတိုင်းဖြစ်သော်လည်း စိုက်ပျိုးရေးအတွက် မြေဩဇာနှင့် မွေးမြူရေးအတွက်တိရစ္ဆာန်အစားအစာများထုတ်လုပ်မှု နည်းပါးနေသေး ပါကြောင်း၊ ဒေသထွက်ကုန်ကြမ်းများဖြင့် တိရစ္ဆာန်အစာများပိုမိုထုတ်လုပ် နိုင်ရေးဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ယခုပြသထားသည့် စက်ပစ္စည်းများဖြင့် တစ်နိုင်တစ်ပိုင် ထုတ်လုပ် နိုင်သည်အထိဆောင်ရွက်ရန်လိုပါကြောင်းနှင့် တိုင်းဒေသကြီး၏ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်အောင် ဝိုင်းဝန်းကူညီပံ့ပိုး ပေးကြစေလိုကြောင်း”အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် VNMM ထရေးဒင်းကုမ္ပဏီလိမိတက်မှ CEO ဦးရန်လင်းက စက်ပစ္စည်းများနှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းတင်ပြပြီးနောက် အခမ်းအနား သို့တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ကုမ္ပဏီမှ CEO က ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။  ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် VNMM Trading ကုမ္ပဏီလိမိတက်မှ ဗီယက်နမ်နိုင်ငံထုတ် မက္ကဒေးမီးယား အခွံစိမ်းခွာစက်၊ ဘက်စုံသုံးကြိတ်စက်၊အမှုန့်ကြိတ်စက်၊ အစာတောင့်ထုတ်စက် များဖြင့် ငါး၊ပုစွန်၊ ကြက်၊ ဘဲ၊ ဝက်၊ ဆိတ်၊ နွားစာများ  လက်တွေ့ပြသထုတ်လုပ်နေမှုများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


Read More...
26-Jun-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတက်​ရောက်
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဗဟိုအဆင့်နှင့် တိုင်းအဆင့်တွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားအား ရဲတပ်ဖွဲ့ဝင်များက “မြန်မာ့ရဲ”သီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ယနေ့ ကျင်းပပြုလုပ်သည့် (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ပြောကြားလိုသည်မှာ မူးယစ်ဆေးဝါး ပြဿနာသည် လူတစ်ဦးတစ်ယောက်တည်း ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာမဟုတ်ဘဲ ကမ္ဘာ့လူသား အားလုံး ရင်ဆိုင်ကြုံတွေ့လာနေရသည့် ပြဿနာကြီးတစ်ခုဖြစ်ပြီး ကမ္ဘာနဲ့ အဝှမ်း ဖွံ့ဖြိုးပြီးနိုင်ငံများသာမက မဖွံ့ဖြိုးသေးသည့်နိုင်ငံများပါ တွေ့ကြုံရင်ဆိုင်နေရပါကြောင်းနှင့် ၎င်းအထဲတွင် မြန်မာနိုင်ငံသည်လည်း အပါအဝင်ဖြစ်ပါကြောင်း၊ နှစ်စဉ် ဇွန်လ (၂၆)ရက်နေ့တွင် မူးယစ်ဆေးဝါးဆန့်ကျင်သည့်ပွဲကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ကျင်းပပြုလုပ်ခဲ့ကြပါကြောင်း၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးအခမ်းအနားများဖြင့် ခမ်းခမ်းနားနား ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်​နေပါကြောင်း၊ တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုမှ ရရှိလာသည့် ငွေကြေးသည် ငွေကြေးခဝါချမှုနှင့် အကျင့်ပျက်ခြစားမှုကို ဖြစ်ပေါ်စေပြီး တိုင်းပြည်၏ စီးပွားရေးလုပ်ငန်းများကို ထိခိုက်ပျက်ပြားစေခဲ့ပါကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် လူငယ်များ၏ဘဝသည် မျှော်လင့်ချက်ကင်းမဲ့စေပြီး မိသားစုဝင်များသည် လူမှုရေး၊ စီးပွားရေး ပြဿနာပေါင်းများစွာနှင့် ထပ်မံရင်ဆိုင်နေရပါကြောင်း၊ ပညာပေး လုပ်ငန်းများ အနေဖြင့် ကျောင်းသားလူငယ်များအား အသိပညာပေးရေး၊ လှုံ့ဆော်ရေးနှင့် လူငယ်များ မိမိတို့အားလပ်ချိန်များတွင် သုတ၊ ရသ စာပေများ ဖတ်ရှုနိုင်ရေး ပူးပေါင်း ဆောင်ရွက်ကြရန်လိုပါကြောင်း၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒကို လျှင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့နှင့် အရပ်ဖက်အဖွဲ့အစည်း၊ ပြည်သူလူထုတို့မှလည်း ဘုံပြဿနာ/ဘုံရန်သူအဖြစ် ခံယူ၍ အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အဖွဲ့အစည်းတစ်ခုချင်းစီမှ လူတစ်ယောက်ချင်းစီအထိ ကိုယ်စီတာဝန်ရှိစွာဖြင့်အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ တိုက်တွန်း လိုပါကြောင်း” ပြောကြားခဲ့ပါသည်။  ယင်းနောက် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့ (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော  ဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ထံမှ ပေးပို့သည့် သဝဏ်လွှာအား ဧရာဝတီတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော  ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်က ဖတ်ကြားသည်။ ဆက်လက်၍ (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဗဟိုအဆင့်  ပန်းချီ၊ ပိုစတာ၊ ဆောင်ပုဒ်၊ ဝတ္ထုတို ဆုရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ဆုရရှိသူများအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက လည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော  ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်း ဗွီဒီပြသမှုအား ကြည့်ရှု အားပေးခဲ့ပြီး ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူး၍ မူယစ်ဆေးဝါး အသိပညာပေးပြခန်းများအား ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။


Read More...
26-Jun-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းသရုပ်ပြပွဲ၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စုပေါင်းထည့်သွင်းခြင်း အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ (၂၅.၆.၂၀၂၃)နေ့ မွန်းလွဲပိုင်းက မြောင်းမြမြို့နယ်၊ ကြာဖူးငုံကျေးရွာ၌ ပြုလုပ်သည့် ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းသရုပ်ပြပွဲ၊ ဝါးခယ်မမြို့နယ်၊ ရေလိန်ကျေးရွာနှင့် အိမ်မဲမြို့နယ်၊ ကညင်ကွင်းကျေးရွာတို့၌ ပြုလုပ်သည့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)စုပေါင်း ထည့်သွင်းခြင်းအခမ်းအနားများသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြောင်းမြမြို့နယ်၊ ကြာဖူးငုံကျေးရွာ တောင်သူ ဦးမြင့်သန်း၏ လယ်ဧက(၃၀)ဧက၌ ပြုလုပ်သည့် ကောက်စိုက်စက်ဖြင့် ဆင်းသုခမျိုး စိုက်ပျိုးသရုပ်ပြမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်း​ဒေသကြီးစက်မှုလယ်ယာဦးစီးမှူးက စက်မှုလယ်ယာဦးစီးဌာနအ​နေဖြင့် ​တောင်သူများထံသို့ လယ်ယာသုံးစက်ကရိယာများ ငှားရမ်း​ဆောင်ရွက်​ပေး​နေမှုအ​ခြေအ​နေများ၊ ​​​ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရာတွင် တစ်ဧကကုန်ကျစရိတ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့​နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်သည် ​ဒေသခံ​တောင်သူများနှင့် ရင်းရင်းနှီးနှီး​တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ​" တောင်သူကြီးများအနေဖြင့် အထွက်တိုး မျိုးကောင်းမျိုးသန့်များ သုံးစွဲကြရန်၊ ​မြေဆီလွှာဖွံ့ဖြိုးတိုးတက်​ရေးအတွက် သစ်စိမ်း​မြေသြဇာ(ပိုက်ဆံ​လျှော်)ထည့်သွင်းစိုက်ပျိုးကြရန်၊ သဘာဝ​မြေသြဇာများ အသုံးပြု၍ ဓါတ်​မြေသြဇာသုံးစွဲမှုများ​လျော့ချကြရန်" မှာကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဝါးခယ်မမြို့နယ်၊ ရေလိန်ကျေးရွာရှိ တောင်သူ (၃၁)ဦး၏ လယ်​မြေ ဧက(၁၀၀)နှင့် အိမ်မဲမြို့နယ်၊ ကညင်ကွင်း​ကျေးရွာရှိ တောင်သူဦး(၃)ဦး၏ လယ်​မြေ(၁၀) ဧကတို့တွင် ထွန်စက်ကြီးများဖြင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စုပေါင်းထည့်သွင်းထွန်ယက်ခြင်း အခမ်းအနားများသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ "မြေဆီလွှာကောင်းမွန်စေရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံ​လျှော်)များ ပိုမိုထည့်သွင်းစိုက်ပျိုးစေရေး၊ တောင်သူများအနေဖြင့် အထွက်တိုး မျိုးကောင်းမျိုးသန့်များ သုံးစွဲကြရန်နှင့် တစ်ဧက အထွက်နှုန်း ပိုမိုထွက်ရှိ​စေရေး ကြိုးစားဆောင်ရွက်ရန်" မှာကြားခဲ့ကြောင်းသိရသည်။ ​မြေဆီလွှာဖွံ့ဖြိုးတိုးတက်​ရေးအတွက် ဧရာဝတီတိုင်း​ဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ခုနှစ်တွင် သစ်စိမ်း​မြေသြဇာ(ပိုက်ဆံ​လျှော်) ဧက တစ်သိန်း​ကျော် ကြဲပက်ပြီး ယခုအချိန်ထိ ဧက ခုနှစ်သောင်း​ကျော် ထည့်သွင်းထွန်ယက်ပြီးဖြစ်ပါသည်။


Read More...
26-Jun-2023