သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ချုပ်ရေး အဖွဲ့များက Video Conferencing ဖြင့်တက်ရောက်ခဲ့ကြသည်။


Read More...
16-Sep-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နွားမေထုန်မဲ့သားစပ်သင်တန်းအမှတ်စဉ်(၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအတွင်း နို့စားနွားမွေးမြူရေးဖွံ့ဖြိုးတိုးတက်လာစေရန်၊ နို့နှင့်နို့ထွက် ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်စေရန်နှင့် နွားမျိုးကောင်းမျိုးသန့်များပွားများလာစေရန် ရည်ရွယ်၍ တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် နွားမေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ်(၂/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စုပေါင်းရုံးခန်းမ၌  ပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ သင်တန်းသားများတက်ရောက်ခဲ့ကြသည်။


Read More...
15-Sep-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကိုတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကိုတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ‌တာဝန်ရှိသူများနှင့်အတူ မုခ်ဉီးဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။


Read More...
14-Sep-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် စုပေါင်းသန့်ရှင်းရေးလုပ်အားပေးပွဲကိုကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့၊ ရပ်ကွက်များတွင် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဥ် စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ တဂေါင်းမင်္ဂလာစေတီတော်မြတ်ကြီးတွင် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင်၊ စာရေးဝန်ထမ်း၊ လက်ရုံးတပ်ဖွဲ့ဝင်များမှ ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းရေး ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များစနစ်တကျသယ်ယူစွန့်ပစ်ခြင်းစသည့် ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။


Read More...
14-Sep-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ဝင်ရောက်ယှဉ်ပြိုင်မည့် ဘိလိယက်နှင့်စနူကာ၊ ကြက်တောင် နှင့်လှံတံ၊ သံလုံး၊ သံပြားပစ်ပြိုင်ပွဲ အခမ်းအနားအားတက်ရောင်ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဘိလိယက်နှင့်စနူကာ၊ ကြက်တောင်နှင့်လှံတံ၊ သံလုံး၊ သံပြားပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည်  တာဝန်ရှိသူများနှင့်အတူတက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။


Read More...
13-Sep-2024