သတင်းများ
တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း အမှတ်စဉ်(၁/၂၀၂၃၊၂၀၂၄)ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ပြုပြင်ထိန်းသိမ်းမှုအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားနှင့် ပိုက်ဆံလျှော်ထည့်သွင်းပွဲအခမ်းအနားများတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ အမှတ်(၁၇) စက်မှုလယ်ယာစခန်း၌ အမှတ်စဉ်(၁/၂၀၂၃၊၂၀၂၄)ရိတ်သိမ်စခြွေလှေ့ဆစက်မောင်းနှင်ပြုပြင်ထိန်းသိမ်းမှုအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ပြုပြင်ထိန်းသိမ်းမှုအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်ကဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဖြစ်ပြီး မိုးစပါး၊နွေးစပါး ဧက ၅၂ သိန်းကျော် စိုက်ပျိုးလျက်ရှိပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိရန် လိုအပ်နေသေးပြီး ပန်းတိုင်အထွက်နှုန်းမရောက်သေးမီ ကာလစပ်ကြား တစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊အထွက်နှုန်းများ တိုးတက်ရန်အတွက် မျိုးကောင်းမျိုးသန့်စပါးများဖြင့် ပြောင်းလဲစိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ်ပြောင်းလဲစိုက်ပျိုးခြင်းများ လုပ်ဆောင်ရမည်ဖြစ်ပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော်(သစ်စိမ်းမြေသြဇာ)ထည့်သွင်းစိုက်ပျိုးခြင်းစသည့်မြေပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ရိတ်သိမ်းခြွေလှေ့စက်များပေါ်လာပြီးနောက်ပိုင်း တောင်သူများအနေဖြင့် ရိတ်သိမ်းခြွေလှေ့စက်များကို အားထားလာပါကြောင်း၊ ရိတ်သိမ်းချွေလှေ့စက်များအသုံးပြုရာတွင်စက်မောင်းများက်ိုင်တွယ်ထိန်းသိမ်းမှုအားနည်းပါက စပါးအလေအလွင့်ရာခိုင်နှုန်းများသည်ကိုတွေ့ရှိရသဖြင့်နွေစပါးအပြီးမိုးစပါးမရိတ်သိမ်းမီသင်တန်းပေးရခြင်းဖြစ်ပါကြောင်း၊ ဆက်လက်ပြီးဆင့်ပွားသင်တန်းများပို့ချသွားမည်ဖြစ်ပါကြောင်း၊၁ဧက၁၀တင်းနှုန်းပိုမိုထွက်ရှိရေးကြိုးပမ်းလျက်ရှိရာအလေအလွင့်ထိန်းနိုင်ပါပိုမိုထွက်ရှိလာမည်ဖြစ်သဖြင့်စိုက်ပျိုးရေးတိုင်းအတွက်များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ စက်မှုလယ်ယာဦးစီးဌာနသာမက ကုမ္ပဏီများကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊သင်တန်းသားများအနေဖြင့် စာတွေ့လက်တွေ့ သင်ကြားပို့ချမှုများကို ကြိုးစားသင်ယူကြစေလိုကြောင်းအမှာစကားပြောကြားသည်။
ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြပြီးနောက် သင်တန်းကြီးကြပ်သူနှင့် နည်းပြဆရာများက တစ်ဦးချင်းဂါဝရပြုမိတ်ဆက်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး စက်မှုလယ်ယာစခန်းရှိ လယ်ယာသုံးစက်ကြီးများအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ စက်မှုလယ်ယာနှင့် ကူဘိုတာဧရာဝတီ ကုမ္ပဏီတို့မှပူးပေါင်းဖွင့်လှစ်သည့် အမှတ်စဉ်(၁/၂၀၂၃၊၂၀၂၄) ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ပြုပြင်ထိန်းသိမ်းမှုအခြေခံသင်တန်းအား ယနေ့မှစ၍ ၁လကြာသင်ကြားပို့ချသွားမှာဖြစ်ပြီး သင်တန်းသား ၅၀ ဦးတက်ရောက်သင်ကြားလျက်ရှိကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ဆီဆုံကုန်းကျေးရွာအုပ်စု တောင်သူဦးနိုင်ဝင်းဆွေ၏ စိုက်ဧက(၅)ဧက၌ ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းခြင်းကွင်းသရုပ်ပြပွဲသို့ တက်ရောက်၍ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကာ မိုးစပါး အထွက်နှုန်းတိုးတက်စေရေး ကြိုးစား စိုက်ပျိုးကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓနုဖြူမြို့နယ်၊ နန်းတော်ကုန်းကျေးရွာ၊ တောင်သူ ဦးသန်းစိန်ပါ (၁၉)ဦး လယ်မြေ ဧက ၁၀၀ တွင် ကျင်းပပြုလုပ်သည့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မြေခံထည့်သွင်းခြင်းအခမ်းအနားတက်ရောက်၍ ထွန်စက်ကြီး ၈ စီးဖြင့် ထွန်ယက်ထည့်သွင်းနေမှုအားကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ မြေဆီလွှာကောင်းမွန်စေရေးအတွက် သစ်စိမ်းမြေသြဇာများပိုမိုထည့်သွင်းစိုက်ပျိုးစေရေးနှင့် တစ်ဧက အထွက်တိုးစေရေးကြိုးစားဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းသိရသည်။ အဆိုပါသစ်စိမ်းမြေသြဇာထည့်သွင်းထွန်ယက်ရာတွင် တစ်ဧက လျှင် သစ်စိမ်းမြေသြဇာတန်ချိန် ၈.၇ တန်ထည့်သွင်းနိုင်ခဲ့ပြီး နိုက်ထရိုင်ဂျင် ၁.၈ အိတ်၊ ဖော့စဖိတ်၀.၂၄၊ ပိုတက် ၀.၈အိတ်နှင့် ညီမျှသော အာဟာရဓာတ်များထည့်သွင်းနိုင်ခဲ့ကြောင်းသိရသည်။
Read More...
19-Jun-2023
တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ကုန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်မှုရှိရေးနှင့် ပြည်သူများ စျေးရောင်းစျေးဝယ်ပြုလုပ်နေမှုများအား ကွင်းဆင်းစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မြို့သစ်ဈေးသို့သွားရောက်၍ ကုန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်ရှိစေရေးနှင့် ပြည်သူများ စျေးရောင်းစျေးဝယ်ပြုလုပ်နေမှုအခြေအနေများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြို့သစ်ဈေး၌ ဆန်၊ အသား၊ ငါး၊ ပဲအမျိုးမျိုး၊ လောင်စာတောင့်၊ အခြေခံစားသောက်ကုန်များ၊ ဟင်းသီး၊ ဟင်းရွက်များနှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့ကို ရောင်းချနေမှုနေမှုများကို ကြည့်ရှုစစ်ဆေးပြီး အဆင့်ဆင့် သယ်ယူပို့ဆောင်ရောင်းချရာတွင် ကုန်ကျသည့် ကုန်ကျစရိတ်များ၊ တစ်ဆင့်ပြန်လည်ရောင်းချလျက်ရှိသည့် ဈေးနှုန်းများအား ဈေးရောင်းချသူများနှင့် ရင်းရင်းနှီးနှီးအပြန်အလှန်ဆွေးနွေးမေးမြန်းခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စျေးအတွင်း သန့်ရှင်းရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ကြရန်၊ အပတ်စဥ်ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ်အသုံးမပြုရနေ့ သတ်မှတ်ထားရာမှ တိုးမြှင့်နိုင်ရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်များအား ရောင်းချဝယ်ယူကြရန် မှာကြားခဲ့ပြီး စျေးအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
Read More...
18-Jun-2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့်၂၀၂၃ခုနှစ်၊ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၃ခုနှစ်၊အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားဧည့်ပရိသတ်များက “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ကြပြီးနောက် တိုင်းဒေသကြီးသာသနာရေးမှူးရုံး၊ဒုတိယညွှန်ကြားရေးမှူးက ပဋ္ဌာန်းတရားနာကြားရန်အတွက် နတ်၊ဗြဟ္မာများအား ဖိတ်ကြားသည်။
ယင်းနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူ ဆောက်တည်ခဲ့ကြပြီး တိုင်းဒေသကြီးဩဝါဒါစရိယ မရမ်းချိုကျောင်းတိုက် ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ ဩဝါဒကထာ ဆက်လက်နာကြားခဲ့ကာ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊သံဃာတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ဌာနဆိုင်ရာများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ဘဒ္ဒန္တဝေပုလ္လ အရှင်သူမြတ်နှင့် ဘဒ္ဒန္တဝိသုဒ္ဓ အရှင်သူမြတ်တို့က ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာဖြင့် ပင့်ဆောင်ပူဇော်ခြင်းနှင့် ပဋ္ဌာန်းဒေသနာရွတ်ဖတ်ရန် တိုက်တွန်းနှိုးဆော်လွှာဂါထာဖြင့် တိုက်တွန်း နှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ကြွရောက်လာကြကုန်သော ဂိုဏ်းပေါင်းစုံမှ ဆရာတော်ကြီးများ၊ဘာဏက သံဃာတော်များ၊ပရိသတ်အားလုံးတို့က ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိကို တစ်ကြိမ်ရွတ်ဖတ်ပူဇော်၍ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအား ဖွင့်လှစ်ခဲ့သည်။
ယင်းနောက် အလှည့်ကျ ပဋ္ဌာနဘာဏက သံဃာတော်အား ပလ္လင်တော်မြတ်သို့ ပင့်ဆောင်ခဲ့ပြီးနောက် အလှည့်ကျ ပဋ္ဌာနဘာဏက သံဃာတော်ပဋ္ဌာန်းဒေသနာများ စတင်ရွတ်ဖတ်ပူဇော်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဩဝါဒစရိယဆရာတော်ကြီးများအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတနော်မြို့နယ်ရှိ စူပရင်း ဘိုင်အိုတက် (Supreme BioTech) အမှတ် (၁) ဇီ၀မြေသြဇာစက်ရုံ (ပသွယ်) သို့သွားရောက်ခဲ့ရာစက်ရုံတာဝန်ခံမှ အဏုဇီဝပိုးမွေးမြူမှု၊ ကုန်ကြမ်းစုဆောင်းထားရှိမှု၊ ကောက်ရိုး၊ စပါးခွံ၊ လွှစာမှုန့်၊ စက်ဖွဲပြာ၊ သစ်ရွက်စို၊ သစ်ရွက်ခြောက်၊ ဒုံဒိုက် စသည်တို့အား အဏုဇီဝပိုးအသုံးပြု၍ ဇီဝမြေသြဇာ ထုတ်လုပ်မှုအဆင့်ဆင့်နှင့် သိုလှောင်ထားရှိမှု အခြေအနေများအားလိုက်လံရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် စက်ရုံတွင် ထုတ်လုပ်လျက်ရှိသည့် ဇီဝမြေသြဇာများကို စက်ရုံရှိ ဓာတ်ခွဲခန်းတွင် Nitrogen(N)၊ Phosphorus(P)၊ Potassium(K) အချိုးကျပါဝင်မှုနှင့် အပင်ပေါက်နှုန်းစမ်းသပ်စိုက်ပျိုးထားရှိမှု စမ်းသပ်ဖော်ထုတ်ပြသမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဇီဝမြေသြဇာများပိုမိုထုတ်လုပ်နိုင်ရေး၊ ကုန်ကြမ်းများလုံလောက်စွာစုဆောင်းထားရှိစေရေး၊ ဈေးနှုန်းသက်သာစွာဖြင့်တောင်သူများထံဖြန့်ဖြူးပေးနိုင်ရေးမှာကြားခဲ့သည်။ အဆိုပါ စူပရင်း ဘိုင်အိုတက် (Supreme BioTech) အမှတ် (၁) ဇီ၀မြေသြဇာစက်ရုံ (ပသွယ်)သည် ယခုနှစ်တွင်ဇီဝမြေသြဇာ ၅၀ ကီလိုဂရမ် (၄၀၀၀၀)အိတ် (မက်ထရစ်တန်(၂၀၀၀)ထုတ်လုပ်ဖြန့်ဖြူးပေးသွားမှာဖြစ်ကြောင်းသိရသည်။
Read More...
17-Jun-2023
ဧရာဝတီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးအား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ရာ အစည်းအဝေးသို့ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီးနှင့် သက်ဆိုင်ရာဌာနများမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်သည့် တိုင်းဒေသကြီးဖြစ်ပြီး ငွေဆောင်နှင့်ချောင်းသာကမ်းခြေများသို့ ခရီးသွားများဝင်ရောက်မှု များပြားပါကြောင်း၊ ကိုဗစ်-၁၉ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ပြည်ပခရီးသွားများ ဝင်ရောက်မှု နည်းပါးသော်လည်း ပြည်တွင်းခရီးသွားများဝင်ရောက်မှု များပြားခဲ့ပါကြောင်း၊ တိုင်းဒေသကြီး အတွင်းရှိ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရန်အတွက် ခရီးစဉ်သစ်များဖော်ဆောင်ရန် လည်းလိုပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့် ကမ်းခြေအလှ၊ သဘာဝဒီရေတောများဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းထားခြင်းကြောင့် ခရီးသွားများလာရောက်စေရန် ဆွဲဆောင်မှု ဖြစ်ပါကြောင်း၊ ကမ်းခြေဒေသများ၌ အနားယူအပန်းဖြေသည့် အဆောက်အဦများ ဆောက်လုပ်ရာတွင်လည်း စည်းမျဉ်း၊ စည်းကမ်းနှင့်အညီဆောင်ရွက်ရန်လိုအပ်ပြီး တာဝန်ရှိသူ အဆင့်ဆင့်က စစ်ဆေးကြပ်မတ်ရန်လိုပါကြောင်း၊ ခရီးစဉ်အသစ်များ ဖော်ဆောင်ရာတွင် ကမ်းခြေခရီးသွားလုပ်ငန်းအပြင် အခြားသော နေရာဒေသများသို့ပါ သွားရောက်နိုင်ရေး ဆောင်ရွက်ရန်လိုပါကြောင်းနှင့် ရှေးဟောင်းသမိုင်းဝင်ဘုရား၊ စေတီ၊ ပုထိုးများ၊ သာသနိက အဆောက်အဦ၊ ရုံးအဆောက်အဦများတည်ရှိရာဒေသဖြစ်သဖြင့် သွားရောက်လေ့လာ လည်ပတ်နိုင်ရေး ဖော်ဆောင်ကြစေလိုကြောင်း၊ အဆောက်အဦများ ဆောက်လုပ်ရာတွင် မြေအသုံးချမှုနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ကြရန်လိုပါ ကြောင်းနှင့် တာဝန်ရှိသူအဆင့်ဆင့်ကလည်း စိစစ်ကြပ်မတ်ရန်လိုပါကြောင်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်းဆွေးနွေးပေးကြရန်”အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးရာ ဝန်ကြီးက လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေအရ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဖွဲ့စည်းထားရှိမှုအားလည်းကောင်း၊ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီ(၂/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက် ၄၀(ဍ)အား သဘောထားမှတ်ချက် ပြန်ကြားနိုင်ရေးကိစ္စအားလည်းကောင်း၊ ဟိုတယ်၊ တည်းခိုရိပ်သာ အဆောက်အဦဆောက်လုပ်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းတို့အတွက် ကြိုတင်ခွင့်ပြုမိန့်ခွင့်ပြုနိုင်ရေး အားလည်းကောင်း၊ ဟိုတယ်၊ တည်းခိုရိပ်သာ လိုင်စင်ခွင့်ပြုပေးနိုင်ရေး ကိစ္စများကိုရှင်းလင်း တင်ပြခဲ့သည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွင့်ပြုချက်ရရှိပြီး နိုင်ငံတော်၏ အခွန်ဘဏ္ဍာငွေပေးသွင်းပြီးဖြစ်သည့် ဟိုတယ်၊ တည်းခိုရိပ်သာ၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်များ၏ သက်တမ်းတိုးများကို ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီမှ မှတ်တမ်းတင်ပေးပါရန် တင်ပြခဲ့သည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အဖွဲ့များ နှင့် တတ်သိပညာရှင်၊ ပုဂ္ဂလိက ခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသဆိုင်ရာခရီးသွားလုပ်ငန်းပိုမိုတိုးတက်စေရေး နေရာဒေသ သဘာဝအလှအပများဖြင့် သက်ဆိုင်သည့်ခရီးသွားလုပ်ငန်းများ ဖော်ဆောင်ကြစေရေးနှင့် ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
Read More...
16-Jun-2023
ပုသိမ်မြို့၌ မြန်မာလုပ်သားထုကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမား ဥပဒေများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Read More...
မြန်မာလုပ်သားထုကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမား ဥပဒေများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားအား ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ဧရာရွှေဝါခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် စက်ရုံ၊ အလုပ်ရုံများမှ လုပ်သားများတက်ရောက်ခဲ့ကြသည်။
မြန်မာလုပ်သားထုကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမား ဥပဒေများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးသည် တစ်ဖက်၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား လုပ်ကိုင်လျှက်ရှိပြီး တစ်ဖက်၌ စက်ရုံအလုပ်ရုံ လုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိပါကြောင်း၊စက်ရုံအလုပ်ရုံများ ပေါ်ပေါက်လာသဖြင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အခွင့်အလမ်းများလည်း များစွာဖန်တီးပေးနိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း MSMEလုပ်ငန်းများနှင့် ဆက်စပ်သည့် စက်ရုံများလည်းရှိပါကြောင်း၊ စက်ရုံအလုပ်ရုံများသည် လူအများနှင့် လုပ်ကိုင်ရသည့် လုပ်ငန်းများဖြစ်သဖြင့် လုပ်သားများနှင့်ပတ်သက်၍ ဥပဒေဆိုင်ရာများအရ ဖြေရှင်းဆောင်ရွက်ပေးရမှုများလည်း ရှိခဲ့ပါကြောင်း၊ လုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီကို ၃-၆-၂၀၂၁ ရက်စွဲဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန် များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဘဏ္ဍာရန်ပုံငွေ ထောက်ပံ့ပေးမှုဖြင့် ကျွမ်းကျင်လေ့ကျင့်ရေးသင်တန်းကျောင်း ပုသိမ်တွင် လျှပ်စစ်သင်တန်း(၄)ကြိမ်၊ ဂဟေဆက်သက်တန်း(၁)ကြိမ်၊အဲယားကွန်းပြုပြင်တပ်ဆင်ရေးသင်တန်း(၁)ကြိမ်စသည်တို့ကို ဖွင့်လှစ်သင်ကြားပေးခဲ့ပါကြောင်း၊ ဌာနဆိုင်ရာများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီအနေဖြင့် မိမိတို့၏ကဏ္ဍအလိုက် သက်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ အသိပညာပေးဆွေးနွေးပွဲ ကျင်းပခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမားများ ဥပဒေပါအခွင့်အရေးများကို သိရှိနားလည်ခြင်း၊အသက်မွေးဝမ်းကျောင်းသင်တန်းများ တက်ရောက်ခြင်းဖြင့် ကျွမ်းကျင်မှု ဆင့်မြင့်မားသည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာခြင်း၊လုပ်သားများကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်လာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမှာဖြစ်ပါကြောင်းနှင့် အသိပညာဗဟုသုတများကို ဆက်လက်မျှဝေသွားရန် တိုက်တွန်းလိုပါကြောင်း”အမှာစကားများပြောကြားသည်။
ဆက်လက်၍ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်က အလုပ်သမားရေးရာ ဥပဒေများနှင့်ပတ်သက်၍ အမှာစကားများပြောကြားသည်။ယင်းနောက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က လုပ်သားများကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
Read More...
15-Jun-2023