သတင်းများ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများကိုကြည့်ရှုအားပေး
Read More...
၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခုလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များဖြင့် စတင်ကောက်ယူဆောင်ရွက်နေပြီဖြစ်ရာ ဧရာဝတီ တိုင်းဒေသကြီးအနေဖြင့်လည်း ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆) မြို့နယ်၊ ရပ်ကွက်( ၃၀၂) ရပ်ကွက်၊ ကျေးရွာအုပ်စု( ၁၉၂၀) အုပ်စုရှိ အိမ်ထောင်စုကောက်ကွက်ပေါင်း (၁၄၂၉၆ )ကွက်တွင် စာရင်းကောက်အဖွဲ့ပေါင်း( ၁၀၂၂) ဖွဲ့၊ စာရင်းစစ် (၁၁၅၀) ဦး၊ စာရင်းကောက်( ၄၃၂၈) ဦး စုစုပေါင်း( ၅၄၇၈) ဦးအပြင် အထောက်အကူပြုအဖွဲ့များဖြင့် ကောက်ယူဆောင်ရွက်လျက်ရှိပြီဖြစ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက မြောင်းမြမြို့နယ်နှင့် ပုသိမ်မြို့တို့တွင် လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်းကောက်ယူနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။
Read More...
06-Oct-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက်(၂၁)နှစ်အောက် ဖိတ်ခေါ်အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Read More...
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်း၌ ကျင်းပသည့် ပဥ္မမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၁)နှစ်အောက် ဖိတ်ခေါ်အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခု ဖိတ်ခေါ်ပြိုင်ပွဲတွင် ထူးချွန်သည့်ဘောလုံး အားကစားသမားလူငယ် အများအပြား ပေါ်ထွက်လာစေရေးနှင့် အမျိုးသားအားကစားပွဲတော်တွင် အောင်မြင်မှုရရှိရေးအတွက် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ပါကြောင်း
Read More...
05-Oct-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ပုသိမ်မြို့၌ကျင်းပသည့် ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းကကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Read More...
05-Oct-2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ကျုံပျော်မြို့နယ်အားကစားခန်းမတွင် ပြုလုပ်သည့်တွေ့ဆုံပွဲသို့တက်ရောက်
Read More...
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ကျုံပျော်မြို့နယ်အားကစားခန်းမတွင် ပြုလုပ်သည့်တွေ့ဆုံပွဲသို့တက်ရောက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က“ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို တက်တက်ကြွကြွဖြင့်ကျေနပ်အားရဖွယ် ဆောင်ရွက်နေသည်ကိုတွေ့ရပါကြောင်း၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းသည် အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရန်နှင့် မဲပေးနိုင်သည့်အခွင့်အရေးရရှိရေးအတွက် ရည်ရွယ်ခြင်းဖြစ်ပါကြောင်းနှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းနှင့် မူဝါဒများချမှတ်နိုင်ရန်အတွက် အရေးကြီးသောလူဦးရေနှင့် လူမှုစီးပွား ဆိုင်ရာအချက်အလက်များရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းဖြစ်၍ အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း
Read More...
04-Oct-2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ဟင်္သာတမြို့၊ ဖောင်ဆိပ်ကျေးရွာအနီးရှိ တာတမံအခြေအနေများနှင့် ကမ်းပြို၊ ကမ်းစားအခြေအနေများအားကြည့်ရှုစစ်ဆေး
Read More...
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ဟင်္သာတ မြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာအနီးရှိ တာတမံအခြေအနေများနှင့် ကမ်းပြိုကမ်းစားအခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့သည်။
Read More...
04-Oct-2024