သတင်းများ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ဖိတ်ခေါ်ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲကျင်းပ
Read More...
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဖိတ်ခေါ်ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲကို ယမန်နေ့ညပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ကျင်းပရာ ပြိုင်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ဆုများချီးမြှင့်ခဲ့ကြသည်။
Read More...
13-Oct-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ညောင်တုန်းမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသော မိုးစပါး၊ ငါးမွေးမြူရေးကန်များအတွက် မျိုးစပါး၊ သွင်းအားစုနှင့် ငါးသားပေါက်များ ထောက်ပံ့ပေးအပ်
Read More...
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ်၊ ဇီးဖြူကျွန်းကျေးရွာအုပ်စု၊ မြန်မာဘီလီယံဂရု(ဖ်) ကုမ္ပဏီလိမိတက်တွင် ပြုလုပ်သည့် ညောင်တုန်းမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသော မိုးစပါး၊ ငါးမွေးမြူရေးကန်များအတွက် မျိုးစပါး၊ သွင်းအားစုနှင့် ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်
Read More...
12-Oct-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝ ကျေးရွာကမ်းပြိုကာကွယ်ရေးလုပ်ငန်းခွင်သို့သွားရောက်ကြည့်ရှုစစ်ဆေး
Read More...
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝ ကျေးရွာကမ်းပြိုကာကွယ် ရေးလုပ်ငန်းခွင်သို့သွားရောက်ကြည့်ရှုစစ်ဆေး၍ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဘိုးပိုင်အခြေပြုကျောက်စီတမံ အလျား ၂၅၀ ပေ ဆောင်ရွက်နေမှုအခြေအနေနှင့် အမျိုးသားသာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဘိုးပိုင်အခြေပြုကျောက်စီတမံအလျား ၈၅၀ ပေ ဆောင်ရွက်မည့်အခြေအနေများအာရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်နှင့် အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်တို့်ကိုမှာကြားခဲ့ပါသည်။
Read More...
12-Oct-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး(ဗဟိုအဆင့်) ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းအား ပို့ဆောင်နှုတ်ဆက်
Read More...
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်ရှေ့တွင် သွားရောက်တွေ့ဆုံ၍ အားပေးစကားများပြောကြားကာ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
Read More...
12-Oct-2024
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုပြိုင်ပွဲဝင်အသင်းအား အောင်နိုင်ရေးအလံပေးအပ်
Read More...
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင် အသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။
Read More...
12-Oct-2024