သတင်းများ


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည့်တွေ့ဆုံပွဲသို့တက်ရောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က“ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ကောက်ယူလျက်ရှိပါကြောင်း၊  သန်းခေါင်စာရင်း ကောက်ယူခြင်းသည် အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရန်နှင့် မဲပေးနိုင်သည့်အခွင့်အရေးရရှိရေးအတွက် ရည်ရွယ်ခြင်းဖြစ်ပါကြောင်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် မူဝါဒများချမှတ်နိုင်ရန်အတွက် အရေးကြီးသောလူဦးရေနှင့် လူမှုစီးပွားဆိုင်ရာအချက်အလက်များရရှိနိုင်မည့် တစ်ခုတည်းသောစီမံကိန်းဖြစ်၍ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း


Read More...
03-Oct-2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် မြန်အောင်ခရိုင်အတွင်း၌ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများကို ကြည့်ရှုစစ်ဆေး
၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခုလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ  စာရင်းစစ်၊ စာရင်းကောက် အဖွဲ့များဖြင့် စတင်ကောက်ယူဆောင်ရွက်နေပြီဖြစ်ရာ ထိုသို့ကောက်ယူနေမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး များနှင့်အတူ ယ‌နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။


Read More...
03-Oct-2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် မြန်အောင်မြို့၊  အောင်ဇေယျအားကစားခန်းမတွင်ပြုလုပ်သည့် တွေ့ဆုံပွဲသို့တက်ရောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် မြန်အောင်မြို့၊  အောင်ဇေယျအားကစားခန်းမတွင်ပြုလုပ်သည့် တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က“ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ယခုလ(၁)ရက်နေ့မှစတင်၍ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များ၊ အထောက်အကူပြုအဖွဲ့များဖြစ်သည့် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နှင့်တိုင်းရင်းသားဘာသာရပ်သင်ဆရာ၊ ဆရာမ များက စေ့စေ့စပ်စပ်ဖြင့်ကောက်ယူနေကြသကဲ့သို့ ပြည်သူများကလည်း စိတ်ပါဝင်စားစွာဖြင့် ပြန်လည်ဖြေကြားနေသည်ကိုတွေ့ရသည့်အတွက် ဝမ်းသာရပါကြောင်း


Read More...
02-Oct-2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် မြန်အောင်ခရိုင်အတွင်းရှိ၂၀၂၄ခုနှစ်၊ မိုးစပါးရေကြီးနစ်မြုပ်ဧရိယာများအား မိုးစပါးပြန်လည်စိုက်ပျိုးနေမှုများ၊ မိုးနေကြာစိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးတွင် ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးစိုက်ဧကများအား စိုက်ဧကများ ပြည့်မီရေးနှင့် အချိန်မီစိုက်ပျိုးနိုင်ရေးဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက မြန်အောင်ခရိုင်အတွင်းရှိ ၂၀၂၄ခုနှစ်၊ မိုးစပါးရေကြီးနစ်မြုပ်ဧရိယာများအား မိုးစပါးပြန်လည်စိုက်ပျိုးနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။


Read More...
02-Oct-2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများကို ကြည့်ရှုစစ်ဆေး
၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခုလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ  စာရင်းစစ်၊ စာရင်းကောက် အဖွဲ့များဖြင့် စတင်ကောက်ယူဆောင်ရွက်နေပြီဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့်လည်း ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆) မြို့နယ်၊ ရပ်ကွက်( ၃၀၂) ရပ်ကွက်၊  ကျေးရွာအုပ်စု (၁၉၂၀) အုပ်စုရှိ အိမ်ထောင်စုကောက်ကွက်ပေါင်း (၁၄၂၉၆ )ကွက်တွင် စာရင်းကောက်အဖွဲ့ပေါင်း( ၁၀၂၂) ဖွဲ့၊ စာရင်းစစ် (၁၁၅၀) ဦး၊ စာရင်းကောက်( ၄၃၂၈) ဦး စုစုပေါင်း( ၅၄၇၈) ဦးအပြင် အထောက်အကူပြု အဖွဲ့များဖြစ်သည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နှင့်တိုင်းရင်းသား ဘာသာရပ်သင် ဆရာ၊ ဆရာမ (၄၂၆) ဦး၊ တက္ကသိုလ်များမှ ကထိကဆရာ၊ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၄၉ဦး၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များဖြင့် သန်းခေါင်စာရင်းကောက်ယူဆောင်ရွက်နေမှုများကို  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။


Read More...
01-Oct-2024