သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၊ ဓာတုဝိဇ္ဇာပရိယတ္တိ၊ ပဋိပတ္တိကျောင်းတိုက်အတွင်း သုံးထပ်ဆွမ်းစားကျောင်းဆောင် ဒုတိယအကြိမ်အလှူပေးအပ်ပွဲ အခမ်းအနားကို တက်ရောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဓာတုဝိဇ္ဇာ ပရိယတ္တိ၊ ပဋိပတ္တိကျောင်းတိုက်အတွင်း သုံးထပ်ဆွမ်းစားကျောင်းဆောင် ဒုတိယအကြိမ်အလှူပေးအပ်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့သည်။ ဦးစွာ အခမ်းအနားကို နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ  အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များအား ဆက်လက်နာယူကြည်ညိုကြကာ ဆရာတော်သံဃာတော်  အရှင်သူမြတ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ 


Read More...
17-Oct-2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ကျင်းပသည့် ဝါတွင်းကာလဥပုသ်သီလဆောက်တည်ခြင်း၊ သင်္ကန်း၊ ဆွမ်းဆန်တော်နှင့်ဆီ ဆက်ကပ်လှူဒါန်းပွဲအောင်ပွဲမင်္ဂလာအခမ်းအနားကျင်းပ
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ကျင်းပသည့် ဝါတွင်းကာလဥပုသ်သီလဆောက်တည်ခြင်း၊ သင်္ကန်း၊ ဆွမ်းဆန်တော်နှင့်ဆီ ဆက်ကပ်လှူဒါန်းပွဲအောင်ပွဲ မင်္ဂလာအခမ်းအနားသို့ ဆက်လက်တက်ရောက်ခဲ့ကြသည်။


Read More...
17-Oct-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် MAIအပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်းရန်ကုန်-ပုသိမ်-မန္တလေး- ဟုမ္မလင်း- မန္တလေး- ရန်ကုန် လေယာဉ်ခရီးစဉ်မှ ခရီးသည်များအားနွေးထွေးစွာကြိုဆိုနှုတ်ဆက်
MAI အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း၊ ရန်ကုန်-ပုသိမ်-မန္တလေး- ဟုမ္မလင်း- မန္တလေး- ရန်ကုန်လေယာဉ်ခရီးစဉ်မှ ခရီးသည်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်လေဆိပ်သို့သွားရောက်၍ ရင်းနှီးနွေးထွေးစွာကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။


Read More...
17-Oct-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၊ ရွှေပုသိမ် ဧည့်ရိပ်သာ၌ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည်  ပုသိမ်မြို့၊ ရွှေပုသိမ်ဧည့်ရိပ်သာ၌ မြို့ပေါ်ရှိ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံခဲ့သည်။ ယင်းကဲ့သို့တွေ့ဆုံရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ တိုင်းဒေသကြီးအတွင်းသာယာလှပရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ပုသိမ်မြို့ကန်သုံးဆင့်ပန်းခြံအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ပုသိမ်လေဆိပ်သို့ ခရီးသည်လေယာဉ်များ စတင်ပျံသန်းပြေးဆွဲနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ပုသိမ်အဆင့်မြင့်ရေကူးကန်ဖွင့်လှစ်နိုင်မှုအခြေအနေများနှင့် မျိုးဆက်သစ် အားကစားသမားမွေးထုတ် သင်ကြားပေးနိုင်ရေး ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များ၊ အားကစားသိပ္ပံဆောက်လုပ်နေပြီဖြစ်၍ မျိုးဆက်သစ်ကစားသမားများပေါ်ထွက်လာစေရေး ဆောင်ရွက်မည့်ကိစ္စရပ်များ၊ သန်းခေါင်စာရင်းကောက်ယူမှုအခြေအနေများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME)များဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းဒေသကြီးတည်ငြိမ်အေးချမ်း သာယာရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များအား ပြောကြားဆွေးနွေးခဲ့သည်။


Read More...
16-Oct-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ခရီးသွားလုပ်ငန်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်သည့်  ခရီးသွားလုပ်ငန်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး  တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ပုသိမ်လေယာဉ်ကွင်းအား တိုးချဲ့၍ ခရီးသည်တင်လေယာဉ်များ ပြေးဆွဲနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပွင့်လင်းရာသီကို ရောက်ရှိ လာပြီဖြစ်၍ ပြည်တွင်းပြည်ပခရီးသွား ဝင်ရောက်လာတော့မည်ဖြစ်ရာ မြို့၊ ရွာ၊ ကားလမ်း တစ်လျှောက် သန့်ရှင်းရေး၊ ဟိုတယ်ဇုန်များသန့်ရှင်းရေး၊ ကမ်းခြေသာယာလှပရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း


Read More...
16-Oct-2024