သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုသိမ်မြို့ပေါ်ရှိလုပ်ငန်းရှင်များနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုသိမ်မြို့ ပေါ်ရှိလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ရာ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြသည်။ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မကြာမီပွင့်လင်းရာသီကို ရောက်ရှိလာတော့မည်ဖြစ်၍ ပြည်တွင်းပြည်ပခရီးသွားများ ပိုမိုလာရောက်လည်ပတ်ကြတော့ မှာဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ငွေဆောင်နှင့်ချောင်းသာကမ်းခြေခရီးသွား လုပ်ငန်းများအပြင် ဘုရားဖူးခရီးစဉ်များလည်းဖွံ့ဖြိုးသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ယခုနှစ်တွင် ဇန်နဝါရီလမှစက်တင်ဘာလအထိ ပြည်တွင်းပြည်ပခရီးသွား (၇) သိန်းကျော် ဝင်ရောက်ခဲ့ပါကြောင်းနှင့် စည်ပင်လိုင်စင်ရယူထားသည့် တည်းခိုခန်းများတွင်လည်း (၄)သိန်းကျော်ဝင်ရောက်ခဲ့ပြီး စုစုပေါင်း (၁၁) သိန်းကျော်ဝင်ရောက်ခဲ့ပါကြောင်း၊ ကမ်းခြေ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်၍ ပုသိမ်မြို့ပေါ်ရှိဟိုတယ်လုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်း များသည်လည်းဖွံ့ဖြိုးလာပါကြောင်း၊ ဟိုတယ်များနှင့် တည်းခိုရိပ်သာများ၏ လျှပ်စစ်လိုအပ် ချက်များအတွက် ဆိုလာစနစ်၊ လေအားလျှပ်စစ်၊ ရေအားလျှပ်စစ်စနစ်များဖြင့် ဖြည့်ဆည်း ပေးနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဟိုတယ်နှင့်တည်းခိုရိပ်သာများအနေဖြင့် လာရောက် တည်းခိုသည့် ခရီးသွားဧည့်သည်များအနေဖြင့် ပေးရသည့်ငွေကြေးတန်ဖိုးနှင့်ညီမျှသည့် ဝန်ဆောင်မှုများ၊ သန့်ရှင်းလတ်ဆက်သည့်အစားအစာများ၊ ဧည့်ဝတ်ကျေပွန်မှုများဖြင့် ဧည့်သည်များစိတ်ကျေနပ်မှုရှိစေရေးဆောင်ရွက်ပေးရန်လိုပါကြောင်း၊ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များကို ထပ်ကာထပ်ကာလာချင်စိတ်များဖြစ်အောင် စိတ်ဝင်စားဖွယ်ရာ များဖြင့်ဆွဲဆောင်ရန်လည်းလိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်းမှထွက်ရှိသည့် ကြိမ်ထည် ပစ္စည်းများအား ဟိုတယ်များတွင် အသုံးပြုပြသရောင်းချပေးနိုင်ရန်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တိုင်းဒေသကြီးမှထွက်ရှိသည့် ဧရာဝတီပေါ်ဆန်းဆန်အပါအဝင် စားသောက်ကုန်များ၊ ကြိမ်၊ ဝါး၊ ဗေဒါ၊ သင်၊ အုန်းအသုံးပြုလက်မှုပစ္စည်းများသည်လည်း ခရီးသွားများကို ဆွဲဆောင်နိုင်သည့်ပစ္စည်းများဖြစ်ရာ ဒေသထွက်အမှတ်တရလက်ဆောင်ပစ္စည်း အရောင်းဆိုင် များအနေဖြင့် အရည်အသွေးကောင်းကောင်း၊ ထုပ်ပိုးမှုပုံစံကောင်းကောင်းဖြင့် မြင်သည်နှင့် ဝယ်ချင်စဖွယ်ဖြစ်အောင် ဆောင်ရွက်သွားကြရန်လည်းလိုပါကြောင်း၊ ပွင့်လင်းရာသီကို ရောက်ရှိလာပြီဖြစ်၍ တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက် ပေးကြရန်နှင့် တက်ရောက်လာသူများကလည်း အသေးစိတ်အပြန်အလှန် ဆွေးနွေးပေးကြ စေလိုကြောင်း”အမှာစကားများပြောကြားသည်။ ဆက်လက်၍ စီးပွားရေးရာဝန်ကြီးမှခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေး တက်ရောက်ခဲ့မှုအခြေအနေများနှင့် တွေ့ဆုံပွဲသို့တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


Read More...
11-Oct-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ပီလောပီနံစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းနေမှုများနှင့် မိုးစပါး စံကွက်ရိတ်သိမ်းနေမှုများနှင့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါး "ဓါတုကင်းလွတ်ရေကြည်ပေါ်ဆန်း" ဧက (၂၀၀) စံပြစိုက်ခင်းအားကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ရေကြည်မြို့နယ်အတွင်းရှိ ပီလောပီနံစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း နေမှုများနှင့် မိုးစပါးစံကွက်ရိတ်သိမ်းနေမှုများအားကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။ ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်သည်  ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ပန်းပုကွင်း ကျေးရွာရှိ တောင်သူဦးကျော်ဝင်း၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက် သည့်   ပီလောပီနံစိုက်ခင်း (၁၅)ဧကတွင် မြေပုံစနစ်ဖြင့် စိုက်ပျိုးထားသည့် (၄)လသက်တမ်းရှိ ကိုင်းရှုတ်(ပင်ပြန့်) မျိုးစိုက်ခင်း၊ ကိုင်းရှုတ် (ပင်ထောင်)မျိုးစိုက်ခင်းနှင့် ပန်းကလော/ ကြက်ဥကလော မျိုးစိုက်ခင်းများ၏ အောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အထွတ်တိုးမျိုးများ ပြောင်းလဲစိုက်ပျိုးစေရေး၊ ဘောင်စနစ်ဖြင့်ပြောင်းလဲစိုက်ပျိုးစေရေး ဆောင်ရွက်ရန်နှင့် ပိုမိုအောင်မြင်အောင်ဆောင်ရွက်စေရန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာရှိ တောင်သူဦးနိုင်ဝင်းဆွေ ၏ လယ်(၅.၂၄)ဧကတွင်ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ခုနှစ်၊ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့် တွေ့ဆုံ၍ တစ်ဧက (၁၀) တင်းနှုန်းပိုမိုထွက်ရှိ စေရေး မျိုးကောင်းမျိုးသန့်များ ပြောင်းလဲသုံးစွဲမှု၊ စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးမှု၊ သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာများအချိုးကျသုံးစွဲနိုင်မှု နှင့် ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးမှုတို့ကြောင့် မိုးစပါးအထွက်နှုန်းတိုးလာသည်ကို မြင်တွေ့ နေရပါကြောင်း ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။ အဆိုပါ တောင်သူ ဦးနိုင်ဝင်းဆွေ၏ လယ်မြေ(၅.၂၄) ဧကရှိ ဆာဖိုးသာမျိုးစပါးအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြွေလှေ့ရာမှ တစ်ဧကလျှင် ပျမ်းမျှ(၁၃၂) တင်းနှုန်း ထွက်ရှိခဲ့သည်။ အဆိုပါ ဦးနိုင်ဝင်းဆွေ၏ လယ်မြေတွင်ယခင်နှစ်က ဆင်းသုခမျိုးစပါးစိုက်ပျိုးခဲ့ရာ တစ်ဧကလျှင် (၉၈)တင်းထွက်ရှိခဲ့ပြီး ယခုနှစ်တွင် ဆာဖိုးသာ အထွက်တိုး မျိုးစပါးအားစိုက်ပျိုးခဲ့ရာ တစ်ဧကလျှင် (၁၃၂) တင်းနှုန်းထွက်ရှိခဲ့ပြီး မျိုးပြောင်းလဲခြင်း၊ စိုက်နည်းစနစ်ပြောင်းလဲ စိုက်ပျိုး ခြင်းကြောင့် အထွက်နှုန်း ပိုမိုထွက်ရှိခဲ့ကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဝယ်ယူကြိတ်ခွဲသူအစုအဖွဲ့အနေဖြင့် ဆောင်ရွက်သည့် ရွှေပြည်ဝင်းဆန်စက်၊ ဆန်၊ စပါးရောင်းဝယ်ရေးနှင့် စပါးအခြောက်ခံလုပ်ငန်း သို့သွားရောက်၍ စပါးအခြောက်ခံခြင်း ဆောင်ရွက်နေမှုနှင့် တောင်သူများမှ စပါးများ ပြန်လည်ပေးသွင်းနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည် မြို့နယ်၊ နွားရေတိုက်ကျေးရွာရှိ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါး " ဓာတုကင်းလွတ် ရေကြည် ပေါ်ဆန်း"  ဧက (၂၀၀) စံပြစိုက်ခင်းရှိ (၇၅) ရက်သား သက်တမ်းရှိပြီဖြစ်သော ပေါ်ဆန်းစပါး စိုက်ခင်း ဖြစ်ထွန်းအောင်မြင်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ရာ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စားရင်းအင်းဦးစီးဌာန၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးတို့မှ ရေကြည်မြို့နယ်၊ မိုးစပါးစိုက်ပျိုးမှု အခြေအနေများအား လည်းကောင်း၊ နွားရေတိုက်ကျေးရွာ အုပ်စုနှင့် မကျီးလဟာကျေးရွာအုပ်စုတို့တွင် ဓါတုကင်းလွတ် ပေါ်ဆန်း စိုက်ပျိုးမှုအခြေအနေများ အားလည်းကောင်း၊ တောင်သူဦးကြည်ခိုင်စိုးမှ မြေဆွေး၊ နွားချေးမှုန့်၊ ဖွဲနု၊ ထုံး၊ ဒရိုင်ဂိုဒါးမား၊ ဟူးမားသဘာဝမြေဩဇာ တို့အားအချိုးကျရောစပ်၍ သဘာဝမြေဩဇာ ထုတ်လုပ်သုံးစွဲမှု အခြေအနေများအားလည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန (မြောင်းမြ)၏ သုတေသနအရာရှိ (တာဝန်ခံ)မှ ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်းစိုက်ပျိုးမှု အခြေအနေများ၊ သဘာဝမြေသြဇာအသုံးပြု စိုက်ပျိုးမှု အခြေအနေများ၊ ပေါ်ဆန်းစပါးမျိုးကွဲများ၏ အထွက်နှင့်အထွက်နှုန်း မိတ်ဖက်လက္ခဏာများ အား သုတေသနဆောင်ရွက်ချက် ရလဒ်များအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြမှု အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါ်ဆန်းစပါး အရည်အသွေး၊ အနံ့၊ အရသာ တိုးတက် ကောင်းမွန်စေရေး၊ တောင်သူအခြေပြု သုတေသန ဆောင်ရွက်လျက်ရှိရာ (၂)နှစ်မြောက် ရောက်ရှိလာပြီဖြစ်ပါကြောင်း၊  ကျန်းမာရေးနှင့်ညီညွတ်သည့် သဘာဝမြေဩဇာအသုံးပြု ဓါတုကင်းလွတ်ပေါ်ဆန်းများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်စေရေး၊ ခေတ်မီနည်းပညာ အကူအညီ များဖြင့် အနံ့အရသာနှင့်ပြည့်စုံသည့် အရည်အသွေးပြည့် ဆန်များထွက်ရှိစေရေး၊ သဘာဝ မြေဩဇာသုံးစွဲခြင်းဖြင့် ရရှိလာသည့်အကျိုးကျေးဇူးများအား တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး၊ အထွက်တိုးသည့် ပေါ်ဆန်းမျိုးစပါးများ ပြောင်းလဲစိုက်ပျိုးစေရေးနှင့် စိုက်ပျိုးရေး သုတေသန၊ ထုတ်လုပ်ရေးသုတေသနနှင့် ဈေးကွက်သုတေသနလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီး၏စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ အဆိုပါ နွားရေတိုက်ကျေးရွာအုပ်စုတွင် ယခင်နှစ်က ဓါတုကင်းလွတ်ရေကြည်ပေါ်ဆန်းအား လယ်ဧက (၃၀)စိုက်ပျိုးခဲ့ရာမှ ယခုနှစ်တွင် လယ်ဧက (၂၀၀) တိုးတက်စိုက်ပျိုးထားရှိကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်-ပုသိမ်လမ်းမကြီး၊ မိုင်(၇၄/၅ -၉၆/၅) အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လမ်းအနိမ့်အမြင့်ညှိခြင်းလုပ်ငန်း ယာယီရှင်းလင်းဆောင်တွင် တာဝန်ရှိသူများမှ လမ်းအနိမ့်အမြင့်ညှိခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လမ်းလုပ်ငန်းများ အရည်အသွေး ပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီး စေရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။ ဆက်လက်၍ ပုသိမ် - ရန်ကုန် လမ်း (၉၆/၅ - ၁၀၆/၅)(၁၀)မိုင်၊ ကန်ကြီးထောင့်မြို့နယ်အပိုင်းရှိ (၉၆/၅မှ၉၈/၅)မိုင်အတွင်း ကတ္တရာလမ်းပေါက်ဖာထေးခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများရှင်းလင်းတင်ပြမှုအပေါ် ပွင့်လင်းရာသီတွင် ယာဉ်သွားလာမှုများ ပိုမိုများပြားလာမည်ဖြစ်သဖြင့် လမ်းပိုင်းအလိုက် မပြတ်ထိန်းသိမ်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းသိရသည်။


Read More...
10-Oct-2023
(၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)ပြိုင်ပွဲဝင်ရန်စခန်းသွင်းလေ့ကျင့်နေမှုများကိုကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့ညပိုင်းက အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ပုသိမ်တက္ကသိုလ်၊ နန္ဒဆောင်တွင် (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)ပြိုင်ပွဲဝင်ရန်စခန်းသွင်းလေ့ကျင့်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အခြေခံပညာ (၁၀-၁၅)အမျိုးသမီး(ခေတ်ဟောင်းကာလပေါ်)၊ အခြေခံပညာ(၁၅-၂၀) အမျိုးသမီး(ခေတ်ဟောင်းကာလပေါ်)၊ ဝါသနာရှင်ဒုတိယတန်းအမျိုးသမီး(မဟာဂီတ)၊ အခြေခံပညာ(၁၀-၁၅)အမျိုးသား(ခေတ်ဟောင်းကာလပေါ်)၊ ဝါသနာရှင်ဒုတိယတန်းအမျိုးသား (ခေတ်ဟောင်းကာလပေါ်)၊ အဆို လေ့ကျင့် သီဆိုနေမှုအားလည်းကောင်းအခြေခံပညာ (၁၀-၁၅) အမျိုးသမီး (ဂီတာ)၊ အခြေခံပညာ(၁၅-၂၀)အမျိုးသမီး(စောင်း)၊  အခြေခံပညာ(၁၀-၁၅)အမျိုးသား (တယော)၊ အခြေခံပညာ (၁၅-၂၀)အမျိုးသား(ဂီတာ+တယော)၊ အခြေခံပညာ(၁၀-၁၅)အမျိုးသား (ဒုံမင်း)၊ ပြိင်ပွဲဝင်များ၏လေ့ကျင့်တီးခတ်မှုအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြသည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခြေခံပညာ(၁၀-၁၅)အမျိုးသား(ဆိုင်းတစ်ဦးချင်း)၊ အခြေခံပညာ(၁၅-၂၀) အမျိုးသမီး(ဆိုင်းအဖွဲ့လိုက်)၊ အခြေခံပညာ(၁၀-၁၅)အမျိုးသမီး(ဆိုင်းအဖွဲ့လိုက်)၊ အခြေခံပညာ(၁၅-၂၀)အမျိုးသား(ဆိုင်းအဖွဲ့လိုက်) များ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုငွေများချီးမြှင့်ခဲ့ကာ  “ယခင်နှစ်ထက်အောင် အောင်မြင်မှုများရရှိစေရန် ပိုမိုကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း၊ စခန်းသွင်းလေ့ကျင့်နေစဉ်ကာလအတွင်း ကျန်းမာရေးကိုလည်း အထူးဂရုစိုက်၍ နေထိုင်ကြ‌စေလိုကြောင်းနှင့် အခက်အခဲများရှိပါကလည်း တင်ပြပေးစေလိုပါကြောင်းနှင့် နည်းပြများ၏သင်ကြားပြမှုများကိုလည်း အလေးလိုက်နာမှတ်သားလေ့ကျင့်ရန်လည်းလိုပါကြောင်း” အားပေးအမှာစကားများပြောကြားခဲ့သည်။


Read More...
09-Oct-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ပြည်သူ့ဆေးရုံများ၌ ဆေးရုံတက်​ရောက်ကုသနေသည့်လူနာများအား ​ထောက်ပံ့​ငွေနှင့်စား​သောက်ဖွယ်ရာများ​ပေးအပ်၊ မွေးမြူရေးလုပ်ငန်းများကြည့်ရှုအားပေး
တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ေမြာင်းမြမြို့၊ ပြည်သူ့ဆေးရုံတွင် ဆေးရုံတက်​ရောက်ကုသလူနာများအား ကြည့်ရှုအားပေးစကားများ ပြောကြားခဲ့ကာ ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး မွေးမြူရေးလုပ်ငန်းများကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။ ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြောင်းမြမြို့၊ ပြည်သူ့ဆေးရုံကြီးသို့​သွားရောက်ကာ ​ဆေးရုံတက်​ရောက်ကုသလူနာများအား လိုက်လံကြည့်ရှု အား​ပေးစကားများ​ပြောကြားခဲ့ပြီး ​ဆေးရုံတက်​ရောက်ကုသ‌နေသည့် လူနာများအတွက် ထောက်ပံ့​ငွေနှင့် အာဟာရပြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍! ဆေးရုံအုပ်ကြီး၊ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍  ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများမေးမြန်းခဲ့ပြီး ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများအပြည့်အဝဆောင်ရွက်ပေးနိုင်ရေးမှာကြားခဲ့ကာ ဝန်ထမ်းများအတွက် ကြက်ဥနှင့်ဆီများ ထောက်ပံ့ပေးခဲ့သည်။  ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြောင်းမြမြို့၊ သာသနာ့ဗိမာန်တော်ကြီး ပြန်လည်ပြုပြင်မွမ်းမံနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ သံဃာေတာ်များ၊ လူပုဂ္ဂိုလ်များ ဘာသာသာသနာရေးဆိုင်ရာများစိတ် အေးချမ်းသာစွာပြုလုပ်နိုင်စေရေး တည်ဆောက်ရေးလုပ်ငန်းများ စနစ်တကျစီစဉ်ဆောင်ရွက်ရန်မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြောင်းမြမြို့ရှိ ပိုင်ရှင်ဦးဆန်းလင်းအောင်နှင့် ဦးရဲထွဋ်တို့၏ အသားစားကြက် ကောင်ရေ(၁၇၀၀၀)မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးပြီး မွေးမြူထုတ်လုပ်မှု စာရင်းဇယားများ စနစ်တကျမှတ်သားဆောင်ရွက်စေရန်၊ မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်ရန်၊ ထုတ်လုပ်မှုကုန်ကျစရိတ် များလျော့ချနိုင်ရေးဆောင်ရွက်ရန်နှင့် ဒေသထွက် တိရစ္ဆာန်အစာများပိုမိုအသုံးပြုရန်နှင့် ပြည်သူများအား ဈေးနှုန်းသက်သာစွာရောင်းချပေးနိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့ကာ မွေးမြူရေးခြံသုံးဆေးဝါးများထောက်ပံ့ပေးခဲ့သည်။ အဆိုပါ အသားစားကြက်မွေးမြးရေးခြံတွင် အသားစားကြက်များကို လေအေးပေးစနစ်ဖြင့်မွေးမြူထားရှိပြီး ၃၅ရက်ပြည့်မှစတင်၍ တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များသို့ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြောင်းမြမြို့ရှိ ပိုင်ရှင်ဦးငြိမ်းချမ်းဦး၏ ဥစားကြက်ခြံသို့သွားရောက်၍ ကြက်ခြံ(၇)ခြံတွင် ဥစားကြက်ကောင်ရေ(၁၆၀၀၀)မွေးမြူထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကြက်ဥထုတ်လုပ်မှု၊ ဈေးကွက်ရောင်းချမှုအခြေအနေများဆွေးနွေးမေးမြန်းခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှထုတ်လုပ်မှုကုန်ကျစရိတ် များလျော့ချနိုင်ရေး ထုတ်လုပ်သူများ၊ ရောင်းဝယ်သမားများ၊ ဌာနဆိုင်ရာ ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် ဈေးကွက်သုတေသနပြုလုပ်ကြရမှာဖြစ်ပြီး ရရှိလာသည့်ရလဒ်များကို လက်တွေ့ဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး မွေးမြူရေးခြံသုံးဆေးဝါးများထောက်ပံ့ပေးခဲ့သည်။ အဆိုပါဥစားကြက်ခြံတွင် ကြက်ခြံ(၇)ခြံ၌ ဥစားကြက် ကောင်ရေ (၁၆၀၀၀) မွေးမြူထားရှိပြီး တစ်နေ့လျှင်ကြက်ဥ ပျမ်းမျှ (၁၃၀၀၀) ထုတ်လုပ်၍ ဈေးနှုန်းသက်သာစွာရောင်းချပေးလျက်ရှိကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်း ကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍ ဟင်္သာတနည်းပညာတက္ကသိုလ်၊ အီလက်ထရောနစ်အင်ဂျင်နီယာဌာနမှ ကျောင်းသား၊ ကျောင်းသူ ၉၆ဦးတို့သည် လေ့လာရေးခရီးစဉ်အနေဖြင့် ငါးမွေးမြူရေး၊ စပါးခွံလောင်စာသုံး gasifier ဖြင့် gas engine အသုံးပြုပြီး  လျှပ်စစ်ဓါတ်အားထုတ်လုပ်ရန် လေ့လာနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့်အတူ နေ့လယ်စာများ အတူတကွသုံးဆောင်ခဲ့ကြသည်။  ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား Global Earth Agro & Aqua Industry Public Co., Ltd ဥက္ကဋ္ဌက သွင်းအားစု၊ ထုတ်လုပ်မှုနှင့်ဈေးကွက်၊ အလုပ်အကိုင်ရရှိမှု၊ ငါးအစာတောင့်စက်ရုံကုန်ကြမ်းလိုအပ်ချက်နှင့် လုပ်ငန်းတိုးတက်မှုအခြေအနေ၊ စားသောက်ကုန်ထုတ်လုပ်မှုစက်ရုံ ကုန်ကြမ်းလိုအပ်ချက်၊ စပါးခွံလောင်စာသုံးဘွိုင်လာ၊ Gasifierစနစ်ဖြင့်  လျှပ်စစ်ထုတ်လုပ်နိုင်မည့် စက်ရုံများအတွက် ရက်၊ လ၊ နှစ်အလိုက်စပါးခွံလိုအပ်ချက်နှင့် လုပ်ငန်းတိုးတက်မှုအခြေအနေများကိုရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“  တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စက်ရုံလည်ပတ်နိုင်ရန်အတွက် ကုန်ကြမ်းများရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၌ စပါးတင်းသိန်းပေါင်း(၄)ထောင်ကျော်ထွက်ရှိပြီး စပါးခွံတန်ချိန်(၁၈) သိန်းကျော်နှင့် ဖွဲနုတန်ချိန် (၇)သိန်းကျော်တန်ထွက်ရှိပါကြောင်း၊ စက်ရုံအတွက် တစ်နှစ်လိုအပ်မည့် စပါးခွံတန်ချိန်(၅)သိန်းကျော်နှင့် ဖွဲနုတန်ချိန်(၂)သိန်းကျော်အတွက် လုံလောက်မှုရှိရာ အချိန်မီစုဆောင်းသိုလှောင်ရန်လိုအပ်ပါကြောင်း၊ အခြားကုန်ကြမ်းများဖြစ်သည့် စကွဲ၊ ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်မျိုးစုံလည်းထွက်ရှိပါကြောင်း၊ စက်ရုံများရာနှုန်းပြည့်ပြီးစီး၍ ဇီဝမြေဩဇာနှင့် တိရစ္ဆာန်အစာထုတ်လုပ်နိုင်ပါက စိုက်ပျိုးရေး၊ မွေးမြူရေး တောင်သူများသက်သက်သာသာဖြင့် မြေဩဇာများဝယ်ယူအသုံးပြုနိုင်မည်ဖြစ်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းပိုမိုအောင်မြင်လာမည်ဖြစ်ပါကြောင်း၊ စက်ရုံ၏တိုးတက်မှုအခြေအနေများသိရှိနိုင် ရေးနှင့် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးနိုင်ရေးလာရောက်ခြင်းဖြစ်ပါကြောင်း”အမှာစကားများပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စပါးခွံလောင်စာသုံး boiler ဖြင့် Turbine စနစ်အသုံးပြုပြီး  လျှပ်စစ်ဓါတ်အား (၁၅)မဂ္ဂါဝပ် (၂)လုံး (၃၀)မဂ္ဂါဝပ် လျှပ်စစ်ထုတ်လုပ်နိုင်မည့် စက်ရုံအတွက် စက်ပစ္စည်းများရောက်လာမှုနှင့် တည်ဆောက် ရေး၊ တပ်ဆင်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ စပါးခွံလောင်စာသုံး gasifier ဖြင့် gas engine အသုံးပြုပြီး  လျှပ်စစ်ဓါတ်အား ၁၂ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် စက်ရုံတည်ဆောက်နေမှု၊ စပါးခွံများ စနစ်တကျသိုလှောင်နိုင်ရန် သိုလှောင်ရုံများတည်ဆောက်နေမှုများ၊ အေးခဲစက်ရုံတွင် automated cold storage warehouse စနစ်တည်ဆောက်ရန် အပူချိန်ထိန်း နံရံပြားများနှင့် Insulation ဖော့ပြားများအသုံးပြု၍ နောက်ဆုံးကြမ်းခင်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ အအေးပေးစက်များတပ်ဆင်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်းပြီးစီးစေရန်၊ လျှပ်စစ်ထုတ်စက်ရုံများ အမြန်ဆုံးတည်ဆောက်တပ်ဆင်ပြီးစီးစေရေးမှာကြားခဲ့ပြီး လိုအပ်သည်များအား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


Read More...
08-Oct-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ချောင်းသာမြို့ရှိ ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ချောင်းသာမြို့၊ Azuraဟိုတယ်၌ ပြုလုပ်သည့် ‌ဌာနဆိုင်ရာများ၊ ဟိုတယ်ဇုန်လုပ်ငန်းရှင်များ၊ အထွေထွေမန်နေဂျာများနှင့် တွေ့ဆုံပွဲသို့တက်ရောက်၍ “ ကမ်းခြေဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ရုံး၌ ယခုလအတွင်းဌာနဆိုင်ရာများ၊ ဟိုတယ်ဇုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံအစည်းအဝေးပြုလုပ်ခဲ့ပါကြောင်း၊ လျှပ်စစ်လိုအပ်ချက်များအတွက် ဆိုလာစနစ်၊ လေအားလျှပ်စစ်စနစ်များဖြင့် လျှပ်စစ်လိုအပ်များဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိကမ်းခြေများသို့ ယခုနှစ် ဇန်နဝါရီလမှစက်တင်ဘာလအထိ ငွေဆောင်၊ ချောင်းသာဟိုတယ်ဇုန်များသို့ ပြည်တွင်းပြည်ပခရီးသွား(၇)သိန်းကျော်ဝင်ရောက်ခဲ့ပါကြောင်းနှင့် စည်ပင်လိုင်စင်ရယူထားသည့် တည်းခိုခန်းများတွင်လည်း (၄)သိန်းကျော်ဝင်ရောက်ခဲ့ပြီး စုစုပေါင်း(၁၁)သိန်းကျော်ဝင်ရောက်ခဲ့ပါကြောင်း၊ အောက်တိုဘာလ သည်ပွင့်လင်းရာသီဖြစ်၍ ခရီးသွားများပိုမိုဝင်ရောက်လာတော့မှာဖြစ်ပြီး ခရီးသွားလုပ်ငန်း များပိုမိုဖွံ့ဖြိုးစေရေး သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်တွင် ယခင်နှစ်ထက်ခရီးသွားများ ပိုမိုကျော်လွန်ဝင်ရောက်အောင် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ခရီးသွားများတစ်ခေါက်လာရောက်သည်နှင့် ထပ်ကာထပ်ကာလာရောက်ချင်စိတ်များဖြစ်ပေါ်စေရေး ဝန်ဆောင်မှုကောင်းများပေးဆောင်ရန်လိုပါကြောင်း၊ ခရီးသွားများသွားလာရေး အဆင်ပြေစေရန်အတွက် လမ်းပိုင်းအားနည်းမှုများအပေါ် ရရှိသည့်ရန်ပုံငွေအပေါ်မူတည်၍ အဆင့်မြှင့်တင်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊  ကမ်းခြေသာယာလှပရေးများအပြင် ခရီးသွားလာသူများ အေးချမ်းစွာ အပန်းဖြေအနားယူနိုင် ရေးနှင့် စည်းကမ်းတကျ သွားလာလည်ပတ်နိုင်စေရေး၊ ထိခိုက်မှုတစ်စုံတစ်ရာမရှိစေရေးနှင့် လုံခြုံမှုအပြည့်အဝရရှိစေရန်အတွက်လည်း ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊  ပြည်တွင်းပြည်ပ ခရီးသွားများ အနေဖြင့် အပန်းဖြေရုံသက်သက်မကဘဲ  တိုင်းဒေသကြီးရှိမြို့ကြီးများ၏ အထင်ကရနေရာများ၊ ရှေးဟောင်းအဆောက်အဦများနှင့် တခြားဆွဲဆောင်မှုရှိသည့်နေရာများရှာဖွေ၍ စိတ်ဝင်စားဖွယ်ရာ၊ လေ့လာလည်ပတ်စရာခရီးစဉ်အသစ်များ ဖော်ဆောင်ရန်လိုအပ်ပြီး ခွင့်ပြုချက်များ ရယူဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ကမ်းခြေဒေသများ ပိုမိုသန့်ရှင်းသာယာလှပစေရေးနှင့် ခရီးသွားလုပ်ငန်းများပိုမိုဖွံ့ဖိုးတိုးတက်စေရေး ဟိုတယ်ဇုန်များအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်လည်း လိုပါကြောင်းနှင့် အကြံကောင်းဉာဏ်ကောင်းများရှိပါကလည်း ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း”အမှာစကားပြောကြားသည်။ ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ချောင်းသာရုံးခွဲတာဝန်ခံက ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ကဏ္ဍဆိုင်ရာများကိုရှင်းလင်းတင်ပြပြီးနောက်  တွေ့ဆုံပွဲသို့တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးအစိုးအဖွဲ့သယံဇာတရေးရာဝန်ကြီးက တိုင်းဒေသကြီးအတွင်းလျှပ်စစ်ဖြန့်ဖြူးပေးနေမှုနှင့် လေအားလျှပ်စစ်၊ ရေအားလျပ်စစ်၊ Solar စနစ်များဖြင့် လျှပ်စစ်ထုတ်လုပ်နိုင် ​ရေး ဆောင်ရွက်နေမှု အခြေအနေများအားရှင်းလင်းပြောကြားခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကားများပြောကြားခဲ့သည်။


Read More...
07-Oct-2023