သတင်းများ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းကပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီးစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီဝင် ဌာနဆိုင်ရာများ၊ ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများတက်ရောက်ခဲ့ကြပြီး မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။
Read More...
10-Apr-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားတက်ရောက်
Read More...
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးကြီးများ၊ ဌာနဆိုင်ရာများနှင့် ခရိုင်(၈)ခရိုင်မှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
Read More...
09-Apr-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၊ ကန်သုံးဆင့်ရေကန်အား စက်ဖြင့်တူးဖော်၍ ကန်တာဘောင် တိုးချဲ့လုပ်ငန်းကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကန်သုံးဆင့်ရေကန်အား စက်ဖြင့်တူးဖော်၍ ကန်တာဘောင်တိုးချဲ့ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်သုံးဆင့်အပန်းဖြေဥယျာဉ် ကန်ပတ်လမ်းတစ်လျောက် သန့်ရှင်းသာယာလှပရေး၊ ပန်းအလှပင်နှင့်မြက်ပင်များ စိမ်းလန်း စိုပြေရေးဆောင်ရွက်နေမှု၊ ကန်သုံးရေကန် (၁၃၀၀ပေ× ၃၀၀ပေ× ၃ပေ) ဧရိယာတူးဖော်နေမှုနှင့် (၁၄၀၀ပေ× ၄၀ပေ× ၆ပေ) တာဘောင်တိုးချဲ့ဧရိယာ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများကလုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကန်ပတ်လမ်းတစ်လျောက်အမှိုက်ကင်းစင်ရေး၊ အမှိုက်ပုံးများ ထားရှိ၍ အမှိုက်များစနစ်တကျစွန့်ပစ်စေရေး၊ မြတ်ခင်းများစိမ်းလန်းစိုပြေစေရေး၊ တိုးချဲ့တာဘောင် အား ပုံစံတကျဆောင်ရွက်၍ မြက်စိုက်ခြင်းလုပ်ငန်းများဆောင်ရွက်ရန်နှင့် လုပ်ငန်းဆောင်ရွက် ရာတွင် သတ်မှတ်ကာလအတွင်းနှင့် မိုးကာလမရောက်မီ လုပ်ငန်းများပြီးပြတ်စေရေးတိုကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
Read More...
09-Apr-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဇီဝိတဒါန(အဘယဒါန) ဘေးမဲ့ငါးလွှတ်ပွဲ အခမ်းအနားတက်ရောက်
Read More...
သတ္တဝါများ ဘေးအန္တရာယ်ကင်းရှင်းပြီး အသက်ရှည်စွာ နေထိုင်ကြစေရန်၊ လူသားများတွင် သတ္တဝါများအပေါ် သနားတတ်သည့် ကရုဏာတရားများ ပိုမိုရှင်သန်လာပြီးနှလုံးသားတွင် စွဲမြဲကျန်ရစ်စေရန်၊ “သဒိတံ ပါကံ ဇနေတိ ” မိမိပြုလုပ်သောကံ၏ တူညီသော အကျိုးကို ပေးနိုင်၏ဟူသောဗုဒ္ဓ၏ ဒေသနာတော်အတိုင်း သတ္တဝါများ အသက်ဘေးမှ ချမ်းသာရာရပြီး အသက်ရှည်စွာ နေနိုင်သလို ယနေ့လူသားများကလည်း အသက်ရှည်အနာကင်းပြီး ကျန်းမာချမ်းသာ နေနိုင်ကြစေရန်နှင့် ရှေးဘိုးဘွားအစဉ်အဆက် ပြုလုပ်လာသည့် ကောင်းမြတ်သော မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို မပျောက်ပျက်ရလေအောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန်ရည်ရွယ်၍ ဇီဝိတဒါန(အဘယဒါန) ဘေးမဲ့ငါးလွှတ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ ငဝန်မြစ်၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာတက်ရောက်၍ ဇီဝိတဒါန(အဘယဒါန) ဘေးမဲ့ငါးလွှတ်ခဲ့ကြသည်။
Read More...
08-Apr-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ပုသိမ်မြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
Read More...
06-Apr-2025