သတင်းများ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၄) အစည်းအဝေးတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၄) အစည်း အဝေးကို (၇.၅.၂၀၂၄)ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)တွင် ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဒုတိယဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးနှင့် သက်ဆိုင်ရာဌာနများမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
Read More...
08-May-2024

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်သည့် တိုင်းရင်းသားရိုးရာအကသင်တန်းဆင်းပွဲအခမ်းအနားအားတက်ရောက်
Read More...
တိုင်းရင်းသားရိုးရာ အကသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ အကနည်းပြဆရာမများနှင့် တိုင်းရင်းသား ရိုးရာအက သင်တန်းသူများတက်ရောက်ခဲ့ကြသည်။
Read More...
07-May-2024

တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအားကစားကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားရေး တိုင်း၊ ခရိုင်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူးများနှင့်တွေ့ဆုံ
Read More...
ဧရာဝတီတိုင်းဒေသကြီး အားကစားကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် တိုင်း၊ ခရိုင်၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူးများနှင့်တွေ့ဆုံပွဲကို (၆.၅.၂၀၂၄)ရက်နေ့ ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့သည်။
Read More...
07-May-2024

တိုင်းဒေသကြီးဝန်ကြီးချုပ် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၈)နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၈) သင်တန်းဖွင့်ပွဲအားတက်ရောက်
Read More...
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ပုသိမ်)တွင် ပြုလုပ်သည့် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၈)နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၈) သင်တန်းဖွင့်ပွဲအား တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုဖွင့်လှစ်သည့် သင်တန်းများသည် တိုင်းဒေသကြီးအတွင်းရှိ လူငယ်လူရွယ်များအား အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့်သင်တန်းများဖြစ်ပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနသည် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့် အလမ်းများရရှိရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသား လူငယ်များအား အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းများကိုဖွင့်လှစ် သင်ကြားလေ့ကျင့်ပေးပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်သည်အထိ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အလုပ်အကိုင်ရရှိရေးကို ပိုမိုမြှင့်တင်ဖန်တီးဖော်ဆောင်ပေးနိုင်ရန်ရည်ရွယ်၍ ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများကိုလည်းဖွင့်လှစ်ပေးလျက်ရှိရာ ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်သင်တန်း၊ အစားအစာနှင့် အဖျော်ယမကာ ဝန်ဆောင်မှုသင်တန်းစသည့် သင်တန်း (၃) မျိုးကို သင်ကြားပေးမည်ဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များဖြင့် မိမိတို့၏ဘဝများ သာယာလှပ စေရန် အပင်ပန်းခံ သင်ယူရမည်ဟူ၍ နှလုံးသွင်းပြီး ကြိုးစားသင်ယူသွားကြစေလိုကြောင်း” တိုက်တွန်းအမှာစကားများ ပြောကြားခဲ့ပြီး ဂုဏ်ပြုထောက်ပံ့ငွေများအား အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပုသိမ်)မှ ကျောင်းအုပ်ကြီးထံသို့ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ခင်းကျင်းပြသထားသော သင်တန်းသုံး သင်ထောက်ကူ ထောက်ပံ့ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ပုသိမ်)တွင် ဖွင့်လှစ်သည့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၈)နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၈)တွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၄၅)ဦး တက်ရောက်လျက် ရှိပြီး ဟိုတယ်ဝန်ဆောင်မှု သင်တန်းကို စာတွေ့သင်ခန်းစာ ရက်သတ္တ (၁၂)ပတ်၊ ဟိုတယ်ဇုံ များတွင် လက်တွေ့သင်ခန်းစာများကို ရက်သတ္တ (၁၂)ပတ် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပြီး အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအား သင်တန်းကာလ ရက်သတ္တ (၁၈)ပတ်ကြာ စာတွေ့ လက်တွေ့ သင်ကြားလေ့ကျင့်ပေးပြီး ရက်သတ္တ(၄)ပတ်အား လုပ်ငန်းခွင်အကြို မော်တာစက် နင်းနည်း၊ စက်မှုဘာသာရပ်၊ လက်မှုဘာသာရပ်များ လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရ ပါသည်။
Read More...
06-May-2024

တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနားတက်ရောက်
Read More...
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည့် (၂၀၂၄) ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ယခုနှစ် (၂၀၂၄) ခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနားသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းစတင်ခဲ့သည့် နှစ်(၅၀)မြောက် နှစ်ပတ်လည်နေ့ဖြစ်ပါကြောင်း၊ ယခုနှစ် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနား၏ ဆောင်ပုဒ်မှာ “ ကလေးများအနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့ ” ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းဖြင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများကြောင့်သေဆုံးမှုကိုလျော့ချပြီး ကလေးများ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ခြင်းလည်းဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းသည် နှစ်စဉ် အသက်ပေါင်းများစွာကို ကယ်တင်ပေးလျက်ရှိပြီး တစ်ကမ္ဘာလုံးတွင် ကျန်းမာရေးစောင့်ရှောက်မှု ဖွံ့ဖြိုးတိုးတက်လာမှုများ၏ အောင်မြင်မှုပြယုဂ်တစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ရောဂါ (၁၃) မျိုးကို ကာကွယ်သည့် ကာကွယ်ဆေးများကို ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း အစီအစဉ်၌ ထည့်သွင်း ထိုးနှံတိုက်ကျွေးပေးလျက်ရှိပါကြောင်း၊ “ ကလေးများ အနာဂတ်လှပဖို့ လူတိုင်းပါဝင် ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့ ” ဆိုသည့် ဆောင်ပုဒ်အတိုင်း အသက်အရွယ် အလိုက် ထိုးနှံတိုက်ကျွေးရမည့် ကာကွယ်ဆေးများ တစ်ယောက်မကျန် ထိုးနှံတိုက်ကျွေးရေးအတွက် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း" တိုက်တွန်းအမှာစကားများ ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနား အထိမ်းအမှတ်ဗီဒီယို ပြသမှုအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံခြင်းနှင့် အသက်(၅)နှစ်အောက် ကလေးများအား အမီလိုက်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ကလေးငယ်များအတွက် အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။
Read More...
06-May-2024