သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဝါတွင်းကာလ ဥပုသ်သီလဆောက်တည်ခြင်း မင်္ဂလာအခမ်းအနားသို့ တက်ရောက်
ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ပုသိမ်မြို့ပေါ်ရှိ ဆရာတော်အရှင်သူမြတ်များအားပင့်ဖိတတ်ကာ ဝါတွင်းကာလ ဥပုသ်သီလဆောက်တည်ခြင်း၊ ပရိတ်တရားတော်နာယူခြင်းနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အစရှိသည့် လှူဖွယ်ပစ္စည်းများဆပ်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားများကို နှစ်စဉ်ဝါတွင်းကာလရောက်ရှိတိုင်း အစဉ်အလာမပျက်ကျင်းပခဲ့ရာ ၁၃၈၇ခုနှစ်၊ ဝါဆိုလပြည့်ကျော်( ၈ )ရက်၊ ယနေ့နံနက်တွင် ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည့် ဝါတွင်းကာလ ဥပုသ်သီလဆောက်တည်ခြင်း မင်္ဂလာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊  တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်၍ ဥပုသ်သီလခံယူဆောက်တည်ခဲ့ကြသည်။


Read More...
17-Jul-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ
စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။


Read More...
16-Jul-2025
တိုင်းဒေသကြီးဝန်ကြီးချုပ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူသည့်ကာလမှ ယနေ့အထိ တိုင်းဒေသကြီး၏ လုပ်ဆောင်မှုများမှတ်တမ်းပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူသည့်ကာလ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ယနေ့အထိ တိုင်းဒေသကြီး၏ လုပ်ဆောင်မှုများမှတ်တမ်းပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“တိုင်းဒေသကြီး၏ လုပ်ဆောင်မှုများကို မှတ်တမ်းဓာတ်ပုံများ၊ အချက်အလက်များပြည့်စုံစွာပြုစုရန်လိုအပ်ပါကြောင်း


Read More...
15-Jul-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မြို့နယ်၊ အိမ်မဲမြို့နယ်နှင့် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တို့တွင် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု အားပေးခဲ့သည်။


Read More...
15-Jul-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ရေကြည်မြို့နယ်အားကစားခန်းမတွင်ပြုလုပ်သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဆန်ရိက္ခာထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်အားကစားခန်းမတွင်ပြုလုပ်သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်ရိက္ခာထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယာယီနေရပ်စွန့်ခွာပြည်သူများတွင် တိုင်းဒေသကြီးအတွင်းနှင့် တိုင်းဒေသကြီးပြင်ပမှ လာရောက်ကြသည့် ပြည်သူများလည်းရှိပါကြောင်း


Read More...
14-Jul-2025