သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် လက်မှတ်ရစီးပွားရေးစာရင်းကိုင်ပညာသင်တန်းဖွင့်ပွဲနှင့် မိုးစပါးစိုက်ပျိုးရာသီကြဲခင်းများလျော့နည်းပပျောက်ရေး မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စိုက်ပျိုးခြင်း အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းတွင် ကျင်းပသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ် လက်မှတ်ရစီးပွားရေးစာရင်းကိုင်ပညာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။


Read More...
02-Jul-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးအခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ ညှိနှိုင်းအစည်းအဝေး ကို (၁.၇.၂၀၂၄)ရက်နေ့ ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ရာ ညှိနှိုင်အစည်းအဝေးသို့ တိုင်းဒေသကြီးအခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များ၊ အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဝင်များ တက်ရောက်ကြသည်။


Read More...
02-Jul-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ရှစ်ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားအားတက်ရောက်
၂၀၂၄ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ရှစ်ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်အခမ်းအနားကို (၃၀.၆.၂၀၂၄) ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများနှင့် အသင်းနည်းပြ၊ အုပ်ချုပ်သူများ၊ ဘောလုံးဝါသနာရှင်ပြည်သူများ တက်ရောက်ခဲ့သည်။


Read More...
01-Jul-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်၊ ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာအုပ်စုတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျော်) မြေမြုပ်ထည့်သွင်းမှုများအား ကြည့်ရှုအားပေး
ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ  အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို (၂၉.၆.၂၀၂၄)ရက်နေ့ ညနေပိုင်းက ပုသိမ်တက္ကသိုလ်​ဘောလုံးအားကစားကွင်းကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများနှင့် အသင်းနည်းပြ၊ အုပ်ချုပ်သူများ၊ ဘောလုံးဝါသနာရှင်ပြည်သူများ၊ ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့သည်။


Read More...
30-Jun-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများနှင့် ရေစီးရေလာကောင်းမွန်ရေး ရေနုတ်မြောင်းဆောင်ရွက်နေမှုများကြည့်ရှုစစ်ဆေး၊ ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများကွင်းဆင်းကြည့်ရှုစစ်ဆေး၊ မြန်မာနေရှင်နယ်လိဂ် ၂၀၂၄-၂၀၂၅ အမှတ်ပေးဘောလုံး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်ပြင်ဆင်လျက်ရှိသည့် ဧရာဝတီယူနိုက်တက်ဘောလုံးအသင်းနှင့် မြန်မာ့လက်ရွေးစင် ယူ ၁၉ အသင်းတို့၏ လေ့ကျင့်ရေးခြေစမ်းပွဲအား ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများနှင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။


Read More...
29-Jun-2024