သတင်းများ
တိုင်းဒေသကြီးဝန်ကြီးချုပ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖျော်ဖြေရေးအကအဖွဲ့ ကပြဖျော်ဖြေခြင်းနှင့် ဂုဏ်ပြုထောက်ပံ့ချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်
Read More...
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖျော်ဖြေရေးအကအဖွဲ့ ကပြဖျော်ဖြေခြင်းနှင့် ဂုဏ်ပြုထောက်ပံ့ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဖျော်ဖြေရေးအကအဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားတွင် တိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ကပြဖျော်ဖြေမည့် ဖျော်ဖြေရေးအဖွဲ့အားဂုဏ်ပြုထောက်ပံ့ချီးမြှင့်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့် ၇၅နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့တွင် ဂုဏ်ပြုယာဉ် တတိယ ရရှိခဲ့ပြီး အားနည်းချက်အားသာချက်များကိုပြင်ဆင်လေ့ကျင့်ဆောင်ရွက်ခဲ့ရာ ၇၅နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ဂုဏ်ပြုယာဉ် ပထမ ရရှိခဲ့ပါကြောင်း၊ ယခုတွင်လည်း ဖျော်ဖြေရေးအဖွဲ့များအား ကြိုတင်၍ စုစည်းမှုကောင်းကောင်းဖြင့် စနစ်တကျလေ့ကျင့်ပြင်ဆင်ခဲ့ပြီး (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ နေ့ထူးနေ့မြတ်အခါသမယတွင် တိုင်းဒေသကြီးကိုယ်စားပြုအနေဖြင့် သွားရောက်ကပြဖျော်ဖြေခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူရပါကြောင်း၊ တိုင်းဒေသကြီးကိုယ်စားပြုအနေဖြင့် သွားရောက်ဖျော်ဖြေမည့် ဖျော်ဖြေရေးအကအဖွဲ့အနေဖြင့် တက်ညီလက်ညီအားကြိုးမာန်တက် ဖျော်ဖြေရန်နှင့် ကျန်းမာရေးကိုလည်း အထူးဂရုစိုက်နေထိုင်သွားကြစေလိုကြောင်း” အမှာစကားများပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဖျော်ဖြေရေးအဖွဲ့အကအဖွဲ့များ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဖျော်ဖြေရေးအကအဖွဲ့အား ဂုဏ်ပြုထောက်ပံ့ချီးမြှင့်ငွေများပေးအပ်ကာ အကအဖွဲ့အားရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
Read More...
31-Jan-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် မအူပင်ခရိုင်နှင့် ဖျာပုံခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဆည်မြောင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး ပိုမိုတိုးတက်အောင်မြင်ဖြစ်ထွန်းစေရေးမှာကြား
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက မအူပင်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး ပိုမိုတိုးတက်အောင်မြင်ဖြစ်ထွန်းစေရေး ဆောင်ရွက်ကြရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ညောင်တုန်းမြို့နယ်၊ ဗိုလ်မြတ်ထွန်းတံတားအောင်ရှိ မြမ္မပြာသာကျေးရွာ တောင်သူဦးအုန်းဆန်း၏ကိုင်းမြေ ၂ဧကရှိ ငရုပ်စိုက်ပျိုးဖြစ်ထွန်းအောင်မြင်မှုကြည့်ရှုအားပေးခဲ့ပြီး ငရုပ်စိုက်ပျိုးဖြစ်ထွန်းမှု၊ ခူးဆွတ်ရရှိမှု၊ ဈေးကွက်ရောင်းချရမှုအခြေအနေများဆွေးနွေးမေးမြန်းခဲ့ပြီး အပင်များပိုးမွှးအန္တရာယ်ကျရောက်မှုမရှိစေရေး၊ ခူးဆွတ်ချိန်လေလွင့်မှုမရှိစေရေးနှင့် ပိုမိုအောင်မြင်အောင်ဆောင်ရွက်စေရေးမှာကြားခဲ့သည်။ အဆိုပါ ဗိုလ်မြတ်ထွန်းတံတားအောက်တွင် ငရုပ်၊ ပြောင်း၊ ဟင်းသီးဟင်းရွက်စသည့်သီးနှံစုံ ဧက ၈၀၀ကျော်စိုက်ပျိုးထားရှိကြောင်းသိရသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ဗျိုင်းကဇီးကျေးရွာရှိ မမိုးသူရေသွင်းတံခါး (၄ပေx၄ပေx၃ပေါက်) တည်ဆောက်နေသည့် နေရာသို့ သွားရောက်၍ ရေတံခါးတည်ဆောက်လျက်ရှိသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ လက်ထောက်ညွှန်ကြားရေးမှူး (ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန/ဖျာပုံခရိုင်) မှ ရေတံခါး တည်ဆောက်ရသည့်ရည်ရွယ်ချက်၊ တည်ဆောက်လျက်ရှိသည့် အခြေအနေများ နှင့် ကြက်ဖမွေးဇောင်း ကျွန်းပတ်တာအတွင်း တိုးတတ်စိုက်ပျိုးလာသော အခြေအနေများကို ရေတံခါး ပုံစံငယ်များ၊ ကောင်ကင်မြေပုံ sentinel image များဖြင့် ရှင်းလင်းတင်ပြမှုအပေါ် ဝန်ကြီးချုပ်မှ ရေတံခါးအား ယခုကဲ့သို့ စနစ်တကျ တွက်ချက် တည်ဆောက်ခြင်းဖြင့် ရေလိုအပ်ချက် ဖြည်းဆည်းပေးနိုင်မည်ဖြစ်ရာ စိုက်ဧကများတိုးတတ်လာစေရေးနှင့် ရိုးပြတ်ကျန်ဧကများ လျော့ပါးလာစေရေး စည်းရုံးဆောင်ရွက်ကြရန်မှာကြားပါသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ကျေးရွာရပ်မိရပ်ဖများ၊ နွေစပါးစိုက်တောင်သူများ နှင့် တွေ့ဆုံခဲ့ပြီး နွေစပါးတိုးချဲ့စိုက်ပျိုးမှုအခြေအနေများမေးမြန်းခဲ့ကာ ပန်းတိုင်အထွက်နှုန်းရရှိစေရေးဆောင်ရွက်နေမှုများ၊ အထွက်ကောင်းမျိုးစပါးများပြောင်းလဲသုံးစွဲစေရေး၊ ကောက်စိုက်စက်၊ အစေ့ချစက်များဖြင့်ခေတ်မီစိုက်နည်းစနစ်များအသုံးပြုစိုက်ပျိုးစေရေး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးမှ ရှင်းလင်းဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စု အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော တာဘေးမြောင်း တူးဖေါ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ ရေတံခါးတည်ဆောက်ပေးမှုအ ေခြအနေများ၊ မြောင်းတူးဖော်ပေးမှုအခြေအနေများ၊ နွေးစပါးတိုးချဲ့စိုက်ပျိုးနိုင်မှုအခြေအနေများနှင့်စိုက်ပျိုး ရေရရှိမှုအခြေအနေများ ဆွေးနွေးမေးမြန်းခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ဖျာပုံခရိုင်ကြက်ဖမွေးဇောင်းပတ်တာအတွင်း နွေစပါး စိုက်ဧကများ တိုးတတ်လာစေရန် ဆည်မြောင်းဌာနမှ စက်ယန္တရား အကူအညီရယူကာ တောင်သူအစီအစဉ်ဖြင့် နွေစပါးစိုက်ပျိုးရန်အတွက် တာဘေးမြောင်း သပြေကန် ၁၄၀၀ ပေ၊ တပ်မက် ၁၀၀၀ပေ၊ ကျုံတမာ ၄၅၀၀ပေ၊ ကန်ရိုးမြောင်း ၃၅၀၀ပေစုစုပေါင်း ၁၀၄၀၀ပေ အား ၉၀ ရာခိုင်နှုန်း မြောင်းတူးဖေါပြီးစီးနေမှုများကို ကြည့်ရှုအားပေးပြီး၊ တောင်သူများနှင့် ရင်းရင်းနှီးနှီးဆုံ၍ နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်မှု၊ အထွက်တိုးစပါးများပြောင်းလဲအသုံးပြုစေရေး၊ စိုက်နည်းစနစ်များပြောင်းလဲအသုံးပြုစေရေးနှင့်ပန်းတိုင်အထွက်နှုန်းရရှိစေရေးဆောင်ရွက်ရန်ဆွေးနွေးမှာကြားခဲ့ပါသည်။ ကြက်ဖမွေးဇောင်းကျွန်းပတ်တာ အတွင်း ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်း (၇) ခုရှိပြီး မမိုးသူးရေတံခါးသည် တစ်ခုအပါအဝင်ဖြစ်ကာ မမိုးသူရေတံခါးတည်ဆောက်ခြင်းဖြင့် ဗျိုင်းကဇီးကျေးရွာအုပ်စုအတွင်းရှိ နွေစပါး စိုက်ဧကများ အပါအဝင် ဒေးဒလူကျေးရွာအုပ်စုရှိ ဧရာအားမာန် သမလယ်မြေအများအထိ ဧရိယာ ဧက (၃၀၀၀) ကို စိုက်ပျိုးရေနှင့် အောင်ရေလုံလောက်စွာရရှိစေမည် ဖြစ်ပါသည်။ အဆိုပါ ကြက်ဖမွေးဇောင်းကျွန်းပတ်တာ အတွင်း နှစ်စဉ် နွေစပါး ၆၈၀၀ ဧကခန့် စိုက်ပျိုးခဲ့ရာမှ ယခု နှစ်မှ စတင်ကာ နွေစပါး ဧက ၁၀၀၀၀ ကျော်ခန့် စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံမြို့နယ်၊ ဗြိုင်းကဇီးကျေးရွာ ၊ ဗြိုင်းကဇီးကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားခဲ့ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများသည် ဖျာပုံမြို့ပြည်လုံးချမ်းသာ သာစည်ဘုရားကြီးအား ဖူးမြော်ကြည်ညိုခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က ဂေါပကအဖွဲ့ထံသို့ အလှူငွေများပေးအပ်လှူဒါန်းကာ ဘုရားဖူးလာငါးများအား ငါးစာများကျွေးမွေးခဲ့ပြီး တာဝန်ရှိသူများမှ နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရမှုနှင့် ပြန်လည်ပြုပြင်တည်ဆောက်ထားရှိမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးမှ ရေရှည်ခိုင်ခံ့မှုရှိစေရေး၊ မြစ်ရေတိုက်စားမှုအခြေအနေများအား စောင့်ကြည့်စစ်ဆေးစေရေး၊ ဘုရားဖူးငါးများအား ဖမ်းယူမှုမရှိစေရေး ဆောင်ရွက်ရန်မှာကြားခဲ့သည်။
Read More...
30-Jan-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင်း၌ ဌာနဆိုင်ရာများနှင့်ပြည်သူများစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ်၊ မြို့၊ ရပ်ကွက်များတွင် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်ပြည်သူများအနေဖြင့် စုပေါင်းသန့်ရှင်းရေး အပတ်စဉ် စနေ့နေ့တိုင်း ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ရှိ သန်းရှင်းရေးစုပေါင်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အခြေခံပညာအထက်တန်းကျောင်းခွဲ(လ-၂)တွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်ပြည်သူများက စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရေးကိုလည်း အလေးထားလိုက်နာ ဆောင်ရွက်သွားရန်နှင့် မြို့သန့်ရှင်းသာယာလှပစေရေး အစဉ် တစိုက်ဆောင်ရွက်ကြရန်မှာကြားခဲ့သည်။ ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လေးကျွန်းရန်အောင်ဖောင်တော်ဦးစေတီတော်မြတ်ကြီး ပရဝဏ်အတွင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြို့ပေါ်ရပ်ကွက်များတွင် သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်အမှတ်(၁) ကြိုးတံတားအဆင်း ငွေဆောင်၊ ချောင်းသာလမ်းခွဲကြက်လျှာစွန်း၌ ပန်းအလှပင်များ စနစ်တကျစိုက်ပျိုးထားရှိမှု၊ မြက်ခင်းများစိမ်းလန်းစိုပြေရေးနှင့် လမ်းဘေးဝဲယာသန့်ရှင်းလှပရေးအတွက် အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကန်သုံးဆင့်တွင် ပြည်သူများကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများပြုလုပ်နိုင်ရန်နှင့် အပန်းဖြေနိုင်ရန်အတွက် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်နေသည့် ကန်သုံးဆင့်ပန်းခြံ စိမ်းလန်းစိုပြေစေရေးအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် အများပြည်သူများစိတ်အေးချမ်းစွာအနားယူနိုင်စေရေး၊ မြတ်ခင်းများစနစ်တကျစိုက်ပျိုးစေရေး၊ ပျိုးဥယျာဉ်များစနစ်တကျစိုက်ပျိုးစေရေးနှင့် အမှိုက်ပုံးများထားရှိ၍ အမှိုက်များစနစ်တကျစွန့်ပစ်စေရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးမှာကြားခဲ့ကြောင်းသိရသည်။
Read More...
27-Jan-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ကျက်သရေဆောင် သမိုင်းဝင် ရွှေမုဌောမဟာစေတီတော်မြတ်ကြီးနှင့် အရံစေတီတော်များ၊ ဆင်းတုတော်များ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ဇန်နဝါရီလ ၂၆ရက်နေ့ ညနေပိုင်းတွင် ပုသိမ်မြို့ကျက်သရေဆောင် သမိုင်းဝင် ရွှေမုဌောမဟာစေတီတော်မြတ်ကြီးနှင့် အရံစေတီတော်များ၊ ဆင်းတုတော်များ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပန်းရထားဖြင့် ရွှေဆိုင်းကပ်လှူနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဘုရားဖူးပြည်သူများမှ အလှူငွေလှူဒါန်းမှုအခြေအနေများမေးမြန်းခဲ့ပြီး ပန်းရထားဖြင့်ရွှေသင်္ကန်းကပ်လှုရာတွင်အဆင်ပြေစေရေး၊ အလှူငွေများအားစနစ်တကျမှတ်တမ်းထားရှိစေရေးမှာကြားခဲ့သည်။ ဆက်လက်၍ ရွှေမုဌောမဟာစေတီတော်မြတ်ကြီးအား လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ပြီး ဘုရားတန်ဆောင်းများရှိ မှန်စီရွှေချ ရှေးလက်ရာများထိခိုက်ပျက်စီးမှုမရှိစေရေးထိန်းသိမ်းစောင့်ရှောက်ရန်၊ မုခ်ဦးများရှိ မှန်စီပန်းချီကားများ၊ ရုပ်လုံးရုပ်ကြွများထိခိုက်ပျက်စီးမှုမရှိစေရေးစနစ်တကျထိန်းသိမ်းစောင့်ရှောက်ရန်၊ ဘုရားသမိုင်းမှတ်တမ်းများနှင့် ရှေးလက်ရာမှတ်တမ်းများရှာဖွေ၍ မှတ်တမ်းထိန်းသိမ်းထားရှိရန်မှာကြားခဲ့သည်။
Read More...
27-Jan-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချူပ် ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချင်မြင့်မားရေး (ဒုတိယအကြိမ်)အလုပ်ရုံဆွေးနွေးပွဲတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချင်မြင့်မားရေး (ဒုတိယအကြိမ်) အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်မြို့နယ်ပညာရေးမှူးများနှင့် Grade-12 သင်ကြားနေသည့်ကျောင်းသားများရှိသော အခြေခံပညာအထက်တန်းကျောင်း၊ အထက်တန်းကျောင်းခွဲများမှ ကျောင်းအုပ်ကြီးများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုနှစ်သည် တက္ကသိုလ်ဝင်စာမေးပွဲစနစ်သစ် Grade-12 စာမေးပွဲအားဖြေဆိုရမည်ဖြစ်ပြီး ယခင်နှစ်ကအကြောင်းကြောင်းကြောင့် မဖြေဆို ဖြစ်ခဲ့သူများ၊ ကျရှုံးခဲ့သူများသည်လည်း စနစ်သစ်ဖြင့်ပြန်လည် ဖြေဆိုခွင့်ပြုထားပါကြောင်း၊ မိမိတို့အနေဖြင့် တက္ကသိုလ်စာမေးပွဲတွင် အောင်ချက်မြင့်မားစေရေးအတွက် နှစ်စဉ်အင်တိုက် အားတိုက်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင်ပိုမိုအချိန်ယူပြင်ဆင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှု၊ အတန်းစဉ်ကူးပြောင်းမှုနှင့် အောင်ချက်မြင့်မားသော တိုင်းဒေသကြီးဖြစ်ပြီး ပညာရေးကဏ္ဍ တိုးတက်မြင့်မားကာ လူ့စွမ်းအားအရင်းအမြစ်များစွာ မွေးထုတ်ရာတိုင်းဒေသကြီးလည်း ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်များသည်လည်း တိုင်းဒေသကြီးအနေဖြင့် တစ်နှစ်ထက်တစ်နှစ် မြင့်မား လာပကြောင်း၊ ယခုနှစ် Grade-12 တက္ကသိုလ်စာမေးပွဲတွင် အောင်ချက်မြင့်မားလာစေရေး အတွက် အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ပညာရေး တိုးတက်အားကောင်းသည့် တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ ပညာသင်ယူမှု အခွင့်အလမ်းများ မဆုံးရှုံးစေရန် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ အတန်းစဉ်ကူးပြောင်းမှုများကိုလည်း ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကိုဆောင်ရွက်ပေးသွား မှာဖြစ်ပါကြောင်းနှင့် ယနေ့ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကျောင်းအုပ်ကြီးများကလည်း ၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲစနစ်သစ် Grade-12 စာမေးပွဲအောင်ချက် မြင့်မားရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်း အစီအစဉ်များနှင့် တက္ကသိုလ်ဝင်စာမေးပွဲ (ပြင်ပဖြေ) များအား အောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းအစီအစဉ် များအား အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်နှင့် ယခုဆွေးနွေးပွဲတွင်လည်း အကြံကောင်း ဉာဏ်ကောင်းများဖြင့် အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း” အမှာစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်၊ မြို့နယ်များအလိုက် ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချင်မြင့်မားရေးဆောင်ရွက်နေမှု အခြေအနေများ ဆွေးနွေးခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကာ ဆရာကြီး၊ ဆရာမကြီးများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ယခုလ(၂၆)ရက်နေ့မှ (၂၇)ရက်နေ့အထိနှစ်ရက်ကြာ ပြုလုပ်သွားမှာဖြစ်ပြီး (၂၆)ရက်နေ့တွင် ဟင်္သာတ၊ မြန်အောင်၊ မအူပင်၊ ဖျာပုံ ခရိုင်များမှ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ အခြေခံပညာအထက်တန်းကျောင်း များမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီး(၃၆၇)ဦး တက်ရောက်ခဲ့ပြီး (၂၇)ရက်နေ့တွင် ပုသိမ်၊ ကျုံပျော်၊ မြောင်းမြ၊ လပွတ္တာ ခရိုင်များမှ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီး(၃၄၅)ဦးတက်ရောက်မှာဖြစ်ကြောင်း သိရသည်။
Read More...
26-Jan-2024