သတင်းများ
တိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်ခရိုင်၊ မြောင်းမြခရိုင်များအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအားကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောက်ရွက်ပေးခဲ့
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့ နေ့လည်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင်၊ မြောင်းမြခရိုင်များအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများ၏လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောက်ရွက်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ ဂုံမင်းကျေးရွာ၊ ရန်ကုန်-ပုသိမ်ကားလမ်း (မိုင်တိုင် ၇၇/၄မှ ၇၈/၅ အတွင်း) လက်ဝဲဘက်ခြမ်းမြောင်းတူးဖော်ပြီးစီး၍ တောင်သူများမှ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်ဆောင်ရွက်နေမှုများကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ မြောင်းတူးဖော်ပြီးစီး၍ နွေစပါးစိုက်ဧကများအတွက် စိုက်ပျိုးရေတင်သုံးစွဲမှုအခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စိုက်ပျိုးရေများစနစ်တကျသုံးစွဲစေရေး၊ ရိုးပြတ်ကျန်ဧကများကျန်ရှိမရှိစေရေးနှင့်အောင်မြင်အောင်စိုက်ပျိုးဆောင်ရွက်စေရေးမှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဲကုန်ကျေးရွာ အုပ်စု၊ ရန်ကုန်-ပုသိမ်ကားလမ်း(မိုင်တိုင် ၇၇/၄မှ ၇၈/၅ အတွင်း) လက်ယာဘက်ခြမ်းမြောင်းနှင့် သဲကုန်- ညောင်ခြေထောက်မြောင်း တူးဖော်ပြီးစီး၍ သဲကုန်ကျေးရွာရှိ တောင်သူ ဦးထွန်းသွင်၏ တစ်နှစ်သုံးသီးစိုက်ပျိုးရန်အတွက် ဧက(၅၀)တွင် တတိယသီးနှံ နွေစပါးတိုးတက်စိုက်ပျိုးနိုင်ရေးအတွက် မြေပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဒုတိယသီးနှံ နွေစပါး (မှော်ဘီ၃) စပါးမျိုးစိုက်ပျိုးထားရှိမှုအားကြည့်ရှုအားပေးခဲ့ပြီး အထွက်တိုးမျိုးစပါးများအသုံးပြုစေရေး၊ အစေ့ချစက်၊ ကောက်စိုက်စက်များဖြင့် စနစ်တကျစိုက်ပျိုး စေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေး ဆောင်ရွက်ရန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ ရှမ်းရွာကျေးရွာအုပ်စုရှိ ဦးဌေးနိုင်၏ စိုက်ဧက( ၅ )ဧကတွင် စိုက်ပျိုးထားသည့် ဆောင်းသီးနှံနေကြာ (Super Sun-41)စံပြကွက်အားကြည့်ရှုအားပေးခဲ့ပြီး ရိတ်သိမ်းချိန်လေ့လွင့်မှုမရှိစေရေးစနစ်တကျရိတ်သိမ်းဆောင်ရွက်ရန်မှာကြားခဲ့သည်။
အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိမ်မဲမြို့နယ်၊ဘုရားကြီးကုန်းကျေးရွာရှိ တောင်သူဦးစိန်မောင်သန်း၏ ဆင်းရွှေကြာ(၂)နေကြာမျိုးစေ့ထုတ်စိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှုနှင့် မြေပဲ(၁)ဧက စိုက်ခင်းအားလည်းကောင်း၊ အိမ်မဲမြို့နယ်၊ တကောကျေးရွာရှိ ၂၀၂၃- ၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံဆီထွက်(နေကြာ Supersun-41) စံပြကွက်ဖြစ်ထွန်းအောင်မြင်နေမှုများအားလည်းကောင်း၊ မြောင်းမြမြို့နယ်၊ ကံကြီးကျေးရွာရှိ တောင်သူဦးမိုးဝင်း၏ စိုက်ဧက(၅)ဧက၌ စိုက်ပျိုးထားသည့် ဆင်းရွှေကြာ(၂) နေကြာစိုက်ခင်းအားလည်းကောင်း ဆက်လက်ကြည့်ရှုအားပေးခဲ့ပြီး ရေပေးခြင်းနှင့် မြေဩဇာကျွေးခြင်းလုပ်ငန်းများစနစ်တကျရှိစေရေး၊ နေကြာပန်းပွင့်များပျက်စီးမှုမရှိ စေရေး၊ မျိုးရွေးချယ်ခြင်းလုပ်ငန်းများစနစ်တကျဆောင်ရွက်စေရေး၊ ရိတ်သိမ်းချိန် လေလွင့်မှုမရှိ စေရေးနှင့်အောင်မြင်အောင်စိုက်ပျိုးစေရေးမှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဒေါ့ပင်ကျေးရွာအုပ်စုရှိ တောက်သူဦးထွန်းနိုင်ဝင်း၏ စိုက်ဧက(၅)ဧက၌စိုက်ပျိုးထားသည့် ဧရာတိုးမျိုးစပါး နွေစပါးစီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းတွင် မြေဩဇာကြဲပက်မှုများ၊ ဆိုလာစနစ်ဖြင့်စိုက်ပျိုးရေတင်ဆောင်ရွက်နေမှုနှင့် အီးအမ်ဘိုကာရှီ သဘာဝမြေဩဇာပြုလုပ်ထားရှိမှုတို့အားကြည့်ရှုအားပေးခဲ့ပြီး သဘာဝမြေဩဇာနှင့်ဓါတ်မြေဩဇာများအချိုးကျသုံးစွဲစေရေး၊ စိုက်ပျိုးရေများစနစ်တကျသုံးစွဲစေရေးနှင့် အောင်မြင်အောင်ဆောင်ရွက်စေရေးမှာကြားခဲ့ကြောင်းသိရသည်။
Read More...
03-Feb-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားတွင် သွားရောက်ဖျော်ဖြေမည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့အား အားပေးနှုတ်ဆက်
Read More...
(၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားတွင် သွားရောက်ဖျော်ဖြေ မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ဇနီးများသည် ယနေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင် ခန်းမရှေ့တွင် သွားရောက်တွေ့ဆုံအားပေးနှုတ်ဆက်ခဲ့သည်။
ထိုသို့ တွေ့ဆုံအားပေးနှုတ်ဆက်ရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့များအနေဖြင့် အဖွဲ့လိုက်ညီညာစွာဖြင့် အကောင်းဆုံး ဖျော်ဖြေတင်ဆက် ပေးရန်၊ သွားလာနေထိုင်စားသောက်မှုများ ဂရုတစိုက်ဆောင်ရွက်ရန်၊ ကျန်းမာရေးဂရုစိုက် ဆောင်ရွက်ရန်၊ မော်တော်ယာဉ်များ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်အညီမောင်းနှင်ရန်နှင့် တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်စေရေး ကြိုးစားကြရန်ပြောကြားခဲ့ပြီး အုပ်ချုပ်နည်းပြအဖွဲ့များ၊ ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့အနေဖြင့် နည်းပြ၊ အုပ်ချုပ်နှင့် ဖျော်ဖြေရေးအဖွဲ့ဝင် စုစုပေါင်း (၃၅) ဦးဖြင့် ဝင်ရောက်ဖျော်ဖြေသွားမှာ ဖြစ်ကြောင်းသိရသည်။
Read More...
02-Feb-2024
ပုသိမ်မြို့ကျက်သရေဆောင် သမိုင်းဝင်ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးနှင့် အရံစေတီတော်များ၊ ဆင်းတုတော်များ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေး (ဒုတိယအကြိမ်) အလှူတော်ငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ
Read More...
ပုသိမ်မြို့ကျက်သရေဆောင် သမိုင်းဝင်ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးနှင့် အရံစေတီတော်များ၊ ဆင်းတုတော်များ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေး ဒုတိယအကြိမ် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ ဦးမောင်ကြီးအာရုံခံတန်ဆောင်းတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ ဧည့်ပရိသတ်များကငါးပါးသီလ ခံယူဆောက်တည် ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆရာတော် သံဃာတော် အရှင်သူမြတ်မျာအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များက သမိုင်းဝင်ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးနှင့် အရံစေတီတော်များ၊ ဆင်းတုတော်များ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေး အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူအသီးသီးက လက်ခံခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် ပုသိမ်မြို့ ၊ တိုက်ကြီးကျောင်း တိုက်၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ (ရွှေကျင်) ဥက္ကဋ္ဌဆရာတော် (အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ) ဘဒ္ဒန္တဉာဏိန္ဒ မဟာထေရ်မြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားအား "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
Read More...
01-Feb-2024
၂၀၂၄ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Read More...
၂၀၂၄ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တစ်ဦးချင်းဘိလိယက် ဗိုလ်လုပွဲစဉ်အဖြစ် ရေကြည်မြို့နယ်အသင်းနှင့် လပွတ္တာမြို့နယ် အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက်ဆုချီးမြှင့်ပွဲ အခမ်းအနားကိုဆက်လက်ပြုလုပ်ရာ ဘိလိယက်ပြိုင်ပွဲတွင် အမှတ်အများဆုံးအားကစားသမား ဆုရရှိသည့်အားကစားသမားကို လပ်ကီးစတား ဘိလိယက်နှင့်စနူကာအသင်းဥက္ကဋ္ဌကလည်းကောင်း၊ စနူကာပြိုင်ပွဲတွင် အမှတ်အများဆုံးအားကစားသမား ဆုရရှိသည့်အားကစားသမားကို တိုင်းဒေသကြီးဉပဒေချုပ်ကလည်းကောင်း၊ ဘိလိယက်ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသည့် ပန်းတနော်မြို့နယ်နှင့် ပုသိမ်မြို့နယ်တို့မှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများကို တိုင်းရင်းသားရေးရာဝန်ကြီးကလည်းကောင်း၊ စနူကာပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသည့် ဒေးဒရဲမြို့နယ်နှင့် ကျိုက်လတ်မြို့နယ်တို့မှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကလည်းကောင်း၊ ဘိလိယက်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် လပွတ္တာမြို့နယ်မှ အားကစားသမားအား တစ်ဦးချင်းဆုနှင့်ငွေသားဆုကို လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ စနူကာပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် မအူပင်မြို့နယ်မှ အားကစားသမားအား တစ်ဦးချင်းဆုနှင့်ငွေသားဆုကို သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ ဘိလိယက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရေကြည်မြို့နယ်မှ အားကစားသမားအား တစ်ဦးချင်းဆုနှင့်ငွေသားဆုကို စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ စနူကာပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပုသိမ်မြို့နယ်မှ အားကစားသမားအား တစ်ဦးချင်းဆုနှင့်ငွေသားဆုကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ ဘိလိယက်နှင့်စနူကာပြိုင်ပွဲတွင် အမှတ်အများဆုံးရရှိသည့် ပုသိမ်မြို့နယ်အသင်းအား ဆုဖလားကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်းသိရသည်။
Read More...
31-Jan-2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝန်ကြီးချုပ်တက်ရောက်
Read More...
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများသည် ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင် ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ တက်ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးမှ ဘောလုံးအားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ ခရိုင်တစ်ခုနှင့်တစ်ခု အပြန်အလှန်ပူးပေါင်း ဆောင်ရွက်လာနိုင်စေရေးအစရှိသည့် ရည်ရွယ်ချက်များအပြင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ထူးချွန်ထက်မြက်သည့် ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးကို ရည်ရွယ်ပြီးကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ အားကစားဆိုသည်မှာ “ခွန်အားနှင့်ဉာဏ်ရည်ကို အသုံးချပြီးလှုပ်ရှားယှဉ်ပြိုင်မှု”ဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည့်အတွက် ယှဉ်ပြိုင်မှုပြင်းထန်လာသည့်အခါ ကစားသမားများအနေဖြင့် သတ်မှတ်ထားသည့် ဥပဒေများကိုလိုက်နာရမည်ဖြစ်ပြီး စည်းကမ်းသေဝပ်မှု၊ တရားသောယှဉ်ပြိုင် အနိုင်ရရှိမှုကို ကျင့်သုံးဖို့လိုအပ်မည်ဖြစ်ပါကြောင်း၊ ဖြူစင်မှုကိုပြသပြီး ကြံရည်ဖန်ရည်ကို အားကိုးပြုရမည်ဖြစ်ပြီး ဉာဏ်စွမ်းအားကောင်းမွန်မှု၊ မိမိအသင်းသားများနှင့် ညီညွတ်စွာဆက်ဆံပေါင်းသင်းမှုစသည့်ကာယ၊ ဉာဏ၊ စာရိတ္တ စွမ်းရည်တွေများပါ ဘက်စုံ ထောင့်စုံအတွဲညီစွာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်အတွင်း၌လည်း ပြိုင်ဘက်အသင်းကို သည်းခံမှု၊ စိတ်ရှည်မှု၊ နားလည်မှုရှိပြီး ပြိုင်ပွဲပြီးစီးသည်အထိ ယှဉ်ပြိုင်ရဲသည့် ကြံ့ခိုင်သောစိတ်ဓာတ်ရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲကို ကြီးကြပ်ဆောင်ရွက်ကြမည့် ဒိုင်လူကြီးများအနေဖြင့်လည်း ဘက်လိုက်မှုကင်းစွာဖြင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ ပြိုင်ပွဲဥပဒေများအတိုင်း တိတိကျကျဆုံးဖြတ်ကြီးကြပ်ပေးကြရန်ကိုလည်း မှာကြားလိုပါကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် မိမိတို့၏ခရိုင်၊ မိမိတို့တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း” တိုက်တွန်းအမှာစကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကိုဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အားရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး နောက် ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဖွင့်ပွဲစဉ်အဖြစ် လပွတ္တာခရိုင်အသင်းနှင့် မြောင်းမြခရိုင်အသင်းတို့၏ အကြိတ်အနယ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ၃၁.၁.၂၀၂၄ရက်နေ့မှ ၉.၂.၂၀၂၄ရက်နေ့အထိကျင်းပသွားမှာဖြစ်ကြောင်းသိရသည်။
Read More...
31-Jan-2024