သတင်းများ


မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီးရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများကြည့်ရှုစစ်ဆေး
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု၌ တည်ထားကိုးကွယ်တော်မူသည့် ​မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး​ရဟတ်ယာဥ်ကွင်းလုပ်ငန်း၊ မြောက်ဘက်မုခ် ​​လှေကားလုပ်ငန်း၊ ရေကန်လုပ်ငန်း​၊ ​မြေထိန်းနံရံလုပ်ငန်း၊ စေတီ​တော်ကြီး၏ ​ရင်ပြင်တွင် နေပူခံ​ကျောက်ပြားခင်းကျင်းနေမှုများ၊ ​မဟာရံတံတိုင်း စိန်​တောင် မြန်မာမှုလုပ်ငန်းဆောင်ရွက်နေမှုများ၊ တံခွန်တိုင်မွမ်းမံပြင်ဆင်မည့်အ​ခြေအ​နေများ၊ စေတီ​တော်မြတ်ကြီးရင်ပြင်အောက်အနှုတ်(၁၂)level ပွတ်လုံးလက်ရမ်း​ တပ်ဆင်ဆောင်ရွက်​ပြီးစီးမှုများ၊ စေတီတော်ရင်ပြင်အောက်ဘက်ရှိ ကမ်းခြေဆင်းလမ်း ဆောင်ရွက်နေမှုအခြေအနေများအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်း​ဒေသကြီးဝန်ကြီးချုပ်က စေတီ​တော်ကြီး၏ ပတ်ဝန်းကျင် စိမ်းလန်းစို​ပြေ​​​အောင်​ဆောင်ရွက်ရန်၊ ​စေတီ​တော်ကြီး၏ ပတ်ဝန်းကျင်တွင် ​တောမီးရှို့မှုများ မရှိ​စေ​ရေး အ​လေးထား​ကြပ်မတ်ဆောင်ရွက်ရန်၊ အမှိုက်စွန့်ပစ်မှုများ စနစ်တကျရှိ​စေ​ရေး​ဆောင်ရွက်ရန်နှင့် သန့်ရှင်း​ရေးလုပ်ငန်းများအား အ​လေးထား​ဆောင်ရွက်ရန်၊ လုပ်ငန်း​ဆောင်ရွက်မှုများ သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးစေရေး အင်အားပြည့်ဆောင်ရွက်ရန် ၊ အနီးကပ်ကြီးကြပ် ​ဆောင်ရွက်သည့်အဖွဲ့မှ လုပ်ငန်းအားလုံးဘုရားပွဲတော်ကျင်းပရက်မတိုင်မီပြီးစီးရေးကြပ်မတ်ဆောင်ရွက်ရန်နှင့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများကြိုတင်ရှင်းလင်းဖယ်ရှားရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးနှင့်သန့်ရှင်းမှုရှိစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပြီး တင်ပြချက်များအ​​ပေါ် ​တာဝန်ရှိသူများနှင့် ပေါင်းစပ်​ဆောင်ရွက်​ပေးခဲ့ပါသည်။ ထို့​နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြတ်​မော်တင်စွန်းဘုရားအဝင်လမ်းခင်းခြင်းလုပ်ငန်း​ဆောင်ရွက်​နေမှုများအား ကြည့်ရှုစစ်​ဆေးခဲ့​ကြောင်း သတင်းရရှိပါသည်။


Read More...
05-Feb-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ အခြေခံစစ်ပညာ သင်တန်းဖွင့်ပွဲတက်ရောက်
၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ အခြေခံစစ်ပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အနောက်တောင်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ပုသိမ်တက္ကသိုလ် ပါ​​မောက္ခချုပ်၊ တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အခြေခံစစ်ပညာသင်တန်းများ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်သည် အပျော်တမ်း တပ်ဖွဲ့ဝင်များဖြစ်သည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာကြံ့ခိုင်မှုရှိစေရန် အခြေခံစစ်ပညာသင်တန်းကို လေ့ကျင့်သင်ကြားပေးပြီး နောင်တစ်ချိန်တွင် နိုင်ငံတော်အတွက် အရန်အင်အားစုတစ်ခု တည်ဆောက်ရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခုသင်တန်းသို့တက်ရောက်ခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အသိအမြင်များ ကျယ်ပြန့်စွာ ရရှိစေနိုင်ပြီး နောင်တစ်ချိန် လုပ်ငန်းခွင်နယ်ပယ်အသီးသီးသို့ ရောက်ရှိတာဝန်ထမ်းဆောင်ကြသည့်အခါ အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုစေနိုင်မည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် သင်ကြားပေးသည့် စစ်ပညာများကိုမောင်တို့/မယ်တို့အနေဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာတတ်မြောက်အောင်စိတ်ပါဝင်စားစွာဖြင့် လေ့လာ၊ လေ့ကျင့်၊ လိုက်နာသွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ အ​ခြေခံစစ်ပညာသင်တန်းတက်​ရောက်ကြသည့် ဆရာ၊ ဆရာမများ၊ ​ကျောင်းသား​ကျောင်းသူများအတွက် များစွာဂုဏ်ယူဝမ်း​မြောက်ပါ​ကြောင်း၊ တက္ကသိုလ်လေ့ကျင့်ရေးတပ် တပ်ဖွဲ့ဝင်တစ်ဦးအနေဖြင့် စည်းကမ်းကောင်းမွန်ခြင်း၊ ယုံကြည်မှုရှိခြင်း၊ ကြံ့ခိုင်မှုရှိခြင်း၊ အားမာန်နှင့်ဇွဲလုံ့လပြည့်ဝခြင်း၊ စံနမူနာပြနေထိုင်ကျင့်ကြံခြင်းတို့ဖြင့် လေ့ကျင့်သွားကြစေလိုကြောင်း” တိုက်တွန်းအမှာစကားများ ပြောကြားခဲ့ပြီး တပ်ဖွဲ့ဝင် အ​ခြေခံစစ်ပညာသင်တန်းအတွက် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ အနောက်တောင်တိုင်းစစ်ဌာနချူပ်တိုင်းမှူးက သင်တန်းဖွင့်အမှာစကားများ ပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များ၊ တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများသည် အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြကြောင်းသိရသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံစစ်ပညာ သင်တန်းအား ပုသိမ်တက္ကသိုလ်၊ ပုသိမ်နည်းပညာတက္ကသိုလ်၊ ပုသိမ်ကွန်ပျူတာတက္ကသိုလ်နှင့် ပုသိမ်ပညာ​ရေးဒီဂရီ​ကောလိပ်တို့မှ ဆရာ၊ ဆရာမ၊ ​ကျောင်းသား​ကျောင်းသူ တပ်ဖွဲ့ဝင်သင်တန်းသား စုစု​ပေါင်း (၁၁၆)ဦးမှ ဆန္ဒပြုတက်​ရောက်ခဲ့ကြ​ပါသည်။


Read More...
05-Feb-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ဟင်္သာတအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအားကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောက်ရွက်ပေးခဲ့
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဖေဖော်ဝါရီလ ၄ ရက်နေ့ နေ့လည်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ဟင်္သာတခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများ၏လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောက်ရွက်ပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့၊ အမှတ်၂ ရပ်ကွက်ရှိ ဆောင်းသီးနှံနေကြာ ဆင်းရွှေကြာ-၂ စိုက်ခင်း ဖြစ်ထွန်းနေမှုများအားကြည့်ရှုအားပေးခဲ့သည်။ ထို့အတူ လေးမျက်နှာမြို့နယ်၊ စာရေးကွင်းကျေးရွာ တောင်သူဦး ဌေးအောင်၏ စိုက်ဧက ၂ ဧကတွင် စိုက်ပျိုးထားသည့် Super sun-66နှင့် ဆင်းရွှေကြာ-၂ နေကြာစိုက်ခင်း ဖြစ်ထွန်းနေမှုများကိုကြည့်ရှုအားပေးခဲ့ပြီးနောက် နင်းကြမ်းကျေးရွာရှိတောင်သူ ဦးဇော်လွင်၏ စိုက်ဧက(၁၀)ဧကတွင် စိုက်ပျိုးထားသည့် ဆင်းရွှေကြာ(၂) ဆီထွက်သီးနှံဆောင်းနေကြာ စိုက်ခင်းအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ရေပေးခြင်း၊ မြေဩဇာကျွေးခြင်းလုပ်ငန်းများအချိန်ကိုက်ဆောင်ရွက်ရန်၊ သီးသန့်နေကြာစိုက်ခင်းများပိုမိုဖြစ်ထွန်းအောင်မြင်အောင်စိုက်ပျိုးကြရန်၊ မျိုးရွေးချယ်ခြင်းလုပ်ငန်းများစနစ်တကျဆောင်ရွက်စေရေး၊ ရိတ်သိမ်းချိန် လေလွင့်မှုမရှိစေရေးနှင့်အောင်မြင်အောင်စိုက်ပျိုးစေရေးမှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောကြီးကျေးရွာအုပ်စု စမ်းချောင်းရိုးအားဖြတ်၍ နွေစပါး အောင်ရေ ရရှိရေးအတွက် စမ်း ချောင်းရိုးတွင် ၆ပေ×၁၀ပေ×(၄)ပေါက် အလျား ၅၆ပေ၊ အကျယ် ၃၅ပေ၊ အမြင့် ၁၃ပေ ရေတံခါးတည်ဆောက်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ရာ ယာယီရှင်းလင်းဆောင်တွင် တာဝန်ရှိသူများမှ ပန်းတောကြီးကျေးရွာအုပ်စု၊ စမ်းချောင်းရိုးချောင်း အားဖြတ်၍ ရေတံခါးတည်ဆောက်ခြင်းလုပ်ငန်း၊ ကျီးပေါက်ကုန်းကျေးရွာအုပ်စု၊ တလုတ်ရိုးအားဖြတ်၍ ရေထိန်းရေမြင့်အဆောက်အဦအမှတ်၁နှင့် အမှတ်၂ တည်ဆောက်ခြင်း၊ ပြည်တော်သာရိုးအားဖြတ်၍ ရေထိန်းရေမြင့် အဆောက်အဦတည်ဆောက်ခြင်း၊ ပန်းတောကြီးကျေးရွာအုပ်စုနှင့် ကျီးပေါက်ကုန်းကျေးရွာအုပ်စုရှိ တလုတ်ရိုး ပြန်လည်တူးဖော်ခြင်း၊ ပန်းတောကြီးကျေးရွာအုပ်စုရှိ မရမ်းချောင်း တူးဖော်ခြင်း၊ ကျီးပေါက်ကုန်းကျေးရွာအုပ်စု ကြာအင်းကြီးရိုးအား ရေနုတ်မြောင်းတူးဖော်ခြင်း၊ စိန်လည်ကွင်းမှရေသိုးရွာထိပ်အထိ ပြည်တော်သာရိုးတူးဖော်ခြင်း၊ ဒေါင့်ကြီးကျေးရွာအုပ်စု ရေသိုးရွာမှ အင်းလွတ်ရွာအထိ ရေသိုးချောင်းမကြီး ပြန်လည်တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဒုတိယသီးနှံ နွေစပါး တိုးတက်စိုက်ပျိုးနိုင်မည့်အခြေအနေများအားရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စိုက်ပျိုးရေရရှိစေရေးအတွက် ေစာလျင်စွာတည်ဆောက်ပြီးစီးစေရေး၊ စိုက်ပျိုးရေများအားစနစ်တကျသုံးစွဲစေရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။ ထိုကဲ့သို့ ရေတံခါးများတည်ဆောက်ပေးခြင်း၊ တိမ်ကောနေသော အဓိကရေနုတ် ချောင်းများတူးဖော်ပေးခြင်းဖြင့် ဒေသတွင်း ရေကျချိန်စောကာ ရေကျနောက်စိုက်စပါးများစောလျင်စွာစိုက်ပျိုးနိုင်ခြင်း၊ စိမ့်စမ်းရေများကိုသိုလှောင်အသုံးပြုခြင်းဖြင့် ဒုတိယသီးနှံ မစိုက်ပျိုးနိုင်သော လယ်မြေ ဧက ၁၅၃၀ ဧက ကိုနွေစပါးစိုက်ပျိုးနိုင်ရေး အတွက်အကျိုးပြုနိုင်မှာဖြစ်ကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြီးပေါက်ကုန်းကျေးရွာ တောင်သူဦး ဇော်မိုး၏ စိုက်ဧက ၅ဧ ကတွင် နွေစပါး(မှော်ဘီ-၃) မျိုးစပါးအား မျိုးစေ့ချ ကိရိယာဖြင့် စိုက်ပျိုးနေမှုအားကြည့်ရှုအားပေးခဲ့ပြီး အထွက်တိုးမျိုးစပါးများပြောင်းလဲအသံားပြုခြင်း၊ ခေတ်မီစိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးခြင်းဖြင့် တစ်ဧကအထွက်တိုးမှုအခြေအနေများဆွေးနွေးပြောကြားခဲ့ပြီး တောင်သူများကျယ်ကျယ်ပြန့်ပြန့်လိုက်ပါဆောင်ရွက် စေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေး ဆောင်ရွက်ရန်မှာကြားခဲ့သည်။


Read More...
04-Feb-2024
(၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲ၊ ဆုချီးမြှင့်ပွဲ အခမ်းအနားနှင့် ကျင်းပ
(၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယခုလ ၃ ရက်နေ့နက်ပိုင်းက ဧရာဝတီဂေါက်ကလပ်(ပုသိမ်)တွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ပြိုင်ပွဲဝင်အသင်းများအား လှည့်လည်အားပေးနှုတ်ဆက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အနောက်တောင်တိုင်းစစ်ဌာချုပ် တိုင်းမှူးတို့က အမှတ်(၁)တီခုံမှ Smoke Ball ရိုက်၍ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ကာ တစ်ဦးချင်းပြိုင်ပွဲအား ဆက်လက်ယှဥ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ယခုလ(၄)ရက်နေ့ ည​ပိုင်းတွင် ဆုချီးမြှင့်ပွဲနှင့် ညစာစားပွဲအခမ်းအနားအား ဧရာဝတီဂေါက်ကလပ်(ပုသိမ်)၌ ဆက်လက်ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ပြီး တစ်ဦးချင်းထူးချွန်ဆုများ၊ တစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိသူများအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆုများအသီးသီးပေးအပ်ခဲ့သည်။ ဦးစွာ ပြိုင်ပွဲတွင် အထူးဆုရရှိသူများအား တိုင်းရင်းသားရေးရာဝန်ကြီးမှလည်းကောင်း၊ တစ်ဦးချင်းထူးချွန်ဆုများအား လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှလည်းကောင်း၊ တစ်ဦးချင်းပြိုင်ပွဲ(HC 0 to 18)တွင်ထူးချွန်ဆုရရှိသူများအား လူမှူရေးရာဝန်ကြီးမှလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ဆုရရှိသူများအား သယံဇာတရေးရာဝန်ကြီးမှလည်းကောင်း၊ တစ်ဦးချင်းပြိုင်ပွဲ(HC 10 to 24)တွင်ထူးချွန်ဆုရရှိသူများအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှလည်းကောင်း၊ တစ်ဦးချင်းပြိုင်ပွဲ(HC 0 to 18)တွင်ထူးချွန်ဆုရရှိသူများအား တရားသူကြီးချုပ်မှလည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးမှလည်းကောင်း၊ အကျောပေးပြိုင်ပွဲ အသင်းလိုက် ပထမ၊ ဒုတိယ၊တတိယ ဆုရရှိအသင်းများအား ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးကလည်းကောင်း၊ အကျောမဲ့ပြိုင်ပွဲ အသင်းလိုက် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိအသင်းများအား အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဧရာဝတီဂေါက်ကလပ်သို့ ဂုဏ်ပြုပံ့ပိုးငွေများပေးအပ်ရာ ဂေါက်ကလပ်အသင်း ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က လက်ခံရယူခဲ့ပြီး အကျောပေးပြိုင်ပွဲ အသင်းလိုက် ပထမဆုရရှိသော မြောင်းမြခရိုင်အသင်းနှင့် အကျောမဲ့ပြိုင်ပွဲ အသင်းလိုက်ပထမဆုရရှိသော ပုသိမ်ခရိုင် အသင်းတို့အား ဆုဖလားများ ဆက်လက်ချီးမြှင့်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ဂုဏ်ပြုညစာများဖြင့် ဧည့်ခံခဲ့ကာ ပြိုင်ပွဲဝင်အသင်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့​ကြောင်းသိရသည်။


Read More...
04-Feb-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကွန်ကရစ်လမ်းသစ်အား တက်ရောက်ဖွင့်လှစ်ပေး၊ စိုက်ပျိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး
(၇၇)နှစ်မြောက် ပြည်‌ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက် မဟာဘောဂလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးထံသို့ တိုင်းဒေသ‌ကြီးစည်ပင်သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌတို့က လမ်းဖွင့်ပွဲအထိမ်းအမှတ် အလံများပေးအပ်ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကွန်ကရစ်လမ်းသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ယနေ့ဖွင့်လှစ်သည့် ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ မဟာဘောဂလမ်းသည် အတိုင်းအတာအားဖြင့်အရှည် (၃၃၈)ပေ၊ အကျယ် (၂၄)ပေ၊ ထု (၈)လက်မရှိပြီး ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအားကြံခင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေဖြင့် ဆောင်ရွက်သော လမ်းဖြစ်ကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြံခင်းမြို့နယ်၊ မြို့မရပ်ကွက်နှင့် ရွာသစ်ရပ်ကွက်ရှိ မြေနုကျွန်းများပေါ်တွင် ‌ဆိုလာစနစ်ဖြင့် ဆီထွက်သီးနှံ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်အမျိုးမျိုး စုစုပေါင်းစိုက်ဧက (၈၆၂)ဧက၌ စိုက်ပျိုးထားသည့် သီးနှံအမျိုးမျိုး အောင်မြင်ဖြစ်ထွန်းနေမှုများနှင့် နွေနှမ်းထပ်မံစိုက်ပျိုးမည့် ဧက(၈၀)ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်၊ တောင်သူ ဦးအောင်သူနှင့် တောင်သူ၁၀ဦး၏ တစ်ဆက်တစ်စပ်တည်း ဆင်းရွှေကြာ-၂ ဧက(၅၀)စိုက်ခင်း၊ တောင်သူ ဦးအောင်သန်း၏ Super sun - 41 (၁)ဧကစိုက်ခင်းနှင့် မြို့မကျေးရွာ၊ တောင်သူဦးထွန်းလင်း၏ ဆင်းရွှေကြာ-၂ (၁၂)ဧက စိုက်ခင်းတို့အား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နေကြာခူးနေကြပြီဖြစ်၍ အစေ့အဆံအောင်အပွင့်များကို စနစ်တကျရွေးချယ်၍ မျိုးစုဆောင်းကြရန်၊ နေကြာမျိုများအလိုက် ၁ ဧကတွင် (အချင်း ၆ လက်မ/ ၇ လက်မနှင့် အထက်) အပွင့်အရေအတွက်ရရှိမှု၊ တစ်ပွင့်တွင် အစေ့အဆံပါရှိသည့်အရေအတွက် စနစ်တကျမှတ်တမ်းပြုစုထားရန်နှင့် ရိတ်သိမ်းချိန်လေလွင့်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်ဆွေးနွေးမှာကြားခဲ့သည်။ အဆိုပါကြံခင်းမြို့နယ်အတွင်းရှိ ကိုင်း၊ ကျွန်းမြေများတွင် နေကြာ၊ စားတော်ပဲ၊ ပဲတီစိမ်း၊ ပဲလွမ်း၊ ကုလားပဲ၊ ဖူးစားပြောင်း၊ ငရုတ်၊ ဟင်းသီးဟင်းရွက်နှင့် ဆေးရွက်ကြီးတို့အား စုစုပေါင်း စိုက်ဧက (၈၆၂)ဧကစိုက်ပျိုးထားရှိကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်အဖွဲ့သည် မြန်အောင်မြို့၊ သဘာဝမီးစက်လမ်းရှိ “ကောင်းသန့်”ဆီစက်သို့သွားရောက်ခဲ့ပြီး မြေပဲ၊ နေကြာဆီများ သန့်စင်ကြိတ်ခွဲထုတ်လုပ်မှု၊ ​ရောင်း၀ယ်​နေမှုများကို လိုက်လံကြည့်ရှုကာ တာဝန်ရှိသူများမှ ဆင်းရွှေကြာ-၂ နေကြာမျိုးနှင့် Super sun-41 နေကြာမျိုး တို့အားစမ်းသပ်ကြိတ်ခွဲထားရှိမှု၊ ဆီထွက်ရှိမှုအခြေအနေများရှင်းလင်းတင်ပြခဲ့ပြီးနောက် နေကြာဆီကြိတ်ခွဲနေမှု၊ အခွံချွတ်စက်ဖြင့် မေကြာခွံချွတ်ခြင်းဆောင်ရွက်နေမှုများအားလှည့်လည်ကြည့်ရှာစစ်ဆေးခဲ့ပြီး သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ဆီများထုတ်လုပ်နိုင်ရေးနှင့် အဆင့်မီဆီကြိတ်စက်များနှင့် နေကြာဆီများပိုမိုထုတ်လုပ်နိုင်ရေးမှာကြားခဲ့သည်။ထို့နောက် ညောင်မြစ်ဆွဲကျေးရွာရှိ တောင်သူဦးဝင်းစိုး၏ စိုက်ဧက(၁)ဧက၌ Super sun-41 နေကြာမျိုး ဆောင်းနေကြာစိုက်ပျိုး အောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးပြီး မျိုးရွေးချယ်ခြင်းလုပ်ငန်းများစနစ်တကျဆောင်ရွက်စေရေး၊ ရိတ်သိမ်းချိန် လေလွင့်မှုမရှိ စေရေးနှင့်အောင်မြင်အောင်စိုက်ပျိုးစေရေးမှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ မေတ္တာကုန်း ကျေးရွာအုပ်စု၊ ကန်ဇင်းကြီးကျေးရွာ တောင်သူ ဦးမိုးကြည် နွေစပါးစိုက်ဧက ၂၅ ဧကတွင် ပျိုးဗန်းဖြင့်ပျိုးထောင်၍ ကောက်စိုက်စက်ဖြင့် စနစ်တကျစိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါး၊ နွေစပါး ပန်းတိုင်အထွက်နှုန်းရရှိစေရေး ဆောင်ရွက်နေမှုများ၊ အထွက်တိုးမျိုးစပါးများ ပြောင်းလဲစိုက်ပျိုးစေရေး၊ ေခတ်မီစိုက်နည်းစနစ်များအသုံးပြုစိုက်ပျိုးစေရေး၊ သဘာဝမြေဩဇာ၊ ဓါတ်မြေဩဇာများ အချိုးကျသုံးစွဲစေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကြိုးစားဆောင်ရွက်ကြရန်မှာကြားခဲ့ပြီးနောက် Super sun-41 နေကြာမျိုး ဆောင်းနေကြာ (၁)ဧကစိုက်ပျိုးဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးပြီး ရေ ပေးခြင်းနှင့်မြေဩဇာကျွေးခြင်းများ ဂရုတစိုက်ဆောင်ရွက်ရန်နှင့် အောင်မြင်အောင်ဆောင်ရွက်စေရေးမှာကြားခဲ့ကြောင်းသိရသည်။


Read More...
04-Feb-2024