သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ယိုးဒယားတက်ကျေးရွာအုပ်စု၊ ယိုးဒယားတက်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော KG ကျောင်းဆောင်သစ် ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်
၂၀၁၉ ခုနှစ်၊ မေလ (၁၉)ရက်နေ့၊ (၀၉၀၀)နာရီအချိန်တွင် ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ယိုးဒယားတက်ကျေးရွာအုပ်စု၊ ယိုးဒယားတက်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော KG ကျောင်းဆောင်သစ် ပေးအပ်လှူဒါန်းပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှဆရာ/ဆရာမများနှင့်ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့်ဒေသခံပြည်သူများတက်ရောက်ခဲ့ပါသည်။


Read More...
22-May-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ၂၀၁၉ ခုနှစ် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အသိပေးဆွေးနွေးပွဲ အခမ်းအနားသို့တတ်ရောက်
ဧရာဝတီတိုင်းဒေသကြီး ၂၀၁၉ ခုနှစ် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အသိပေးဆွေးနွေးပွဲ အခမ်းအနားကို ပုသိမ်မြို့၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၁၅.၅.၂၀၁၉)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင်ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့စည်ပင်သာရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးဌာနဝန်ကြီးဒေါက်တာလှမြတ်သွေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးအထောက်အကူပြုကော်မတီဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထာသူများ တတ်ရောက်ခဲ့ကြပြီး အခမ်းအနာတွင် ဝန်ကြီးချုပ်ဦးလှမိုးအောင်မှ အဖွင့်အမှာ စကားပြောကြားပေးခဲ့ပါသည်။


Read More...
22-May-2019
တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ မြို့နယ်အားကစားခန်းမတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဒေသခံပြည်သူလူထုတွေ့ဆုံပွဲသို့ တက်ရောက်
၂၀၁၉ ခုနှစ်၊ မေလ (၅)ရက်နေ့၊ (၁၃၀၀)နာရီအချိန်တွင် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ မြို့နယ်အားကစားခန်းမတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဒေသခံပြည်သူလူထုတွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ပါသည်။


Read More...
22-May-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားတတ်ရောက်
(၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားအား (၅.၅.၂၀၁၉)ရက်နေ့၊ နံနက်(၀၇:၀၀)အချိန်တွင် ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးတွင်ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်မှဌာနဆိုင်ရာတာဝန်ရှိသူများ တတ်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မီးသတ်တပ်ဖွဲ့ဝင်များ၏ အလေးပြုခြင်းကိုခံယူ၍ (၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ မိန့်ခွန်းအားပြောကြားပေးခဲ့ပါသည်။


Read More...
22-May-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်အတူ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှု ရန်ပုံငွေ ကျပ် (၉၉၉)သန်းဖြင့် သဲကုန်း-ညောင်အိုင် ပန်းတာ (၇၅၀၀)ပေ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေနှင့် အိုးဖို-သဲကုန်းကျေးရွာ ဆည်မြောင်းတာတမံအနီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ်းထိန်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှု
၂၀၁၉ ခုနှစ်၊ မေလ (၄)ရက်နေ့၊ (၁၁၀၀)နာရီအချိန် တွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ စိုက်ပျိုးရေး၊မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စု/တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိ ဌာနဆိုင်ရာများသည် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ ကျုံတနော်တောင်ကျေးရွာအုပ်စု၊ ညောင်အိုင်ကျေးရွာနဘေးရှိ ဧရာဝတီ - ဟင်္သာတတာ တာမိုင် (၂၂ / ၄) - (၂၄ / ဝ)အတွင်း ဧရာဝတီမြစ်ကမ်းပါးအား


Read More...
22-May-2019