သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျုံပျော်မြို့ (၄)ခန်းတွဲ(၄)ထပ်ဝန်ထမ်းအိမ်ရာ ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်ပေး
(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သောကျုံပျော်မြို့ (၄)ခန်းတွဲ(၄)ထပ်ဝန်ထမ်းအိမ်ရာ ဖွင့်ပွဲအခမ်းအနားဖွင့်ပွဲအား ယနေ့နေ့လည်ပိုင်းတွင် ကျုံပျော်မြို့၊ အဆိုပါဝန်ထမ်းအိမ်ရာတွင်ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများတက်ေရာက်ဖွင့်လှစ် ပေးခဲ့သည်။ ဦးစွာ အိမ်ရာဖွင့်ပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။ ထို့နောက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ ဝန်ထမ်းအိမ်ရာဖွင့်ပွဲအမှတ်တရပစ္စည်းများပေးအပ်ခဲ့ပြီး ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ဝန်ထမ်းအိမ်ရာသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းအိမ်ရာတွင် နေထိုင်သည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းအိမ်ရာရှိ အိမ်ခန်းများအားလည်း ရေရှည်တည်တံ့အောင် ထိန်းသိမ်းသွားကြရန်၊ မိမိတို့၏ အခန်းများ သန့်ရှင်းသပ်ရပ်ရေးအပြင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသာယာစေရေး၊ အိမ်ရာများသန့်ရှင်းသာယာလှပရေးနှင့် ရေရှည်တည်တံ့အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျုံပျော်မြို့အမှတ်(၂)အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း စံပယ်ဆောင် ကျောင်းဆောင်သစ်အား တာဝန်ရှိသူများနှင့်အတူ ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီးလာမည့်ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူများတက်ရောက်နိုင်စေရေး၊ ကျောင်းဆောင်သစ်အားရေရှည်တည်တံ့စေရေးစနစ်တကျထိမ်းသိန်းစေရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းသိရသည်။


Read More...
26-Mar-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အင်္ဂပူမြို့၊ ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်ပေး
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အင်္ဂပူမြို့၊ အခြေခံပညာအထက်တန်းကျောင်း(၂၀၀ပေ-၃၀ပေ) Steel Structure နှစ်ထပ်ကျောင်းဆောင်နှင့် (၁၂၀ပေ-၃၀ပေ) RCC တစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ခဲ့ပြီး ကျောင်းဆောင်သစ်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းဆောင်သစ် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး ကျောင်းဆောင်သစ်နှစ် ဆောင်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်က“ (၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းဆောင်သစ်များအား အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်တော့မည် ဖြစ်ပါကြောင်း၊ အောင်ချက်များမြင့်မား ရေးအတွက်လည်းကြိုးပမ်းဆောင်ရွက်ရန်လိုပါကြောင်း” အမှာစကားများပြောကြားသည်။ ထို့နောက် ကျောင်းဆောက်သစ်ဆောက်လုပ်သည့် ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာက ကျောင်းဆောင်သစ်ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရ လက်ဆောင်ပစ္စည်းများနှင့် ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး အင်္ဂပူမြို့အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။


Read More...
26-Mar-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်အောင်မြို့ (၄)ခန်းတွဲ(၄)ထပ်ဝန်ထမ်းအိမ်ရာ ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်ပေး
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော မြန်အောင်မြို့ (၄)ခန်းတွဲ(၄)ထပ်ဝန်ထမ်းအိမ်ရာ ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီး၏ နိုင်ငံ့ဝန်ထမ်းများအတွက် နိုင်ငံ့ဝန်ထမ်းအိမ်ရာများဆောက်လုပ်ပေးလျက်ရှိရာ ခရိုင်ရုံးစိုက်ရာမြို့များဖြစ်သည့် မြန်အောင်မြို့နှင့်ကျုံ ပျော်မြို့များတွင်လည်း နိုင်ငံ့ဝန်ထမ်းများအတွက် ဦးစားပေးဆောက်လုပ်ပေးခဲ့ပါကြောင်း၊ ဘဏ္ဍာနှစ်အလိုက် ရရှိရန်ပုံငွေအပေါ်မူတည်၍ ဆက်လက်ဆောက်လုပ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းအိမ်ရာတွင် နေထိုင်သည့် နိုင်ငံ့ဝန်ထမ်းများအ နေဖြင့် ရေ၊ မီးသုံးစွဲမှုများကို စနစ်တကျသုံးစွဲကြရန်နှင့် အိမ်ခန်းများအားလည်း ရေရှည်တည်တံ့အောင် ထိန်းသိမ်းသွားကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊မိမိတို့၏ အခန်းများ သန့်ရှင်းသပ်ရပ်ရေးအပြင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသာယာစေရေးဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ အိမ်ရာများသန့်ရှင်းသာယာလှပရေးနှင့် ရေရှည်တည်တံ့အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း”အမှာစကားပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက မြန်အောင်မြို့ (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ ဝန်ထမ်းအိမ်ရာဖွင့်ပွဲအမှတ်တရပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် မြန်အောင်မြို့ (၄)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ရာ ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ အိမ်ရာသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အင်္ဂပူမြို့နယ်၊ ထူးကြီး-ရွှေကျင်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြကာ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည်( ၂၇၇၈ )ပေ၊ အကျယ်( ၁၄ )ပေနှင့်ထု( ၇ )လက်မရှိကြောင်းသိရသည်။


Read More...
26-Mar-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတားအား တက်ရောက်ဖွင့်လှစ်ပေး
၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ပုသိမ်မြို့ကမ်းနားလမ်း တိုးချဲ့ဆိပ်ခံတံတားအလျား(၂၀၀)ပေဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဥမ္မာဒန္တီ တံတားနှင့် ဗိုလ်မြတ်လေးတံတားအကြားရှိ အဆိုပါဆိပ်ခံတံတား၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ် ပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော် ပုသိမ်မြို့၌ တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ကမ်းနားတိုးချဲ့ဆိပ်ခံတားတည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုသိမ်မြို့ကမ်းနားလမ်းသည် ယခင်က ဈေးချောင်းလမ်းထိပ်မှစ၍ တစ်လမ်သွားစနစ်ဖြင့်သာအသုံးပြုနိုင်သော်လည်း နောက်ပိုင်းတွင် နှစ်လမ်းသွားအသုံးပြုနိုင်ရန်အတွက် လမ်းတိုးချဲ့ခြင်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဆက်လက်ပြီး မြို့နေပြည်သူများ အပန်းဖြေခြင်း၊ အနားယူခြင်း၊ လမ်းလျှောက်ခြင်းများနှင့် ကိုယ်လက်လှုပ်ရှားအားကစားများ ပြုလုပ်နိုင်ရန်အတွက် ဆိပ်ခံတံတားအား ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးသည် မြစ်ချောင်းများဖွံ့ဖြိုးသည့် တိုင်းဒေသကြီးဖြစ်၍ ကမ်းနားလမ်းများ သန့်ရှင်း သပ်ရပ်လှပစေရန်နှင့် ကမ်းနားလမ်းကြံ့ခိုင်စေရန်အတွက်လည်း တပါတည်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ကမ်းနားလမ်းတိုးချဲ့ခြင်းလုပ်ငန်းများကိုလည်း ဘဏ္ဍာနှစ်အလိုက် ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း၊ မြို့နေပြည်သူများအနေဖြင့်လည်း စည်းကမ်းတကျ အနားယူအပန်းဖြေရန်နှင့် ကမ်းနားတိုးချဲ့ဆိပ်ခံတံတားသန့်ရှင်း သာယာရေး၊ ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်းပေးကြစေလိုကြောင်း” အမှာစကားများ ပြောကြားသည်။ ထို့နောက် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ပုသိမ်မြို့ကမ်းနားလမ်းတိုးချဲ့ ဆိပ်ခံတံတား တည်ဆောက်မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီးနောက် ဆိပ်ခံတံတားဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်အား တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူဆိပ်ခံတံတားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ ပုသိမ်မြို့ကမ်းနားလမ်း တိုးချဲ့ဆိပ်ခံတံတားအားလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။ ပုသိမ်ကမ်းနားလမ်းတိုးချဲ့ ဆိပ်ခံတံတား တည်ဆောက်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ အလျား(၄၈၀)ပေစတင် တည်ဆောက်ခဲ့ရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ အလျား ၁၁၀ ပေ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ အလျား(၅၃၀)ပေ တည်ဆောက်ပြီးစီးခဲ့ပြီး ယခုဖွင့်လှစ်သည့် တိုးချဲ့ဆိပ်ခံတံတား အလျား(၂၀၀)ပေ အပါအဝင် ပုသိမ်ကမ်းနားလမ်းတစ်လျှောက်တိုးချဲ့ ဆိပ်ခံတံတား စုစုပေါင်းအလျား (၁၃၂၀)ပေ ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီးကျေးရွာအခြေခံပညာအထက်တန်းကျောင်း (၁၂၀ပေ-၃၀ပေ) RCCတစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျောင်းဆောင်သစ်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။


Read More...
26-Mar-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့ခံ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်အား ကြိုဆိုပူဇော်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်အတူ မတ်လ ၂၅ ရက် နေ့ညနေပိုင်းတွင် နေပြည်တော်၌ ကျင်းပပြုလုပ်သည့် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ် တော်ဆက်ကပ်ခြင်းမင်္ဂလာအခမ်းအနားမှ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့တံဆိပ် ဆက်ကပ်အလှူခံရရှိတော်မူ၍ ပုသိမ်မြို့သို့ပြန်လည်ကြွရောက်လာသော ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်အား ကြိုဆိုပူဇော်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် မုခ်ဦးမှ ဆရာတော်ကြီးအား ကြိုဆိုခဲ့ကြသည်။ ထို့နောက် ဆရာတော်ကြီးမှ ထေရာသန ပလ္လင်တော်သို့ပင့်ဆောင်ခဲ့ကြပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များမှ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဧည့်ပရိသတ်များက ဩဝါဒကထာနာယူခဲ့ကြပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြသည်။


Read More...
26-Mar-2024